03/11/2026
"𝐓𝐡𝐞 𝐂𝐢𝐫𝐜𝐥𝐞 𝐨𝐟 𝐂𝐚𝐫𝐞” 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐁𝐚𝐳𝐚𝐚𝐫
အောက်တိုဘာလဟာ “ရင်သားကင်ဆာရောဂါနဲ့ပတ်သက်ပြီး Awareness တွေရရှိစေရန် အသိပညာပေးမှုတွေကိုပြုလုပ်ပေးတဲ့အထိမ်းအမှတ်” လဖြစ်တဲ့အတွက် Yoma Group တစ်ခုလုံးရဲ့ Strong Support တွေနဲ့အတူ "𝐓𝐡𝐞 𝐂𝐢𝐫𝐜𝐥𝐞 𝐨𝐟 𝐂𝐚𝐫𝐞” 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐁𝐚𝐳𝐚𝐚𝐫 ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့မှာ The Hangar (Star City) တွင်ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကနေရရှိလာတဲ့ လှူဒါန်းငွေအားလုံးကိုလဲ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်းဒေးရှင်းဆီကို ရာနှုန်းပြည့် ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။
ပွဲမှာတော့ Merchant ဆိုင်ခန်းတွေရဲ့ စားသောက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းရောင်းချမှုအစီအစဉ်တွေ၊ Professor Dr. Daw Yin Yin Htun မှ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ အသိပညာမျှဝေမှုအစီအစဉ်တွေအပြင် ရိုးမဘဏ်ရဲ့ Volunteer ဝန်ထမ်းတွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေလဲ ပါဝင်ခဲ့ပါတယ်။
Community Charity Bazaar တွင် ကျန်းမာရေးဆိုင်ရာ အသိပညာများ မျှဝေပေးခဲ့တဲ့ Professor Dr. Daw Yin Yin Htun၊ အတူတကွ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းများ၊ ရိုးမဘဏ်မှ Volunteer ဝန်ထမ်းများ၊ Merchant များ နဲ့ လာရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်တော်များအားလုံးကို ရိုးမဘဏ်မှ အထူးကျေးဇူးတင်ရှိပါတယ်။
“𝐁𝐮𝐢𝐥𝐝 𝐚 𝐁𝐞𝐭𝐭𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐟𝐨𝐫 𝐢𝐭𝐬 𝐏𝐞𝐨𝐩𝐥𝐞” ဆိုတဲ့ Yoma Group ရဲ့ ရည်မှန်းချက်နဲ့အညီ လူမှုအသိုင်းအဝိုင်းအပေါ်ထားရှိတဲ့ တာဝန်ယူမှုနဲ့ ကတိကဝတ်တွေကို လက်တွေ့ဖော်ဆောင်နိုင်ဖို့အတွက် လူမှုအကျိုးပြုအစီအစဉ်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ပိုမိုနွေးထွေးပြီး အပြန်အလှန်ဖေးမကူညီတက်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာစေရန်အတွက်လဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။