SHWE Bank

Call Directions Website Contact the business

SHWE Bank At Your Service SHWE Bank, At Your Service.

ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊  (၁) ရက် ကြာသပတေးနေ့ သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥ...
28/09/2026

ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁) ရက် ကြာသပတေးနေ့ သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ဘဏ်ပိတ်ရက် ဖြစ်ပါသဖြင့် ရွှေဘဏ်၏ ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

ရွှေဘဏ်၏ ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက Customer Care Hotline 09 9400 98 600 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။





မြန်မာနိုင်ငံရဲ့ Myanmar Premium Car EXPO 2026 ပွဲကြီးမှာ ရွှေဘဏ်ကလည်း ပါ၀င်ခဲ့ပါတယ် 🚘 💛ဒီပွဲကြီးမှာ နောက်ဆုံးပေါ် Luxur...
25/09/2026

မြန်မာနိုင်ငံရဲ့ Myanmar Premium Car EXPO 2026 ပွဲကြီးမှာ ရွှေဘဏ်ကလည်း ပါ၀င်ခဲ့ပါတယ် 🚘 💛

ဒီပွဲကြီးမှာ နောက်ဆုံးပေါ် Luxury ကားတွေ ၊ Premium ကားတွေ ၊ EV တွေနဲ့ ခေတ်မီ Automotive Technology တွေ ပြသခဲ့ပါတယ်။ ပွဲလာရောက်သူများအနေနဲ့လည်း ကိုယ့်ရဲ့စိတ်ကူးထဲက ကိုယ်ပိုင်ကားလေးတစ်စီး၀ယ်ယူဖို့အတွက် ရွှေဘဏ်ရဲ့ Auto Loan ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ လျှောက်ထားနိုင်မယ့် အချက်အလက်တွေကို တိုက်ရိုက်မေးမြန်းဆွေးနွေးခဲ့ပါတယ်။

ရွှေဘဏ် Booth မှာလည်း ပွဲကိုလာရောက်တဲ့ လူကြီးမင်းတွေနဲ့ ပျော်ရွှင်စရာ Game Activities တွေအတူ Join ခဲ့ကြပြီး အမှတ်တရများလည်း ဖန်တီးခဲ့ပါတယ်။

လူကြီးမင်းရဲ့ ကားပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက်တိုင်းအတွက် ရွှေဘဏ်က အတူရှိနေပါတယ် 💙

SHWE Bank ရဲ့ နောက်ထပ် အောင်မြင်မှုမှတ်တိုင်အသစ် စိုက်ထူမယ့် မြို့က ဘယ်မြို့ဖြစ်မလဲ? 🤩SHWE Bank ဟာ လူကြီးမင်းတို့ရဲ့ ယုံ...
22/09/2026

SHWE Bank ရဲ့ နောက်ထပ် အောင်မြင်မှုမှတ်တိုင်အသစ် စိုက်ထူမယ့် မြို့က ဘယ်မြို့ဖြစ်မလဲ? 🤩

SHWE Bank ဟာ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုနဲ့ အားပေးမှုတွေကို အခြေခံပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ အောင်မြင်မှုမှတ်တိုင်အသစ်တစ်ခုဆီကို လှမ်းတက်ဖို့အတွက် နောက်ထပ် ဘဏ်ခွဲအသစ်တစ်ခုကို မကြာမီ ဂုဏ်ယူစွာဖြင့် ထပ်မံတိုးချဲ့ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်🥳

လူကြီးမင်းတို့ရဲ့ နေ့စဉ်ဘဏ္ဍာရေးလိုအပ်ချက်တွေကို ပိုမိုလွယ်ကူ၊ လုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေနဲ့ အနီးကပ် ပံ့ပိုးပေးနိုင်ဖို့ SHWE Bank ရဲ့ ဝန်ဆောင်မှုကွန်ရက်ကို နောက်ထပ် မြို့တစ်မြို့အထိ တိုးချဲ့သွားတော့မှာပါ✨

ဒါဆိုရင်… ဒီတစ်ခေါက် SHWE Bank ရဲ့ အောင်မြင်မှုမှတ်တိုင်အသစ်က ဘယ်မြို့မှာ ဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်ကြလား? 🤔

အဖြေမှန်ကို အခုပဲ Comment မှာ ဝင်ရောက်ခန့်မှန်းပြီး အထူးဆုကြီးကို ရယူဖို့ အခွင့်အရေးကို လက်မလွတ်လိုက်ပါနဲ့။ 👇

🎁 အထူးဆုလက်ဆောင်

အဖြေမှန်ကို ခန့်မှန်းနိုင်သူများထဲမှ ကံထူးရှင် (၁) ဦးကို SHWE Bank ရဲ့ ဘဏ်ခွဲအသစ် ဖွင့်လှစ်မယ့်မြို့ရှိ နာမည်ကြီး အဆင့်မြင့်ဟိုတယ်တွင် (၁) ညတာ အခမဲ့တည်းခိုခွင့် ကို အထူးလက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 💛

Campaign ပါဝင်ရန် စည်းကမ်းချက်များ

✔️ SHWE Bank Official page ကို Like & Follow ပြုလုပ်ထားရမည်။
✔️ ယခု Campaign Post ကို Public ဖြင့် Like & Share ပြုလုပ်ထားရမည်။
✔️ မိမိခန့်မှန်းထားသော မြို့အမည်ကို ယခုပို့စ်၏ Comment Box တွင် ရေးသားပေးရုံဖြင့် ပါဝင်နိုင်ပါသည်။

📅 Campaign ကာလ – စက်တင်ဘာလ (၂၂) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ အထိ

📢 ကံထူးရှင်ကြေညာမည့်နေ့ – အောက်တိုဘာလ (၅) ရက်နေ့တွင် SHWE Bank Official page မှတစ်ဆင့် တရားဝင် ကြေညာပေးသွားပါမည်။

📌 ကံထူးရှင်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက SHWE Bank ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

SHWE Bank ရဲ့ နောက်ထပ် အောင်မြင်မှုမှတ်တိုင်အသစ်က ဘယ်မြို့မှာ ဖြစ်မလဲဆိုတာ အခုပဲ Comment မှာ ခန့်မှန်းပြီး အထူးဆုကြီးရယူဖို့ ပါဝင်လိုက်ကြရအောင်! 🎉👇

SHWE Bank ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် သုံးစွဲသူများအတွက် ကားတစ်စီးပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းမျာ...
21/09/2026

SHWE Bank ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် သုံးစွဲသူများအတွက် ကားတစ်စီးပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် SHWE Bank နှင့် Yadanar Automobile Co., Ltd. တို့ ပူးပေါင်းပြီး Car Loan Dealership Agreement ကို အောင်မြင်စွာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် SHWE Bank ၏ Customer များသည် Yadanar Automobile Co., Ltd. မှ မိမိတို့ စိတ်ကြိုက်ရွေးချယ်ထားသော ကားများကို SHWE Bank Car Loan စနစ်ဖြင့် လွယ်ကူလျင်မြန်စွာ လျှောက်ထားပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ အိပ်မက်ထဲက ကားလေးကို လက်တွေ့ဘဝမှာ အမြန်ဆုံး ပိုင်ဆိုင်နိုင်ဖို့ SHWE Bank နှင့် Yadanar Automobile Co., Ltd. တို့က အတူတကွ ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ 💛💙

Myanmar Premium Car Expo 2026 မှာ ရွှေဘဏ် ကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။  🚘💛နေ့စဉ်သွားလာမှုတွေ ပိုအဆင်ပြေဖို့ ကိုယ်ပိုင်ကာ...
18/09/2026

Myanmar Premium Car Expo 2026 မှာ ရွှေဘဏ် ကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ 🚘💛

နေ့စဉ်သွားလာမှုတွေ ပိုအဆင်ပြေဖို့ ကိုယ်ပိုင်ကားတစ်စီး ဝယ်ယူဖို့ စိတ်ကူးရှိနေပါသလား?

Myanmar Premium Car Expo 2026 မှာ ကားအမျိုးအစားစုံကို တစ်နေရာတည်းမှာ လေ့လာကြည့်ရှုနိုင်ပြီး ရွှေဘဏ် Booth မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ကားအတွက်
📋 Auto Loan လျှောက်ထားဖို့ ဘာတွေလိုအပ်မလဲ၊
💬 ဘယ်လိုလျှောက်ထားရမလဲဆိုတာကို ရွှေဘဏ်မှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မှာပါ။

ဒါ့အပြင် ပွဲမှာ Game အစီအစဉ်တွေနဲ့ Live ဖျော်ဖြေမှုတွေလည်း ရှိနေမှာဆိုတော့ ကားတွေကို လေ့လာကြည့်ရှုရင်း ပျော်ရွှင်စရာအချိန်လေးကိုပါ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

ကားဝယ်ဖို့ စိတ်ကူးရှိနေတယ်ဆိုရင် Myanmar Premium Car Expo 2026 ကို လာရောက်ရင်း ရွှေဘဏ် ‌Booth ကိုလည်း ဝင်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ် 💙

📅 19 September 2026
⏰ 10:00 AM – 6:00 PM
📍 Sedona Hotel, Grand Ballroom, Yangon


အနာဂတ်ပန်းတိုင်တိုင်းအတွက် ရွှေဘဏ်နဲ့အတူ 💛💙ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု စတင်ချင်တာဖြစ်စေ၊ မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့...
16/09/2026

အနာဂတ်ပန်းတိုင်တိုင်းအတွက် ရွှေဘဏ်နဲ့အတူ 💛💙

ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု စတင်ချင်တာဖြစ်စေ၊ မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်ချင်တာဖြစ်စေ၊ ကိုယ်မျှော်လင့်ထားတဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ချင်တာဖြစ်စေ… လူတိုင်းမှာ ကိုယ်စီရည်မှန်းထားတဲ့ ပန်းတိုင်တွေ ရှိကြပါတယ်။

ပန်းတိုင်တွေ မတူညီကြပေမယ့် အဲဒီပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့အတွက် ဒီနေ့ကစပြီး ငွေကြေးကို စနစ်တကျ စီမံစုဆောင်းထားခြင်းက အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

ရွှေဘဏ်ရဲ့ Fixed Deposit စာရင်းသေအပ်ငွေက အပ်နှံကာလကို ရွေးချယ်ပြီး သတ်မှတ်အတိုးနှုန်းအတိုင်း စုဆောင်းငွေကို စနစ်တကျ တိုးပွားအောင် စီမံပေးနိုင်ပါတယ်။

📌 အပ်နှံကာလအလိုက် အတိုးနှုန်းများ
• ၁ လ – တစ်နှစ်အတိုးနှုန်း ၁၁.၀၀%
• ၃ လ – တစ်နှစ်အတိုးနှုန်း ၁၁.၂၀%
• ၆ လ – တစ်နှစ်အတိုးနှုန်း ၁၁.၈၀%
• ၉ လ – တစ်နှစ်အတိုးနှုန်း ၁၁.၉၀%
• ၁၂ လ – တစ်နှစ်အတိုးနှုန်း ၁၂.၀၀%

ဒီနေ့ရဲ့ စုဆောင်းမှုက မနက်ဖြန်ရဲ့ ပန်းတိုင်တွေဆီ ရောက်ရှိဖို့ ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် ကိုယ်မျှော်လင့်ထားတဲ့ အနာဂတ်ကို ရွှေဘဏ်နဲ့အတူ တည်ဆောက်လိုက်ပါ။

Professional Boxing Matches 11 မှ SHWE Bank ရဲ့ အမှတ်တရပုံရိပ်များ 💛စက်တင်ဘာလ (၁၂) ရက်နေ့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိ...
16/09/2026

Professional Boxing Matches 11 မှ SHWE Bank ရဲ့ အမှတ်တရပုံရိပ်များ 💛

စက်တင်ဘာလ (၁၂) ရက်နေ့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲရုံမှာ ကျင်းပခဲ့သော “Professional Boxing Matches 11 (PBM 11)” ပွဲကြီးမှာ SHWE Bank လည်း အတူပါဝင်ခဲ့ပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ လက်ဝှေ့ပွဲစဉ်များကို အတူတကွ အားပေးကြရင်း SHWE Bank Booth သို့ လာရောက်ခဲ့ကြသူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုများအကြောင်း စိတ်ဝင်စားစွာ မေးမြန်းစုံစမ်းခဲ့ကြသလို၊ ပျော်ရွှင်စရာ Spin Wheel Game အစီအစဉ်မှာလည်း ပါဝင်ကစားပြီး အမှတ်တရလက်ဆောင်များ ရယူခဲ့ကြပါတယ် 🎁

PBM 11 ပွဲအတွင်း ရွှေဘဏ် Booth ကို လာရောက်အားပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်💙

12/09/2026

Building Mandalay’s MSME Milestones 2026 💛💙

SHWE Bank နှင့် Myanmar Restaurant Association Mandalay Division (MRA) တို့ ပူးပေါင်း၍ “Building Mandalay’s MSME Milestones 2026” အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အခမ်းအနားအတွင်း MSME လုပ်ငန်းရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ လုပ်ငန်းတိုးချဲ့နိုင်ရန် လိုအပ်သည့် ငွေကြေးဝန်ဆောင်မှုများနှင့် SHWE Bank ရဲ့ MSME ချေးငွေထုတ်ကုန်များကို မိတ်ဆက်ခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုတစ်ခုထက်ပိုပြီး မန္တလေး MSME လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတိုးတက်မှုနဲ့ အောင်မြင်မှုမှတ်တိုင်တိုင်းမှာ SHWE Bank က Business Growth Partner အဖြစ် ဆက်လက်အတူရှိနေမှာပါ။ 💛💙

💛 Build Your Career Milestones with SHWE Bank 💙Banking Industry ထဲမှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံတွေကို အသုံးချရင...
11/09/2026

💛 Build Your Career Milestones with SHWE Bank 💙

Banking Industry ထဲမှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံတွေကို အသုံးချရင်း Career ကို နောက်တစ်ဆင့် တိုးတက်ချင်ပါသလား?

ရွှေဘဏ်မှ ရန်ကုန်ဘဏ်ခွဲအသစ်များ အတွက် တာဝန်ယူမှုရှိပြီး လုပ်ငန်းခွင်အတွင်း သင်ယူတိုးတက်လိုစိတ်ရှိသော ဝန်ထမ်းသစ်များကို ခေါ်ယူလျက်ရှိပါတယ်။

ရန်ကုန်ဘဏ်ခွဲအသစ်မှာ အတူလက်တွဲလုပ်ကိုင်ရင်း Professional Skills တွေကို တိုးတက်စေပြီး ကိုယ့်ရဲ့ Banking Career အတွက် Career Milestones အသစ်တွေကို ရွှေဘဏ်နဲ့အတူ တည်ဆောက်လိုက်ပါ။

📩 စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ CV ကို အောက်ပါ Email သို့မဟုတ် Viber မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါတယ်။

Email: [email protected]
Viber: 09 765612861, 09 765473515

Professional Boxing Matches 2026 မှာ ရွှေဘဏ်နဲ့အတူ ဆုံကြမယ် 🤩💛စက်တင်ဘာလ (၁၂) ရက်နေ့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလ...
11/09/2026

Professional Boxing Matches 2026 မှာ ရွှေဘဏ်နဲ့အတူ ဆုံကြမယ် 🤩💛

စက်တင်ဘာလ (၁၂) ရက်နေ့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲရုံမှာ ကျင်းပမယ့် Professional Boxing Matches 11 (PBM 11) ပွဲကြီးမှာ ရွှေဘဏ်လည်း အတူရှိနေမှာပါ။

ပွဲကို လာရောက်အားပေးရင်း ရွှေဘဏ် Booth ကိုလည်း ဝင်ရောက်လည်ပတ်ပြီး ပျော်စရာ Spin Wheel Game မှာ ပါဝင်ကာ အမှတ်တရလက်ဆောင်လေးတွေ ရယူနိုင်မှာပါ။

စိတ်လှုပ်ရှားစရာ လက်ဝှေ့ပွဲတွေကို အတူအားပေးရင်း ရွှေဘဏ် Booth မှာ ဆုံကြမယ်နော်😍




Address

No (66-76), Corner Of Merchant Road & Pansodan Street, Kyauktada Township
Yangon
11182

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Telephone

+959765473290

Alerts

Be the first to know and let us send you an email when SHWE Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE Bank:

Shortcuts

Share