AYA Bank

AYA Bank ဧရာဝတီဘဏ် မှ နွေးထွေးစွာကြိုဆိုပါတယ်။

Your Trusted Partner - စိတ်ချယုံကြည် ဧရာဝတီ

AYA Bank received its banking license from the Central Bank of Myanmar on 2 July 2010 and commenced operations on 11 August 2010, with the opening of the Naypyitaw Head Office.

AYA River View ရုံးချုပ်မှာ ကျင်းပသွားမယ့် “Grow with AYA” ပွဲကြီးမှာ အစီအစဉ်ကောင်းများစွာနဲ့ ပါဝင်သွားမယ့် AYA Bank ရဲ့...
27/08/2026

AYA River View ရုံးချုပ်မှာ ကျင်းပသွားမယ့် “Grow with AYA” ပွဲကြီးမှာ အစီအစဉ်ကောင်းများစွာနဲ့ ပါဝင်သွားမယ့် AYA Bank ရဲ့ Dealers နဲ့ Partners များကို ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်ပါတယ်။ 🎉

သင့်ရဲ့ ရည်မှန်းချက်တွေကို စတင်အကောင်အထည်ဖော်နိုင်ဖို့ အိမ်ခြံမြေ၊ ကား၊ ပညာရေး၊ Solar နဲ့ ကိုယ်ပိုင်လိုအပ်ချက်များအတွက် သက်ဆိုင်ရာ Dealers နဲ့ Partners တွေရဲ့ ဝန်ဆောင်မှုတွေအပြင် AYA Bank ရဲ့ ငွေကြေးဆိုင်ရာ ဖြေရှင်းချက်တွေကိုပါ တစ်နေရာတည်းမှာ လေ့လာတိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ Dealers နဲ့ Partners များရဲ့ အထူး Promotion နဲ့ အခွင့်အရေးများ ကိုလည်း ပွဲအတွင်း ရရှိနိုင်မှာဖြစ်လို့ ဘာတွေစောင့်ကြိုနေမလဲဆိုတာ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။ ✨

📅 29–30 August 2026
⏰ 09:00 AM – 05:00 PM
📍 AYA Bank River View Head Office, Ahlone

Every Goal Has a Next Step. Take yours with AYA.

ဝါတွင်းကာလမှာ လူကြီးမိဘများကို ဂါရဝပြုဖို့အတွက် အမြန်ဆုံးနဲ့ စိတ်အချရဆုံး ငွေလွှဲမယ်ဆိုရင် “လွှဲမယ့်လွှဲ ဧရာကိုပဲလွှဲ” 💸...
27/08/2026

ဝါတွင်းကာလမှာ လူကြီးမိဘများကို ဂါရဝပြုဖို့အတွက် အမြန်ဆုံးနဲ့ စိတ်အချရဆုံး ငွေလွှဲမယ်ဆိုရင် “လွှဲမယ့်လွှဲ ဧရာကိုပဲလွှဲ”

💸Rate အကောင်းဆုံးနဲ့ရမယ်

💸ယုံကြည်စိတ်ချရမယ်

💸မြန်ဆန်စွာ တိုက်ရိုက်ငွေလွှဲနိုင်မယ်

💸ငွေလွှဲပမာဏအပြည့် ချက်ချင်းငွေသားနဲ့ “အခမဲ့” ထုတ်ယူနိုင်မယ်

Intersend ထိုင်းငွေလွှဲများကို Intersend Web, App မှတစ်ဆင့် ဧရာဘဏ်ငွေစာရင်း (သို့) AYA Pay သို့ တိုက်ရိုက်ငွေလွှဲပြီး နီးစပ်ရာ ဧရာဘဏ်ခွဲများ၊ AYA ATM နဲ့ AYA Pay Agent များတွင် လွယ်ကူစွာထုတ်ယူနိုင်ပါတယ်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

ဒီစနေ၊ တနင်္ဂနွေမှာ Promotion များစွာနဲ့ ကျင်းပသွားမယ့် “Grow with AYA” ပွဲကြီးအလုံမြို့နယ်ရှိ AYA Bank River View Head ...
27/08/2026

ဒီစနေ၊ တနင်္ဂနွေမှာ Promotion များစွာနဲ့ ကျင်းပသွားမယ့် “Grow with AYA” ပွဲကြီး

အလုံမြို့နယ်ရှိ AYA Bank River View Head Office မှာ နှစ်ရက်တိုင်တိုင် ကျင်းပသွားမယ့် ဒီပွဲမှာ ကိုယ်ရည်မှန်းထားတဲ့ အနာဂတ်အတွက် လိုအပ်မယ့် ငွေကြေးဆိုင်ရာ ဖြေရှင်းချက်တွေကို တစ်နေရာတည်းမှာ လေ့လာတိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။

Dealers နဲ့ Partners များစွာရဲ့ Promotion တွေနဲ့အတူ အိမ်ခြံမြေ၊ ကား၊ ပညာရေး၊ Solar နဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေအတွက် ငွေကြေးစီမံမှုတွေကနေ မိမိနဲ့ မိသားစုအတွက် အာမခံအကာအကွယ်တွေအထိ ဘယ်လိုရွေးချယ်မှုက သင့်တော်မလဲ၊ ဘယ်လိုစီစဉ်ရမလဲဆိုတာကို AYA Bank ရဲ့ ကျွမ်းကျင်သူတွေနဲ့ အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပွဲလာရောက်သူများအတွက် အထူးအစီအစဥ်အနေနဲ့
✅ Loan Estimate ချက်ချင်းတွက်ချက်ပေးခြင်း (ရရှိနိုင်မယ့် ချေးငွေပမာဏနဲ့ လစဉ်ပေးသွင်းငွေကို တစ်ခါတည်း သိနိုင်မှာဖြစ်ပါတယ်)
✅Expert Consultation & Faster Loan Service (AYA Bank ကျွမ်းကျင်သူတွေနဲ့ တိုက်ရိုက်တိုင်ပင်ပြီး ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မယ်) နဲ့အတူ
✅Exclusive Promotions & Special Offers (Down Payment သက်သာခွင့်နဲ့ Dealers & Partners များရဲ့ အထူး Promotion တွေ ရရှိနိုင်မယ်) တို့ကိုရရှိမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို စတင်အကောင်အထည်ဖော်ချင်သူတိုင်း Grow with AYA မှာ Coffee သောက်ရင်း အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးပြီး ကိုယ့်ရဲ့ Next Step ကို စတင်နိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ ☕

📅 29–30 August 2026
⏰09:00 AM – 05:00 PM
📍AYA Bank River View Head Office, Ahlone

Every Goal Has a Next Step. Take yours with AYA.

တစ်နိုင်တစ်ပိုင်အနေအထားကနေ စီးပွားဖြစ်အထိ လုပ်ငန်းတိုးချဲ့ဖို့ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါပြီ။ 🫛🫘🫛 ပဲ၊ ပြောင...
26/08/2026

တစ်နိုင်တစ်ပိုင်အနေအထားကနေ စီးပွားဖြစ်အထိ လုပ်ငန်းတိုးချဲ့ဖို့ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါပြီ။ 🫛🫘🫛

ပဲ၊ ပြောင်း၊ နှမ်းစိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးများအတွက် အရေးပါတဲ့ အရည်အသွေးမြင့်မျိုးစေ့များနှင့် လုပ်သားအင်အားလျော့ချနိုင်လို့ အမြတ်အစွန်းပိုရစေတဲ့ ခြွေလှေ့စက်များ ပိုမိုဝယ်ယူနိုင်ဖို့ သင့်တင့်သော အတိုးနှုန်းဖြင့် ဧရာဘဏ်ရဲ့ “ပြည်တွင်းထုတ်ကုန်ချေးငွေ” ကို လာရောက်လျှောက်ထားနိုင်ပါတယ်။

🫘သင့်တင့်သော အတိုးကောက်ခံမှု

🫘လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်မှု

🫘လိုအပ်ချက်များကို ထိရောက်စွာပံ့ပိုးနိုင်မှု

မြေကြီးမှရွှေသီးနိုင်ဖို့အတွက် နီးစပ်ဧရာဘဏ်ခွဲများမှာ လာရောက်လျှောက်ထားနိုင်ပါတယ်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

သင့်ရဲ့ အနာဂတ်ကို ပိုမိုတောက်ပလာစေမယ့် The Future Banker Programme Batch-3 (2026–2027) မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘဏ်တ...
25/08/2026

သင့်ရဲ့ အနာဂတ်ကို ပိုမိုတောက်ပလာစေမယ့် The Future Banker Programme Batch-3 (2026–2027) မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ AYA Bank နဲ့အတူ စတင်နိုင်မယ့် အခွင့်အရေးကြီး ပြန်လည်ရောက်ရှိလို့လာပါပြီ။ 🏦🌟

The Future Banker Programme Batch-3 (2026–2027) မှာ
✨ AYA Bank ရဲ့ အဓိကဘဏ်လုပ်ငန်းကဏ္ဍအသီးသီးရှိ Project များတွင် ကိုယ်တိုင်ပါဝင်ခွင့် အပြင် Industry Leaders များထံမှ Banking & Management Knowledge များကို လက်တွေ့၊ စာတွေ့သင်ယူခွင့်
✨ လုပ်ငန်းခွင်မှာ Professional Banker တစ်ဦးအဖြစ် လိုအပ်သော Skill set များ၊ Banking Knowledgeများနဲ့ Management Experience များကို ရရှိနိုင်မယ့်အခွင့်အရေးများ
✨ Programme ပြီးဆုံးပြီးနောက် AYA Bank တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်နိုင်မည့် Career Opportunity တို့ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

🎓 ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
• Fresh Graduates - တက္ကသိုလ်တစ်ခုခုမှ အသိအမှတ်ပြုဘွဲ့ ရရှိပြီးသူများ
• Young Professionals - လက်ရှိလုပ်ငန်းခွင်ဝင်ရောက်နေပြီး လုပ်ငန်းအတွေ့အကြုံ အများဆုံး ၃ နှစ်ရှိသူများအပြင်မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားဆက်သွယ်ပြောဆိုနိုင်သူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး၊ Office 365 (Microsoft Outlook, Excel, Word, PowerPoint စသည်တို့) ကို အခြေခံအသုံးပြုနိုင်သူများ လျှောက်ထားနိုင်ပါတယ်။

🚀 ဘယ်လိုလျှောက်ထားရမလဲ?
The Future Banker Programme Batch-3 (2026–2027) မှာ ပါဝင်လိုသူများအနေနဲ့ အောက်ပါ Application Form မှတစ်ဆင့် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပြီး အခုပဲ လျှောက်ထားနိုင်ပါတယ်။
👉 Application Form: https://forms.gle/5LiKTmsb9XCTE5qk8

📍 လျှောက်ထားသူများအနေနဲ့ ပဏာမရွေးချယ်မှုအဆင့်ကို ဖြတ်သန်းပြီးနောက် Written Test နှင့် Personal Interview အဆင့်များကို ဆက်လက်ဖြေဆိုရမှာဖြစ်ပါတယ်။ Programme နှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက 09409231177 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
Welcome to the Future You! 🚀

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Mobile Banking အသုံးပြုသူများအတွက် ပိုမိုလွယ်ကူ၊ ပိုမိုမြန်ဆန်တဲ့ အသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းမယ့် AYA Mobile B...
25/08/2026

AYA Mobile Banking အသုံးပြုသူများအတွက် ပိုမိုလွယ်ကူ၊ ပိုမိုမြန်ဆန်တဲ့ အသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းမယ့် AYA Mobile Banking Version 1.0.8 အသစ် ထွက်ရှိလာပါပြီ။
ယခု Version တွင် ဘဏ်လုပ်ဆောင်ချက်များကို Update စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် Feature အသစ်များအပြင် လုံခြုံရေးပိုင်းကိုပါ မြှင့်တင်ထားပါတယ်။ AYA Mobile Banking အသုံးပြုသူများအနေဖြင့် နောက်ဆုံးထွက် Version 1.0.8 ကို
App Store ၊ Google Play Store နဲ့ Huawei AppGallery တို့မှတစ်ဆင့် အလွယ်တကူ Upgrade ပြုလုပ်နိုင်ပါပြီ။

AYA Mobile Banking ကိုရယူရန် - https://ayabank.com/ayamobilebankingdl

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

#လွယ်ကူရိုးရှင်း


M League Logo Launching အခမ်းအနားနဲ့အတူ လာမယ့် ဘောလုံးရာသီအတွက် AYA Bank နဲ့ AYA Pay တို့က Main Sponsor အဖြစ် M League န...
24/08/2026

M League Logo Launching အခမ်းအနားနဲ့အတူ လာမယ့် ဘောလုံးရာသီအတွက် AYA Bank နဲ့ AYA Pay တို့က Main Sponsor အဖြစ် M League နဲ့ မိတ်ဖက်ပူးပေါင်းမှု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ⚽️

မြန်မာ့ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ ခြေလှမ်းသစ်တစ်ခုအဖြစ် Myanmar National League မှ M League Logo အသစ်ကို ယနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် Novotel Yangon Max မှာ တရားဝင်မိတ်ဆက်ခဲ့ပြီး M League Logo Launching အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားနဲ့အတူ လာမယ့်ဘောလုံးရာသီအတွက် M League × AYA Bank × AYA Pay Partnership Signing Ceremony ကိုလည်း ကျင်းပခဲ့ပြီး AYA Bank နဲ့ AYA Pay တို့မှ Main Sponsor အဖြစ် M League ရဲ့ ဘောလုံးပြိုင်ပွဲများတစ်လျှောက် အဓိကလက်တွဲပံ့ပိုးသွားမှာ ဖြစ်ပါတယ်။
AYA Bank မှ Official Banking Partner၊ AYA Pay မှ Official Payment Partner အဖြစ်လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မိတ်ဖက်ပူးပေါင်းမှုအတွက် ဧရာဝတီဘဏ်မှ Chief Executive Officer ဒေါ် သဇင်အောင်၊ Chief Business Officer ဦးနေလင်းထွဋ် တို့မှ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ AYA Pay ကိုယ်စား Deputy CEO of Digital Banking ဦးမြတ်မင်းထင်ကျော် မှ လက်မှတ်ရေးထိုးခဲ့ပါတယ်။

AYA Bank ဟာ မြန်မာ့ဘောလုံးအားကစားနဲ့ နှစ်ပေါင်းများစွာ လက်တွဲပံ့ပိုးလာခဲ့တဲ့ မိတ်ဖက်တစ်ဦးအဖြစ် M League ရဲ့ ခရီးစဉ်သစ်မှာလည်း ဆက်လက်အတူရှိနေမှာ ဖြစ်ပါတယ်။ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရုံသာမက လူငယ်တွေရဲ့ စွမ်းရည်နဲ့ ရည်မှန်းချက်တွေကို အားပေးမြှင့်တင်ဖို့၊ ပရိသတ်တွေနဲ့ ဘောလုံးအသိုက်အဝန်းကို ပိုမိုချိတ်ဆက်ပေးဖို့နဲ့ မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့ ဆက်လက်လက်တွဲသွားမှာ ဖြစ်ပါတယ်။

လာမယ့် ဘောလုံးရာသီတစ်လျှောက် AYA Bank နဲ့ AYA Pay တို့က M League နဲ့အတူ ဘောလုံးပြိုင်ပွဲများကို ပံ့ပိုးရင်း ပရိသတ်တွေအတွက် ပိုမိုလွယ်ကူအဆင်ပြေတဲ့ ဘဏ်လုပ်ငန်းနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု အတွေ့အကြုံတွေကိုလည်း ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

M League ရဲ့ ရာသီသစ်နဲ့အတူ AYA Bank နဲ့ AYA Pay တို့က မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ ပရိသတ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများနဲ့ လူငယ်တွေအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ဖို့ ဆက်လက်လက်တွဲပံ့ပိုးသွားမှာ ဖြစ်ပါတယ်။

AYA Supports Every Goal. ⚽️

AYA Bank မှတဆင့် မိမိတို့ရယူထားတဲ့ ချေးငွေ (Loan Portfolios) တွေကို AYA Mobile Banking မှတဆင့်လွယ်လွယ်ကူကူ ကြည့်ရှုစစ်ဆေ...
24/08/2026

AYA Bank မှတဆင့် မိမိတို့ရယူထားတဲ့ ချေးငွေ (Loan Portfolios) တွေကို AYA Mobile Banking မှတဆင့်လွယ်လွယ်ကူကူ ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပေးဆပ်နိုင်ပါတယ်။

ပြန်လည်ပေးသွင်းရာတွင် လုပ်ဆောင်ရမည့်အဆင့်များ👇
အဆင့် (၁) Mobile Banking ရဲ့ Home Screen ရှိ Services (ဝန်ဆောင်မှုများ) သို့ ဝင်ပါ။
အဆင့် (၂) Payments မှ Loan Repayments သို့ ဝင်ပါ။
အဆင့် (၃) "ပြန်ဆပ်မည်" (Make Repayment) ကို နှိပ်ပြီး သင့်ရဲ့ ကြွေးကျန်ငွေကို ပြန်ဆပ်ပါ။
အဆင့် (၄) ပြန်ဆပ်မည့် အကောင့်နှင့် ထိုကာလအတွက် ပြန်ဆပ်ရမည့် ငွေပမာဏကို အလိုအလျောက် ဖြည့်သွင်းပေးထားပါသည်။ သို့မဟုတ် ကိုယ်ပိုင် ပမာဏကိုလည်း ထည့်သွင်းနိုင်ပါသည်။
အဆင့် (၅)"ဆက်လက်ရန်" (Continue to Review) ကို နှိပ်ပြီး အသေးစိတ်အချက်အလက်များကို သေချာစွာ စစ်ဆေးကာ "ပြန်ဆပ်မှု အတည်ပြုရန်" (Confirm Repayment) ကို နှိပ်ပါ။
အဆင့် (6)ငွေလွှဲအမှတ်အသားကို အတည်ပြုရန် သင့်ရဲ့ PIN နံပါတ်ကို ထည့်သွင်းပါ။
အဆင့် (7)အောင်မြင်သည် ဟုပေါ်လာပါက ငွေပြန်ဆပ်မှု အောင်မြင်သွားပါသည်။

⏳ အချိန်ကုန်သက်သာပြီး စိတ်ချရတဲ့ AYA Mobile Banking မှတဆင့် မိမိတို့ရဲ့ ချေးငွေများကို ယခုပဲ အလွယ်တကူ ပေးဆပ်လိုက်ပါ။
Repayment ပြုလုပ်ရာတွင် အဆင်မပြေမှုများရှိပါက AYA Bank ☎️ Call Centre - ၀၁-၂၃၁၇၇၇၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Corporate Internet Banking ကနေ AYA Pay သို့ လွယ်ကူလျင်မြန်စွာ ငွေလွှဲလိုက်ပါ!လုပ်ငန်းသုံး ငွေလွှဲပြောင်းမှုတွေကို ပိ...
23/08/2026

AYA Corporate Internet Banking ကနေ AYA Pay သို့ လွယ်ကူလျင်မြန်စွာ ငွေလွှဲလိုက်ပါ!
လုပ်ငန်းသုံး ငွေလွှဲပြောင်းမှုတွေကို ပိုမို ၏အဆင်ပြေစေဖို့အတွက် AYA CIB (Corporate Internet Banking) မှတစ်ဆင့် AYA Pay အကောင့်များသို့ တိုက်ရိုက် ငွေလွှဲပြောင်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။💞

AYA Corporate Internet Banking အသုံးပြုသူများအတွက် အကျိုးကျေးဇူးများ
• အချိန်မရွေး ငွေလွှဲနိုင်ခြင်း: မိမိစိတ်ကြိုက် အချိန်မရွေး လွယ်ကူစွာ လွှဲပြောင်းနိုင်ခြင်း။
• လုပ်ငန်းသုံး ငွေပေးချေမှုများ ပိုမိုမြန်ဆန်ခြင်း: လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ပိုမိုသွက်လက်စေခြင်း။
• စိတ်ချယုံကြည်ရခြင်း: လုံခြုံစိတ်ချရသော ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားခြင်း။
• Account Statement များ စစ်ဆေးနိုင်ခြင်း: စာရင်းဇယားများကို အလွယ်တကူ ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ခြင်း။
• Future-dated Transactions သုံးနိုင်ခြင်း: ကြိုက်နှစ်သက်ရာ AYA Account နှင့် AYA Pay တို့သို့ ငွေပေးချေမှုများကို အချိန် ကြိုတင်သတ်မှတ်၍ စနစ်တကျ စီစဉ်နိုင်ခြင်း။ တို့ပဲ ဖြစ်ပါတယ်။

👉 လုပ်ငန်းသုံးငွေပေးချေမှုများအတွက် AYA Corporate Internet Banking ကနေ AYA Pay အကောင့်များသို့ အခုပဲ လွယ်ကူစွာ ငွေလွှဲလိုက်ပါ!
အသေးစား၊ အလတ်စား နှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များအတွက် အချိန်ကုန်သက်သာပြီး လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်သော AYA Corporate Internet Banking ကို နီးစပ်ရာ AYA ဘဏ်ခွဲများတွင် အခုပဲ လျှောက်ထား အသုံးပြုနိုင်ပါပြီ။(Corporate Internet Banking သည် DICA တွင် ကုမ္ပဏီမှတ်ပုံတင်ပြီးသော လုပ်ငန်းရှင်များအတွက်သာ လျှောက်ထား ရယူနိုင်ပါသည်)
Corporate Internet Banking အကြောင်းသိရှိလိုပါက
https://www.ayabank.com/digital-services/online-payment-services/corporate-internet-banking/

📞 ဆက်သွယ်ရန် - ၀၁-၂၃၁၇၇၇၇

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

Weekend မှာ “Grow with AYA” ပွဲကိုလာရင်း ကော်ဖီသောက်ပြီး အိမ်၊ ကား၊ ပညာရေး၊ Solar၊ ကိုယ်ပိုင်လိုအပ်ချက်တွေအတွက် ငွေကြေးစ...
23/08/2026

Weekend မှာ “Grow with AYA” ပွဲကိုလာရင်း ကော်ဖီသောက်ပြီး အိမ်၊ ကား၊ ပညာရေး၊ Solar၊ ကိုယ်ပိုင်လိုအပ်ချက်တွေအတွက် ငွေကြေးစီမံမှုနဲ့ မိမိနဲ့ မိသားစုအတွက် အာမခံအကာအကွယ်တွေအထိ AYA Bank ရဲ့ ကျွမ်းကျင်သူတွေနဲ့ အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဒါ့အပြင် ပွဲလာရောက်သူများအတွက်

✅ ရရှိနိုင်မယ့် ချေးငွေပမာဏနဲ့ လစဉ်ပေးသွင်းရမယ့်ပမာဏကို တစ်ခါတည်း တွက်ချက်ပေးခြင်း
✅ ပိုမိုမြန်ဆန်တဲ့ ချေးငွေဝန်ဆောင်မှု ရရှိခြင်း
✅ Down Payment သက်သာခွင့်များ
✅ ပွဲလာရောက်သူများအတွက် သီးသန့်အခွင့်အရေးများနဲ့ အမှတ်တရလက်ဆောင်များ စီစဉ်ထားတာဖြစ်လို့ ကိုယ့်ရဲ့ နောက်တစ်ဆင့်အတွက် စတင်စီစဉ်ချင်သူတိုင်းကို Grow with AYA မှာ တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲမှာ AYA နဲ့အတူ ပါဝင်ပြီး အထူးဝန်ဆောင်မှုတွေနဲ့ အခွင့်အရေးတွေ ပေးသွားမယ့် Partners တွေကိုလည်း မကြာခင် ကြေညာပေးသွားမှာမို့ စောင့်မျှော်ပေးပါဦး။

📅 29–30 August 2026
⏰ 09:00 AM – 05:00 PM
📍 AYA Bank River View Head Office, Ahlone

Every Goal Has a Next Step.
Take yours with AYA.

Address

No. 416, Maharbandoola Road & Maharbandoola Garden Street, Kyauktada Township
Yangon
111

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95 1 231 7777

Alerts

Be the first to know and let us send you an email when AYA Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AYA Bank:

Shortcuts

Share