Myanmar Metro Bank

Call Website

Myanmar Metro Bank Myanmar Metro Bank: Building Bridges and Powering Prosperity

အလုပ်အကိုင်အခွင့်အလမ်း ...Myanmar Metro Bank ၏ ရန်ကုန်ဘဏ်ခွဲများ နှင့် နယ်ဘဏ်ခွဲများတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ...
30/09/2026

အလုပ်အကိုင်အခွင့်အလမ်း ...

Myanmar Metro Bank ၏ ရန်ကုန်ဘဏ်ခွဲများ နှင့် နယ်ဘဏ်ခွဲများတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါရာထူးများအတွက် လျှောက်ထားနိုင်ပါသည်။

အလုပ်လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ပညာရေး ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ၊ အလုပ်သမားကဒ် စသည့် မိတ္တူတို့နှင့် အတူလိုင်စင် ဓာတ်ပုံ (၂) ပုံတို့ဖြင့် ဖော်ပြပါလိပ်စာသို့ လူကိုယ်တိုင် လာ ရောက်၍ဖြစ်စေ၊ [email protected] email ပေးပို့၍ဖြစ်စေ၊ Viber Phone Number 09 944 081 859 သို့ ပေးပို့၍ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ - အမှတ် (၃၁)၊ ပြည်လမ်းနှင့်မဟာမြိုင်လမ်းထောင့် (မဟာမြိုင်မှတ်တိုင်အနီး)၊ ကျွန်းတောအလယ်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁) ရက် ကြာသပတေးနေ့သည် လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေအရ “ဘဏ်ပိတ်ရက်” ဖြစ်ပါသဖြင့...
29/09/2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၁) ရက် ကြာသပတေးနေ့သည် လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေအရ “ဘဏ်ပိတ်ရက်” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Myanmar Metro Bank ၏ ဘဏ်ခွဲများအားလုံးပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

လုပ်ငန်းလည်ပတ်ဖို့ လိုအပ်တဲ့ ငွေကြေးကို Working Capital Loan နဲ့ အချိန်မီ ဖြည့်ဆည်းလိုက်ပါ…လုပ်ငန်းက အရှိန်ကောင်းကောင်းန...
28/09/2026

လုပ်ငန်းလည်ပတ်ဖို့ လိုအပ်တဲ့ ငွေကြေးကို Working Capital Loan နဲ့ အချိန်မီ ဖြည့်ဆည်းလိုက်ပါ…

လုပ်ငန်းက အရှိန်ကောင်းကောင်းနဲ့ လည်ပတ်နေပေမယ့် Consignment နဲ့ ရောင်းချမှုတွေကြောင့် ရရန်ရှိငွေတွေ ချက်ချင်းပြန်မရသေးတာ၊ ကုန်ကြမ်းတွေ ထပ်မံဝယ်ယူဖို့ ငွေကြေးလိုအပ်လာတာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင်၊ လုပ်ငန်းရဲ့ နေ့စဉ်လည်ပတ်မှုကို အခက်အခဲ မဖြစ်စေဘဲ လိုအပ်တဲ့ ငွေကြေးကို အချိန်မီ ဖြည့်ဆည်းနိုင်တဲ့ Myanmar Metro Bank ရဲ့ Working Capital Loan ဝန်ဆောင်မှုကို ရယူထားသင့်ပါတယ်။

Working Capital Loan ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
✅ လုပ်ငန်းလည်ပတ်ရန် လိုအပ်တဲ့ ငွေကြေးများကို ဖြည့်ဆည်းနိုင်ခြင်း
✅ ကုန်ကြမ်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရာတွင် အထောက်အကူပြုနိုင်ခြင်း
✅ နေ့စဉ်လုပ်ငန်းအသုံးစရိတ်များကို စီမံနိုင်ခြင်း
✅ Cash Flow ကို ပိုမိုကောင်းမွန်စွာ စီမံနိုင်ခြင်း နဲ့
✅ လုပ်ငန်းအခွင့်အလမ်းများကို အချိန်မီ အသုံးချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

Working Capital Loan ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက
🔹နီးစပ်ရာ Myanmar Metro Bank ၏ ဘဏ်ခွဲများသို့ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊
🔹Call Center 09779888838 နှင့် Business Banking 09880914275 ကိုဆက်သွယ်၍ ဖြစ်စေ၊
🔹page Messenger သို့ စာပိုမေးမြန်း၍ဖြစ်စေ
🔹[email protected] နှင့် [email protected] သို့ မေးလ်ပို့၍ ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

ကိုယ်ပိုင်ကားလေးနဲ့ နေ့စဉ်ဘဝကို လွယ်ကူစွာ ဖြတ်သန်းလိုက်ပါ... လုပ်ငန်းကိစ္စတွေ ရှိရာနေရာကို လွယ်ကူစွာ သွားလာဖို့၊ မိသားစု...
25/09/2026

ကိုယ်ပိုင်ကားလေးနဲ့ နေ့စဉ်ဘဝကို လွယ်ကူစွာ ဖြတ်သန်းလိုက်ပါ...

လုပ်ငန်းကိစ္စတွေ ရှိရာနေရာကို လွယ်ကူစွာ သွားလာဖို့၊ မိသားစုတွေနဲ့ လိုရာခရီးတွေကို အဆင်ပြေစွာ ထွက်ဖို့အတွက် သွားလာရေးအဆင်ပြေ နိုင်ဖို့က နေ့စဉ်ဘဝမှာ အရေးကြီးတဲ့အရာတစ်ခုပါ။

ကိုယ်ပိုင်ကားလေးတစ်စီး လက်တွေ့ ပိုင်ဆိုင်လာခဲ့ရင် သွားချင်တဲ့နေရာလေးတွေကို ကိုယ်တိုင်စီစဉ်ပြီး သွားလာနိုင်မယ်။ မိသားစုနဲ့အတူ သက်တောင့်သက်သာနဲ့ ခရီးတွေ ထွက်နိုင်မယ့် အပြင် လုပ်ငန်းကိစ္စတွေကိုလည်း အချိန်နဲ့အမျှ ပိုမိုလွယ်ကူစွာ စီမံလာနိုင်မယ်။

ဒါ့ကြောင့် ကိုယ်ပိုင်ကားလေးတစ်စီး ပိုင်ဆိုင်ဖို့ စီစဉ်နေပြီဆိုရင်တော့ Myanmar Metro Bank ရဲ့ Car Loan နဲ့အတူ ကိုယ်ပိုင်ကား တစ်စီး လက်တွေ့ ပိုင်ဆိုင်မယ့် အစီအစဉ်ကို အမြန်ဆုံး စတင်လိုက်ပါ။

Myanmar Metro Bank - Car Loan ရဲ့ အားသာချက်များကတော့ -
✅လစဉ်ပုံမှန်ဝင်ငွေရှိသူတိုင်း လွယ်ကူစွာ လျှောက်ထားနိုင်ခြင်း
✅ကားတန်ဖိုးရဲ့ ၃၀% မှစ၍ ကနဦးပေးသွင်းပြီး ကားဝယ်ယူနိုင်ခြင်း
✅ချေးငွေသက်တမ်းကို ၁ နှစ်မှ ၃ နှစ်အထိ မိမိနှင့် သင့်တော်သည့် ကာလကို ရွေးချယ်နိုင်ခြင်း
✅အတိုးနှုန်း ၁၃% မှ စတင် လျှောက်ထားနိုင်ခြင်း စတဲ့ အားသာချက်တွေ ရရှိနိုင်ပါတယ်။

Car Loan ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက
🔹 နီးစပ်ရာ Myanmar Metro Bank ၏ ဘဏ်ခွဲများသို့ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊
🔹Call Center 09779888838 နှင့် Business Banking 09880914275 ကိုဆက်သွယ်၍ ဖြစ်စေ၊
🔹page Messenger သို့ စာပို့မေးမြန်း၍ဖြစ်စေ
🔹[email protected] နှင့် [email protected] သို့ မေးလ်ပို့၍ ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

ဝန်ထမ်းများနဲ့ မိသားစုဝင်တွေအတွက် စိတ်ချရတဲ့ ဘဝအကာအကွယ်...လုပ်ငန်းတစ်ခုရဲ့ တိုးတက်အောင်မြင်မှုမှာ ဝန်ထမ်းတွေရဲ့ ကြိုးစား...
24/09/2026

ဝန်ထမ်းများနဲ့ မိသားစုဝင်တွေအတွက် စိတ်ချရတဲ့ ဘဝအကာအကွယ်...

လုပ်ငန်းတစ်ခုရဲ့ တိုးတက်အောင်မြင်မှုမှာ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ သူတို့ရဲ့ ကျန်းမာရေးနဲ့ မိသားစုဘဝ လုံခြုံမှုကလည်း အရေးကြီးပါတယ်။

မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ၊ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်များ အတွက် လိုအပ်တဲ့ အကာအကွယ်ရရှိစေဖို့ Myanmar Metro Bank မှာ ဝန်ဆောင်မှုပေးနေတဲ့ CB Life Insurance ရဲ့ Group Life Accident and Health Insurance ကို ရယူနိုင်ပါတယ်။

အကျိုးကျေးဇူးများကတော့
✔️ ဝန်ထမ်းများနဲ့ မိသားစုဝင်တွေ အတွက် ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အကာအကွယ် ပေးနိုင်ခြင်း
✔️ မတော်တဆဖြစ်ပွားမှုများအတွက် စိတ်ချရသော အာမခံကာကွယ်မှု ပေးနိုင်ခြင်း
✔️ဝန်ထမ်းများ စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုအာရုံစိုက်လုပ်ကိုင်နိုင်ခြင်း
✔️ ဝန်ထမ်းအကျိုးခံစားခွင့် (Employee Benefits) ကို မြှင့်တင်ပေးနိုင်ခြင်း
✔️ လုပ်ငန်းနှင့် ဝန်ထမ်းများကြား ယုံကြည်မှုကို ပိုမိုခိုင်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဝန်ထမ်းများရဲ့ လုံခြုံမှုကို ဂရုစိုက်ခြင်းက လုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုအတွက် ရင်းနှီးမြှုပ်နှံခြင်းတစ်ခု လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတိုင်း၊ အဖွဲ့အစည်းတိုင်း အနေဖြင့် Group Life Accident and Health Insurance က ရှိကို ရှိထားသင့်ပါတယ်။

ထားရှိသင့်တဲ့ လုပ်ငန်းများကတော့
▪️ကုမ္ပဏီများ
▪️SME လုပ်ငန်းများ
▪️NGO / INGO အဖွဲ့အစည်းများ
▪️စက်ရုံနှင့် အလုပ်ရုံများ
▪️ဆောက်လုပ်ရေးလုပ်ငန်းများ
▪️အထည်ချုပ်လုပ်ငန်းများနှင့် မတော်တဆဖြစ်နိုင်ခြေ မြင့်မားသော လုပ်ငန်းခွင်များအတွက် အထူးသင့်တော်ပါတယ်။

ဝန်ထမ်းများနဲ့ မိသားစုဝင်တွေအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ အကာအကွယ်ရရှိစေဖို့အတွက် CB Life Insurance ရဲ့ Group Life Accident and Health Insurance ကို Myanmar Metro Bank မှတစ်ဆင့် စုံစမ်းရယူနိုင်ပါတယ်။

📩 Group Life Accident and Health Insurance နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -
🔹 နီးစပ်ရာ Myanmar Metro Bank ၏ ဘဏ်ခွဲများသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊
🔹 Call Center: 09 779 888 838 သို့ ဆက်သွယ်၍ဖြစ်စေ၊
🔹 Myanmar Metro Bank ၏ page Messenger သို့ စာပို့၍ဖြစ်စေ၊
🔹 Email: [email protected] သို့ မေးလ်ပို့၍ဖြစ်စေ စိတ်ဝင်စားမှုရှိပါက အသေးစိတ်ကို လိုက်လံရှင်းပြပေးနိုင်ရန် အဆင်သင့်ရှိနေပါသည်။

WE’RE HIRING: INTERNAL AUDITORMyanmar Metro Bank is looking for a reliable and detail-oriented Internal Auditor to join ...
23/09/2026

WE’RE HIRING: INTERNAL AUDITOR

Myanmar Metro Bank is looking for a reliable and detail-oriented Internal Auditor to join our team.

Requirements:
• Bachelor’s degree in Accounting, Auditing, Finance, or a related field
• At least 3 years of internal audit experience
• CIA, ACCA, or CPA is an advantage
• Strong integrity, analytical skills, and professional independence

If you are ready to grow your career with Myanmar Metro Bank, we welcome your application.

📩 Send your CV to: [email protected]
📱 Viber: 09 944 081 859

Myanmar Metro Bank ရဲ့ သစ္စာလမ်းဘဏ်ခွဲရှိ Business Banking Center မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက်"Tea & Talk: Br...
21/09/2026

Myanmar Metro Bank ရဲ့ သစ္စာလမ်းဘဏ်ခွဲရှိ Business Banking Center မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက်"Tea & Talk: Bridging Ideas, Powering Business Success" အစီအစဉ်ဟာ (၁၈.၉.၂၀၂၆) ရက်နေ့မှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ လုပ်ငန်းရှင်များအနေနဲ့ မိမိတို၏ စီးပွားရေး တိုးချဲ့ရေး အစီအစဉ်များ၊ ငွေကြေးဆိုင်ရာ လိုအပ်ချက်များနှင့် ဘဏ်၏ ချေးငွေဝန်ဆောင်မှုများအကြောင်းကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

အစီအစဉ်အတွင်း တက်ရောက်လာကြသူ လုပ်ငန်းရှင်များအား Business Banking Team မှ တာဝန်ရှိသူများက တစ်ဦးချင်း အသီးသန့် တွေ့ဆုံကာ လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည့် ချေးငွေဆိုင်ရာ အကြံဉာဏ်များကို အသေးစိတ် ဆွေးနွေးမျှဝေပေးခဲ့ကြပါတယ်။ ကြိုတင် စာရင်းပေးသွင်းထားသည့် လုပ်ငန်းရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့် ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို တက်ကြွစွာ မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့် လုပ်ငန်းရှင်တစ်ဦးစီ၏ သီးခြားလိုအပ်ချက်နှင့် လုပ်ငန်းသဘောသဘာဝများပေါ် အခြေခံ၍ ထိရောက်မည့် အကြံပြုချက်များကို ဆွေးနွေးပေးခဲ့ပြီး -

-ဘဏ်ချေးငွေ လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များကို စနစ်တကျ ပြင်ဆင်နိုင်ရေးနှင့် လျှောက်ထားမှု လုပ်ငန်းစဉ်များ

-လက်ရှိ စီးပွားရေး လည်ပတ်မှုတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များအတွက် အကြံပြုချက်များ

-မိမိ လုပ်ငန်းနှင့် အသင့်တော်ဆုံး ဖြစ်မည့် Myanmar Metro Bank ရဲ့ ချေးငွေဝန်ဆောင်မှုများကို တစ်ဦးချင်း သီးသန့် အကြံပြုပေးခြင်း တိုကို အဓိကထား မျှဝေခဲ့ကြပါတယ်။

Myanmar Metro Bank အနေဖြင့် အသေးစား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ ရေရှည်တိုးတက် အောင်မြင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာရေး အကြံဉာဏ်များ၊ သင့်လျော်မည့် ငွေကြေးဝန်ဆောင်မှုများနှင့် စီးပွားရေး အခွင့်အလမ်းများကို ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပါသဖြင့် ယခုအကြိမ် မပါဝင်လိုက်ရသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း နောက်လာမည့် အစီအစဉ်များတွင် တက်ရောက်နိုင်ပါရန် ကြိုတင်ဖိတ်ကြားအပ်ပါသည်။

Registration Link: https://forms.gle/4byMNrU1uKWeyh2Q6

21/09/2026

Supply Chain Finance (SCF) ဆိုတာဘာလဲ?

Supply Chain Finance (SCF) ဆိုတာကတော့ မိတ်ဆွေတို့ လုပ်ငန်းတွေရဲ့ Supply Chain တစ်လျှောက်မှာ လိုအပ်နေတဲ့ ငွေကြေးတွေကို လိုအပ်တဲ့အချိန်မှာ အသုံးချနိုင်အောင် ကူညီပေးနိုင်တဲ့ Financing Solution တစ်ခုဖြစ်ပါတယ်။

Supply Chain Finance (SCF) မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေရဲ့ အလုပ်လုပ်ပုံကို အသေးစိတ် သိရှိ နားလည်နိုင်ဖို့အတွက် Video ကို ကြည့်ရှုလေ့လာလိုက်ပါ။

Supply Chain Finance (SCF) ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက
🔹နီးစပ်ရာ Myanmar Metro Bank ၏ ဘဏ်ခွဲများသို့ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊
🔹Call Center 09779888838 နှင့် Business Banking 09880914275 ကိုဆက်သွယ်၍ ဖြစ်စေ၊
🔹page Messenger သို့ စာပိုမေးမြန်း၍ဖြစ်စေ
🔹[email protected] နှင့် [email protected] သို့ မေးလ်ပို့၍ ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

Supply Chain Finance (SCF) အကြောင်း သိပြီးပြီလား? လုပ်ငန်းတစ်ခု လည်ပတ်တဲ့အခါ ငွေကြေးလိုအပ်တာက လုပ်ငန်းစတင်ချိန်မှာပဲ မဟု...
17/09/2026

Supply Chain Finance (SCF) အကြောင်း သိပြီးပြီလား?

လုပ်ငန်းတစ်ခု လည်ပတ်တဲ့အခါ ငွေကြေးလိုအပ်တာက လုပ်ငန်းစတင်ချိန်မှာပဲ မဟုတ်ပါဘူး။ ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ ကုန်ပစ္စည်းတွေ သိုလှောင်ထားဖို့နဲ့ ၊ Customer တွေဆီ ပို့ဆောင်ပြီး ငွေပြန်ရဖို့ စောင့်ရတဲ့အချိန်တွေမှာလည်း လုပ်ငန်းလည်ပတ်ငွေ အရင်းအနှီးက လိုအပ်ပါတယ်။

မိတ်ဆွေတို့ လုပ်ငန်းများရဲ့ Supply Chain တစ်လျှောက်မှာ လိုအပ်နေတဲ့ ငွေကြေးတွေကို လိုအပ်တဲ့အချိန်မှာ အသုံးချနိုင်အောင် ကူညီပေးနိုင်တဲ့ Financing Solution ကတော့ Supply Chain Finance (SCF) ဖြစ်ပါတယ်။

ဒီတော့ SCF ဆိုတာ Supplier၊ Anchor (Buyer/Seller)၊ Distributor ဆိုတဲ့ လုပ်ငန်း Supply Chain တစ်လျှောက်က ငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Financing Solution တစ်ခုဖြစ်ပါတယ်။

SCF ကနေ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ —
🔹 အော်ဒါတွေရထားပေမယ့် ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ အတွက် လိုအပ်နေတဲ့ ငွေကြေးတွေမရှိ ဖြစ်နေရင် PO Financing နဲ့ ဖြေရှင်းနိုင်ပါတယ်။
🔹 ကုန်ပစ္စည်းတွေထဲမှာ ငွေကြေးတွေ နစ်မြုပ်နေတယ်ဆိုရင် Inventory Financing နဲ့ဖြေရှင်းနိုင်ပါတယ်။
🔹 ကုန်ပစ္စည်းတွေက ပို့ပြီးပြီ၊ Credit Term တွေကြောင့် Invoice တွေကို ကိုင်ထားရပြီး ငွေပြန်ရဖို့ စောင့်နေရတယ်ဆိုရင် Factoring Solutions နဲ့ဖြေရှင်းနိုင်ပါတယ်။
🔹Distributor တွေအနေနဲ့ ကုန်ပစ္စည်း တွေ ပိုဝယ်ယူဖို့ လိုအပ်ခဲ့ရင် Distributor Financing နဲ့ဖြေရှင်းနိုင်ပါတယ်။

ထို့အပြင် မြန်မာမက်ထရိုဘဏ်၏ Supply Chain Finance (SCF) ဝန်ဆောင်မှုများကို Metro Digital SCF Hub (End-to-End Platform) မှတစ်ဆင့် စာရွက်စာတမ်း ရှုပ်ထွေးမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ပါတယ်။

Supply Chain Finance (SCF) ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက
🔹နီးစပ်ရာ Myanmar Metro Bank ၏ ဘဏ်ခွဲများသို့ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊
🔹Call Center 09779888838 နှင့် Business Banking 09880914275 ကိုဆက်သွယ်၍ ဖြစ်စေ၊
🔹page Messenger သို့ စာပိုမေးမြန်း၍ဖြစ်စေ
🔹[email protected] နှင့် [email protected] သို့ မေးလ်ပို့၍ ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

We're Hiring —Manager (Marketing & Communications)Myanmar Metro Bank is looking for a creative and strategic Marketing M...
16/09/2026

We're Hiring —Manager (Marketing & Communications)

Myanmar Metro Bank is looking for a creative and strategic Marketing Manager to lead our Marketing & Communications function.

You'll develop and execute online and offline marketing strategies, manage the launch of new products, services, and campaigns, and work with promotional partners on joint marketing activities. You'll supervise all our communication channels and measure what's working so we keep improving.

It's a chance to shape how a growing bank shows up in Myanmar, and to be the voice that connects us with our customers.

✅ Diploma or degree in Marketing, Business, Communications or related
✅ 3–5 years in marketing, communications or customer service (banking experience a plus)
✅ Strong English and Myanmar language skills
✅ Confident planning, coordinating, and solving problems independently

If you are ready to take on the challenge of leading our Marketing & Communications function and shaping Myanmar Metro Bank's brand presence, please send your CV to [email protected] or Viber number: 09 944 081 859.



Address

Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

012306290

Alerts

Be the first to know and let us send you an email when Myanmar Metro Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share