25/08/2026
ဝန်ထမ်းကောင်းတွေကို ကာကွယ်ပေးခြင်းက လုပ်ငန်းကို ကာကွယ်ပေးခြင်းပါ...
နေ့စဉ်သွားလာလှုပ်ရှားမှုတိုင်းမှာ မမျှော်လင့်ထားတဲ့ မတော်တဆဖြစ်ရပ်တွေ အချိန်မရွေး ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းရဲ့ အဖိုးတန်ဝန်ထမ်းတွေအတွက် Myanmar Metro Bank မှာ ရရှိနိုင်တဲ့ CB Life Insurance ရဲ့ Group Life Insurance (စုပေါင်းအသက်အာမခံ) ကို စီစဉ်ပေးထားပြီး လုပ်ငန်းခွင် အတွင်းသာမက လုပ်ငန်းချိန်ပြင်ပမှာ ကြုံတွေ့နိုင်တဲ့ မတော်တဆဘေးအန္တရာယ်များအတွက်ပါ ကြိုတင်အကာအကွယ်ပေးလိုက်ပါ။
ဝန်ထမ်းတွေရဲ့ လုံခြုံမှုအတွက် ဒီနေ့ကစပြီး ကြိုတင်ပြင်ဆင်ထားလိုက်ပါ။
🔹Group Life Insurance ရဲ့ အကျိုးကျေးဇူးများနှင့် အားသာချက်များ
လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းတွေအတွက် Group Life Insurance အကာအကွယ် ကို ရယူပေးထား ခြင်းကြောင့် အောက်ဖော်ပြပါ အားသာချက်များရရှိမှာဖြစ်ပြီး မိမိရဲ့ ဝန်ထမ်းများအတွက် ( ၂၄ နာရီ၊ ၇ ရက်ပတ်လုံး) စိတ်အေးချမ်းစွာ နေနိုင်မှာ ဖြစ်ပါတယ်။
✅ အာမခံ၏ အကျိုးခံစားခွင့်များ (Benefits)
🔹၂၄နာရီ၊ ၇ ရက်ပတ်လုံး အကာအကွယ် ရရှိခြင်း : ပေါ်လစီသက်တမ်းအတွင်း ဝန်ထမ်းတစ်ဦးချင်းစီအတွက် အချိန်ပြည့် ကာကွယ်မှု ပေးနေမှာ ဖြစ်ပါတယ်။
🔹အစားထိုးခွင့် ရရှိခြင်း : အလုပ်မှ နှုတ်ထွက်သွားသော ဝန်ထမ်းနေရာ၌ ဝန်ထမ်းအသစ်အား အစားထိုး အာမခံထားခွင့် ရရှိနိုင်ပါတယ်။
🔹အကျိုးခံစားခွင့် (၃)မျိုး ရရှိခြင်း : လုပ်ငန်းတွင်း၊ လုပ်ငန်းပြင် မတော်တဆမှုများကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ထာဝရ မစွမ်းမသန်ဖြစ်မှုများအတွက် အကျိုးခံစားခွင့် များကိုပါ ရရှိနိုင်ပါတယ်။
💰 သင့်တင့်သော အာမခံကြေး (Affordable Premium)
သင့်တင့်သည့် အာမခံကြေးဖြင့် အကာအကွယ်ရယူထားပေးပြီး ထိရောက်တဲ့ အကာအကွယ်များကို ပြန်လည်ရရှိနိုင်ပါတယ်။
ဥပမာ: ဝန်ထမ်းတစ်ဦးအတွက် ကျပ်သိန်း ၅၀ အထိ အကာအကွယ်ယူလိုပါက တစ်နှစ်တာ အာမခံကြေးမှာ ကျပ် ၅၀,၀၀၀ သာ ကျသင့်မည်။ (အာမခံထားငွေ၏ ၁% နှုန်းဖြင့်သာ)
💡Group Life Insurance ရယူရန်
🔹Group Life Insurance အကာအကွယ်ကို အနည်းဆုံး လူ ၅ ဦးဖြင့် စတင် ရယူနိင်ပါသည်။ 🔹ပေါ်လစီသက်တမ်းသည် ၁ နှစ်ဖြစ်သည်။
🔹အာမခံထားနိုင်သော ပမာဏ သည် ၁,၀၀၀,၀၀၀ ကျပ် မှ ၅,၀၀၀,၀၀၀ ကျပ် အထိ ထားနိုင်သည်။ 🔹အာမခံထားသူသည် အသက်အရွယ် ၁၈ နှစ် မှ ၆၀ နှစ် အတွင်းရှိသူ ဖြစ်ရမည်။
အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့ (Group Life Insurance - စုပေါင်းအသက်အာမခံ)ကို ဒီနေ့ပဲ အမြန်ဆက်သွယ် ရယူထားပေးပြီး လူကြီးမင်းရဲ့ ဝန်ထမ်းများ မမျှော်လင့်ပဲ ကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းတွင်း၊ လုပ်ငန်းပြင် အန္တရာယ်များ အတွက် စိတ်ပူစရာ မလိုပဲ လုပ်ငန်းကို စိတ်အေးချမ်းစွာ လည်ပတ်စေလိုက်ပါ။
(Group Life Insurance - စုပေါင်းအသက်အာမခံ) အကြောင်း အသေးစိတ်သိရှိလိုပါက
🔹 နီးစပ်ရာ Myanmar Metro Bank ၏ ဘဏ်ခွဲများသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊
🔹 Call Center: 09 779 888 838 သို့ ဆက်သွယ်၍ဖြစ်စေ၊
🔹 Myanmar Metro Bank ၏ page Messenger သို့ စာပို့၍ဖြစ်စေ၊
🔹 Email: [email protected] သို့ မေးလ်ပို့၍ဖြစ်စေ စိတ်ဝင်စားမှုရှိပါက အသေးစိတ်ကို လိုက်လံရှင်းပြပေးနိုင်ရန် အဆင်သင့်ရှိနေပါသည်။