24/09/2026
G Bank (ရန်ကုန်) ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများအတွက် လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
လက်ထောက်မန်နေဂျာ(သို့) ကြီးကြပ်ရေးမှူး ( ကျား/မ )
📍Job Description
🔸Printing & Stationery ပိုင်းဆိုင်ရာ Stock A/C စာရင်းများ စာရင်းထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်း နှင့် မှာယူခြင်းလုပ်ငန်းများ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရမည်။
🔸Procurement အတွက် ပစ္စည်းများ ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း နှင့် စာရင်းများရှင်းလင်းဆောင်ရွက် နိုင်ရမည်။
🔸ဝန်ထမ်းဝတ်စုံ Uniform များနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်မှုများကို စီမံကြီးကြပ်နိုင်ရမည်။
🔸လချုပ်၊ နှစ်ချုပ် Stock A/C စာရင်းများ ပြုစုရေးဆွဲခြင်း ၊ စာရင်းကိုက်ညီခြင်း နှင့် စာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင် ဆောင်ရွက်နိုင်ရမည်။
🔸ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ပြီး Team Management ပိုင်း နှင့် အထက်၊ အောက်ပြေပြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
📍Job Requirements
🔸တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
🔸ဘဏ်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိရမည်။
🔸အသက် (၂၅)နှစ် နှင့် (၃၅)နှစ် ကြားဖြစ်ရမည်။
🔸Microsoft Office ပိုင်းဆိုင်ရာ ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
============================================
အကြီးတန်းဘဏ်လက်ထောက် ( ကျား/မ )
📍Job Description
🔸စီမံရေးရာနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
🔸ရုံးသုံး Stationery နှင့် ပစ္စည်းအဝင်အထွက်စာရင်းများအား ကောင်းမွန်စွာ ပြုလုပ်နိုင်ရမည်။
🔸ဘဏ်ခွဲများသို့ ရုံးသုံးပစ္စည်းများပေးပို့ခြင်းနှင့် စာရင်းများအား ကောင်းမွန်စွာ ပြုလုပ်နိုင်ရမည်။
🔸စီမံရေးရာနှင့်ပတ်သက်သော ပေးအပ်သည့်တာဝန်များအားထမ်းဆောင်နိုင်သူဖြစ်ရမည်။
📍Job Requirements
🔸တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
🔸Microsoft Word, Excel နှင့် Email ကောင်းမွန်စွာအသုံးပြုတတ်ရမည်။
လျှောက်ထားသူသည် သက်ဆိုင်ရာ ကိုယ်ရေးရာဇဝင်(၁)စုံ၊ (၆)လအတွင်း ရိုက်ထားသောလိုင်စင်ပုံ(၂)ပုံ၊ ပညာအရည်အချင်းထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ အခြားကျွမ်းကျင်လက်မှတ်များ၊ ယခင်လုပ်ငန်းအတွေ့အကြုံ အထောက်အထားများနှင့် ကြေညာသည့်နေ့မှစ၍ (၇.၁၀.၂၀၂၆)နေ့အထိ အမှတ်၂၉၊ ကုန်းမြင့်ရိပ်သာလမ်း၊ (၇)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားနိုင်သည်။ [email protected] သို့လည်း ပေးပို့လျှောက်ထားနိုင်ပါသည်။နီးစပ်ရာ ရန်ကုန်ဘဏ်ခွဲများသို့လည်း ပေးပို့လျှောက်ထားနိုင်ပါသည်။ ပဏာမရွေးချယ်ခံထားရမည့် လျှောက်လွှာများကို အင်တာဗျူးဆောင်ရွက်မည်ဖြစ်သည်။
ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၉ ၉၆၇၈၉၀၀၃၃၊ ၀၉ ၉၆၇၈၉၀၀၄၄
❝သင့်လုပ်ငန်းကြီးပွားဖို့ 𝗚 𝗕𝗮𝗻𝗸 နှင့် လက်တွဲစို့ ❞