A bank

A bank Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A bank, Commercial bank, No. (108), Corner of Kabaraye Pagoda Road and NatMauk Road, BoCho (1)Quarter, Bahan Township, Yangon.

Empowering Myanmar since 2015, A bank PCL provides accessible comprehensive banking solutions to various sectors through innovative digital services, including its 2-in-1 A+ Wallet.

အရေးပေါ် ငွေကြေးလိုအပ်ချက်တွေ ပေါ်လာတဲ့အခါ ဒါမှမဟုတ် လကုန်ခါနီးအချိန် ကိုယ်လိုအပ်တာတွေ တစ်ခါတည်း ပေးချေဝယ်ယူဖို့ အခက်အခဲ...
28/08/2026

အရေးပေါ် ငွေကြေးလိုအပ်ချက်တွေ ပေါ်လာတဲ့အခါ ဒါမှမဟုတ် လကုန်ခါနီးအချိန် ကိုယ်လိုအပ်တာတွေ တစ်ခါတည်း ပေးချေဝယ်ယူဖို့ အခက်အခဲရှိနေပါသလား?

A bank MPU Credit Card သာ လက်ဝယ်ရှိထားမယ်ဆို ငွေကြေးပူပန်မှုမှန်သမျှကို ပေါ့ပါးစွာ ဖြေရှင်းနိုင်မှာဖြစ်ပြီး အခုလို မတူညီတဲ့ အားသာချက်တွေကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် -

✅ Credit Limit ကို အများဆုံး (၄၅) ရက်အထိ အတိုးလုံးဝ မပေးရဘဲ အခမဲ့ သုံးစွဲနိုင်တာမို့ လကုန် လစာဝင်မှ အေးဆေး ပြန်ပေးချေလို့ရပါတယ်။
✅ ဖုန်း၊ Laptop နဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ငွေစုနေစရာမလိုဘဲ ခုဝယ်ပြီး နောက်မှပေး IPP စနစ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
✅ ကတ်စစ်ဆေးတာ၊ ပေးချေမှုတွေ ပြန်ကြည့်တာနဲ့ လိုအပ်ရင် ကတ် Lock ပိတ်ထားတာ စတဲ့ လုပ်ဆောင်မှုတွေကိုလည်း A+ Wallet App ထဲကနေ ကိုယ်တိုင် အလွယ်တကူ စီမံနိုင်ပါတယ်။
✅ ကိုယ်သုံးထားသမျှ အကုန်လုံးကို တစ်ပြိုင်တည်း ပြန်ဆပ်စရာမလိုဘဲ Minimum Payment ပမာဏ ပြန်လည်ပေးသွင်းရုံနဲ့ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားသူများအနေဖြင့် လစဉ် ဝင်ငွေ ကျပ် (၃) သိန်းရှိရုံနဲ့ စတင်လျှောက်ထားနိုင်တာကြောင့် နီးစပ်ရာ A bank PCL ဘဏ်ခွဲများမှာ ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။

"တွဲလက်မှန်ကန် A bank"




အနာဂတ် Career အတွက် တွဲလက်မှန်ကန်စွာ ပုံဖော်နိုင်မယ့် A bankပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာ...
28/08/2026

အနာဂတ် Career အတွက် တွဲလက်မှန်ကန်စွာ ပုံဖော်နိုင်မယ့် A bank

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး Campus) တွင် ကျင်းပပြုလုပ်ခဲ့သော YUEco Career Fair 2026 တွင် A bank PCL မှလည်း ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်အားဖြည့်ခဲ့ပါတယ်။

ယခု Career Fair တွင် လုပ်ငန်းခွင် အတွေ့အကြုံသစ်တွေကို လေ့လာဆန်းသစ်ချင်တဲ့ ကျောင်းသား/ကျောင်းသူများနဲ့ အနာဂတ် Career လမ်းကြောင်းကို စမတ်ကျကျ စတင်ချင်တဲ့ Fresh Graduate လူငယ်များအတွက် A bank PCL မှ

- Undergraduates များအတွက် Junior Associate (Internship) အခွင့်အလမ်းများ
- Fresh Graduates များအတွက် Associate Level ရာထူးများနှင့်
- ဘဏ်၏ ဌာနပေါင်းစုံတွင် ရှိမည့် Career လမ်းကြောင်းများကို တက်ကြွစွာ မျှဝေဆွေးနွေးဖြစ်ခဲ့ပါတယ်။

ပွဲအတွင်း A bank PCL ရဲ့ Booth သို့ လာရောက်ပြီး Career အခွင့်အလမ်းများကို စိတ်အားထက်သန်စွာ စုံစမ်းမေးမြန်းခဲ့ကြသော ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ရှိပြီး ယခုလို Fresh Graduate လူငယ်များစွာနှင့် တွေ့ဆုံခွင့်ရခဲ့သည့်အတွက်လည်း အထူးဝမ်းမြောက်မိပါတယ်။

အနာဂတ်တွင်လည်း A bank PCL အနေဖြင့် လူငယ်များ၏ Career လမ်းကြောင်းတိုင်းအတွက် တွဲလက်မှန်ကန် ပုံဖော်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

"တွဲလက်မှန်ကန် A bank"






ချစ်ရတဲ့သူတွေရဲ့ ကျန်းမာရေးအတွက် A bank Medical Loan ရှိနေပါပြီ။ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ ဆေ...
27/08/2026

ချစ်ရတဲ့သူတွေရဲ့ ကျန်းမာရေးအတွက် A bank Medical Loan ရှိနေပါပြီ။

ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူဖို့ပဲဖြစ်ဖြစ် ကုန်ကျစရိတ်တွေအတွက် ပူပန်နေရတုန်းဆိုရင်တော့ အခုပဲ A bank Medical Loan ကို လျှောက်ထားရယူလိုက်ပါ။

A bank Medical Loan က ပန်းလှိုင်ဆေးရုံနဲ့ ချိတ်ဆက်ထားပြီး ခေတ်မီ အရည်အသွေးမြင့် ကျန်းမာရေး ဝန်ဆောင်မှုတွေကို ငွေကြေး အခက်အခဲမရှိပဲ စိတ်အေးချမ်းသာစွာ ရယူနိုင်ဖို့ ရည်ရွယ်ပါတယ်။

A bank Medical Loan ရဲ့ အဓိက အားသာချက်များ -
✅ ကျပ်သိန်း (၅၀) အထိ အပေါင်ပစ္စည်း လုံးဝမလိုဘဲ လျှောက်ထားနိုင်ခြင်း (သိန်း ၅၀ ထက် ပိုပါက အိမ်/မြေဂရန်ဖြင့် တင်ပြလျှောက်ထားနိုင်ပါသည်)
✅ လစဉ် ပုံမှန်ဝင်ငွေ ကျပ် (၅) သိန်း ရှိရုံဖြင့် လျှောက်ထားနိုင်ခြင်း
✅ တစ်နှစ်လျှင် အတိုးနှုန်း ၁၄% သာရှိပြီး လစဉ် အရစ်ကျ စနစ်တကျ ပြန်လည်ပေးဆပ်နိုင်ခြင်း

ဒါကြောင့် ငွေကြေး အခက်အခဲကြောင့် ကျန်းမာရေး စစ်ဆေးဖို့ နောက်ကျမသွားပါစေနဲ့။ ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် ဒီနေ့ပဲ A bank Medical Loan နဲ့အတူ ကြိုတင်ပြင်ဆင်လိုက်ပါ။

အသေးစိတ် ကြည့်ရှုရန်: http://bit.ly/3ZWp5ke

“တွဲလက်မှန်ကန် A bank”





ငွေသားကိုင်စရာမလိုဘဲ စမတ်ကျကျ စျေးဝယ်ရင်း အများဆုံး ၅၀,၀၀၀ ကျပ်အထိ Cashback ပြန်ရမယ့် A bank Visa Card အစီအစဉ်ကြီး ရှိနေ...
26/08/2026

ငွေသားကိုင်စရာမလိုဘဲ စမတ်ကျကျ စျေးဝယ်ရင်း အများဆုံး ၅၀,၀၀၀ ကျပ်အထိ Cashback ပြန်ရမယ့် A bank Visa Card အစီအစဉ်ကြီး ရှိနေပြီဖြစ်လို့ ဒီအစီအစဉ်မှာ ပါဝင်ဖို့ A bank Visa Credit Card ရှိနေဖို့တော့ လိုမယ်နော်။

A bank Visa Credit Card လျှောက်ထားတော့မယ်ဆိုရင် -

✅ မိမိ ဝင်ငွေအပေါ် မူတည်ပြီး ကတ် (၃) မျိုး ရွေးချယ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်>
👉 VISA Classic: အနည်းဆုံး လစဉ် ဝင်ငွေ (၃) သိန်း ကျပ်
👉 VISA Platinum: အနည်းဆုံး လစဉ် ဝင်ငွေ (၁၅) သိန်း ကျပ်
👉 VISA Signature: ICONIC Member ဖြစ်ရန် လိုအပ်ပါသည်။

✅ လျှောက်ထားရန် လိုအပ်သော အခြေခံ အထောက်အထားများ:
👉 အသက် (၁၈) နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ NRC/အိမ်ထောင်စုစာရင်း မိတ္တူ၊ နေထိုင်ကြောင်းထောက်ခံစာ၊ အာမခံထောက်ခံပေးသူ (၁) ဦးတို့နှင့်အတူ -

👉 လခစား ဝန်ထမ်း - ဝန်ထမ်းထောက်ခံစာ + နောက်ဆုံး (၃) လစာ ဝင်ငွေအထောက်အထား။
👉 ကိုယ်ပိုင်လုပ်ငန်းရှင် - DICA/လုပ်ငန်းလိုင်စင် မိတ္တူ + နောက်ဆုံး (၃) လစာ Bank Statement + (၁) နှစ်စာ အခွန်ပြေစာ/ဘဏ္ဍာရေးရှင်းတမ်း။

(မှတ်ချက် - လျှောက်ထားသူသည် A bank PCL တွင် အပ်ငွေစာရင်းဖွင့်ထားရန်လိုပြီး ကတ်လျှောက်ချိန်နှင့် ထုတ်ယူချိန်တွင် ထောက်ခံသူနှင့်အတူ ဘဏ်သို့ လူကိုယ်တိုင် လာရောက်ရပါမည်။)

A bank Visa Credit Card ရလာပြီဆိုတာနဲ့ ၂၀၂၆၊ အောက်တိုဘာလ ၃၁ ရက်အထိ စုစုပေါင်း ကျပ် ၃၅၀,၀၀၀ ဖိုးကျော် သုံးစွဲတာနဲ့ Cashback ၅၀,၀၀၀ ကျပ်အထိ ပြန်လည်ခံစားခွင့်ရှိမှာဆိုတော့ အခုပဲ နီးစပ်ရာ A bank ဘဏ်ခွဲတွေမှာ ကတ်လာရောက်လျှောက်ထားပြီး အထူးအစီအစဉ်မှာ အချိန်မီ ပါဝင်လိုက်တော့နော်။

စည်းကမ်းသတ်မှတ်ချက်များ - https://bit.ly/3PJQfZD

“တွဲလက်မှန်ကန် A bank”




ဘဏ်ဝန်ထမ်းအယောင်ဆောင် လိမ်လည်မှုများ သတိထားပါ။"ဘဏ်က တာဝန်ရှိသူပါ" ဆိုပြီး ဆက်သွယ်လာတဲ့ ဖုန်းခေါ်ဆိုမှုတိုင်းကို ချက်ချင်...
25/08/2026

ဘဏ်ဝန်ထမ်းအယောင်ဆောင် လိမ်လည်မှုများ သတိထားပါ။

"ဘဏ်က တာဝန်ရှိသူပါ" ဆိုပြီး ဆက်သွယ်လာတဲ့ ဖုန်းခေါ်ဆိုမှုတိုင်းကို ချက်ချင်း မယုံကြည်လိုက်ပါနဲ့!

ငွေကြေးလိမ်လည်သူတွေဟာ လူကြီးမင်းတို့ရဲ့ ကိုယ်ရေးအချက်အလက်အချို့ကို ကြိုတင်စုံစမ်းထားပြီး ဘဏ်မှ တရားဝင် တာဝန်ရှိသူတစ်ဦးကဲ့သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ မက်ဆေ့ခ်ျပေးပို့၍ဖြစ်စေ အကောင့်ထဲမှ ငွေကြေးများကို ခိုးယူဖို့ ကြိုးစားလေ့ရှိကြပါတယ်။

⚠️ A bank အနေဖြင့် ဘယ်သောအခါမှ သုံးစွဲသူများရဲ့Password၊ PIN Code၊ OTP နဲ့ ကိုယ်ရေးအချက်အလက်များ ကို ဖုန်း သို့မဟုတ် မက်ဆေ့ခ်ျဖြင့် တောင်းခံခြင်းများ လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးလိုပြီး A bank အမည်ဖြင့် ဖော်ပြပါ အချက်အလက်များကို တောင်းခံခြင်းများ၊ သံသယဖြစ်ဖွယ် ဆက်သွယ်မှုများနှင့် ကြုံတွေ့လာခဲ့ပါကလည်း -

၁။ မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေ လုံးဝ မမျှဝေမိစေရန်နှင့်
၂။ A bank PCL Call Center 09 770 707 888 သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားရန် တိုက်တွန်းလိုက်ရပါတယ်။

A bank အသုံးပြုသူ မိဘပြည်သူများအနေဖြင့် အစဉ်သတိရှိစွာ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုဖို့ တ်ိုက်တွန်းလိုက်ရပါတယ်။

"တွဲလက်မှန်ကန် A bank"



သင့်ရဲ့ နေ့စဉ် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းစဉ်တိုင်းမှာ ပိုမို ပေါ့ပါးမြန်ဆန်ပြီး တိကျမြန်ဆန်ဖို့ A bank Digital Banking ဝန်ဆေ...
25/08/2026

သင့်ရဲ့ နေ့စဉ် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းစဉ်တိုင်းမှာ ပိုမို ပေါ့ပါးမြန်ဆန်ပြီး တိကျမြန်ဆန်ဖို့ A bank Digital Banking ဝန်ဆောင်မှုတွေက အသင့်ရှိနေပါတယ်။

A bank ရဲ့ Digital Banking ဝန်ဆောင်မှုတွေကို Mobile App ကနေပဲ သုံးသုံး၊ Web Browser ကနေပဲ သုံးသုံး...တပြေးညီ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ခံစားရရှိစေမှာပါ။

mBanking ပဲဖြစ်ဖြစ်၊ iBanking ပဲဖြစ်ဖြစ် အဓိကအားဖြင့် -
✅ ငွေလွှဲခြင်း၊ ဘေလ်ဆောင်ခြင်းနှင့် Account Statement စစ်ဆေးခြင်းများကို မည်သည့် Platform တွင်မဆို လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း။
✅ ဖုန်းမျက်နှာပြင်နှင့် Web Browser တို့အကြား လွယ်ကူမြန်ဆန်စွာ ပြောင်းလဲ အသုံးပြုနိုင်ခြင်း။
✅ မြင့်မားသော နည်းပညာလုံခြုံရေးစနစ်များကြောင့် မိမိငွေကြေးများကို စိတ်အေးချမ်းသာစွာ စီမံခန့်ခွဲနိုင်ခြင်း။

စတဲ့ အားသာချက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး -
📲 mBanking (Mobile App): သွားရင်းလာရင်း အချိန်နေရာမရွေး ချက်ချင်း ငွေလွှဲ၊ ဘေလ်ဆောင်ဖို့အတွက် အထိရောက်ဆုံး။
💻 iBanking (Web Browser): ရုံးခန်းထဲမှာ အလုပ်လုပ်ရင်း များပြားလှတဲ့ စာရင်းအင်းတွေကို Screen ကြီးကြီးနဲ့ သေသေချာချာ စစ်ဆေးချင်သူများအတွက် အဆင်ပြေဆုံး။

မိမိ အဆင်ပြေရာကို ရွေးချယ်အသုံးပြုပြီး သင့် ဒစ်ဂျစ်တယ် လူနေမှုဘဝ တိုးတက်စေဖို့ A bank Digital Banking ဝန်ဆောင်မှုတွေကို အခုပဲ စတင်အသုံးပြုလိုက်တော့နော်။

📲 mBanking Download ရယူရန်:
Android: https://bit.ly/4cZ00w6
iOS: https://bit.ly/4dg5ukY

🌐 iBanking စတင်အသုံးပြုရန်: https://ibanking.abank.com.mm/

"တွဲလက်မှန်ကန် A bank"





လစဉ် ဝန်ထမ်းလစာပေးချေမှုတွေကို A bank Payroll နဲ့ စမတ်ကျကျ ဖြေရှင်းလိုက်ပါလုပ်ငန်းရှင်တို့အတွက် လစဉ် လစာထုတ်ရက်ရောက်တိုင...
24/08/2026

လစဉ် ဝန်ထမ်းလစာပေးချေမှုတွေကို A bank Payroll နဲ့ စမတ်ကျကျ ဖြေရှင်းလိုက်ပါ

လုပ်ငန်းရှင်တို့အတွက် လစဉ် လစာထုတ်ရက်ရောက်တိုင်း ငွေသားစီမံရတာတွေ၊ ဝန်ထမ်းအင်အား များပြားလို့ အချိန်ကုန် စာရင်းဇယား ရှုပ်ထွေးတာတွေကို A bank Payroll က စမတ်ကျကျ ကူညီဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

A bank Payroll ရဲ့ အားသာချက်များ -
✅ iBanking မှတစ်ဆင့် လွယ်ကူစွာ ပေးချေနိုင်ခြင်း: ရုံးခန်းထဲကနေတင် A bank iBanking စနစ်ဖြင့် ဝန်ထမ်းများ၏ အကောင့်ထဲသို့ လစာများကို တစ်ပြိုင်နက်တည်း တိကျစွာ လွှဲပြောင်းပေးနိုင်ခြင်း။
✅ အချိန်နှင့် ကုန်ကျစရိတ် သက်သာခြင်း: ငွေသားကိုင်တွယ်ရသည့် အန္တရာယ်နှင့် စာရင်းအမှားအယွင်းများကို လျှော့ချပေးနိုင်ခြင်း။

ဝန်ထမ်းများအတွက် ရရှိမယ့် အကျိုးကျေးဇူးများ -
✅ လစာငွေသား ပြည့်ဝစွာ ထုတ်ယူနိုင်ခြင်း: A bank ဘဏ်ခွဲများ၊ ATM စက်များနှင့် A+ Wallet တို့မှတစ်ဆင့် အဆင်ပြေ လွယ်ကူစွာ ထုတ်ယူ/သုံးစွဲနိုင်ခြင်း။
✅ PAYROLL+ ချေးငွေ ခွင့်ပြုချက်: လစဉ်လစာ ကျပ် (၃) သိန်းနှင့်အထက် ရရှိသော ဝန်ထမ်းများအတွက် PAYROLL+ Loan ကို အလွယ်တကူ လျှောက်ထားနိုင်ခွင့် ရရှိခြင်း။

သင့်လုပ်ငန်း စီမံခန့်ခွဲမှုကို နောက်တစ်ဆင့်သို့ မြှင့်တင်ပြီး လုပ်ငန်းရှင်ရော ဝန်ထမ်းပါ စိတ်ကျေနပ်မှု ရရှိစေဖို့ A bank Payroll Service ကို အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။

"တွဲလက်မှန်ကန် A bank"






ငွေစုအကောင့်ကို အလွယ်တကူချိတ်ဆက်ပါ 2-in-1 App, A+ Wallet မှာ… 2-in-1 App, A+ Wallet မှာ A bank Credit Card နဲ့ Debit Car...
24/08/2026

ငွေစုအကောင့်ကို အလွယ်တကူချိတ်ဆက်ပါ 2-in-1 App, A+ Wallet မှာ…

2-in-1 App, A+ Wallet မှာ A bank Credit Card နဲ့ Debit Card အပြင် A bank ငွေစုအကောင့်တွေကိုလည်း App တစ်ခုထဲမှာ အလွယ်တကူ ချိတ်ဆက်ပြီး စိတ်ကြိုက်စီမံလို့ရတာဆိုတော့ အဆင်ပြေဆုံးပါပဲ။

ဒီလိုချိတ်ဆက်ထားခြင်းအားဖြင့် ကိုယ့် A+ အကောင့်ထဲမှာ ငွေ ကျပ် သိန်း ၁၀၀ နဲ့အထက် ကျော်လွန်တော့မယ်ဆို ကိုယ့် A bank ငွေစုအကောင့်တွေထဲကို လွယ်ကူအဆင်ပြေစွာ ရွှေ့ပြောင်းထားနိုင်တဲ့အပြင် ချိတ်ဆက်ထားတဲ့ ကိုယ့် A bank ငွေစုအကောင့်တွေနဲ့ ငွေလွှဲတာ၊ ငွေသွင်းတာတွေလည်း စိတ်ကြိုက်ပြုလုပ်နိုင်မှာဖြစ်လို့ အခုလို 2-in-1 App, A+ Wallet ရှိနေရင် အားလုံးအေးဆေးပဲပေါ့။

ကိုယ့် A bank အကောင့်တွေကို A+ အကောင့်နဲ့ ချိတ်ဆက်ဖို့အတွက် -
✅ A+ Wallet ရဲ့ ပင်မစာမျက်နှာက ဘဏ် (Banking) A bank လိုဂိုလေးကို နှိပ်၊
✅ ပြီးရင်တော့ Link Bank Account က (+) လေးကိုနှိပ်လိုက်ရုံနဲ့ ကိုယ့်ဖွင့်ထားတဲ့ A bank ငွေစုအကောင့်တွေ စိတ်ကြိုက် ချိတ်ဆက်ကာ လိုအပ်သလို စီမံခန့်ခွဲနိုင်ပါပြီ။

A+ Wallet ကို Download ရယူရန်!
[Android] https://bit.ly/3nR6KS7
[IOS] apple.co/3FaIDEC





A bank Quiz Timeဒီတစ်ခေါက်မှာတော့ ပုံထဲက Emoji လေးတွေကို ပေါင်းစပ်ပြီး A bank ရဲ့ Slogoan ကို အဖြေရှာကြည့်ကြမယ်။ ဘယ်သူတွ...
23/08/2026

A bank Quiz Time

ဒီတစ်ခေါက်မှာတော့ ပုံထဲက Emoji လေးတွေကို ပေါင်းစပ်ပြီး A bank ရဲ့ Slogoan ကို အဖြေရှာကြည့်ကြမယ်။ ဘယ်သူတွေ အရင်ဆုံး အဖြေမှန်ရမလဲ ကြည့်လိုက်ရအောင်။



သိလိုသမျှ မေးမြန်စုံစမ်းပါ အမြဲအသင့်ရှိနေမှာ A bank Call CenterA bank PCL ရဲ့ ဝန်ဆောင်မှုတွေကို အစဉ်အမြဲအသုံးပြုလျက်ရှိသ...
22/08/2026

သိလိုသမျှ မေးမြန်စုံစမ်းပါ အမြဲအသင့်ရှိနေမှာ A bank Call Center

A bank PCL ရဲ့ ဝန်ဆောင်မှုတွေကို အစဉ်အမြဲအသုံးပြုလျက်ရှိသူ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တိုင်းအတွက် Call Center အနေနဲ့ ပိတ်ရက်တွေမှာလည်း အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ တွဲလက်မှန်ကန်စွာ အသင့်ရှိနေမှာဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်ပါတယ်။

ယခုလို ရုံးပိတ်ရက်များအတွင်း A bank PCL ရဲ့ ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အဆင်မပြေမှုတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်၊ ဘဏ်ဝန်ဆောင်မှုတွေနှင့်ပတ်သက်ပြီး မေးမြန်းစုံးစမ်းချင်ရင်ပဲဖြစ်ဖြစ် Call Center ဖုန်းနံပါတ် 09 770 707 888 သို့မဟုတ် page Messenger မှတစ်ဆင့် လူကြီးမင်းတို့ လိုအပ်သမျှကို အားမနာတမ်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

"တွဲလက်မှန်ကန် A bank"



Address

No. (108), Corner Of Kabaraye Pagoda Road And NatMauk Road, BoCho (1)Quarter, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959770707888

Alerts

Be the first to know and let us send you an email when A bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A bank:

Shortcuts

Share