27/08/2026
မင်းကင်းကြားဖြတ်တိုက်ခိုက်မှုမှဒရုန်းဖျက်လက်နက်နဲ့ ခဲယမ်းများရရှိ
စစ်ကိုင်းဒေသ၊ မင်းကင်းမြို့နယ်မှာ မုံရွာ-မင်းကင်း-ကလေးဝ လမ်းတလျှောက် အင်အား ၂၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် လမ်းတလျှောက် ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးTတ်ဖြတ်မှုတွေရှိသလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူတာတွေရှိခဲ့တဲ့ မအလ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ဩဂုတ် ၂၆ ရက်ထုတ်ပြန်ချက် အရ သိရသည်။
ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဒရုန်းဖျက်လက်နက် (Anti-Drone Gun) အပါအဝင် ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေ၊ ယာဉ်တစီးတို့ကို သိမ်းဆည်းရရှိခဲ့တဲ့အပြင် စကစတပ်ဖွဲ့ဝင်တွေလည်း tayဆုံးမှုများရှိခဲ့တယ်လို့ မင်းကင်း (ပကဖ)က အသိပေးထားပါတယ်။
Photo | မင်းကင်း ပကဖ