27/08/2026
⚡ Leverage များလေလေ အမြတ်ပိုရလေလား?
👉 Forex Trading စလုပ်ခါစ Beginner အများစုက Leverage များများသုံးရင် အမြတ်ပိုရမယ်လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ Leverage က အမြတ်ရနိုင်တဲ့အခွင့်အရေးကို တိုးစေနိုင်သလို အသုံးပြုပုံမမှန်ရင် Risk ကိုလည်း အများကြီးတိုးစေနိုင်ပါတယ်။
ဒါဆို Leverage ဆိုတာ ဘာလဲ?
Leverage ဆိုတာ ကိုယ့်ရဲ့ အရင်းအနှီး (Margin) အနည်းငယ်နဲ့ ပိုကြီးတဲ့ Position ကို ထိန်းချုပ်နိုင်အောင် Broker က Buying Power တိုးပေးထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
ဥပမာ
ကိုယ့် Trading Account ထဲမှာ $100 ရှိတယ်ဆိုပါစို့။
Broker က 1:100 Leverage ပေးထားတယ်ဆိုရင်
$100 × 100 = $10,000
ဆိုတော့ ကိုယ့်မှာ $100 ပဲရှိပေမယ့် $10,000 အရွယ်အစားရှိတဲ့ Position အထိ ထိန်းချုပ်နိုင်တဲ့ Buying Power ရှိလာတာ ဖြစ်ပါတယ်။
ဒါဆို 1:500 Leverage ဆိုရင်ရော?
$100 × 500 = $50,000
သဘောတရားအရ $100 နဲ့ $50,000 အရွယ် Position အထိ ထိန်းချုပ်နိုင်တဲ့ Buying Power ရှိလာပါတယ်။
Leverage ရဲ့ အဓိကအလုပ်က ဘာလဲ?
အလွယ်ပြောရရင် Leverage များလာလေလေ Trade တစ်ခုဖွင့်ဖို့ လိုအပ်တဲ့ Margin နည်းလာလေလေ ဖြစ်ပါတယ်။
ဥပမာ $10,000 တန်ဖိုးရှိတဲ့ Position တစ်ခု ဖွင့်မယ်ဆိုပါစို့။
👉 1:100 Leverage ဆိုရင် လိုအပ်တဲ့ Margin က $100 ဖြစ်ပါတယ်။
👉 1:500 Leverage ဆိုရင်တော့ လိုအပ်တဲ့ Margin က $20 ပဲ ဖြစ်ပါတယ်။
ဒါဆို Leverage များလေလေ အမြတ်ပိုရလေလား?
မဟုတ်ပါဘူး။
တူညီတဲ့ Position Size နဲ့ Trade ဝင်ထားရင် Leverage 1:100 ဖြစ်ဖြစ်၊ 1:500 ဖြစ်ဖြစ် စျေးရွေ့သွားတဲ့အခါ ရမယ့် Profit / Loss က Leverage ကြောင့် တိုက်ရိုက်ပြောင်းသွားတာ မဟုတ်ပါဘူး။
ဒါပေမယ့် Leverage မြင့်လို့ Margin နည်းသွားတာကို အသုံးချပြီး Position Size (Lot Size) အကြီးကြီးတွေ ဖွင့်လိုက်မယ်ဆိုရင် အမြတ်များနိုင်သလို စျေးက ကိုယ်ခန့်မှန်းထားတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်သွားရင် Loss လည်း မြန်မြန်များလာနိုင်ပါတယ်။
ဒါကြောင့် Leverage များရင် အမြတ်ပိုရမယ် လို့ မယူဆသင့်ပါဘူး။
Leverage ကို အသုံးပြုတဲ့အခါ ကိုယ့် Account Balance နဲ့ကိုက်ညီတဲ့ Lot Size + Stop Loss + Risk Management + Margin Management တွေနဲ့ တွဲပြီး စနစ်တကျအသုံးပြုတာ ပိုကောင်းပါတယ်။
📌 အခုလို Forex Knowledge တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဆက်လက်မျှဝေပေးသွားမှာမို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။
📩 Trading Account ဖွင့်လှစ်ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Telegram မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Telegram :