28/08/2026
အကြွေးသံသရာကို ဘယ်လိုရှောင်ရှားမလဲ ???
အကြွေးတစ်ခုကို ပေးဆပ်ရန် နောက်ထပ်အကြွေးတစ်ခုထပ်ယူခြင်းသည် ခဏတာအရ စိတ်အေးရသော်လည်း ရေရှည်တွင် လုပ်ငန်းနဲ့မိသားစုလူမှုဘဝကို အခက်အခဲတွေ တွေ့စေနိုင်တဲ့ အန္တရာယ်ရှိသော လမ်းဟောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီတပတ်𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐅𝐫𝐢𝐝𝐚𝐲အစီအစဉ်မှာ “အကြွေးသံသရာကို ဘယ်လိုရှောင်ရှားမလဲ”ဆိုတဲ့ အကြောင်းအရာကို အသင်းဝင်တွေအတွက် မျှဝေပေးချင်ပါတယ်။
အကြွေးသံသရာ ဘာကြောင့် ဖြစ်ရတာလဲ ?
အများအားဖြင့် အောက်ပါအချက်များကြောင့် လူအများစုက အကြွေးနွံနစ်တတ်ကြပါတယ်။ အတိုးကြီးသော ပြင်ပချေးငွေ: ငွေကြေးအဆင်မပြေသောကြောင့် အတိုးနှုန်းကြီးသော ပြင်ပမှ ချေးငွေပေးသူများထံမှ ချေးယူခြင်းများ၊ မိမိတို့ရရှိလာတဲ့ လစဉ်ဝင်ငွေတွေကို စနစ်တကျမသုံးစွဲဘဲ အိမ်အသုံးစရိတ်နဲ့ အခြားနေရာများတွင် သုံးစွဲမှုများပြားသွားခြင်းတို့ကြောင့် ဝင်ငွေထက် ထွက်ငွေများလာခြင်းတို့ ဖြစ်ပါတယ်။
အကြွေးသစ်ထပ်မယူမိစေဖို့ ဘယ်လိုပြင်ဆင်မလဲ ?
အကြွေးသံသရာထဲမရောက်ရှိအောင် အောက်ပါအချက်များကို လိုက်နာပါ။
➤ စာရင်းပြုလုပ်ထားပါ: မိမိတွင် အကြွေးမည်မျှရှိသည်၊ အတိုးမည်မျှပေးနေရသည်ကို ရှင်းလင်းစွာ သိရှိစေရန် ရေးမှတ်ထားပါ။
➤ မြင့်မားသည့်အတိုးကို အရင်ပေးဆပ်ပါ: အတိုးနှုန်းအမြင့်ဆုံးဖြစ်သည့် အကြွေးကို ဦးစားပေးအနေနဲ့ ပေးဆပ်ပါ။
➤ ဝင်ငွေလမ်းကြောင်းသစ်ကို ရှာဖွေပါ: အကြွေးထပ်ယူမည့်အစား လုပ်ငန်းထဲမှ ပစ္စည်းအဟောင်းများရောင်းချခြင်း (သို့) အရောင်းမြှင့်တင်ခြင်းပြုလုပ်ပြီး ဆောင်ရွက်ပါ။
➤ အသုံးစရိတ်ကို အတတ်နိုင်ဆုံးလျှော့ချပါ: လုပ်ငန်းအတွက် မရှိမဖြစ်မဟုတ်သော အသုံးစရိတ်မှန်သမျှကို အကြွေးမကျေမချင်း ခေတ္တရပ်ဆိုင်းထားပါ။
အကြွေးသံသရာမှ လွတ်မြောက်ရန်အတွက် အချိန်တစ်ခုပေးရသော်လည်း စည်းကမ်းရှိရှိနဲ့ စနစ်တကျဆောင်ရွက်သွားမယ်ဆိုရင် လုပ်ငန်းနဲ့မိသားစုလူမှုဘဝကို ခိုင်မာစွာ ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာအကြောင်းအရာများကို အသင်းဝင်များအားလုံး အကျိူးရှိစေရန်အတွက် အလိုင်းရင့်စ်ကုမ္ပဏီရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥တစ်ခုဖြစ်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 > https://t.me/Alliance_Financial_Education