Money Plus

Money Plus လူတိုင်း ငွေကြေးပညာ တတ်မြောက်ရမည်။

အကြွေးနွံထဲကနေအမြန်ဆုံးရုန်းထွက်နိုင်မဲ့ နည်းလမ်း ၁၀ ခု======================================ကျွန်တော်ကိုယ်တိုင်ဟာလဲ စီး...
31/12/2025

အကြွေးနွံထဲကနေအမြန်ဆုံးရုန်းထွက်နိုင်မဲ့ နည်းလမ်း ၁၀ ခု
======================================

ကျွန်တော်ကိုယ်တိုင်ဟာလဲ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့တဲ့အခါတုန်းက အကြွေးတွေ နဲ့ ၅ နှစ်ကျော်လောက် ကျင်လည်ခဲ့ရတာပါ။အကြွေးက တစ်ယောက်ထဲဆီက ယူတာမဟုတ်တဲ့အပြင် အတိုးတွေပါ ဆပ်ခဲ့ရတယ်ဆိုပါတော့ ။အကြွေးတွေကြောင့်လဲ စိတ်ညစ်ခဲ့ရဖူးပါတယ်။အိပ်မပျော်တဲ့ညတွေကလဲ ခဏခဏပါပဲ။အတိုးတွေကို တစ်ယောက်ထဲဆပ်ပြီး ရုန်းကန်ခဲ့ရတာပေါ့။ နောက်ဆုံးတော့ အကြွေးနွံထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ နဲ့ အခြေခံပြီးရေးသားလိုက်ပါတယ်။
စိတ်ဓာတ်မကျပါနဲ့။
အ​ကြွေးတွေ နဲ့ စိတ်ညစ်မခံပါနဲ့ ။
အကြွေးနဲ့ပတ်သက်ပြီး စိတ်ညစ်နေရရင် ဒီနည်းလမ်းတွေသုံးကြည့်ပါ။

၁.အတိုးအများဆုံးပေးနေရတဲ့ အကြွေးကို အရင်ဆုံးဆပ်ပါ။
တချို့အကြွေးတွေဟာ အတိုးများလှပါတယ်။
တချို့ကျတော့လဲ အပေါင်နဲ့ယူထားတော့အတိုးနည်းတာပေါ့။ အကြမ်းဖျင်း တစ်လကို ၁၀%(၁၀ကျပ်တိုး) နဲ့ အထက်ပေးနေရ ရင် အတိုးများတယ်လို့ ယူဆနိုင်ပါတယ်။ သဘောက ၁၀သိန်းချေးထားရင် အတိုးက တစ်လကို ၁ သိန်းဆိုတဲ့သဘောပဲ။ ဒီတော့ အကြွေးတွေက များနေရင် တစ်ခုချင်းဆီကို ခွဲထုတ်ပါ။ ပြီးရင် အတိုးအများဆုံးအကြွေးက စပြီး ကျေအောင်ဆပ်ပါ။
အတိုးပေးရတာသက်သာသွားပါလိမ့်မယ်။ ဒါဆိုအတိုးပေးနေရတဲ့ ငွေဟာလဲ ငွေပိုငွေလျှံထွက်လာပါလိမ့်မယ်။

၂. တစ်ခုချင်းရှင်းထုတ်ပါ။
ဟိုလူ့ကိုလဲ ပေးစရာရှိတယ်။ ဒီလူ့ကိုလဲပေးစရာရှိတယ် ။ဟိုမှာလဲ အကြွေး ၊ ဒီမှာလဲအကြွေး နဲ့ ဗျာများနေတတ်ပါတယ်။ ပေးစရာလူတွေများနေတာနဲ့ပဲ ဘယ်သူ့ကိုစဆပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ ဒီတော့ စာရင်းစာအုပ်နဲ့တကွ သေချာ တစ်ခုချင်းမှတ်သားပါ။ပြီးရင်တစ်ခုချင်းအလိုက်သေချာ ခွဲထုတ်ပါ။စိတ်ပင်ပန်းစေတဲ့အကြွေးကိုဦးစားပေးဆပ်ပါ။

၃.ရောင်းစရာရှိတာရောင်းလိုက်ပါ။
ဒီနည်းလမ်းလဲသုံးသင့်ပါတယ်။ မဖြစ်မနေအသုံးလိုတဲ့ပစ္စည်းတွေတော့မရောင်းပါနဲ့။ မရှိလဲဖြစ်တဲ့ပစ္စည်းတွေ ၊ အသုံးမလိုတာတွေကို ရောင်းထုတ်ပါ။

၄.ရင်းနှီးသူများ ထံ ငွေချေးကြည့်ပါ။
ကိုယ့်အသိမိတ်ဆွေ အရင်းတွေထံကချေးကြည့်ပါ။ မိဘ၊ ဆွေမျိုးတွေက ရနိုင်ရင်လဲချေးကြည့်ပါ။ အကြွေးဆပ်ဖို့ အကြွေးထက်ချေးနေရတယ်ဆိုတာတော့သိပ်မကောင်းလှပါဘူး။ သို့ပေမဲ့ ရင်းနှီးသူတွေဆီက ငွေယူတဲ့အခါ အတိုးပေးရရင်တောင်အခြားသူတွေကိုပေးရတဲ့အတိုးထက် နည်းနေပါလိမ့်မယ်။ နောက်ဆုံးမတက်သာတဲ့အဆုံးဒီနည်းလမ်းကိုသုံးပါ။

၅.အသုံးစားရိတ်ကို ပြန်သုံးသပ်ပါ။ နောက်ပြီး လျှော့ချပါ။
အသုံးစားရိတ်လျှော့ချလိုက်ရင်ငွေပိုငွေလျှံထွက်လာပါလိမ့်မယ်။
အသုံးစားရိတ်ကတော့ အကြွေးမရှိရင်တောင်မဖြစ်မနေ သုံးသပ်နေရမှာပါ။ ဒီနည်းကတော့ လုံးဝလုပ်သင့်တဲ့နည်းပါ။ အပြင်စာ စားနေရင် မစားပါနဲ့ ချက်စားပါ။ အဝတ်အစားမလိုတာတွေမဝယ်ပါနဲ့အုန်း။ အပျော်အပါးအတွက် သံူးနေရင်လဲ လျှော့ပါ။ ဖုန်းbill က အစချွေတာပါ။ဥပမာ အိမ်မှာ Internet ကို ဖုန်းbill နဲ့သုံးနေတဲ့သူ ၅ ယောက်ရှိရင် Wifi တပ်လိုက်တာက ပိုသက်သာစေပါတယ်။ဒါကြောင့် အကြွေးတွေကိုဆပ်နေ ရချိန်မှာ အသုံးစားရိတ်ကိုချွေတာတဲ့နည်းနဲ့ အကြွေးဆပ်တာဟာ လုပ်ကိုလုပ်ရမဲ့နည်းပါ။

၆. စိတ်အပင်ပန်းရဆုံးအကြွေးကို အရင်ဆပ်ပါ။
တချို့အကြွေးတွေဟာ စိတ်ပင်ပန်းရပါတယ်။အတိုးများချင်မှတော့များလိမ့်မယ်။သို့သော် ကိုယ့်အတွက် Pressure ဖြစ်ရင် အဲ့လိုအကြွေးမျိုးကိုဦးစားပေးဆပ်ပါ။ အကြွေးတွေနဲ့စိတ်ပင်ပန်းနေရင် လူတစ်ယောက်ကို ခဲ ဆွဲပြီးပြေးခိုင်းသလိုပါပဲ။ အရမ်းလေးနေပြီး ရှေ့မရောက်ပဲဖြစ်တတ်ပါတယ်။

၇. ညိှနိှုင်းလို့ရရင် ညှိနှိုင်းပါ။
ညှိနှိုင်းကြည့်ပါ။ အတိုးကိုလျှော်ပေးလို့ ရနိုင်မလား။အတိုးလုံးဝမပေးပဲ ငွေရင်းပဲဆပ်မယ်ဆို ရင်အဆင်ပြေနိုင်မလား။ စသဖြင့် ညိှကြည့်ပါ။
အတိုးလျော့သွားရင်လဲ ကောင်းတာပဲမဟုတ်လား။

၈.မိသားစုနှင့်အတူ ဆပ်သင့်ရင်ဆပ်ပါ။
ကိုယ်က အကြွေးအရမ်းပိနေတဲ့အခါ မိသားစုကိုရင်ဖွင့်ကြည့်ပါ။လူတိုင်းတော့ဒီနည်းဟာ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ တချို့မိသားစုတွေဟာ အခန့်မသင့်ရင် ပြန်ဆဲခံရနိုင်လို့ပါ။
ကိုယ့်ကိုနားလည်ပေးပြီး ကူညီတဲ့လူရှိရင်တော့အကောင်းဆုံးပါ။ကိုယ့်ကိုချစ်တဲ့သူတွေဟာ ကိုယ်ဒုက္ခရောက်နေရင် မကူညီပဲ နေနိုင်ပါ့မလား ?။ ဒီနည်းကတော့ ချင့်ချိန်ပြီးသာ သံူးပါ။

၉.ပေါင်စရာရှိရင်ပေါင်လိုက်ပါ။
အကယ်၍ ကိုယ့်မှာ မရောင်းချင်ပေမဲ့ အပေါင်ထားလို့ရနိုင်မဲ့ပစ္စည်းရှိရင်အပေါင်ထားလိုက်ပါ။
ဥပမာ ရွှေ လိုပစ္စည်းမျိုးကိုပေါင်ရင် အတိုးက ၂% ၃%(၂ကျပ်တိုး ၃ ကျပ်တိုး) လောက်ပဲပေးရတာပါ။ကိုယ်ချေးထားတဲ့အကြွေးဟာ ၈% (၈ကျပ်တိုး) ဖြစ်နေရင် အတိုးပေးနေရတာဟာ ၅% သက်သာသွားပါလိမ့်မယ်။

၁၀. ဝင်ငွေတိုးအောင်ကြိုးစားပါ။
ဒါကတော့အကောင်းဆုံးနည်းပါ။ ကျွန်တော်ကိုယ်တိုင်အကြွေးတွေဆပ်ခဲ့တဲ့နေရာမှာ ဒီနည်းကိုအများဆုံးအသုံးချခဲ့ရတာပါ။ ဝင်ငွေများရင်များသလို အကြွေးမြန်မြန်​ကျေပါတယ်။ ဝင်ငွေလမ်းကြောင်းတွေပိုချဲ့ထွင်ပါ။

၁၁.ပြေးသင့်ရင် ပြေးပါ။😂
အလကားနောက်တာပါ အဲ့လိုမလုပ်ရပါဘူး။
နာမည်မပျက်ပါစေနဲ့ ။ နာမည်ပျက်ရင် ဘယ်သူမှမယုံကြည်တော့ပါဘူး။ ဘဝမှာအကြွေးများတာရှက်စရာမဟုတ်ပါဘူး။ အကြွေးမဆပ်တာဟာ ရှက်စရာပါ။ဘာဘဲဖြစ်ဖြစ်စိတ်ဓာတ်မကျပါနဲ့ ။ ဖြေရှင်းနိုင်မယ်လို့ကျွန်တော် ယုံကြည်ပါတယ်။အကြွေးဆိုရာမှာလဲ အကြွေးကောင်းနဲ့အကြွေးဆိုး ရှိတယ်မဟုတ်လား။
အကြွေးကြောင့် ဘဝ မပျက်ပါစေနဲ့။
အကြွေးကြောင့်ကောင်းသတင်းသာ တတ်လာပါစေ။

Money Plus
လူတိုင်းငွေကြေးပညာတတ်မြောက်ရမည်။

ငွေကြေးနဲ့ပတ်သက်ရင် လူ ၃ မျိုး ==================== ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ နယ်ရွာတွေအ...
30/12/2025

ငွေကြေးနဲ့ပတ်သက်ရင် လူ ၃ မျိုး
====================

ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ နယ်ရွာတွေအထိ အလုပ်ကိစ္စတွေနဲ့ခရီးခဏခဏထွက်ခဲ့ ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်လဲ အကြံပေး လုပ်ခဲ့ဖူးပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် Market Research လုပ်တဲ့အနေနဲ့ လူများစွာကိုလေ့လာခဲ့ဖူးပါတယ်။ အားလုံးကို ချုံငုံစစ်ထုတ်လိုက်တဲ့အခါ ငွေကြေးနဲ့ပတ်သက်ရင် လူ ၃ မျိူး တွေ့ရပါတယ်။

၁. ငွေကျွန်

နံပါတ် ၁ လူအမျိုးအစားက ငွေကျွန်ပါ။
ဘယ်လိုလူမျိုးလဲဆိုရင် ရှာနိုင်တာထက် ပိုသုံးတဲ့လူတွေပါ။ ၁ သိန်းလောက်ရှာနိုင်ရင် ၁သိန်းထက်ပိုသုံးတဲ့လူတွေပါ။ များသောအားဖြင့် သူတို့မှာ အကြွေးတွေပါရှိတတ်ကြပါတယ်။ အသုံးနဲ့အဖြုန်းကိုလဲ နားမလည်ကြပါဘူး။ သုံးဖြုန်းဖို့လောက်သိကြတာပါ။ အရက်သေစာသောက်စားမယ် ၊ မလိုအပ်ဘဲလဲ ပစ္စည်းတွေဝယ်တယ်၊ ငွေသုံးရင်လက်ဖွာတယ် ၊ စာရင်းဇယားလုပ်ဖို့ဆိုတာ ဝေစွ ကိုယ်ဘယ်လောက်သုံးမိနေလဲ ဆိုတာတောင် မသိကြပါဘူး ၊ လက်ထဲငွေရှိရင် အထားမခံဘဲ ပြောင်သွားတဲ့လူတွေပါ၊ Shopping လဲ ခဏခဏထွက်ပြီး အကုန်ဝယ်တတ်တဲ့လူမျိုးတွေပါ ။

ငွေကြေးကိုစီမံခန့်ခွဲရမယ်ဆိုတာ လုံဝမသိတဲ့လူတွေပါ။ နောက်ပြီး အရွယ်ရောက်ပေမဲ့ ငွေမရှာနိုင်သေးတဲ့ လူတွေဟာလဲ ငွေကျွန်ထဲပါပါသေးတယ်။ မိဘဖြစ်သူ၊ အကို အမ ၊ဆွေမျိုး၊သူငယ်ချင်းစတဲ့လူတွေရဲ့ ငွေကြေးကို တောင်းရမ်းသံူးစွဲနေရသူတွေဟာလဲ ငွေကျွန်ထဲပါပါတယ်။

သူတို့ကတော့ အလုပ်မလုပ်လို့ ငွေမရှိတာပါ။ပြောရမှာအားနာပေမဲ့ ဝင်ငွေမရှိတဲ့သူတွေဟာလဲ ငွေကျွန်စာရင်းမှာပါပါတယ်။နောက်ပြီး ဆင်းရဲတယ်ဆိုတဲ့စကား ကြားဖူးမှာပါ။ဘာကြောင့်ဆင်းရဲလဲဆိုတာရဲ့အဖြေဟာ ဝင်ငွေနဲ့ထွက်ငွေက မမျှတလို့ဖြစ်သလို၊ ငွေရှာနိုင်စွမ်းအား အားနည်းနေကြလို့ပါ။ဘဝစားဝတ်နေရေး အနိုင်နိုင်ရုန်းကန်နေရသူတွေဟာ ဆင်းရဲကြသူတွေပါ။

ငွေကျွန်ဖြစ်နေရင် ရုန်းကန်နေတာထက် ရုန်းထွက်ပါ။ ငွေရှာတဲ့နေရာမှာ သူများအပေါ် ဖျံမကျပါနဲ့ ၊ မကောင်းတဲ့နည်းနဲ့မရှာပါနဲ့ ။ရိုးရိုးသားသား ရှာပါ။ မလည်ရင်နေပါ မအပါနဲ့။ ဆင်းရဲတာဟာရှာစရာမဟုတ်ပါဘူး။ ငွေဆိုတာ လူက ဖန်တီးထားတာပဲမဟုတ်လား ? ကိုယ်ကကြိုးစားရင် ဘာလို့မဖြစ်ရမှာလဲ ? ကြိုးစားရင် ဖြစ်နိုင်ပါတယ်။
ဒီတော့ ငွေကျွန်ကို ပြန်ပြောရရင် ငွေကျွန်ဆိုတာ ဝင်ငွေမရှိသူတွေ ၊ ဝင်ငွေထက်သုံးငွေက ပိုများနေသူတွေဖြစ်ကြပါတယ်။

အကြံပြုချက် - ငွေရှာပါ။ ဝင်ငွေရှိနေရင်လဲ ငွေကြေးကိုစနစ်တကျ စီမံခန့်ခွဲပြီး သုံးစွဲပါ။
ဘဟ်တော့မှ ဝင်ငွေထက် ပိုမသုံးမိပါစေနဲ့။

၂. ငွေရဲ့သူငယ်ချင်း
ဒုတိယလူမျိုးတွေက ငွေရဲ့ သူငယ်ချင်းပါ။ ဘာလို့ သူငယ်ချင်းဖြစ်လဲဆိုရင် သူတို့က ရှာတာ နဲ့ သုံးတာဟာ မျှတနေလို့ပါ။ ဒါကြောင့် ငွေကို သူငယ်ချင်းလုပ်ပြီး ပေါင်းလို့ ရတယ်ဆိုပါတော့။
တလ ကို ၃သိန်း ဝင်ရင် အဲ့ဒိ့တလအတွက် အသုံးစားရိတ်ကလဲ ၃ သိန်းလောက်ရှိတာမျိုးပါ။ငွေရဲ့သူငယ်ချင်းတွေက အလုပ်အကိုင်အတည်တကျရှိနေတတ်တဲ့သူမျိုးတွေပါ။ အနည်းဆံူးတော့ အလုပ်နဲ့လက်နဲ့ မပျက်ရှိနေတဲ့သူတွေပါ။အလုပ် လုပ်နိုင် ကိုင်နိုင်ကြတဲ့အရွယ်တွေများပါတယ်။သို့သော်အားနည်းချက်က ငွေပိုငွေလျှံမရှိပဲဖြစ်တတ်ပါတယ်။ အရေးပေါ်ကြုံလာတဲ့အခါ အခက်အခဲ ဖြစ်တတ်ပါတယ်။ ငွေကို သူငယ်ချင်းလုပ်ပေါင်းတာကြာလာတဲ့အခါ လက်ထဲငွေမစုမိပဲ အသက်တွေကြီးတဲ့အထိ အလုပ်လုပ်ရတတ်ပါတယ်။ဒါကြောင့် ငွေစုဖို့လိုပါလိမ့်မယ်။

အကြံပြုချက် - Saving more Spending Less ပါ။ လျှော့သုံးပြီး ပိုရှာ ပါ။
ဝင်ငွေလမ်းကြောင်းတိုးချဲ့ပါ။

ဝင်ငွေလမ်းကြောင်းတွေရေးထားပေးပါတယ်။ဒီမှာဖတ်ပါ။
Nonplus

၃. ငွေရဲ့ ဆရာ
ငွေ ရဲ့ဆရာဆိုတာ ဝင်ငွေက သုံးစွဲငွေထက်ပိုများနေတဲ့သူတွေကိုခေါ်ပါတယ်။ တနည်းအားဖြင့် ငွေကို စုနိုင် ဆောင်းနိုင်တဲ့လူတွေပါ။ငွေရဲ့ဆရာတွေဆိုတာ ငွေပိုငွေလျှံရှိကြသူတွေပေါ့။ ငွေရဲ့ဆရာတွေမှာလဲ သူ့ အရှိန်အဝါနဲ့သူရှိကြပါသေးတယ်။ တချို့ ကလစဥ္ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ စုနိုင်ကြတာပါ။
တချို့ က ၅ % တချို့ကျတော့ ၁၀ % တချို့ကျတော့လဲ ၅၀% လောက်ထိ ဖယ်စုနိုင်တဲ့လူတွေပါ။တချို့ကျတော့ ဝင်ငွေက လစဥ္ကုန်ကျစားရိတ်ထက် အဆပေါင်းများစွာ ပိုနေကြသူတွေပါ။
ငွေရဲ့ဆရာတွေမှာလဲ ငွေကြေးပညာ အရည်အချင်းတွေကွာနေကြလို့ လူနေမှုအဆင့်အတန်းတွေလဲ ကွာနေကြပါတယ်။ တချို့က ဆိုင်ကယ်လောက်သာစီးနိုင်ပြီး တချို့က ကားစီးနိုင်တယ်ဆိုပါတော့ ။ ကားစီးနိုင်တာတူနေရင်တောင်ကားအမျိုးအစားကွာနေတာဟာ ငွေ​ကြေးဆရာတွေရဲ့ကွာခြားချက်ပါပဲ။နောက်ပြီး ၁၀ သိန်းလောက်စုမိတာနဲ့ သိန်း ၁၀၀၀ လောက်စုမိတာတွေက ကွာသေးတာပေါ့။ဒါကမြင်သာအောင်ဥပမာပြောတာပါ။ငွေရဲ့ဆရာတွေမှာလဲ တချို့က ၃သိန်းလောက်ဝင်ပြီး ၅၀၀၀၀ လောက်ပိုအောင်စုနိုင်တဲ့သူတွေရှိသလို တချို့က သိန်း ၃၀၀ လောက်ဝင်ပြီး သိန်း ၂၀၀ ​ကျော် ကျန်အောင် စုနိုင်ကြသူတွေပါ။
ငွေ​ရဲ့ဆရာဖြစ်ထားရင် ကောင်းတဲ့အ​ခြေအနေလို့အကျမ်းဖျင်းယူဆနိုင်ပါတယ်။ သို့သော် ငွေကျွန်အဆင့်ပြန်ကျမသွားအောင်တော့ဂရုစိုက်ရမှာပါ။
စုမိတာကောင်းပါတယ်။ ငွေရင်းမပြုတ်ပဲ တိုးပွားအောင်လုပ်နိုင်တာက ပိုကောင်းပါတယ်။
ငွေကြေးပညာကို ထက်တိုးမြှင့်ပါ။

အပေါ်က လူသုံးမျိုးထက် အဆပေါင်းများစွာ သာတဲ့လူအမျိုးအစားကျန်ပါသေးတယ်။ သူကတော့ ငွေကြေးတွေရဲ့ဘုရင်ပါ။ ဘုရင်ဆိုတော့ ကြိုက်သလိုချယ်လှယ်လို့ရတာပေါ့။ ငွေကြေးဘုရင်ဆိုတာ ဘယ်လိုလူမျိုးတွေလဲ ဆိုရင် ငွေသံူးတဲ့အခါ စျေးနှုန်းကြည့်စရာမလိုလောက်အောင် လိုချင်တာ ဝယ်နိုင်တဲ့သူတွေပါ။ဝင်ငွေလမ်းကြောင်းများစွာရှိနေတဲ့လူတွေပါ။အိပ်နေရင်တောင်ငွေဝင်နေတဲ့သူတွေဆိုလဲမမှားပါဘူး။
Retirement(အသက်အရွယ်ရလာတဲ့အခါသုံးစွဲဖို့) အတွက်လဲ စုထားဆောင်းထားတာတွေဟာ အလျှံပယ်ပါ။

အရမ်းချမ်းသာတဲ့ High Boss တွေဆိုပါတော့။
စီးပွားရေးလုပ်ငန်းတွေရှိကြပြီး လုပ်ငန်းတွေဟာ အမေရိကန်ဒေါ်လာမီလီယံချီတဲ့လုပ်ငန်းတွေလဲလုပ်ကိုင်ကြသူတွေပါ။ လုပ်ငန်းတွေလဲရှိသလိုရင်းနှီးမြှုပ်နှံမှုတွေလဲရှိထားတဲ့လူတွေပါ။

ဒီလိုလူမျိုးတွေကိုတော့ ငွေကြေးတွေရဲ့ ဘုရင်လို့တင်စားနိုင်ပါတယ်။ အကြောင်းက သူတို့ရှာထားတဲ့ငွေဟာ အလျှံပယ်ကြွယ်ဝနေလို့ပါ။

တဆင့်ချင်းတက်လှမ်းပါ။

ကျွန်တော်ကိုယ်တိုင်ကလဲ ငွေကျွန်ဘဝမှာ အကြာကြီးနေခဲ့သူပါ။ တခါတရံ ငွေရဲ့သူငယ်ချင်းလဲ
ဖြစ်ခဲ့ပါသေးတယ် ။ တခါတရံ တော့ဆရာပေါ့။ ဆရာဖြစ်ပြီး ငွေကျွန်ပြန်ဖြစ်သွားတဲ့အခေါက်တွေကလဲ မနည်းမနောပါပဲ။ ဒီလိုပဲ လုံးချာလည်လိုက်ရင်း တဆင့်ချင်းတက်ခဲ့ရတာပါ။ ယခုတော့ ကိုယ့်ကိုယ်ကို ငွေကြေးဘုရင်လို့မသုံးနှုန်းသေးပေမဲ့ငွေကြေးတွေရဲ့ ဆရာတစ်ယောက်ထက် အဆများစွာပိုတဲ့အဆင့်မှာတော့ရှိနေပါပြီ။ဒီတော့ ဒီစာဖတ်သူအနေနဲ့ ငွေကြေးအခက်အခဲရှိနေရင် အားမငယ်ပါနဲ့ ကြိုးစားပါ။ ကျော်ဖြတ်ပါ။ ရင်ဆိုင်ပါ။ ဖြေ ရှင်းပါ။
စိတ်ဓာတ်မကျပါနဲ့။ ငါ့နောက်မှာမိသားစုရှိတယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပါ။သေချာပေါက်အောင်မြင်မှာပါ။

ယခုလက်ရှိသင်က ဘယ်ထဲမှာပါဝင်နေလဲ?
၁ လား
၂ လား
၃ လား
ဘုရင် လား

Comment ရေးခဲ့ပေးပါအုန်း။

Money Plus
လူတိုင်းငွေကြေးပညာတတ်မြောက်ရမည်။

ငွေစုခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း (Saving Vs Investing)====================================ငွေစုတာ နဲ့ ရင်းနှီးမြှ...
29/12/2025

ငွေစုခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း (Saving Vs Investing)
====================================

ငွေစုတာ နဲ့ ရင်းနှီးမြှုပ်နှံတာ ဘယ်လိုကွာခြားလဲ ?

Saving
ငွေစုခြင်း

ငွေစုဆောင်းတယ်ဆိုတာ အနာဂတ်မှာ အသံူးပြုရအောင် သီးသန့်ငွေကို ဖယ်စုထားခြင်းဖြစ်ပါတယ်။ငွေစုတဲ့နေရာ ရေတို ရေရှည် ဆိုပြီး ခွဲခြားပြီး စုဆောင်းနိုင်ပါတယ်။ ငွေစုဆောင်းတာ ဘယ်နေရာတွေမှာ သုံးဖို့လဲ ? ငွေစုဆောင်းတာဟာ
အ​ေရးပေါ် အ​ခြေအနေတွေအတွက် အသုံးပြုနိုင်သလို အိမ်လခ ကျောင်းလခ အတွက် အသံူးပြုဖို့ ဖယ်စုထားတာလဲ ရပါတယ်။ နောက်ပြီး ရုတ်တရက် အလုပ်အကိုင်မကောင်းတဲ့အခါ အသုံးပြုနိုင်ဖို့လဲ စုဆောင်းနိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာတဲ့အခါ သုံးစွဲဖို့လဲ စုဆောင်းထားသင့်ပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တာတွေဝယ်ဖို့အတွက်လဲ ငွေစုဆောင်းထားတာကောင်းပါတယ်။ ဖုန်းပျက်လို့အသစ်ဝယ်တာဖြစ်ဖြစ် ၊ နှစ်တိုင်း အဝတ်အစားသစ်လိုချင်လို့ဝယ်တာပဲဖြစ်ဖြစ် ၊မိဘကို ပေးကမ်းချင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သင်တန်း တက်ချင်လို့ပဲဖြစ်ဖြစ် စုဆောင်းနိုင်ပါတယ်။ Retirement(ပင်စင်ယူခြင်း) အတွက် စုဆောင်းထားသင့်ပါတယ်။

ငွေဘာကြောင့် စုဆောင်းသင့်လဲ ?
၁. နောင်အရေးစိတ်အေးဖို့စုဆောင်းသင့်ပါတယ်။
၂. အရေးပေါ်အသုံးစားရိတ်ရအောင်စုဆောင်းထားသင့်တယ်။
၃.အကြွေးတင်တဲ့ဘဝ မရောက်အောင်စုဆောင်းထားသင့်တယ်။
၄.တခါတရံ ကိုယ့်ကိုယ်ကို ဆုချ ဖို့အတွက်လဲ ငွေစုဆောင်းသင့်ပါတယ်။
၅. သားသမီးရဲ့ ဘဝရှေ့ရေး နဲ့ ပညာရေးအတွက် ငွေစုဆောင်းသင့်တယ်။

Investing
ငွေရင်းနှီးမြှုပ်နှံခြင်း

ငွေရင်းနှီးမြှုပ်နှံခြင်း ဆိုတာ ငွေတွေ တိုးပွားအောင် ပြုလုပ်ဖို့အတွက် ငွေကို အသုံးချရတဲ့ လုပ်ငန်းစဥ္ကို ခေါ်တာပါ။တနည်းအားဖြင့် ငွေကို ငွေနဲ့ ပြန်ခိုင်းတာပေါ့။ ကိုယ်တိုင်ဝင်ပြီး အလုပ်လုပ်တာ မဟုတ်ပဲ ငွေကိုအလုပ်လုပ်ခိုင်းတဲ့သဘောပါပဲ။ သတိထားရမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ Risk နဲ့ Return ကိုတွက်ဖို့ပါပဲ။ ကိုယ်ဘယ်လောက်အရှုံးခံနိုင်လဲ ? ဒီမှာ ရင်းနှီးလိုက်ရင် ဘယ်လောက်မြတ်မှာလဲ ?အချိန်ဘယ်လောက်ယူရမလဲ စတာတွေကို စဥ္းစားတွက်ချက်ဖို့တော့လိုပါလိမ့်မယ်။ အမြတ်အစွန်းကို ကြည့်သလို ဆုံးရှုံးနိုင်ချေကိုလဲကြည့်ဖို့လိုပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာမှာလဲ ရေတိုရေရှည် ရှိပါသေးတယ်။ တချို့က ရေတိုအတွက် မြှုပ်နှံကြတာပေါ့။ တချို့ကျတော့ ရေရှည်ကြည့်ပြီးမှ ငွေရင်းနှီးမြှုပ်နှံကြတာပါ။

ငွေကို ဘာကြောင့် ရင်းနှီးမြှုပ်နှံသင့်တာလဲ ?

၁. ရေရှည်မှာ ငွေတိုးပွားနိုင်ခြင်း
၂. ဝင်ငွေလမ်းကြောင်း ထပ်တိုးစေခြင်း
၃. အမြတ်အစွန်းများရင်များသလို ငွေဆပွားဖြစ်နိုင်ခြင်း
၄. ငွေ က ကိုယ့်အတွက် အလုပ်လုပ်ပေးနေခြင်း
၅. ငွေရင်းနှီးထားခြင်းကြောင့်ရေရှည်မှာ အကျိုးကျေးဇူးရရှိခြင်း

ငွေစုတာ နဲ့ ငွေရင်းနှီးမြှုပ်နှံတာ ဘာတွေကွာခြားသေးလဲ ?

၁. ဆုံးရှုံးနိုင်ခြေ (Risk)
ငွေစုတာက ငွေရင်းနှီးမြှုပ်နှံထက် ဆုံးရှုံးနိုင်ချေနည်းပါတယ်။

၂. ငွေဖြစ်လွယ်မှု ( Liquidity)
ငွေစုထားတာ အချိန်မရွေးထုတ်သံူးနိုင်ပေမဲ့ ငွေရင်းနှီးတာကတော့ ချက်ချင်းထုတ်ဖို့ခက်ခဲနိုင်ပါတယ်။

၃.အမြတ် (Profit)
အပေါ်က ပြောထားတာနဲ့ ပြောင်းပြန်ပါ။ ငွေစုတာက ဆုံး ရှုံးနိုင်ချေ နည်းတယ်ဆိုပေမဲ့ ငွေရင်းနှီးတာက ငွေစုတာထက် အမြတ်ရဖို့ပိုသေချာပါတယ်။အမြတ်အစွန်းပိုရပါတယ်။ ငွေတိုးပွားပါတယ်။

၄.အခက်အခဲ ( Difficulty)
ငွေစုတာဟာ ငွေရင်းနှီးမြှုပ်နှံရတာထက်ပိုလွယ်ကူပါတယ်။ငွေရင်းနှီးတာက ပညာသားပါပါတယ်။ ငွေစုတာလောက်မလွယ်ကူပါ။ ငွေရင်းနှီးမြှုပ်နှံတဲ့ပညာ တတ်ထားရင်တော့ ငွေရင်းနှီးတာ ပိုကောင်းပါတယ်။

၅. ရေတို ရေရှည် ( Short term & Long term)
ငွေစုတာဟာ ရေတိုမှာလဲ ဒီငွေလောက်ပါပဲ Bankမှာထည့်ရင် ဘဏ်တိုးလောက်သာရပါမယ်။ငွေရင်းနှီးမြှုပ်နှံတာကတော့ ရေရှည်အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်။

ဒါဆို Saving နဲ့ Investing ဘယ်ဟာ လုပ်ရမလဲ

နှစ်ခုလံူးလုပ်ရမှာပါ။
တစ်ခုထဲလုပ်တာဟာ ကောင်းပါတယ်။
နှစ်ခုလုံးလုပ်မှ ပြည့်စုံတာပါ။

ဘယ်ဟာကိုအရင်လုပ်သင့်လဲ ?

စိတ်ချချင်ရင် ငွေအရင်စု ပါ။
ငွေစုလို့ ငွေပိုငွေလျှံထပ်ထွက်လာပြီဆိုမှ ငွေ ရင်းနှီးတဲ့ဘက်ကိုလှည့်ပါ။

ဒီမေးခွန်းလေးတွေဖြေခဲ့ပါ။
ငွေစုဖြစ်လား ?
ငွေရင်းနှီးမြှုပ်နှံဖြစ်လား ?

Money Plus
လူတိုင်းငွေကြေးပညာ တတ်မြောက်ရမည်။

အကြွေးယူတဲ့သူ လေးမျိုး===============အကြွေးပေး တဲ့လူတွေရှိသလို အကြွေးယူတဲ့လူတွေလဲ ရှိတယ်မဟုတ်လား။ ဒီစာကတော့အကြွေးယူတဲ့လူ...
28/12/2025

အကြွေးယူတဲ့သူ လေးမျိုး
===============

အကြွေးပေး တဲ့လူတွေရှိသလို အကြွေးယူတဲ့လူတွေလဲ ရှိတယ်မဟုတ်လား။ ဒီစာကတော့အကြွေးယူတဲ့လူတွေအကြောင်းရေးထားပါတယ်။အကြွေးဆိုရာမှာလဲ အကြွေးကောင်း နဲ့ အကြွေးဆိုးရှိသေးတယ်မဟုတ်လား။

အကြွေး ယူ တဲ့သူတွေ ကို ၄ မျိုး ခွဲ လို့ရတယ်။

နံပါတ် ၁ . ပေးလဲချင်ပေးချင်တယ် ပေးလဲပေးနိုင်တယ်

​နံပါတ် ၂ . မပေးချင်ဘူး ပေးနိုင်တယ်

နံပါတ် ၃ . ပေးချင်တယ် မပေးနိုင်ဘူး

​နံပါတ် ၄ . မပေးလဲမပေးချင်ဘူး မပေးလဲမပေး နိုင်ဘူး

အမျိုးအစား ၁ ကလူတွေ ကိုရေရှည် ဆက်ဆံနိုင်အောင် စီစဥ်ပေးရတယ်။ဒီလိုလူတွေဟာ စိတ်နေစိတ်ထားဖြောင့်မှန်တဲ့သူတွေဖြစ်တယ်။ ဒီလိုလူတွေနဲ့ ရေရှည်လက်တွဲနိုင်အောင်ကြိုးစားရမယ်။ စိတ်ဓာတ်လဲ ကောင်းသလို အလုပ်လဲလုပ်ကြတဲ့လူတွေဖြစ်တယ်။

အမျိုးအစား ၂ က လူတွေကိုတော့ နောက်လူတွေကို ဒုက္ခမပေးနိုင်အောင် သူလဲဆက်လုပ်စားလို့
မရအောင် ဆုံးမပေး ရတယ်။ကိုယ်တိုင်လဲ အဲ့လိုလူအမျိုးအစားမဖြစ်ဖို့လိုတယ်။ ဒီလိုအကြွေးယူပြီး ပေးနိုင်ရဲ့သားနဲ့ မပေးတာဟာ စိတ်ဓာတ်
ယုတ်ည့ံတဲ့လူတွေရဲ့အလုပ်ဖြစ်တယ်။ကိုယ်တိုင်မဖြစ်ဖို့လိုတယ်။ ကိုယ့်ဆီကို အဲ့လိုလူမျိုးတွေ ငွေလာချေးခဲ့ရင်လဲ သတိထားပြီး ရှောင်ဖို့လိုတယ်။

အမျိုးအစား ၃ က လူတွေကိုတော့ ပေးနိုင်လာအောင် Support လုပ်ပေးရတယ်။ကူညီရမယ်။
တကယ်တော့ ဒီလိုလူတွေဟာ စိတ်ထားကောင်းသလို သနားစရာလဲကောင်းတယ်။ ကိုယ့်ဘက်က တတ်နိုင်တဲ့အခြေအနေရှိရင် ပေးလာနိုင်အောင် ကူညီပေးရမယ်။

အမျိုးအစား ၄ က လူတွေ ကို တော့ ထောင်ထဲထည့် ရတာ ပဲ။ဒီလိုလူတွေဟာ လောကမှာမရှိလေကောင်းလေပဲ။ ဘယ်သူ့အတွက်မှအကျိုးမဖြစ်စေပဲ အကျိုးယုတ်တဲ့ဘက်ကို ဖြစ်စေတယ်။ ဒီအမျိုးအစားကလူတွေက သူတို့ကိုယ်တိုင်လဲ တန်ဖိုးမရှိသလို အခြားလူတွေကိုပါ ဒုက္ခပေးတတ်တဲ့လူတွေဖြစ်တယ်။ ကိုယ်တိုင်လဲ အဲ့လိုလူစားမျိုးထဲ ဘယ်တော့မှမပါစေနဲ့။

အကယ်၍ ကိုယ်က အကြွေးတွေရှိနေလို့အခက်အခဲဖြစ်နေရင် ဒီနည်းလမ်းတွေသုံးကြည့်ပါ။ ဒီLink ကိုနှပ်ပြီးဖတ်နိုင်ပါတယ်။
Money Plus

အမျိုးအစား နံပါတ် ဘယ်လောက်တွေကြုံဖူးလဲ
ဘယ်လိုဖြေရှင်းခဲ့ လဲ Comment ရေးခဲ့ပေးပါအုန်း။

ဆွေးနွေးချင်တာများရှိ ရင် Comment ရေးခဲ့နိုင်ပါတယ်။

ဒီစာကို သဘောကျတယ်ဆိုရင် Money Plus ဆိုတဲ့စာလုံးလေး Comment ရေးခဲ့နိုင်ပါတယ်။Like and share လဲ လုပ်ခဲ့ပါ။

ငွေကြေးနဲ့ပတ်သက်ပြီးလေ့လာချင်ရင် Money Plus ကို Like and follow လုပ်ထားပါ။

ကိုMicheal ရေးထားသောစာကို ထပ်မံဖြည့်စွက်ပြီးရေးသားတင်ပြခြင်းဖြစ်ပါတယ်။

Money Plus
လူတိုင်းငွေကြေးပညာ တတ်မြောက်ရမည်။

ငွေချွေတာနည်းငွေကိုဘယ်လိုချွေတာသုံးစွဲမလဲ ?===========================ငွေကိုချွေတာနိုင်ခြင်းဟာ လက်ထဲမှာ ငွေပိုကျန်အောင်လ...
27/12/2025

ငွေချွေတာနည်း
ငွေကိုဘယ်လိုချွေတာသုံးစွဲမလဲ ?
===========================

ငွေကိုချွေတာနိုင်ခြင်းဟာ လက်ထဲမှာ ငွေပိုကျန်အောင်လုပ်နိုင်တဲ့အရည်အချင်းပါ။ငွေချွေတာနိုင်လေကောင်းလေပါ။ဝင်ငွေနည်းသူအဖို့တော့ ချွေတာဖို့က ပိုအရေးကြီးပါတယ်။
စာကိုလဲသေချာဖတ်ပါ။လက်တွေလဲ လုပ်ဆောင်ပါ။

၁. ဝယ်စားမဲ့အစားချက်စားပါ
အပြင်မှာဝယ်စားတတ်တဲ့အကျင့်ရှိရင်ပြင်ပါ။ တခါတရံဆိုရင်တော့ကောင်းပါတယ်။ အမြဲတမ်းလိုလို မကြာခဏ ဆိုသလို အပြင်မှာဘဲ စားနေရင်တော့ ငွေချွေတာရာမရောက်ပဲ ဖြုန်းတီးရာရောက်ပါတယ်။ နောက်ပြီး အပြင်စာအစားများရင် ကျန်းမာရေးထိခိုက်တာမျိုးတောင်ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ငွေချွေတာဖို့ပထမဆုံးနည်းက အိမ်မှာဘဲ ချက်စားပါ။

၂ .အချိန် တစ်ခုစောင့်ပါ။
တစ်ခုခုလိုချင်လို့ဝယ်မယ်ဆိုရင် အချိန်တစ်ခု စောင့်ပါ။အချိန်တစ်ခုစောင့်ပြီးမဖြစ်မနေ လိုအပ်လာမှဝယ်ပါ။နောက်ပြီး သုံးကြိမ် သုံးခါ စဥ္းစားပါ။ မေးခွန်းမေးပါ။ ဒီ ပစ္စည်းက တကယ်လိုတာလား တကယ်လိုအပ်တာလား ဝယ်မှရတော့မှာလား စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
မလိုအပ်လို့မဝယ်ဘဲနေလိုက်ရင် ငွေချွေတာပြီးသားဖြစ်သွားပါတယ်။

၃.ဖုန်းဘေလ်ချွေတာပါ။
ဖုန်းဘေလ်ချွေတာပါ။ အိမ်မှာ Wifi မတပ်နိုင်တဲ့အခါ အင်တာနက်ကို ဖုန်းဘေလ်နဲ့သုံးရပါတယ်။
အသုံးများ ရင်များသလို ဖုန်းဘေလ်အကုန်မြန်ပါတယ်။ တစ်ပတ် ကို ဖုန်းဘေလ်ဘယ်လောက်ပဲ သုံးမယ်။ တစ်လကို ဘယ်လောက်သုံးမယ် ဆိုတာ သေချာသတ်မှတ်ထားဖို့လိုပါတယ်။ Data pacakage တွေလဲ ရွေးရွယ်ပြီး ဖုန်းဘေလ်ကို ချွေချွေတာတာသုံးပါ။တစ်ရက်ကို Bill ၁၀၀၀ သုံးတဲ့သူဟာ တစ်လကို ၃၀၀၀၀ ကုန်တဲ့သဘောပါ။ တစ်ဝက်လောက်လျှော့နိုင်ရင်ကို ၁၅၀၀၀ ချွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။

၄.တွက်ပြီးမှသုံးပါ။
တစ်ခုခု ဝယ်ဖို့ငွေသုံးမယ်ဆိုရင်တောင် တွက်ချက်ပါ။ ဝယ်ရင်လဲ စိစစ်ပြီးမှဝယ်ပါ။လက်ထဲငွေဘယ်လောက်ကျန်သေးလဲ ။ လကုန်ထိဘယ်လောက်သံူးရအုန်းမလဲ။ ဒီနေ့အတွက် ငွေကုန်တာများနေပြီလား စသဖြင့် တွက်ပြီးမှသုံးပါ။
အသုံးများနေပြီဆိုတာသိတာနဲ့ချက်ချင်းရပ်လိုက်ပါ။ အပိုထပ်မသုံးမိတဲ့အတွက် ငွေချွေတာပြီးသားဖြစ်ပါလိမ့်မယ်။

၅.အသုံး နဲ့ အဖြုန်း ခွဲခြားပါ။
အသုံးနဲ့အဖြုန်း ခွဲခြားဖို့ကို ခဏခဏပြောဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုမှာ အသံူးနဲ့အဖြုန်းကောင်းကောင်းခွဲခြားတတ်ဖို့က အလွန်အရေးုကီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်မှုတွေဟာလဲ မတူကြပါဘူး။ ကိုယ်တကယ်လိုအပ်လို့ဝယ်တာဟာ အသံူးပါ။ သိပ်လဲ မလိုအပ်ပဲ ဝယ်တာမျိုးကတော့ အဖြုန်းပါပဲ။မရှိလဲ ရတဲ့ပစ္စည်းမျိုးတွေမဝယ်ပါနဲ့။သွားဖို့လာဖို့ ဆိုင်ကယ်တစ်စီးရှိပြီးသားဆိုရင် နောက်ထပ် တစ်စီးထပ်ဝယ်စရာမလိုပါဘူး။ အသုံးနဲ့အဖြုန်းကောင်းကောင်းနားလည်ရင် ငွေချွေတာပြီးသားဖြစ်ပါတယ်။

၆.မပြည့်စုံသေးတဲ့ဘဝ ကို နားလည်ပါ။
ကိုယ့်ဘဝက မပြည့်စုံသေးရင် ပိုက်ဆံကို မရရအောင်ချွေတာပါ။ ကိုယ်ပိုင်အိမ်ရှိပြီလား ။ ဝင်ငွေလမ်းကြောင်းဘယ်လောက်ရှိပြီလဲ ။ သွားရေးလာရေးအဆင်ပြေစေတဲ့ အိမ်သုံးကားလေးကော ပိုင်ပြီလား ။ ဘဝအတွက်လုံခြုံစိတ်ချရလောက်တဲ့ စုဆောင်းငွေရှိပြီလား ။ သားသမီးတွေရဲ့ အနာဂတ်အတွက်ကော စုထားတာရှိပြီလား။ ကိုယ် အသက်အရွယ်ရလို့ အလုပ်မလုပ်နိုင်တဲ့အခါ သံူးဖို့ကော စုထားတာရှိပြီလား ။ မရှိသေးတဲ့အဖြေတွေများနေရင် ငွေချွေတာပါ။

၇.စျေးဝယ်တဲ့အခါ သတိထားပါ။စျေးဆစ်ပါ။
ဆိုလိုချင်တာက သေချာစစ်ဆေးဖို့ပါ။ မကောင်းတဲ့ပစ္စည်း အရည်အသွေးမပြည့်တဲ့ပစ္စည်းတွေဝယ်မိရင် ခဏလေးနဲ့ပျက်စီးတတ်ပါတယ်။နောက်တခါထပ်ဝယ်ရတတ်ပါတယ်။ ဒါကြောင့် စျေးဝယ်တဲ့အခါ သေချာရွေးဝယ်တတ်ဖို့လိုပါတယ်။နောက်ပြီး စျေးဆစ်ဖို့ပါ။ ကျွန်တော် ငယ်စဥ္အခါက အဖွားတို့ အမေ တို့နဲ့စျေးဝယ်တဲ့အခါ မကြာခဏလိုက်သွားဖူးပါတယ်။ အဖွားတို့ဆိုတာရှေးလူကြီးတွေပါ။ စျေးဆစ်တာ အရမ်းတော်ပါတယ်။ ကျွန်တော်ဟာ သူတို့နဲ့ စျေးဝယ်လိုက်ရင်း စျေးဆစ်တတ်တဲ့ပညာကို နားလည်သဘောပေါက်လာခဲ့ပါတယ်။ ဒီဟာက ဘယ်မှာအကျိုးပြုလဲ ဆိုရင် ကျွန်တော်အသက်အရွယ်ရတော့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အရောင်းအဝယ်လုပ်တဲ့အခါမှာ စျေးကိုကောင်းကောင်း ဆစ်တတ်လို့ အကျိုးအမြတ်တွေရဖူးပါတယ်။Negotiation လို့ခေါ်တဲ့ ညှိနှိုင်းမှုတွေမှာ ဒီပညာက အသံူးဝင်ပါတယ်။ စျေးဆစ်ခြင်းနည်းနဲ့လဲ ငွေကိုချွေတာရာရောက်ပါတယ်။

၈.လက်ကား ဝယ်သင့်ရင် ဝယ်လိုက်ပါ။
တချို့ပစ္စည်းတွေဟာ လက်ကားဝယ်လိုက်တာပိုကိုက်ပါတယ်။ ဥပမာ တစ်ရှုးလိပ် ကို တစ်လိပ်ချင်းဝယ်မဲ့အစား အတွဲလိုက်ဝယ်တာဖြစ်ဖြစ်၊ အမျိုးသားတွေ မှုတ်ဆိတ်ရိတ်ဖို့ အသုံးပြုတဲ့ ဂျုတ်တို့ ဓားတို့ကို တစ်ခုချင်းမဝယ်ပဲ တစ်ခါထဲ များများဝယ်တာမျိုး။နောက်ပြီး ဆီ ၊ကြက်သွန်နီစတာတွေကို ပိဿလိုက်ဝယ်ထားတာမျိုးက ပိုကောင်းပါတယ်။ လက်ကားဝယ်လိုက်တာဟာ လက်လီထက် ပိုသက်သာလို့ ငွေချွေတာပြီးသားဖြစ်ပါတယ်။

၉.ငွေကို မီးမရှို့ပါနဲ့။
ငွေကိုချွေတာနိုင်တဲ့နောက်တနည်းကတော့ ဆေးလိပ်၊ကွမ်း စတာတွေကို မဝယ်ဖို့ပါပဲ။ ဆေးလိပ်သောက်တတ်သူအဖို့တော့ ဆေးလိပ်က မသောက်ရင်မနေနိုင်ဘူးလို့ပြောကြပေမဲ့ ဒါဟာ ငွေကို မီးရိှု့နေတာနဲ့အတူတူပါပဲ။ နောက်ပြီး ဆေးလိပ်သောက်တာဟာ ကောင်းကျိုးလဲမဖြစ်စေပါဘူး။ ဆေးလိပ်တစ်လိပ်ဟာ ငွေကျပ်အားဖြင့် ၁၀၀ ၁၅၀ လောက်ရှိပါတယ်။ တချို့က တစ်ရက် တစ်လိပ်သာ သောက်တယ်ဆိုပေမဲ့ တချို့က တစ်ထိုင်ထဲ တစ်ဘူးထိသောက်တဲ့လူတွေလဲရှိပါသေးတယ်။တစ်ရက်ကို ပျှမ်းမျှ ၅ လိပ်လောက်သောက်တဲ့သူတစ်ယောက်အနေနဲ့ ဆေးလိပ်ဖြတ်လိုက်ရင် တစ် ရက်ကို ငွေ ၅၀၀ ချွေတာပြီးသား၊စုပြီးသားဖြစ်သွားပါလိမ့်မယ်။ ငွေ၅၀၀ ဆိုလို့နည်းတယ်မထင်ပါနဲ့။ ၁လပြည့်တဲ့အခါ ၁၅၀၀၀ ထိလက်ထဲစုမိပါလိမ့်မယ်။ တစ်နှစ်ပြည့်ရင် ငွေ ၁၈၀,၀၀၀ အထိ လက်ထဲကျန်ပါလိမ့်မယ်။ဒါဟာ ကျန်းမာရေးအတွက်ဆင်ခြင်ပြီးသားဖြစ်သလို ငွေချွေတာပြီးသားလဲဖြစ်ပါတယ်။

၁၀.အသေးအဖွဲ့လေးတွေကို ဂရုစိုက်ပါ။
တခါတရံ အသေးသုံးလေးတွေကနေတဆင့်ဘတ်ဂျက်ထိနိုင်ပါသေးတယ်။ ငွေ ၁၀၀ ၂၀၀ က စလို့ ဂရုစိုက်ပါ။ငွေကို လက်လွတ်စပယ် မထားပါနဲ့။ တန်ဖိုးထားပါ။ ငွေရဲ့ တန်ဖိုးဆိုတာ ၁၀၀ ၂၀၀ ၁၀၀၀ စတဲ့ ငွေစက္ကူပေါ်က ကိန်းဂဏန်းထက် ငွေကို ကိုင်တဲ့သူနဲ့ပဲသက်ဆိုင်တာပါ။အကြောင်းက ငွေကို ကိုင်ထားတဲ့သူပေါ်မူတည်ပြီးတိုးပွားနိုင်လို့ပါ။

စာကို ဒီမှာတင်ရပ်ထားပါ့တယ်။
အပိုင်း ၂ ကို ဆက်ရေးပေးပါ့မယ်။
ငွေချွေတာနိုငိတဲ့နည်းတွေကျန်ပါသေးတယ်။

အချက်တွေထဲက ဘယ်အချက်တွေကြိုက်လဲ နံပါတ်တွေ Comment ရေးခဲ့ပေးပါအုန်း။

ဒီစာကို သဘောကျတယ်ဆိုရင် Money Plus ဆိုတဲ့စာလုံးလေး Comment ရေးခဲ့နိုင်ပါတယ်။

Money Plus
လူတိုင်းငွေကြေးပညာ တတ်မြောက်ရမည်။

ငွေကြေးနဲ့ သူ၏ပုံစံများ…===============ငွေကြေးဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကုန်ပစ္စည်း(သို့) ဝန်‌ဆောင်မှုတွေနဲ့ ...
26/12/2025

ငွေကြေးနဲ့ သူ၏ပုံစံများ…
===============

ငွေကြေးဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကုန်ပစ္စည်း(သို့) ဝန်‌ဆောင်မှုတွေနဲ့ လဲလှယ်ဖို့သုံးတဲ့ ကြားခံတစ်ခုလို့ ရှင်းရှင်းလင်းလင်းမှတ်ယူနိုင်ပါတယ်..။
ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ ငွေကြေးတွေဟာ ဘယ်လိုပုံစံနဲ့ လူ့အဖွဲ့အစည်းမှာ တည်ရှိနေကြပါသလဲ…?
ငွေကြေးတွေဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေကြပြီး အများအားဖြင့် ဒီ(၅)မျိုးကို လူသိများပါတယ်…။
၁) Cash(Physical Currency)
ဒီငွေကြေးပုံစံကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွင်ကျယ်စွာသုံးလေ့ရှိကြပြီး ငွေစက္ကူတွေနဲ့ ဒင်္ဂါးငွေ တို့ပါဝင်ပါတယ်။အများအားဖြင့် ဗဟိုဘဏ်နဲ့ အစိုးရက သတ်မှတ်ထုတ်ဝေလေ့ရှိပါတယ်….။
၂)Digital Money (Bank deposits & Online Transaction)
ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေမှာသာ လက်ခံသုံးစွဲနိုင်ပြီး ဒစ်ဂျစ်တယ်ပုံစံဖြင့်သာ သီးသန့်တည်ရှိပါတယ်။ဒီငွေကြေးကို Electronic funds transfer, Online banking နဲ့ Digital payment စတဲ့ နေရာတွေမှာ သုံးပါတယ်…။
၃)Credit & Debit Card
နိုင်ငံတစ်ခုချင်းစီအလိုက် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်အရ Electronic Transaction အတွက် အသုံးပြုရတဲ့ ကဒ်တွေဖြစ်ပါတယ်…။ Credit Card အသုံးပြုသူတွေဟာ ငွေကြေးပမာဏတစ်ခုအထိ ချေးယူသုံးစွဲနိုင်ပြီး Debit Card တွေကတော့ သုံးစွဲသူရဲ့ Bank account နဲ့ ချိတ်ဆက်ထားတာြဖစ်ပါတယ်…။
၄) Cryptocurrency
ဒီငွေကြေးစနစ်ဟာ Blockchain Technology ပေါ်မှာအခြေခံထားပြီး ဗဟိုထိန်းချုပ်မှုကင်းတဲ့ စနစ်ပဲဖြစ်ပါတယ်။
Bitcoin,Ethereum စတဲ့ ငွေကြေးပုံစံတွေနဲ့ တည်ရှိပြီး အွန်လိုင်းမှ ငွေပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနဲ့ တခြားသောရည်ရွယ်ချက်တေါအတွက် သုံးလေ့ရှိကြပါတယ်….။
၅) Mobile Payment
နိုင်ငံအသီးသီးမှာ တွင်ကျယ်စွာအသုံးပြုနေတဲ့ စမတ်ဖုန်းမှတစ်ဆင့် ငွေပေးချေခြင်းဟာ Mobile Payment System ဖြစ်ပြီး Apple Pay, Google Pay တို့အပြင် နိုင်ငံတစ်ခုချင်းစီအလိုက် သုံးစွဲနေတဲ့ Mobile Payment App တွေပါဝင်ပါတယ်…။မြန်မာနိုင်ငံအနေနဲ့ ဆိုရင် KBZ Pay, AYA Pay စသဖြင့်ပေါ့ ခင်ဗျာ…။
◾ဒါတွေကတော့ လူသိများတဲ့ ငွေကြေးပုံးစံတွေကို နားလည်လွယ်အောင် ပြောပြပေးခဲ့တာဖြစ်ပါတယ်…။
ငွေကြေးနဲ့ ပတ်သက်ပြီး တခြားသော အကြာင်းအရာတွေကိုလည်း ဆက်လက်မျှဝေပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ “Money Plus “ ကို စောင့်ကြည့်ပေးကြပါဦး ခင်ဗျာ…။

လူတိုင်းငွေကြေးပညာတတ်မြောက်ရမည်။









Bitcoin ကြောင့် လူသိများလာတဲ့ Blockchain Technology========================================Blockchain နည်းပညာပေါ်ပေါက်လာ...
25/12/2025

Bitcoin ကြောင့် လူသိများလာတဲ့ Blockchain Technology
========================================

Blockchain နည်းပညာပေါ်ပေါက်လာခဲ့တာဟာ နှစ်အတော်အတန်ကြာခဲ့ပြီ ဖြစ်ပေမယ့် လူသိများလာတာကတော့ Bitcoin လို့ ခေါ်တဲ့ Cryptocurrency ကြောင့်ပဲ ဖြစ်ပါတယ်…။
ဒါကြောင့် ဒီနေ့မှာတော့ “ Money Plus” က Blockchain Technology အကြောင်း တီးမိခေါက်မိရှိအောင် ခပ်တိုတို လေး မျှဝေပေးချင်ပါတယ်….။
၁) Blockchain Technology ဆိုတာဘာလဲနဲ့ ဘာလို့ ဒီလိုခေါ်တာလဲ…?
◾ Blockchain Technology ဆိုတာ အလွယ်ပြောရင် “ကြားဖြတ်ပြင်ဆင်လို့ မရအောင်‌ ရှေ့နောက်ချိတ်ဆက်တဲ့ နည်းနဲ့ စာရင်းမှတ်တဲ့ နည်းပညာ “ပါပဲ။ စာရင်းတွေကို Block တစ်ခုချင်းစီမှာ ထည့်သွင်းထားပြီး တစ်ခုနဲ့တစ်ခု အဆက်အစပ်မိမိ ချိတ်ဆက်ထားလို့ Blockchain လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်…။
၂)Block တစ်ခုမှာ ဘယ်လိုစာရင်းတွေပါဝင်ပြီး အရွယ်အစား ဘယ်လောက်ရှိမလဲ…?
◾Blockတစ်ခုမှာ ငွေအလွဲအပြောင်း လုပ်ထားတဲ့ Transaction History တွေနဲ့ တခြားသောနည်းပညာဆိုင်ရာ အချက်အလက်တွေ ပါဝင်ပါတယ်။ Block တစ်ခုမှာ ပျမ်းမျှ 1MB limit ရှိပြီး Transaction ပေါင်း ၄၀၀၀ ခန့်သိမ်းဆည်းနိုင်တာကြောင့် အင်မတန် lightweight ဖြစ်တယ်လို့ ဆိုရပါမယ်…။
◾Blockchain တွေမှာတော့ Block တွေထပ်တိုးတိုင်း သူ့ရဲ့ အရွယ်အစားကြီးလာတာကြောင့် Size Limit မရှိဘူးလို့ ပြောလို့ရပါတယ်…။
၃)ဒီနည်းပညာက ဘာကြောင့် လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်တာလဲ…?
◾Blockchain တွေဟာ Decentralized Contributed Ledger ပါ။ ဆိုလိုတာကတော့ ဒီစာရင်းတွေဟာ အစိုးရ(သို့) လူတစ်ဦးတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘဲ အားလုံးဆီကို ဖြန့်ဝေပြီးသားဖြစ်လို့ ပြန်ပြင်ချင်ရင် တစ်ကမ္ဘာလုံးက စာရင်းတွေကို လိုက်ပြီးပြင်ဆင်မှ ရမယ်ဆိုတာပါ။
ဒီသဘောတရားကြောင့်ပဲ Blockchain Technology က လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။ ဒီနည်းပညာကို Digital Money Transaction တွေအပြင် ရွေးကောက်ပွဲစာရင်းတွေ၊ Smart Contraတီးတွေအတွက် အများဆုံးသုံးလေ့ ရှိကြပါတယ်…။
💵 ဒါကတော့ Cryptocurrency ကို စိတ်ဝင်စားသူတွေနဲ့ လေ့လာလိုသူတွေအနေနဲ့ Blockchain Technology အကြောင်း တီးမိခေါက်မိ ရှိအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်..။
👉ဒီလို အကြောင်းအရာ တချို့ကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ “Money Plus” ကို Like & Follow လုပ်ပြီး စောင့်ကြည့်ဖို့ မမေ့ပါနဲ့ ခင်ဗျာ…။

လူတိုင်းငွေကြေးပညာ တတ်မြောက်ရမည်။

09 788 080 026
09 788 080 027









ရွှေအိုး ၅ လုံး========သင့်ငွေစုခြင်းကိုစတင်ရန် ဤနည်းလမ်းကိုအသုံးပြုခြင်းသည် ကောင်းမွန်သောခြေလှမ်းတစ်ခုဖြစ်သည်။ သို့သော်...
24/12/2025

ရွှေအိုး ၅ လုံး
========

သင့်ငွေစုခြင်းကိုစတင်ရန် ဤနည်းလမ်းကိုအသုံးပြုခြင်းသည် ကောင်းမွန်သောခြေလှမ်းတစ်ခုဖြစ်သည်။ သို့သော် ဝင်ငွေပိုမိုရရှိရန် သို့မဟုတ် သင့်အသုံးစရိတ်များကိုလျှော့ချခြင်းဖြင့် ငွေပိုပြီးစုဆောင်းမိရန်မှာလဲ အရေးကြီးပါသည် ။ အဘယ်ကြောင့်နည်း။ ပိုမိုနားလည်သဘောပေါက်ရန် အောက်တွင်ဖော်ပြထားသော အဓိကစုငွေအမျိုးအစားသုံးမျိုးကို လေ့လာကြည့်ကြပါစို့။

၁။ Saving for emergencies

အရေးပေါ်အခြေအနေများအတွက် ငွေစုဆောင်းသိမ်းဆည်းခြင်း။

သင့်တွင် ငွေစုဖို့ရည်မှန်းချက်မရှိပါက ငွေစုရန် ခက်ခဲနိုင်သည်။ ယေဘုယျအားဖြင့် ၃ လ မှ ၆လ အထိအသုံးစရိတ်များ (အငှား/ပေါင်နှံခြင်း၊ ကုန်ခြောက်များ၊ အသုံးစရိတ်များ၊ ကျောင်းလခများစသည်ဖြင့်)ကို ကာ မိရန် အရေးပေါ်ရန်ပုံငွေရှိရန် အကြံပြုပါသည်။

အချို့သူများသည် ၎င်းတို့၏ လက်ရှိလစာ၏ ၃-၆ လကို ကာမိစေရန် လုံလောက်စွာ စုဆောင်းမိထားသော်လည်း အချို့မှာ မရှိမဖြစ်လိုအပ်သော အသုံးစရိတ်များကိုသာ ကာမိရန် ကြိုးစားကြသည်။

အချို့မှာမူ တစ်လဝင်လိုက် တစ်လပြန်သုံးလိုက်နဲ့ အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေသည်။

အရေးပေါ်အခြေအနေများကို ကာမိစေရန်အတွက် အရေးပေါ်ရန်ပုံငွေ ရှိနေရခြင်းသည် လွန်စွာအကျိုးရှိသည်။သင့်ကားသည် မမျှော်လင့်ထားသော ပြုပြင်မှုများ လိုအပ်သည့်အခါ၊ သင့်တွင် ဆေးဘက်ဆိုင်ရာ ဘေလ်များ ပေးဆောင်ရန်လိုအပ်သောအခါ သို့မဟုတ် သင့်အိမ်တွင် အ​ကြောင်းတစ်ခုခုကြောင့် အရေးပေါ် ငွေလိုသောအခါ Emergency Fund ခေါ် အရေးပေါ်စုဆောင်းထားငွေ နံ ဖြေရှင်းနိုင်ပါလိမ့်မယ်။

Saving for retirement

အငြိမ်းစားယူရန်အတွက် ငွေစုခြင်း

အငြိမ်းစားယူရန်အတွက် တတ်နိုင်သမျှ စောစီးစွာ ငွေစု ရန် အကြံပြုအပ်ပါသည် ။ သင့်တွင် အရေးပေါ်ရန်ပုံငွေကို တည်ဆောက်ထားပြီး သင်အနားယူတဲ့အခါ ငွေကြေးလုံလောက်မှုရှိဖို့ ငွေစုထားရန်လဲ လိုအပ်ပါသေးသည်။

မှန်ပါတယ်။ လူတိုင်းဟာ အသက်အရွယ်ရပြီးအိုမင်းမစွမ်းဖြစ်လာမှာတော့ အသေအချာပါပဲ။ တချိန်ကျတော့ အလုပ်မလုပ်နိုင်တော့ပါဘူး။

ဆိုတော့ ငယ်ရွယ်စဥ်ကတည်းက Retirement အတွက်ငွေစုဆောင်းထားဖို့လိုအပ်ပါတယ်။

Saving for a home

အိမ်အတွက် ငွေစုဆောင်းခြင်း

သင်သည် နေစအိမ်လေးတစ်လုံးတော့ ပိုင်ဆိုင်သင့်တယ်မဟုတ်လား။ဒီလိုပိုင်ဆိုင်ဖို့ကလဲ ငွေကြို အစီအစဥ်တကျ

ယခု 10% စည်းမျဉ်းသည် သင်၏ အရေးပေါ်ရန်ပုံငွေနှင့် အငြိမ်းစားစရိတ်များကို ကာမိရန် မလုံလောက်တော့ကြောင်း သင်သိထားပြီး၊ အိမ်ဝယ်ခြင်းကဲ့သို့သော အထူးရည်မှန်းချက်များအတွက် သင်စတင်စုဆောင်းလိုပါက ပို၍ပင်ဝေးကွာသွားရန်လိုအပ်သည်ဟု ယူဆနိုင်ပါသည်။

သင်၏ အရေးပေါ်ရန်ပုံငွေကို တည်ဆောက်ပြီး အငြိမ်းစားစုဆောင်းငွေ အစီအစဉ်များတွင် စာရင်းသွင်းပြီးသည်နှင့်၊ သင်သည် အိမ်ဝယ်ခြင်းကဲ့သို့ ပန်းတိုင်များကို ဆက်လက်ကြိုးစားပါ။လစဉ်ငွေပေးချေမှု၊ ချေးငွေနှုန်းကို လျှော့ချပြီး သင့်ပေါင်နှံမှုတစ်သက်တာတွင် သောင်းနှင့်ချီ၍ ချွေတာနိုင်သောကြောင့် ချွေတာခြင်းအတွက် ချွေတာ ခြင်းသည် စမတ်ကျသောစိတ်ကူးတစ်ခုဖြစ်သည်။

4.Saving for Investing

ရင်းနှီးမြှုပ်နှံရန် ငွေစုဆောင်းခြင်း

Investment ခေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့က ငွေရှိနေမှရတာပါ။ ဒါကြောင့် ဝင်ငွေရဲ့ တချို့ တလေကို Investing အတွက် စုဆောင်းထားပါ။ ငွေရှင်ကြေးရှင်အဆင့်ရောက်မှသာ ရင်းနှီးမြှုပ်နှံပါ။ တချို့က Investment အတွက် OPM ကိုသုံးကြပါတယ်။ OPM ဆိုတာက Other People Money ကိုခေါ်တာပါ။ သဘောက သူများငွေကြေးကိုယူပြီးရင်းနှီးမြှုပ်နှံပေးတာပါ။ တကယ်က ဒီလိုအခြေအနေက တကယ့်ကျွမ်းကျင် Investor အဆင့်ရောက်မှ လုပ်နိုင်တာပါ။ သို့ပေမဲ့ ဒီမှာတော့ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ကိုပဲ ရည်ရွယ်ပါ။ ငွေပိုငွေလျှံများလာတဲ့အခါ ရင်းနှီးမြှုပ်နှံခြင်းလမ်းစဥ်ကို စတင်ပါ။

Saving for Happy

ပျော်ရွှင်ဖို့ငွေစုပါ။

ကိုယ်လိုချင်တာဝယ်ဖို့ ၊ ကိုယ်သုံးချင်တာသုံးဖို့ ၊ ကိုယ်ဝါသနာပါတာတွေလုပ်ဖို့ စသဖြင့် ငွေစုပါ။

ပျော်ရွှင်ဖို့အတွက်ကလဲ ငွေစုထားသင့်ပါတယ်။လူတွေမှာ ကိုယ်စားချင်တဲ့အရာတွေ ၊ ကိုယ်သွားချင်တဲ့နေရာတွေ ရှိကြတယ်မဟုတ်လား။ ဒီလိုနေရာတွေမှာ အသုံးပြုဖို့က ငွေစုထားပါ။

Money Plus
ငွေကြေးပညာတတ်မြောက်ရမည်။

Income တစ်ခုကို  တဆင့်ချင်းစီ ဘယ်လို ရှာကြမလဲ?==================================တွေ့ဖူးမှာပါ။ Golf ကွင်းက စားသောက်ဆိုင်ပ...
23/12/2025

Income တစ်ခုကို တဆင့်ချင်းစီ ဘယ်လို ရှာကြမလဲ?
==================================

တွေ့ဖူးမှာပါ။ Golf ကွင်းက စားသောက်ဆိုင်ပိုင်ရှင်ကြီးတွေ တစ်လ ကိုယ်ပိုင်ဝင်ငွေ ကိုပဲ ရာနဲ့ချီဝင်တာ၊ ငွေကြေးအကြံပေး ဆရာကြီးတွေ တလကို သိန်း 50 လောက်ဝင်နေတာ၊ ပစ္စည်း တွေရောင်းပြီး အိမ်ကောင်းကောင်း ဆောက်နိုင်သွားတာ ဒါတွေကြည့်လိုက်ရင် ရှားသလိုနဲ့ တအားများပါတယ်။

ဒါဆို မေးစရာပေါ်လာတာက သူတို့ဘယ်လိုလုပ်လိုက်ကြတာလဲ?

အဓိက ခွဲလိုက်ရင် တူညီတာက စိတ်ဓာတ်အတွေးအခေါ်၊ မဆုတ်မနစ် ကြိုးစားတာ နဲ့ ဘယ်သွားမလဲ ဆိုတာ သိနေနိုင်တဲ့ ဘ၀လမ်းကြောင်းတစ်ခုရှိနေလို့ပါပဲ။ ဒီလို အောင်မြင်ဖို့က အချိန်လည်းတအားယူရသလို ပေးဆပ်ရတာတွေလည်း အများကြီးပါ။ အခုပြောမယ့် နမူနာတွေက အရင်အချိန်က ပြည်တွင်း နမူနာ တွေဆိုတော့ အခုအချိန်နဲ့ နမူနာတွေနဲ့ ကွာကောင်းကွာပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေးလောကမှာလူသိများတဲ့ Marketer တစ်ယောက်ဆိုရင် Pc ကွန်ပျူတာ တွေ သန့်ရှင်းရေးလုပ်ရတဲ့ကောင်လေးအနေနဲ့စခဲ့တာပါ။ အောက်ခြေက စရပေမယ့် စိတ်ဓာတ်အတွေးအခေါ် က ဘာလုပ်လုပ် အမြဲ အစွမ်းကုန်လုပ်ပေးတဲ့အပြင်၊ သူ့ အားစိုက်တာ တွေက သက်သေပြတာကြောင့် တစ်လ ဆယ်ဂဏန်းဝင်တဲ့ Management Level Marketer တစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတဖြေးဖြေးနဲ့ Brand တည်ဆောက်လာခဲ့တာ အခုဆို လူတိုင်း သိတဲ့ အရှိန်အဝါ ကြီးတဲ့ Marketer တစ်ယောက် ဖြစ်လာပါပြီ။

IT သမားတစ်ယောက်ဆိုရင် အရင်က အစိုးရဝန်ထမ်းတစ်ယောက်ပါ။ ဒါပေမယ့် စိတ်ဓာတ်အတွေးအခေါ် တစ်ခုရှိတာကြောင့် အမြဲကြိုးစားတယ်၊ အရင်က လမ်းပြမယ့်သူမရှိတော့ အမှားအများကြီးလုပ်ခဲ့ပေမယ့် အခုချိန်မှာလူငယ်တွေကိုအခွင့်အရေးပေးနေတဲ့ လမ်းပြနေတဲ့ သူဖြစ်လာပြီး သူ့ စိတ်ဓာတ်အတွေးအခေါ်က သိမ်မွေ့ ပါတယ်။နောက်ပြီး ဆယ်စုနှစ်ကြာ အချိန်ယူပြီး တည်ဆောက်လာခဲ့တဲ့ သူ့ လုပ်ငန်းက အလိုလို လည်ပတ်နေပေမယ့် သူကိုယ်တိုင် ကွင်းဆင်းပြီး အလုပ်လုပ်နေတတ်တဲ့ စီးပွားရေသမားတစ်ယောက်ပါ။ စေတနာထားတာကြောင့်လည်း မြန်မာနိုင်ငံက နာမည်ကြီး ဟိုတယ်တွေ၊ နောက်ဆုံး 2020 နောက်ပိုင်းက မြန်မာနိုင်ငံမီးသတ်ဌာနကို ဝန်ဆောင်မှု ပေးနိုင်တဲ့အထိ အားကောင်းတာပါ။

ဒီ နမူနာတွေကြည့်ခြင်းအားဖြင့် စိတ်ဓာတ်အတွေးအခေါ်က သိမ်မွေ့ တာ၊ စေတနာထားတာ၊ မဆုတ်မနစ် ကြိုးစားတာတွေတွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒီလိုမျိုး အရည်အချင်းတွေ ရှိနေပေမယ့်လည်း ကိုယ့်မှာ Service ပေးနိုင်တဲ့ အရည်အချင်း တစ်ခုမရှိရင်လည်း အလကားပါပဲ။ အရည်အချင်း ရှိပေမယ့်လည်း နာမည်ကောင်းမရှိရင် စီးပွားရေး အသိပညာ မရှိရင်လည်း အောင်မြင်ဖို့မလွယ်ပါဘူး။

အလွယ်ကူဆုံးနည်းက အလုပ်လမ်းကြောင်းတစ်ခုထဲဝင်ပါ။ ရင်းနှီးမြှပ်နှံလို့ရအောင် ငွေတိုးအောင်လုပ်ပါ။ ငွေက စပွားတာ အရှိန်ရှိလာရင် ပွားလေလေ ဆိုတဲ့အတွက်ကြောင့် ဘယ်လောက်နည်းနည်း အရင်ရှာတတ်ဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက Network နဲ့ Experience တွေစုဆောင်းပါ။ ဒီမှာလူငယ်တွေကို စကားချပ်ချင်တာက ကိုယ့်မှာ ပန်းတိုင်တစ်ခုရှိပေမယ့် ဝါသနာပါတာ စိတ်ဝင်စားတာတွေအကုန် မျိုးစုံလုပ်ကြည့်ပါ။ ဒါပေမယ့် အကျမနာဖို့ ထမင်းစားလက်မှတ်တစ်ခုရှိမှာကတော့ ေသချာပါစေ။

ကိုယ့်မှာ အရည်အချင်းတစ်ခုရှိလာပြီဆို စပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ကြည့်ဖို့ အားပေးပါတယ်။ တစ်ခုရှိတာက ဒီလိုလုပ်ဖို့အတွက်ကြောင့် အရေးကြီးတာတွေ မစွန့်ပစ်ပါနဲ့။ မိသားစုနဲ့ ကိုယ့်ကျန်းမာရေးတွေဟာ စီးပွားရေးအရ ကြည့်မယ်ဆိုရင်တောင် အဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ။ လမ်းကြောင်း သေချာချပြီး လိုက်လုပ်နိုင်တဲ့ လူက သူ့ရဲ့ ပန်းတိုင်တွေ ရည်မှန်းချက် တွေကို ပြည့်စုံနိုင်မှာအမှန်ပါပဲ။

Money Plus
လူတိုင်းငွေကြေးပညာတတ်မြောက်ရမည်။



Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959740862688

Website

Alerts

Be the first to know and let us send you an email when Money Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Money Plus:

Share