CDM Support Team Mandalay - CSTM

CDM Support Team Mandalay - CSTM CSTM is a local organization based in Mandalay that supports CDMers mainly in Mandalay.

On February 1, 2021, Myanmar military illegally overthrew a democratically elected government of the country based on trumped-up claims of voter fraud and detained cabinet members including president U Win Myint and State Counsellor Daw Aung San Suu Kyi, opposition politicians, writers, and activists and trialed under make-up charges. On February 2, 2021, doctors and nurses from 300-bedded Childre

n Hospital from Mandalay refused to work in a way of protest against the coup, widely known as “Civil Disobedience Movement (CDM)”. The movement clearly declared that democracy must be restored, and state power returned to elected legitimate civilian government. Thousands of civil servants across the country joined the CDM on the following days which almost stopped the functions of ministries and government offices. On Feb 4, 2021, a group of youths started protesting peacefully in front of University of Medicine Mandalay and it spread to the whole country on the days that follow. But the military brutally cracked down on those peaceful protesters, and unlawfully detained many, just as they did in the 1988 uprising. (Note**The crackdown had left 1803 civilians killed, 13526 detained as of May 2, 2022 according to Assistance Association for Political Prisoners (AAPP) and there could be even more which are not in the AAPP’s list.) CDM Support Team Mandalay (CSTM) was formed on February 4, 2021 with community leaders, doctors, teachers, students, activists, and civil society organizations, after having initiated two wings for the resistance against the coup; CSTM and Peaceful Protests. We aim at supporting CDMers and their families financially including foo, health care and safe shelters as they join the movement by losing their jobs. Hundreds of them are currently on the run, thousands have been unlawfully forced out of state-provided housing, and tens of thousands are facing financial difficulties. CSTM has supported thousands of CDMers including police and military officers mainly in Mandalay Region and some across the country since the coup. We have established several community-based emergency response centers in Mandalay with the help of healthcare professionals as state-run hospitals were shut down due to mass CDM. We also created a network of CDM Support teams in the region and regularly hold online meetings to discuss, analyze, and make strategic decisions on supporting, cooperating, and sharing information among the teams in future. It is estimated that there are over 50,000 civil servants in the Mandalay region alone, and over 30,000 of them have joined CDM. As the junta has been forcefully firing CDMers, those who live in state-provided housing have to move out, leaving both the house and the job behind. All do not have income now, and a large percentage of them face financial difficulty for their basic needs. They are in urgent need of financial support to survive and to continue their resistance against military coup. Your help, now matter how big or how small, has a huge impact on our cause for democracy and freedom!

07/10/2024

‘စစ်ဘေးဒဏ်များ အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်ကြပါစေ’

ဒီလ ၂၀/၂၁ ရက်တွေမှာ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာနဲ့ ၂၂ ရက်နေ့မှာ မြင်းခြံမြို့နယ်ခြေဆေးရွာတွေကို စကစရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ကြရတယ်။

အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရကြသေဆုံးခဲ့ကြရတယ်။ တဆက်ထဲ တောထဲတောင်ထဲ လယ်ကွင်း လျှိုမြှောင်ထဲ စစ်ဘေးရှောင်နေရတဲ့ အပြစ်မဲ့ပြည်သူတွေ များပြားလာတယ်။

ငါန်းမြာကြီးမှာ
သေဆုံးသူ ၁၂ ဦးရှိပြီး
ပြင်းထန်စွာဒဏ်ရာရသူ ၇ ဦး( ပေးပို့စာရင်းအရ) ရှိပြီး
ခြေဆေးရွာမှာ
သေဆုံးသူ ၁ ဦး၊
ဒဏ်ရာပြင်းသူ ၃ ဦး ရှိတယ်။
အမျိုးသမီးအများစုပါဝင်ပြီး အသက် ၂၁ နှစ်အရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးလည်းပါဝင်ကာ ခြေထောက်တဖက်ပြတ်သွားတယ်။

စစ်ဘေးရှောင်တွေများပြားလာတဲ့ကြားက လိုအပ်ချက်တွေရဲ့အနည်းဆုံးကိုတောင် ကူညီနိုင်ရေး အခြေအနေမရှိသေးချိန်မှာ စေတနာရှေ့ထားပေးပို့လာတဲ့ အလှူရှင်အဖွဲ့တစ်ခုရဲ့ သိန်း(၅၀)ကျပ်ကို ထိရောက်မြန်ဆန်စွာနဲ့ EMC ကချိတ်ဆက် ထောက်ပံ့ပေးခဲ့ပါတယ်။

သေဆုံးသူမိသားစုတစုကို ၃ သိန်းကျပ် နဲ့ (၃၉) သိန်း၊
ဒဏ်ရာရကိုယ်ဝန်ဆောင်တဦးကို (၂) သိန်းကျပ်၊
ကျန်ဒဏ်ရာရသူ (၉) ဦးကို တသိန်းကျပ်စီနဲ့(၉) သိန်း
အားလုံးပေါင်း သိန်း (၅၀) ကျပ်တိတိကို ထောက်ပံ့ရန် မြေပြင်ရှိ EMC အဖွဲ့ဝင်များနဲ့ဒေသခံလူစာနာဆောင်ရွက်သူတို့ ချိတ်ဆက်ပြီး
ကိုယ်ထိလက်ရောက် ပေးပို့ရန်စီစဉ်ပြီးပါပြီ။

အလှူရှင်အဖွဲ့ကိုလည်း ဘေးကင်းလုံခြုံပြီး ကျန်းမာစွာနဲ့ လူထုအကျိုးကို စိတ်ရှိတိုင်း လုပ်ဆောင်ကူညီနိုင်ပါစေ၊
လူထုတရပ်လုံး စစ်ဘေးဒဏ်များ
အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက်။

လူထုသစ္စာတည်မြဲစွာဖြင့်
EMC Mandalay

(မှတ်တမ်းဓါတ်ပုံများကို အခြေအနေပေးပါက နောင်တွင်ဖေါ်ပြပေးပါမယ်။)







ကျနော်တို့ရဲ့ ဒုတိယ (2022 မှာပထမအကြိမ်) သုတေသနစာတမ်းကို ဖြေဆိုပေးကြပါရန်နှင့် မိမိ၏ပတ်ဝန်းကျင်၊ အဖွဲ့အစည်းများကို ထပ်ဆင်...
20/09/2023

ကျနော်တို့ရဲ့ ဒုတိယ (2022 မှာပထမအကြိမ်) သုတေသနစာတမ်းကို ဖြေဆိုပေးကြပါရန်နှင့် မိမိ၏ပတ်ဝန်းကျင်၊ အဖွဲ့အစည်းများကို ထပ်ဆင့်မျှဝေပေးကြပါရန် လေးစားစွာအကူအညီတောင်းအပ်ပါတယ်။

အထူးလေးစားစွာဖြင့်။
SEED&TREED

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ပြည်သူလူထုတစ်ရပ်လုံး သည် အနည်းနှ....

JCC-CDM က ရေးသားပြုစုထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အများပြည်သူလေ့လာနိုင်စေရန်အတွက် ထုတ်ပြန်အပ်ပါသည်။
20/01/2023

JCC-CDM က ရေးသားပြုစုထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အများပြည်သူလေ့လာနိုင်စေရန်အတွက် ထုတ်ပြန်အပ်ပါသည်။

NUCC ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနေ့စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်...
20/01/2023

NUCC ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ

နေ့စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်

JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ အောက်ပါ မူဝါဒလေးရပ်ကို ချမှတ်သည်။

၁။ နိုင်ငံ့ဝန်ထမ်း CDM များသည် တိုင်းပြည်ပြောင်းလဲရေးအတွက် တော်လှန်ရေး၏ အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်သည်ကို NUCC အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

၂။ CDM နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ပြန်လည် ရှာဖွေဖော်ထုတ်ခြင်းတွင် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနှင့် တရားမျှတမှု ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစား ပေးခြင်းတို့ ပါဝင်သည်။

၃။ JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ရေးဆွဲသွားရန် ဖြစ်သည်။

၄။ နိုင်ငံ့ဝန်ထမ်း CDM များအပါအဝင် ပြည်သူလူထုတရပ်လုံးအပေါ် အာဏာရှင် ထောက်တိုင်များ ဖြစ်ကြသည့် Non-CDM များက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း သက်သေအထောက်အထားများ တွေ့ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးမှ တရားဝင်အတည်ပြုထားသော သက်ဆိုင်ရာဒေသ ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်။

🔔🔔🔔📢📢📢
04/07/2022

🔔🔔🔔📢📢📢

01/06/2022

အသိပေးခြင်း📢

မေလ ၂၀/၂၁ ရက်နေ့များတွင် ‌ထောက်ပံ့ချီးမြှင့်ငွေ လွှဲမည်ဟု ပြောကြားထားပီး ငွေလွှဲမရောက်သေးသူများ ယခုပြန်လည် စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာသွားခဲ့ရသည့်အတွက် အားနာရပါသည်။

🛑 ငွေလွှဲရောက်မရောက် စစ်ဆေးပေးပါရန်နှင့် ငွေလွှဲမရောက်ရှိပါက ပြန်လည် အသိပေးပါရန် အသိပေးလိုက်ရပါသည်။

16/05/2022

Non CDM များကို ဘာ့ကြောင့်အရေးယူသင့်သလဲ
———————————_ ———————————-

ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ် ။
CDM Vs Non CDM ကိစ္စဟာ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်အရေးနှင့် ထပ်တူထပ်မျှ အရေးကြီးပါတယ်။
အကိုင်အတွယ်မတတ်ရင် တိုင်းပြည်မှာ အလွန်ကြီးမားတဲ့ အကြပ်အတည်းနဲ့ ကြုံတွေ့မှာ မလွဲမသွေပါ။

ပထမဆုံးတွေ့ကြုံရမယ့် အခက်အခဲကတော့
Non CDM တွေကို ဘာလုပ်ကြမလဲ ဆိုတဲ့ ပြဿနာပါ ။
Non တွေကို အရေးယူမည်လော ၊ အရေးမယူဘူးလော ??

ဒီနေရာမှာ ဝိဝါဒကွဲကြပါတယ် ။
လူ့အခွင့်အရေးရှုထောငိ့နှင့် နိုင်ငံတကာစံချိန်စံနှုန်းများကို အလေးထားသူများကတော့ နန်းများကို အရေးယူခြင်းဟာ မဖြစ်သင့်ဘူး ။
CDM များကို ကောင်းကောင်းမွန်မွန်ချီးမြှောက်ဖို့ကသာ အဓိကဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်လာကြပါတယ် ။
နိုင်ငံတကာ စံချိန်စံနှုန်းများအရ ကြည့်မယ်ဆိုရင်တော့ ဒါဟာ မှန်ကောင်းမှန်ပါလိမ့်မယ် ။
ဒါပေမယ့် နိုင်ငံတကာစံချိန်စံနှုန်းများ + ကျွန်တော်တို့ မြန်မာပြည်ရဲ့ ပစ္စက္ခအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ် ။

အရာရာတိုင်းကို နိုင်ငံရေးသီအိုရီများအပေါ်ချည်း အခြေခံစဉ်းစားလို့မရပါဘူး ။
မြေပြင်က ပြည်သူလူထုရဲ့ အသံကို နားထောင်ရပါမယ် ။
ယခုကာလမှာ CDM များ စိတ်ရောကိုယ်ပါ ဒုက္ခရောက်နေရတဲ့အတွက် တော်လှန်ရေးအလွန်ကာလမှာ
`ငါတို့ ခံစားခဲ့ရသလို ဒင်းတို့လည်း ခံစားစေရမယ်’ ဆိုတဲ့စိတ်ခံစားမှုအပေါ် အခြေခံပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ ကျွန်တော်တို့ဟာ တောင်းဆိုနေတာမဟုတ်ပါဘူး ။
ကျွန်တော်တို့တောင်းဆိုနေတာဟာ
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ( Transitional Justice ) ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ
(၁) ၁၉၆၂ အာဏာသိမ်းမှုရဲ့ တရားခံ နေဝင်းဟာလည်း အပြစ်ပေးမခံရဘဲ သေဆုံးသွားတယ် ။
(၂) ၁၉၈၈ အာဏာသိမ်းမှုရဲ့ တရားခံ စောမောင်သည်လည်း အပြစ်ပေးမခံသွားရဘူး။
(၃) သန်းရွှေ တို့ ခင်ညွှန့်တို့ဟာလည်း ယနေ့အချိန်ထိ ပန်းပန်လျက်ဘဲ ရှိနေသေးတယ် ။
သေချာတာကတော့
(၄) ၂၀၂၁ အာဏာသိမ်းမှုရဲ့ တရားခံ မင်းအောင်လှိုင်ကိုတော့ သူရှေ့က စီနီယာများကဲ့သို့ ပြစ်ဒဏ်မှ ကင်းလွတ်ခြင်း လုံးဝ ပြုလို့မဖြစ်ပါဘူး ။
နန်း တွေဟာလည်း အာဏာသိမ်းမှုရဲ့ တရားခံ စစ်သူပုန်ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ အထောက်အပံ့ပြုခဲ့တာချည်းပါဘဲ ။

နိုင်ငံရဲ့ အာဏာကို လက်နက်နှင့် သိမ်းယူခြင်းဆိုတဲ့ အဓမ္မမှုပါ ။
ယနေ့လက်ရှိ တိုင်းပြည်ရဲ့ ပြဿနာဟာ
နိုင်ငံရေးသဘောထားအမြင် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသုက္ခတွေ မဟုတ်ပါဘူး ။
နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ရာဇဝတ်မှု + လူမျိုးတုံးသတ်ဖြတ်မှု တွေကို ကျူးလွန်နေတဲ့ အဓမ္မမှုပါ ။
နိုင်ငံရေးသဘောထားကွဲလွဲမှု မဟုတ်ဘဲ
အဓမ္မ နှင့် ဓမ္မ အားပြိုင်နေကြတဲ့အချိန်မှာ ဓမ္မဘက်က မရပ်တည်ခဲ့သော Non CDM ဝန်ထမ်းများဟာလည်း ၎င်းတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှု အကြီးအသေးအလျောက် မဖြစ်မနေ အရေးယူရပါလိမ့်မယ် ။

အထက်မှာ ပြောခဲ့သလိုပါဘဲ……. နန်းများဟာ အာဏာသိမ်းမှုရဲ့ တရားခံ စစ်သူပုန်ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ အထောက်အပံ့ပြုခဲ့တာဖြစ်တဲ့အတွက် တိုက်ရိုက်အထောက်အကူပြုခဲ့သူများကတော့ ရာဇဝတ်ကြောင်းအရ အရေးယူရမှာဖြစ်ပြီး ( ဥပမာ - Dr ခင်ခင်ကြီးလို လူမျိုး )
သွယ်ဝိုက်သောအားဖြင့် အထောက်အကူပြုခဲ့သူများကတော့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ အရေးယူရပါလိမ့်မယ် ။

ဒီလို အရေးယူမှုများဟာ စိတ်ခံစားချက်ကို အခြေခံပြီး တရားလက်လွတ်ပြုကျင့်ရမှာ မဟုတ်ဘဲ
တဦးချင်းစီအလိုက်ကို ဌာနဆိုင်ရာစုံခုံ တွေ ဖွဲ့ပြီး စစ်ဆေးကြရမှာပါ ။
အဲ့ဒီလို စစ်ဆေးချိန်မှာလည်း Non များကို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ စစ်ဆေး အရေးယူရမှာ ဖြစ်ပါတယ် ။
ဒီနေရာမှာမှ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရဲ့ အခန်းကဏ္ဍက ပါလာမှာပါ ။

📌📌လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာတွေကို ထောက်ရှုလို့ နန်းများကို အရေးမယူသင့်ပါဘူးဆိုတာကတော့
စံချိန်စံနှုန်းများကို လေးစားလိုက်နာခြင်းမဟုတ်ဘဲ
အပြစ်ကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဘဲ ဖြစ်ပါတယ် ။ 📌📌

နိုင်ငံရဲ့ အနာဂါတ်ကို ရေးဆွဲနေတဲ့ Policy Maker များရဲ့ အပြောအဆို တခွန်း ၊ ရေးသားချက် တကြောင်းဟာ တိုင်းပြည်ရဲ့ အနာဂါတ်ကို အများကြီး ပြောင်းလဲ သွားနိုင်ပါတယ် ။
တိုင်းပြည်မှာရှိနေတဲ့ လူထုရဲ့ အခြေအနေကို ထင်ဟပ်နိုင်ဖို့က နံပါတ်တစ် အရေးကြီးဆုံးပါဘဲ ။

📌📌အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို မဖော်ဆောင်ပေးနိုင်ရင် တိုင်းပြည်ရဲ့ အနာဂါတ်ကို ရေးခြယ်ကြမယ့်လူများဟာ သမိုင်းတရားခံ ဖြစ်ပါလိမ့်မယ် 📌📌

Non CDM များကို ၎င်းတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှု အလျောက် အပြစ်မပေးနိုင်ဘူးဆိုရင်တော့ဖြင့်……..

သေချာပါတယ် ၊ တော်လှန်ရေးအလွန်ကာလမှာ ကျွန်တော်တို့ တိုင်းပြည်ကနေ ကောင်းသော တော်သော လူ့စွမ်းအားအရင်းအမြစ်များ အလုံးအရင်းလိုက် ဆုံးရှုံးမှုကို မလွဲမသွေ ခံစားတွေ့ကြုံကြရပါလိမ့်မယ် ။

Dr. Soe Thuya Zaw

“မြန်မာနိုင်ငံအတွင်း ကြီးမားသောနိုင်ငံရေးလှုပ်ရှားမှုများနှင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိ...
12/05/2022

“မြန်မာနိုင်ငံအတွင်း ကြီးမားသောနိုင်ငံရေးလှုပ်ရှားမှုများနှင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ စစ်တမ်းမေးခွန်းလွှာ (၂၀၂၁-၂၀၂၂)”

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော မြန်မာနိုင်ငံရှိ နိုင်ငံရေးမငြိမ်သက်မှုနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် အနည်းနှင့်အများ စိတ်သောကရောက်နေကြရပါသည်။ ထို့အပြင် ကုန်စျေးနှုန်းများအဆမတန်ကြီးမားလာခြင်း၊ ငွေကြေးတည်ငြိမ်မှုမရှိခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါးပြတ်လပ်မှုကြောင့်လည်း စားဝတ်နေရေးခက်ခဲမှုဒဏ်ကို ခံစားနေရပါသည်။ အချို့မှာအတည်တကျနေထိုင်နိုင်ခြင်းမရှိပါပဲ ဆောက်တည်ရာမရဖြစ်နေကြရပါသည်။ နိုင်ငံရေးမငြိမ်သက်မှုကြောင့် လူအချင်းချင်းကြား သဘောထားကွဲလွဲမှုများ၊ ဆက်ဆံရေးပျက်ယွင်းမှုများနှင့် လူမှုရေးမယုံကြည်မှုများလည်း ဖြစ်ပေါ်လျက်ရှိကြသည်။

ထိုသို့သောအခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ထိခိုက်ခံစားနေကြရသည်ကို တွေ့မြင်နေရပါသည်။ ထိုစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုများ ရှိမရှိကို စနစ်တကျစူးစမ်းလေ့လာဖော်ထုတ်လိုသည့်အတွက် ဤသုတေသနမေးခွန်းများကို ဖြေဆိုပေးကြပါရန် လေးစားစွာဖြင့် အကူညီတောင်းအပ်ပါသည်။

ဤမေးခွန်းများအား မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး မည်သူမဆို ပါဝင်ဖြေဆိုနိုင်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

လေးစားမှုဖြင့်
Renaissance Mandalay
Social & Health Research Corner
Mandalay, Myanmar.

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော မြန်မာနိုင်ငံရှိ နိုင်ငံရေးမငြိမ်သက်မှုနှင့် ကိုဗစ်ကပ်ရောဂါတို့ကြော.....

🏁🎉 “(၇) ကြိမ်မြောက် ခြေလှမ်း” 🎉🏁(၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၈ ရက်ထိ)CSTM အဖွဲ့အနေဖြင့် ယခု (၇) ကြိမ်မြောက်တွင် C...
02/05/2022

🏁🎉 “(၇) ကြိမ်မြောက် ခြေလှမ်း” 🎉🏁

(၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၈ ရက်ထိ)

CSTM အဖွဲ့အနေဖြင့် ယခု (၇) ကြိမ်မြောက်တွင် CDM ဝန်ထမ်း တစ်ဦးလျှင် သုံးသောင်းကျပ်၊ ကိုယ်ဝန်ဆောင်သည်ဆိုပါက ငါးသောင်းကျပ် ထောက်ပံ့ပေးခဲ့ရာ ယခုအကြိမ်တွင် (၉၃၃) ဦး ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ငွေပမာဏအားဖြင့် ၃၃,၆၀၅,၀၀၀ ကျပ်တိတိ (စာဖြင့်- သုံးရာသုံးဆယ့်‌ခြောက်သိန်းငါးထောင်) ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

မိမိတို့ CSTM အနေဖြင့် (၈) ကြိမ်မြောက်ဆီသို့ အားအင်အပြည့်ဖြင့် ဆက်လက်လျှောက်လှမ်းဦးမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
#အရေးတော်ပုံအောင်ရမည်

“မြန်မာနိုင်ငံအတွင်း ကြီးမားသောနိုင်ငံရေးလှုပ်ရှားမှုများနှင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိ...
25/04/2022

“မြန်မာနိုင်ငံအတွင်း ကြီးမားသောနိုင်ငံရေးလှုပ်ရှားမှုများနှင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ စစ်တမ်းမေးခွန်းလွှာ (၂၀၂၁-၂၀၂၂)”

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော မြန်မာနိုင်ငံရှိ နိုင်ငံရေးမငြိမ်သက်မှုနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် အနည်းနှင့်အများ စိတ်သောကရောက်နေကြရပါသည်။ ထို့အပြင် ကုန်စျေးနှုန်းများအဆမတန်ကြီးမားလာခြင်း၊ ငွေကြေးတည်ငြိမ်မှုမရှိခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါးပြတ်လပ်မှုကြောင့်လည်း စားဝတ်နေရေးခက်ခဲမှုဒဏ်ကို ခံစားနေရပါသည်။ အချို့မှာအတည်တကျနေထိုင်နိုင်ခြင်းမရှိပါပဲ ဆောက်တည်ရာမရဖြစ်နေကြရပါသည်။ နိုင်ငံရေးမငြိမ်သက်မှုကြောင့် လူအချင်းချင်းကြား သဘောထားကွဲလွဲမှုများ၊ ဆက်ဆံရေးပျက်ယွင်းမှုများနှင့် လူမှုရေးမယုံကြည်မှုများလည်း ဖြစ်ပေါ်လျက်ရှိကြသည်။
ထိုသို့သောအခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ထိခိုက်ခံစားနေကြရသည်ကို တွေ့မြင်နေရပါသည်။ ထိုစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုများ ရှိမရှိကို စနစ်တကျစူးစမ်းလေ့လာဖော်ထုတ်လိုသည့်အတွက် ဤသုတေသနမေးခွန်းများကို ဖြေဆိုပေးကြပါရန် လေးစားစွာဖြင့် အကူညီတောင်းအပ်ပါသည်။
ဤမေးခွန်းများအား မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး မည်သူမဆို ပါဝင်ဖြေဆိုနိုင်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

လေးစားမှုဖြင့်
Renaissance Mandalay
Social & Health Research Corner
Mandalay, Myanmar.

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော မြန်မာနိုင်ငံရှိ နိုင်ငံရေးမငြိမ်သက်မှုနှင့် ကိုဗစ်ကပ်ရောဂါတို့ကြော.....

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when CDM Support Team Mandalay - CSTM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CDM Support Team Mandalay - CSTM:

Share