Center For Kachin Studies-CKS

Center For Kachin Studies-CKS A group of the Kachin researchers formed CKS to study on the issues of the Kachin and beyond.

09/17/2023

၁၆ စက်တင်ဘာ ၂၀၂၃ တွင် နေပြည်တော် အေလာ လေတပ် လေယာဉ်ကွင်း တိုက်ခိုက်ခံရ

ထိုင်း-ကရင်နယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ရှိ စကစ၏ စစ်စခန်းသိမ်းပိုက်ခံရ၁၇ စက်တင်ဘာလ ၂၀...
09/17/2023

ထိုင်း-ကရင်နယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ရှိ စကစ၏ စစ်စခန်းသိမ်းပိုက်ခံရ

၁၇ စက်တင်ဘာလ ၂၀၂၃ Center For Kachin Studies-CKS

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့က ရိတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာ အနီးတွင်တည်ရှိ သော စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းအမြောက်အများကို ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း (၁၈) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ စက်တင်ဘာလ ၁၄ရက်၊ နံနက် (၇း၅၅) မိနစ်မှ စတင်၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ နံနက် (၈း၂၀) မိနစ် အချိန်ခန့်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း မြောက်များစွာ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
၎င်းစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ (၉) ဦးသေဆုံးပြီး အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ KNLA - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲမှလည်း (၃) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အာဏာသိမ်း စစ်ကောင်စီတပ် ရေတလျောက် စခန်းမှ သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
KNU - အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) အတွင်းတွင် တည်ရှိသော အာဏာသိမ်း စစ်ကောင်စီတပ်စခန်းများမှာ KNLA - တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်မှုအဖြင့် သော်လည်းကောင်း၊ ပျောက်ကျား ပစ်ခတ်မှု အဖြင့်သော်လည်းကောင်း နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား KNLA - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်မှုအဖြင့် သော်လည်းကောင်း နေ့စဥ်နှင့်အမျှ ပြုလုပ်နေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရ ဦးရေများပြားလာကြောင်းလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ပြောသည်။
ထို့အပြင် စခန်းတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်များ နှင့် ၎င်းတို့၏ မိသားစုများမှာလည်း စိတ်ဓာတ်ပိုင်းအရ သော်လည်းကောင်း ကျဆင်းလျက်ရှိကာ အာဏာဖြင့်အကြမ်းဖက်အုပ်ချုပ်နေသော ၎င်းတို့၏ တပ်အား စွန့်ခွာထွက်ပြေး၍ KNU - ကရင်အမျိုးသားအစည်းအရုံး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်းများစွာလည်း ရှိနေသည်ဟုလည်း ဆိုထားသည်။
Credit - KIC
Photo -KNU

09/17/2023

လိုင်ဇာကို ကြည်းတပ် နှင့် လေတပ် ဖြင့် အကြီးအကြဲ ထိုစစ်ဆင်နေ

၁၇ စက်တင်ဘာ ၂၀၂၃ Center For Kachin Studies-CKS

၁၇ စက်တင်ဘာတွင် စကစ စစ်သား ၁၅၂ ယောက်သည် လိုင်ဇာနှင့် အလွန်နီးကပ်သော နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
KIO ဌာနချုပ် လိုင်ဇာတွင် စကစမှ ထိုး စစ်အကြီးစား လုပ်ဆောင်နေပါသည်။ လက်ရှိတွင် လိုင်ဇာဝန်းကျင် သို့ စကစ စစ်အင်အား အလုံးအရင်းဖြင့် ပို့ဆောင်ထားပြီးဖြစ်သလို နေ့တိုင်း ကြည်းတပ်၊ လေတပ်များဖြင့် အကြိပ်အနယ် ထိုးစစ်ဆင်လျက်ရှိနေသည်။ မြစ်ကြီးနားမှ တက်လာသော စကစ ၏ စစ်လေယာဉ်များ ကို ဖျက်စီးနိုင်ခြင်းမရှိသေးကြောင်း နှင့် မန်မော ဖက်မှ တက်လာသော စကစ စစ်သားများသည်လည် လိုင်ဇာဝန်းကျင်တို့ ဆက်လက် ရောက်ရှိနေဆဲဖြစ်သည်။

KNU နှင့် စစ်ရှုံး၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခိုလုံနေသော စကစ စစ်သားများအဖမ်းခံရ၁၅ စက်တင်ဘာ ၂၀၂၃ Center For Kachin...
09/16/2023

KNU နှင့် စစ်ရှုံး၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခိုလုံနေသော စကစ စစ်သားများအဖမ်းခံရ

၁၅ စက်တင်ဘာ ၂၀၂၃ Center For Kachin Studies-CKS

စက်တင်ဘာ ၃ ရက်တွင် KNU နှင့် စစ်ပွဲအတွင်း စစ်ရှုံး၍ ထိုင်းနိုင်ငံအတွင်းသို့ နှစ်ရက်ကြာ ထွက်ပြေး ခိုအောင်းနေသော စကစ စစ်သား ၈၀-၁၀၀ ဝန်းကျင်ကို ထိုင်းအစိုးရမှ လက်နက်ဖြုတ်သိမ်းကား ဖမ်းဆီးထားကြောင်း ထိုင်း အီကွေဇာ သတင်းဌာနတွင် ရေးသားထားသည်ကိုတွေ့ရသည်။ ထိုင်းစစ်တပ် မှ စကစ ၏ ထိုင်းနိုင်နယ်စပ် စစ်ဆင်ရေးတွင် ပါဝင်ကူညီခဲ့ပြီး KNU နှင့် စစ်ဖြစ်စဉ် စစ်ရှုံး၍ စကစ စစ်သားများများကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ထိုင်းနယ်စပ် စစ်သားများမှ ထိုင်းနိုင်ငံအတွင်းသို့ ခိုလုံခွင့်ပြုခဲ့သည်ဟု Fair Party မှ လွှတ်တော်အမတ် Kannavee Suebsang မှ ပြောကြားခဲ့သည်။ ဤကဲ့သို့ နယ်စပ်ထိုင်းစစ်သားများမှ ပြုမူလိုက်ခြင်းသည် ထိုင်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးရုံသာမက ၎င်း စစ်ဆင်ရေးသည် မိမိတို့ ထိုင်းလူမျိုးများကို သတ်ဖြတ်မှုများလည်း ပါဝင်သည်ဟု ဆိုလိုက်သည်။ ထို့အပြင် ထိုင်းအချုပ်အခြား အာဏာသည် နယ်စပ်တလျှောက်ရှိ ထိုင်းစစ်သား နှင့် စကစ သား အချင်းချင်းကြား၌သာ ချစ်ကြည်၊ ဆက်ဆံရေး ကောင်းမွန်ရန်သာ မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

NUG အဖွဲ့မှ ပြင်ဆင်ထားသော အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံ မူကြမ်းကို လာမည့် NUCC အစည်းအဝေးတွင် ဆွေးနွေး တင်ပြရန်နိုင်...
09/06/2023

NUG အဖွဲ့မှ ပြင်ဆင်ထားသော အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံ မူကြမ်းကို လာမည့် NUCC အစည်းအဝေးတွင် ဆွေးနွေး တင်ပြရန်နိုင် ရန် ၆ စက်တင်ဘာလ ၂၀၂၃ တွင် NUCC ထံ တင်ပြထားကြောင်းသိရှိရသည်။

မိုးကောင်း မြို့ ဒလန်သတင်းပေးမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ရိုက်သတ်ခံရ ပြီး လူငယ် ၁၀၀ ကျော်ဖမ်းဆီး စစ်ဆေးခံနေရ၂ စက်တင်ဘ...
09/02/2023

မိုးကောင်း မြို့ ဒလန်သတင်းပေးမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ရိုက်သတ်ခံရ ပြီး လူငယ် ၁၀၀ ကျော်ဖမ်းဆီး စစ်ဆေးခံနေရ
၂ စက်တင်ဘာ ၂၀၂၃ Center For Kachin Studies-CKS
၁၉ ဩဂုတ်လ ၂၀၂၃ တွင် စစ်တပ်ကျောင်းကြိုပို့ ကားအပစ်ခံရပြီး ကား လုံခြုံရေး စစ်သား ၂ ဦး ပစ်သတ် ခံရပြီး လက်နက်များပါ PDF များမှ သိမ်းယူသွားကြောင်းသိရသည်။ အမှုဖြစ်ပြီး စကစ မှ မတင်ကာသူလူ ငယ်များ နှင့် မိုးကောင်းရှိ ဒလံများမှ သတင်းပေးခံရသူများ ကို လိုက်လံဖမ်းဆီးသွားကြောင်းတွေ့ရသည်။ မဟုတ်မမှန် ဒလံ သတင်းပေးမှုဖြင့် အဖမ်းခံရသူများထဲတွင် အသက် ၄၇ အရွယ် ဦးဝဘော်တန်ဂွန်း မိသားစု ၃ ဦးလည်း အပါဝင်ဖြစ်သည်။ ဦးဝဘော်တန်ဂွန်း ကို စစ်ကြော်ရေးတွင် စကစ မှ အလွန်အကျွံ ရိုက်နှက်လိုက်ခြင်းကြောင့် အသက်ထွက် ခါနီးတွင် မြစ်ကြီး စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။ ရိုက်သတ်ပြီး သေသွားသော အလောင်းကို ကျန်ရှိနေသော သား နှင့် အမျိုးသမီး ကို လာကြည့်ရန် မြစ်ကြီး စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။ သားဖြစ်သူ နှင့် မိခင် ကို မူ တနေရာစီ ခွဲ၍ စစ်ဆေးကြောင်း မျက်မြင် များမှ ပြောဆိုသည်ကို သိရသည်။ သားဖြစ်သူကို မူ လက်ထိတ်ခတ်၊ မျက်နှာဖုံးအုတ်ပြီး ကားဖြင့် မိခင်နှင့် အတူ မြစ်ကြီးနားသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်များထံမှ သိ ရသည်။
လက်ရှိတွင် မိုးကောင်း ဒလံသတင်းပေးခံရမှုကြောင့် အဖမ်းခံရသူမှာ ၁၀၀ ကျော်လာပြီးဖြစ်သော်လည်း ပြန်လည် လွတ်မြောက်လာသူမှာ ဘိန်းဖြတ်စခန်းမှ လူငယ် ၁၈ ဦးသာ အာမခံချက်ဖြင့် ပြန်လွတ်လာပြီး အယောက် ၈၀ ကျော်မှာ စကစ စစ်ကြော်ရေး စခန်းများတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ အဓိက ဖမ်းဆီးသည့် စစ်တပ် မှာ မိုးကောင်း အခြေစိုက် ခလရ ၇၄ တပ်မှ အရာရှိများဖြစ်သည်။ ဖမ်းဆီးခံရသူ အချို့ ကို မူ မိုးကောင်းအခြေစိုက် ခလရ ၇၄ တွင် ဖမ်းဆီးစစ်ဆေးပြီး အချို့ကို မူအခြား ရဲ့စခန်း နှင့် စစ်တပ် စစ် ကြော်ရေး စခန်းများသို့ ပို့ဆောင် စစ်ဆေးနေကြောင်းသိရသည်။

08/31/2023
https://www.youtube.com/watch?v=QNxl-gNlKIEMyanmar နွေဦးတော်လှန်ရေးတွင် ချင်အမျိုးသားများပါဝင်တိုက်ခိုက်မှု မှတ်တမ်း How...
08/28/2023

https://www.youtube.com/watch?v=QNxl-gNlKIEMyanmar
နွေဦးတော်လှန်ရေးတွင် ချင်အမျိုးသားများပါဝင်တိုက်ခိုက်မှု မှတ်တမ်း
How the Chin are fighting the Junta | DW Documentary

After the military coup in Myanmar in 2021, the Chin ethnic minority took up arms. The Chin people are fighting to defend their territory, their identity, an...

စကစ မှ မိုးကောင်းမြို့နေ ပြည်သူ တစ်ဦးကို စစ်ဆေးသတ်ဖြတ်၂၈ ဩဂုတ် ၂၀၂၃ Center For Kachin Studies-CKS၂၅ ဩဂုတ်လ ၂၀၂၃ တွင် ကေအ...
08/28/2023

စကစ မှ မိုးကောင်းမြို့နေ ပြည်သူ တစ်ဦးကို စစ်ဆေးသတ်ဖြတ်

၂၈ ဩဂုတ် ၂၀၂၃ Center For Kachin Studies-CKS

၂၅ ဩဂုတ်လ ၂၀၂၃ တွင် ကေအိုင်အို၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဂါးခရင် ခရိုင် မိုးကောင်းမြို့ ၊ ဆိုင်းဒါ တိုက်နယ်၊ ပျော်လန့် ရပ်ကွက် (နတ်ကြီးကုန်း) မှ ဦး ဝဘော် တန်၊ အသက် (၄၅) နှစ် နှင့် ၎င်း၏ အမျိုးသမီး နှင့် ကလေး ကိုပါ စကစ စစ်ကြောင်းမှ မသင်ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ၂၇ဩဂုတ်တွင် ဦးဝဘော်တန် ကို စစ်ဆေး သတ်ဖြတ်လိုက်ပြီး အလောင်းကို မြစ်ကြီးနား ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနသို့ သယ်ဆောင်သွားကာ မီးရှို့လိုက်ကြောင်းသိရသည်။ ၎င်း၏ အမျိုးသမီး နှင့် ကလေးကို ရုတ်အလောင်းကို ကြည့်ရှု ခွင့်ပေးခဲ့သည်ဟု သိရသည်။ ဦးဝဘော်တန် ၏ အမျိုးသမီးသည် ရုတ်ပျက်၊ ဆင်းပျက် ဖြစ်နေသော အမျိုးသား၏ အလောင်းကို ကြည့်ပြီး မေ့မျှော်သွား သည်ဟု သိရသည်။ အမျိုးသမီး နှင့် ကလေး ကို ပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
၂၇ ဩဂုတ်တွင်လည်း မိုးကောင်းအထက်ရှိ နမ်ရာ တွင် ခမရ ၁၂ မှ ပြည်သူ ၅၀ ကို လူသားဒိုင်း နှင့် ပေါ်တာအဖြစ်အသုံးချရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖားကန့်သို့ ချီးတက်သွားကြောင်းသိရသည်။ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အခြေစိုက် ခမရ ၁၂ သည် ကချင်ပြည်နယ်သို့ ပို့ထားသော တပ်မ ၃၃ လက်အောက်ခံတပ်ဖြစ်သည်။
ဖားကန့် ကစင်တောင် စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလားခြင်းဖြစ်သည် ဟု သုံးသပ်ရသည်။ ဖားကန့် ကစင်တောင် လမ်းသည် ဖားကန့်မှ ကျောက်များကို ဥရု မြစ်ကြောင်းမှ တဆင့် ဟုမ္မလင်း-ချင်းတွင်းမြစ်အတိုင်း မန္တလေးသို့ ရေးလမ်းဖြင့် သယ်ဆောင်ရန်၎င်း၊ ထောက်ပို့ လမ်းကြောင်းအဖြစ် ၎င်း အရေးကြီးသော လမ်းကြောင်းတစ်ခု ဖြစ်ကြောင်းသိရှိရသည်။

08/28/2023

NLD/CRPH မပါလည်း ပျောက်ဆုံးနေဆဲ ခြေ/ဥ ကို ဆက်ဆွဲမယ်- ခွန်းမာရ်ကိုဘန်း MPU

ကချင်ပြည်နယ် တိုင်းမှူး ဟောင်း၊ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို နေပြည်တော် ကစထ ၆ မှူး ဖြစ်လာ၊ လပခတိုင်းမှူး ကစထ ...
08/27/2023

ကချင်ပြည်နယ် တိုင်းမှူး ဟောင်း၊ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို နေပြည်တော် ကစထ ၆ မှူး ဖြစ်လာ၊ လပခတိုင်းမှူး ကစထ ၁ မှူး ဖြစ်လာပြီး စစ်တိုင်း ၄ ခု တိုင်းမှူး အပြောင်းအလဲပြုလုပ်

၂၈ ဩဂုတ် ၂၀၂၃ Center For Kachin Studies-CKS

ကချင်ပြည်နယ် တိုင်းမှူး ဟောင်း၊ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို နေပြည်တော် ကစထ ၆ မှူး အဖြစ်ခန့်အပ်လိုက်ခြင်းသည် ကချင်ပြည်နယ်ကို ထိုးစစ်အကြီးစား ဆင်နွဲရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။ လက်ရှိမြေပြင်တွင်လည်း ကေအိုင်အေ ၏ဌနချုပ် နှင့် NUG သမ္မတ ရှိရာ လိုင်ဇာသို့ စစ် ဆင်ရေး ပြန်လည် ပြုလုပ်လာနေခြင်းဖြစ်သည်။

မြန်မာပြည်အထက်ပိုင်း ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး ရှိ စစ်တိုင်း ၃ ခုကို ကွပ်ကဲနေသော အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၁)မှူး နေရာအပါအဝင် စစ်တပ်စစ်ဆင်ရေးရဲ့ထိပ်ပိုင်းနေရာတွေကို အခုရက်ပိုင်းမှာ ထပ်မံအပြောင်းအလဲလုပ်ခဲ့ကြောင်းသိရှိ ရသည်။ ကချင်ပြည်နယ် တိုင်းမှူး မှ ကစထ ၁ မှူး ဖြစ်လာသော ဒုဗိုလ်ချုပ်ကြီး တေဇကျော် ကို နေပြည်တော်ကောင်စီဥက္ကဌဖြစ်သွားသော ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး နေရာဖြစ်သည့် ကစထ ၆ မှူး နေရာတွင် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ DSA အပတ်စဉ် ၃၈ ဆင်း ဗိုလ်ချုပ် ကိုကိုဦး ကို ဒုဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ပေးကာ ကစထ ၁ မှူး အသစ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။
၁ လ နီးပါး လစ်လပ် နေသည့် ကစထ ၆ ကစထမှူး ရာထူးသည် စကစ ၏ ဌာနချုပ်ဖြစ်သည့် နေပြည် တော်ကို ကိုင်တွယ်ကွပ်ကဲရသော စစ်ရေးအရ အရေးပါသော စစ်ရာထူး နေရာ ဖြစ်သည်။ လွန်ခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လ ဆန်းပိုင်းတွင် နေပြည်တော်ဝန်းကျင်တွင် စစ်ပွဲများ ဖြစ်ပေါ်ခဲ့သည်။ နေပြည်တော်ကိုအဓိကကိုင်တွယ်ရမယ့် ကစထမှူးဖြစ်သောကြောင့် စစ်ခေါင်းဆောင်ယုံကြည်ရမယ့် သူကို အချိန်ပေးရှာဖွေနေရကြောင်း သုံးသပ်ရသည်။
လစ်လပ်သွားသော အလယ်ပိုင်းတိုင်းမှူး နေရာကို လက်ရှိ ပုသိမ်၊ အနောက်တောင်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် ကို အစားထိုးခန့်အပ်လိုက်သည်။
အနောက်တောင်တိုင်းမှူး နေရာကိုမူ နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းက ရောက်ရှိသွားပြီး သူတို့ ၂ ယောက်ဟာ DSA အပတ်စဉ် ၃၉ ဆင်းများဖြစ်ကြောင်းသိရသည်။ နေပြည်တော်တိုင်းမှူး နေရာကို စီနီယာတိုင်းမှူးဖြစ်သူ ကရင်လူမျိုး၊ ဖာအန်ဇာတိ DSA ၃၇ ဆင်း လက်ရှိ ကမ်းရိုးတန်းဒေသစစ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် ကို ခန့် အပ်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့တဲ့လအတွင်းတွင် ကမ်းရိုးတန်းဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနဲ့ စစ်ဘက်အရာရှိကြီးတချို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ကမ်းရိုးတန်း ဒုတိုင်း မှူးနေရာတွင် ကြာအင်းဆိပ်ကြီးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းနဲ့အစားထိုးခဲ့သည်။
ကမ်းရိုးတန်းစစ်တိုင်းမှူး နေရာမှာကိုမူ တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်စွာဦး ကို ခန့်အပ်လိုက်ကြောင်းသိရှိရသည်။

Address

Ohio City, OH

Website

Alerts

Be the first to know and let us send you an email when Center For Kachin Studies-CKS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share