Kairox Solution Agency

Call Directions Website Contact the business

Kairox Solution Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kairox Solution Agency, New York, NY.

Kairox Solution Agency က လက်ရှိအမေရိကန်နိုင်ငံရဲ့ ပြည်နယ် (၄၁) ခုတို့မှာ သင်နဲ့သင့်မိသားစုအတွက်အသင့်တော်ဆုံးဖြစ်မယ့် အာမခံအစီအစဉ်တွေကို အခမဲ့ဝန်ဆောင်လျှောက်ထားပေးနေပါပြီ။ အသေးစိတ်လေ့လာရန် - https://kairoxsolutionagency.com/

🗓️📢 တစ်နှစ်တစ်ခါ ကျန်းမာရေးအာမခံလျှောက်ထားနိုင်တဲ့ Open Enrollment ကာလ စတင်ဖို့ ရက်အနည်းငယ်ပဲလိုပါတော့တယ် မိတ်ဆွေတို့ရေ!...
10/17/2026

🗓️📢 တစ်နှစ်တစ်ခါ ကျန်းမာရေးအာမခံလျှောက်ထားနိုင်တဲ့ Open Enrollment ကာလ စတင်ဖို့ ရက်အနည်းငယ်ပဲလိုပါတော့တယ် မိတ်ဆွေတို့ရေ!
2027 အတွက် ကျန်းမာရေးအာမခံအသစ် enroll လုပ်ဖို့၊ ဒါမှမဟုတ် ရှိပြီးသားအာမခံကို update လုပ်ဖို့ တစ်နှစ်မှာတစ်ခါပဲရတဲ့ အခွင့်အရေးဖြစ်ပါတယ်။

👉 ဒါကြောင့် ကိုယ့်ရဲ့အာမခံအမျိုးအစားအလိုက် လျှောက်ထားနိုင်တဲ့ အရေးကြီးရက်စွဲတွေကို ပုံလေးမှာလေ့လာပြီး ကြိုတင်ပြင်ဆင်ဖို့အသိပေးလိုက်ပါတယ်။

Open Enrollment အတွက် Kairox နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ရက်ချိန်းယူရန် -https://kairoxsolutionagency.com/contact-us-br/



🗓️📢 Open Enrollment for health insurance is just a few days away!

It’s your once-a-year opportunity to enroll in a new health insurance plan or update your existing coverage for 2027.

👉 Check out the visual for important enrollment dates based on your type of health insurance, and get ready ahead of time!

Schedule an appointment for Open Enrollment support: https://kairoxsolutionagency.com/contact-us/

✨ မိတ်ဆွေအသက် ၆၅ ပြည့်တော့မယ်ဆိုရင် Medicare အာမခံ ရဲ့ ‘ABCD’ ကိုလည်း လေ့လာထားပေးပါ!Medicare မှာ Part A, Part B, Part C ...
10/09/2026

✨ မိတ်ဆွေအသက် ၆၅ ပြည့်တော့မယ်ဆိုရင် Medicare အာမခံ ရဲ့ ‘ABCD’ ကိုလည်း လေ့လာထားပေးပါ!

Medicare မှာ Part A, Part B, Part C နဲ့ Part D ဆိုပြီး အဓိကအပိုင်း ၄ ခုရှိပါတယ်။ တစ်ခုချင်းစီက Coverage ပေးတာတွေမတူတာကြောင့် အာမခံစာရင်းမပေးသွင်းခင် ဘယ် Part က ဘာအတွက်လဲဆိုတာ သိထားဖို့လိုပါတယ်။

🏥 Part A က ဆေးရုံတက်ကုသမှုအတွက်
🩺 Part B က ပြင်ပလူနာကုသမှုနဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေအတွက်
➕ Part C က Part A နဲ့ Part B ကို ပေါင်းစပ်ထားတဲ့ Medicare Advantage
💊 Part D က prescription ဆေးဝါးတွေအတွက်

Medicare နှစ်စဥ်စာရင်းပေးသွင်းကာလ (Annual Enrollment Period) လည်း မကြာခင်စတင်တော့မှာဖြစ်လို့ Medicare plan တွေကို ပိုမိုနားလည်ဖို့ ဒါမှမဟုတ် သင့်တော်တဲ့ plan ရှာဖွေဖို့ အကူအညီလိုရင် Kairox ကို ဆက်သွယ်မေးမြန်းလိုက်ပါ။



✨ If you’re turning 65 soon, now is the time to learn the “ABCDs” of Medicare!

Medicare has four main parts: Part A, Part B, Part C, and Part D. Each provides different coverage, so it’s important to understand what each part covers before you enroll.

🏥 Part A covers hospital care.

🩺 Part B covers outpatient care.

➕ Part C combines Part A and Part B through Medicare Advantage.

💊 Part D covers prescription drugs.

With Medicare’s Annual Enrollment Period (AEP) coming up soon, this is a good time to learn more about your Medicare options. If you need help understanding Medicare plans or finding a plan that fits your needs, contact us!

10/07/2026

💬🩺 မကြာခင်ရောက်လာတော့မယ့် Medicare AEP ကာလအကြောင်း ဘာတွေသိထားသင့်ပါသလဲ??

Medicare ရဲ့ Annual Enrollment Period (AEP) က ၂၀၂၆ ခုနှစ် အောက်တိုဘာ (၁၅) ရက်ကနေ ဒီဇင်ဘာ (၇) ရက်အထိ ဖြစ်ပါတယ်။ ဒီကာလအတွင်း မိတ်ဆွေတို့ရဲ့ Medicare Coverage ကို ပြန်စစ်ဆေးပြီး ၂၀၂၇ ခုနှစ်အတွက် လိုအပ်ရင် Plan ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲလိုက်တဲ့ Plan တွေက ပုံမှန်အားဖြင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီ (၁)ရက်မှာ စတင်အကျုံးဝင်မှာပါ။

လက်ရှိ ကိုယ့်ရဲ့ Plan က အဆင်ပြေနေတယ်ဆိုရင်တောင် နှစ်စဉ်ပြန်လည်စစ်ဆေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်နဲ့တစ်နှစ် ပရီမီယံကြေး၊ copay၊ prescription ၊ ဆရာဝန် network နဲ့ ရရှိမယ့်အကျိုးခံစားခွင့်တွေ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။

📩 မိတ်ဆွေတို့နဲ့ သင့်တော်မယ့် Coverage ရွေးချယ်ဖို့အကူအညီလိုရင် မက်ဆေ့ချ် သို့မဟုတ် ဒီလင့်ခ်ကနေ https://kairoxsolutionagency.com/contact-us/ ဆက်သွယ်နိုင်ပါတယ်။

🌎 Kairox Solution ဝန်ဆောင်မှုပေးနေတဲ့ ပြည်နယ်တွေကို သိရှိလိုပါက -
https://kairoxsolutionagency.com/about-us/



💬🩺 What do you need to know about the upcoming Medicare AEP??

Medicare’s Annual Enrollment Period (AEP) runs from October 15 through December 7, 2026, giving you the opportunity to review your coverage and make changes for 2027. Any changes generally take effect January 1, 2027.

Even if you’re happy with your current plan, it’s important to review it each year. Your premiums, copays, prescriptions, doctors, and benefits may change for the new plan year.

Need help finding the right coverage? We're here to guide you: https://kairoxsolutionagency.com/contact-us/ or DM us!
To discover which states we serve, check out: https://kairoxsolutionagency.com/about-us/

10/02/2026

💬 FAQ: လုပ်ငန်းအာမခံကို ဥပဒေအရ မဖြစ်မနေဝယ်ထားရတာဆိုတာ ဟုတ်ပါသလား?

လုပ်ငန်းအာမခံအမျိုးအစားအချို့ကို ဥပဒေအရ မဖြစ်မနေဝယ်ထားဖို့လိုအပ်နိုင်ပါတယ်။ ဒါပေမယ့်အချို့ကိုတော့ စာချုပ်အရဝယ်ထားဖို့ လိုအပ်နိုင်ပါတယ်။
ဥပမာ -
👷 Workers’ Compensation - ကိုယ့်မှာဝန်ထမ်းရှိရင် ဥပဒေအရ မဖြစ်မနေလိုအပ်နိုင်ပါတယ်။
🚗 Commercial Auto Insurance - လုပ်ငန်းသုံးယာဉ်တွေအတွက် လိုအပ်နိုင်ပါတယ်။

📄 Client၊ အိမ်ရှင်၊ ချေးငွေပေးသူ ဒါမှမဟုတ် စာချုပ်ကနေတစ်ဆင့်လည်း Insurance ပမာဏတစ်ခုအထိဝယ်ထားဖို့ သတ်မှတ်ချက်ရှိနိုင်ပါတယ်။



💬 FAQ: Is Business Insurance required by law?

Some types of business insurance are required by law, while others may be required by a contract. For example:

👷 Workers’ Compensation may be legally required if you have employees.
🚗 Commercial Auto Insurance may be required for business vehicles.
📄 Clients, landlords, lenders, or contracts may also require certain coverage.

ရေကြီးမှု၊ မီးလောင်မှု၊ ဒါမှမဟုတ် အခြားမမျှော်လင့်တဲ့ အရေးပေါ်အခြေအနေတွေကြောင့် အိမ်ကနေ အမြန်ထွက်ခွာရတဲ့အခါ ကိုယ်နဲ့တစ်ပ...
09/30/2026

ရေကြီးမှု၊ မီးလောင်မှု၊ ဒါမှမဟုတ် အခြားမမျှော်လင့်တဲ့ အရေးပေါ်အခြေအနေတွေကြောင့် အိမ်ကနေ အမြန်ထွက်ခွာရတဲ့အခါ ကိုယ်နဲ့တစ်ပါတည်းသယ်ရမယ့် အရေးကြီးစာရွက်စာတမ်းတွေကို ရုတ်တရက်ရှာမတွေ့နိုင်တာမျိုးဖြစ်နိုင်ပါတယ်။

ဒါကြောင့် အောက်ပါစာရွက်စာတမ်းတွေကို အမြဲတမ်းကြိုစုစည်းထားဖို့ အကြံပေးချင်ပါတယ်။

📄 မွေးစာရင်း၊ အိမ်ထောင်စာရင်း၊ လက်ထပ်စာချုပ်/ကွာရှင်းစာချုပ်
🪪 Passport၊ ယာဉ်မောင်းလိုင်စင်၊ Social Security Card
🏠 အိမ်၊ မြေ၊ ကားနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း
💳 ဘဏ်စာရင်းနဲ့ ငွေကြေးမှတ်တမ်းများ
🏥 ကျန်းမာရေးမှတ်တမ်းနဲ့ Health Insurance Card
📸 မိသားစုဓာတ်ပုံနဲ့ အရေးကြီးအမှတ်တရပစ္စည်းများ

စာရွက်စာတမ်းတွေကို scan ဖတ်ပြီး Digital Backup အနေနဲ့လည်း သိမ်းထားဖို့အရေးကြီးပါတယ်။

အရေးပေါ်အခြေအနေဆိုတာ ကြိုတင်ခန့်မှန်းလို့မရပေမယ့် အရေးကြုံလာတဲ့အချိန်အတွက်တော့ အခုကတည်းကကြိုတင်ပြင်ဆင်ထားသင့်ပါတယ် မိတ်ဆွေတို့ရေ။



When a flood, fire, or other emergency forces you to leave your home quickly, you may not have time to find the documents you need to take with you.
That’s why it’s a good idea to keep the following documents organized ahead of time:

📄 Birth, marriage, divorce, and other personal records
🪪 Passports, driver’s licenses and Social Security cards
🏠 Property, lease, mortgage and vehicle records
💳 Bank and other financial records
🏥 Medical records and health insurance cards
📸 Important family photos and keepsakes

It’s also important to scan your documents and keep digital backups in a secure folder.
You can’t predict when an emergency will happen, but you can prepare for one!

ကိုယ်ချစ်ရတဲ့အိမ်ထောင်ဖက်ကို ဆုံးရှုံးလိုက်ရခြင်းက 💔 စိတ်ပိုင်းဆိုင်ရာရော ငွေကြေးဆိုင်ရာအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်တစ...
09/26/2026

ကိုယ်ချစ်ရတဲ့အိမ်ထောင်ဖက်ကို ဆုံးရှုံးလိုက်ရခြင်းက 💔 စိတ်ပိုင်းဆိုင်ရာရော ငွေကြေးဆိုင်ရာအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ ဒီလိုဝမ်းနည်းပူဆွေးနေချိန်မှာ ကျန်ရစ်တဲ့မိတ်ဆွေကိုယ်တိုင်နဲ့ အနာဂတ်အတွက်ကာကွယ်နိုင်ဖို့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားရမှာတွေကိုလည်း လျစ်လျူမရှုထားသင့်ပါဘူး။ အဓိကလုပ်ဆောင်ရမယ့်အချက်တွေကို တစ်ဆင့်ချင်းရှင်းပြပေးထားပါတယ် မိတ်ဆွေတို့ရေ။



Losing a spouse is an emotional 💔 and financial challenge. While grieving, it is important to take key financial steps to protect yourself and your future. Here is a clear guide to help you take the necessary steps.

၂၀၂၅ ခုနှစ်မှာ Ambetter Health Plan ရှိထားခဲ့တဲ့ မိတ်ဆွေတစ်ချို့ ပေးထားတဲ့အာမခံကြေးထဲက တစ်စိတ်တစ်ပိုင်းကို Rebate အနေနဲ့...
09/24/2026

၂၀၂၅ ခုနှစ်မှာ Ambetter Health Plan ရှိထားခဲ့တဲ့ မိတ်ဆွေတစ်ချို့ ပေးထားတဲ့အာမခံကြေးထဲက တစ်စိတ်တစ်ပိုင်းကို Rebate အနေနဲ့ ပြန်ရနိုင်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

💳 လက်ရှိ Ambetter member ဖြစ်နေသေးရင် → စက်တင်ဘာ ၃၀ ရက်နေ့ (သို့) အဲဒီနောက်ပိုင်း ပေးရမယ့် ပရီမီယံကြေးထဲမှာ ထည့်ပေးပါလိမ့်မယ်။
💳 Ambetter member မဟုတ်တော့ရင် → check နဲ့ ပေးပို့ပါလိမ့်မယ်။

Rebate ရမယ့်ပမာဏက ပြည်နယ်၊ မိသားစုဝင်အရေအတွက်နဲ့ ပေးထားတဲ့ ပရီမီယံပမာဏအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒီ Rebate ကြောင့် လက်ရှိပရီမီယံ၊ deductible နဲ့ copay ပမာဏတွေ ပြောင်းလဲမှာမဟုတ်ပါဘူး။

📩 Ambetter ကနေ Rebate အကြောင်း စာရောက်လာပြီး မသေချာတာရှိရင် Kairox ကို မေးမြန်းနိုင်ပါတယ်။



If you had an Ambetter Health Plan in 2025, you may receive a rebate on part of the premium you paid.

💳 Current members: The rebate will be applied to a premium due on or after September 30, 2026.
💳 Former members: The rebate will be sent by check.

The rebate amount may vary based on your state, family size, and premium paid. This rebate will not change your current premium, deductible, or copay.

📩 Received an Ambetter rebate notice and have questions? We can help!

📢 Medicaid ယူထားသူမိတ်ဆွေများအတွက် မကြာခင် အရေးကြီး rules အပြောင်းအလဲအချို့ရှိပါတယ်။ဘာတွေပြောင်းလဲသွားမလဲဆိုရင် -💼  Medi...
09/18/2026

📢 Medicaid ယူထားသူမိတ်ဆွေများအတွက် မကြာခင် အရေးကြီး rules အပြောင်းအလဲအချို့ရှိပါတယ်။

ဘာတွေပြောင်းလဲသွားမလဲဆိုရင် -

💼 Medicaid ယူထားသူများ အလုပ်၊ ကျောင်း ဒါမှမဟုတ် စေတနာ့ဝန်ထမ်းအလုပ် တစ်လနာရီ (၈၀) ပြည့်မီရပါမယ်။

💵 ဒီလိုမဟုတ်ဘဲ​ အိမ်ထောင်စုဝင်ငွေ တစ်လ $580 အနည်းဆုံးရှိရင် ဒီသတ်မှတ်ချက်ကိုပြည့်မီနိုင်ပါတယ်။

👨‍👩‍👧 ဒီသတ်မှတ်ချက်ကို မသန်စွမ်းသူတွေ၊ အသက် ၁၄ နှစ်အောက် ကလေးရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ကင်းလွတ်ခွင့်ရနိုင်ပါတယ်။

နောက်ထပ် သိထားသင့်တာက Medicaid ကို ၁ နှစ်တစ်ကြိမ်အစား ၆ လတစ်ကြိမ် သက်တမ်းတိုးရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Medicaid ကနေ စာပို့လာရင် မပေါ့ဆဘဲသေချာဖတ်ပြီး လိုအပ်တဲ့အဆင့်တွေကို အချိန်မီလုပ်ဆောင်ပေးပါ။

မိတ်ဆွေတို့ရဲ့ Medicaid အပေါ် ဒီပြောင်းလဲမှုတွေကဘယ်လိုသက်ရောက်နိုင်လဲ မသေချာရင် Kairox ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



📢 Important Medicaid changes are coming soon!

Here’s what Medicaid recipients need to know:

💼 You may need to work, attend school, or volunteer for at least 80 hours per month to meet the new requirement.

💵 You may also meet the requirement if your household income is at least $580 per month.

👨‍👩‍👧 Some people may be exempt, including people with disabilities, pregnant individuals, and those with children under age 14.

Another important change: Medicaid eligibility will need to be renewed every 6 months instead of once a year. If you receive a notice from Medicaid, read it carefully and complete any required steps by the deadline.

Not sure how these changes could affect your Medicaid coverage? Contact us to learn more!

🏥 နေမကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်ကိုသွားရမလဲဆိုတာ မသေချာဖြစ်ဖူးပါသလား? အခြေအနေတိုင်းအတွက် Emergenc...
09/15/2026

🏥 နေမကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်ကိုသွားရမလဲဆိုတာ မသေချာဖြစ်ဖူးပါသလား? အခြေအနေတိုင်းအတွက် Emergency Room သွားဖို့မလိုအပ်ပါဘူး။ ဘယ်လိုအခြေအနေမှာ ဘယ်နေရာကိုသွားသင့်လဲဆိုတာ အလွယ်တကူသိနိုင်ဖို့ ဒီ Guide လေးကို မျှဝေပေးလိုက်ပါတယ် မိတ်ဆွေတို့ရေ။



🏥 Not sure where to go when you’re sick or injured?

Not every illness or injury requires a trip to the Emergency Room. This guide will help you easily understand where to go for different types of medical care!

အိမ်အသစ်၊ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်ကို တွေ့ကြုံရတာက အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်စိတ်ဖိစီးစရာဖြစ်နိုင်ပါတယ်။ 🐾🏠 ဒါကြောင့...
09/11/2026

အိမ်အသစ်၊ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်ကို တွေ့ကြုံရတာက အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်စိတ်ဖိစီးစရာဖြစ်နိုင်ပါတယ်။ 🐾🏠 ဒါကြောင့် ကြိုတင်ပြင်ဆင်ထားပေးရင် အပြောင်းအရွှေ့ကာလကို ပိုအဆင်ပြေပြေဖြတ်သန်းနိုင်မှာပါ။

အရေးကြီးဆုံးကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ အပြုအမူတွေကို သတိထားကြည့်ပေးဖို့ပါ။ အစားအသောက်ပျက်တာ၊ ပုံမှန်ထက်ပိုပြီး ပုန်းနေတတ်တာ၊ ဒါမှမဟုတ် ရန်လိုလာတာတွေက စိတ်ဖိစီးနေတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာတစ်ခုခုတွေ့ရင် တိရစ္ဆာန်ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။

အိမ်ပြောင်းတဲ့နေ့မတိုင်ခင် ပြန်ကြည့်နိုင်ဖို့ ဒီ Checklist လေးကို Save လုပ်ထားပါ မိတ်ဆွေတို့ရေ။ 🐾



Moving soon with your pet? 🐾🏠 A new home and unfamiliar surroundings can be stressful for pets. A little preparation can help make the transition easier and safer.

Keep an eye on your pet’s overall health and behavior. Loss of appetite, excessive hiding or aggression can all be signs of stress. If you notice anything concerning, contact your vet.

Save this checklist so you can come back to it before moving day. 🐾

Address

New York, NY

Opening Hours

Monday 9am - 6pm
Tuesday 9am - 6pm
Wednesday 9am - 6pm
Thursday 9am - 6pm
Friday 9am - 6pm
Saturday 8am - 1pm

Telephone

+16463091252

Alerts

Be the first to know and let us send you an email when Kairox Solution Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kairox Solution Agency:

Shortcuts

Share