Myanmar Gold Graph

Myanmar Gold Graph ကမ္ဘာ့ရွှေဈေး၊မြန်မာ့ရွှေဈေး၊ဒေါ်လာဈေးအတက်အကျ

5.2.2023     ယနေ့ရွှေစျေးနှုန်း အပိတ်ဈေး2,838,000 (Buy)2,843,000 (Sell)ဒေါ်လာဈေး2850     (Buy)2865     (Sell)ကမ္ဘာ့ရွှေဈ...
02/05/2023

5.2.2023 ယနေ့ရွှေစျေးနှုန်း အပိတ်ဈေး
2,838,000 (Buy)
2,843,000 (Sell)

ဒေါ်လာဈေး
2850 (Buy)
2865 (Sell)

ကမ္ဘာ့ရွှေဈေး
1865

02/05/2023

ကမ္ဘာ့ရွှေစျေးကွက်ကကော။
မြန်မာ့ရွှေစျေးကွက်ကကော။
$2000 ကို စိတ်အားထက်သန်စွာ မျှော်လင့်နေဆဲမှာပဲ
အမြင့်ဆုံး $1957-58 အထိ တက်လာခဲ့ပြီးမှ
$1865 အထိ ပြန်ကျသွားတာတွေ့ရပါတယ်။

ဒေါ်လာငွေရဲ့ကြိုးကိုင်သခင် အမေရိကန်ဗဟိုဘဏ်ရဲ့
အတိုးတက်အစည်းအဝေးကို အတက်နဲ့အောင်မြင်စွာ
ဖြတ်ကျော်နိုင်ခဲ့ပြီးမှ ခုလိုကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

အတိုးတက်တာကို အမြန်ဆုံးရပ်တော့မယ်လို့
Powell ပြောခဲ့ခြင်းက ရွှေအတက်ကို တွန်းပို့ခဲ့သလိုပဲ

disinflationary process လို့ခေါ်တဲ့
ငွေကျစ်။ငွေမာ။ငွေရှား စီးပွားကျခေတ်ကြီးကို
မကြာမတင်မှာ ကြုံရလိမ့်မယ်လို့
Powell ကပဲ ထပ်ဆင့်ဆိုပြန်ပါတယ်။
ရွှေစျေးကျမယ့်ကာလလို့ ဆိုလိုရာရောက်ပါတယ်။
ရွှေစျေး ခုလိုအဖြစ်ဆိုးဆိုးပြန်ကျခဲ့ခြင်းရဲ့
ပင်မအကြောင်းလည်းဖြစ်ပါတယ်။

Powell ဟာ တပြိုင်ထဲမှာ ရွှေစျေးတက်စေ။ကျစေမယ့်
စကားကို ပြောခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

လာမယ့် အင်ဂါည 00:15 မှာ
နယူးရော့စီးပွားရေးကလပ်ရဲ့ဥက္ကဌနဲ့
Powell ဟာ ငွေရေးကြေးရေး။စီးပွားရေးအကြောင်းတွေ
အခြေအတင် ဆွေးနွေးကြဖို့ရှိပါတယ်။

အစည်းအဝေးညက သူပြောခဲ့စကားနှစ်ခွဟာ
ရွှေကို တက်ဖို့လား။ကျဖို့လားဆိုတာ
အဲဒီအခါကြမှ ရှင်းရှင်းလင်းလင်းသိရဖို့ရှိပါတယ်။

ဒီမတိုင်အထိကတော့
ကမ္ဘာ့ရွှေစျေးဟာ အတက်/အကျကြီးကြီးမားမားမရှိနိုင်ပဲ
ဘေးတိုက် side way ပဲ မြင်ရမယ်လို့ မျှော်လင့်ရသလို
သူပြောတဲ့စကားအပေါ်မူတည်ပြီး
နောက်ရက်တွေမှာ လိုက်ပါပြောင်းလဲနိုင်ကြောင်းပါဗျား။

uakw

02/05/2023

Address

Us
New York, NY
199

Website

Alerts

Be the first to know and let us send you an email when Myanmar Gold Graph posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Gold Graph:

Share