SGM - Student in USA

SGM - Student in USA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SGM - Student in USA, Financial service, Los Angeles, CA.

မတင်ဖြစ်တာလည်းကြာပြီဆိုတော့တနေ့က အလုပ်မှာ ကြုံတွေ့ခဲ့ရတာလေးတခုကိုSharing လုပ်ပေးပါမယ်။တနေ့ကမနက်ပိုင်းအလုပ်သွားတော့ unifo...
04/04/2024

မတင်ဖြစ်တာလည်းကြာပြီဆိုတော့

တနေ့က အလုပ်မှာ ကြုံတွေ့ခဲ့ရတာလေးတခုကို

Sharing လုပ်ပေးပါမယ်။

တနေ့ကမနက်ပိုင်းအလုပ်သွားတော့ uniform 🥋

ဘာညာလဲပြီး market ရဲ့ freezer cooler တွေထဲ

လိုအပ်တာသွားယူတော့ အခြား ဆိုင်တွေကနေပြီး

ဖြတ်သွားရပါတယ်။ အဲဒီမှာ အခြားဆိုင်က

မိန်းမကြီးတယောက်ကိုဖြတ်လျှောက်ပြီးယူစရာရှိ

တာယူနေပါတယ် ယူနေတုန်းမှာဘဲ အဲမိနိးမကြီးက

ထအော်ပါတယ်။

‘’We are human beings, we are not animals. Why don’t you greet Good Morning?’’

ဆိုပြီးအော်တော့လန့်တောင်လန့်သွားပါတယ်ဗျာ။

ပြီးမှ ‘’ sorry,Good Morning ‘’ ဆိုပြီး

အတင်းပြန်နှုတ်ဆက်တောင်းပန်လိုက်ရပါတယ်။

အဲဒီကနေပြီးသင်ခန်းစာလည်းရပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာက ပြုံးပြနှုတ်ဆက်တာ

လောက်နဲ့လုံလောက်ပါတယ်။

🇺🇸 မှာက မရပါဘူးဗျာ ပြုံးပြပြီး

ပါးစပ်ကပါပြောရမှာမို့

နှုတ်သွက်လျှာသွက်မှ အဆင်ပြေပါ့မယ်။

သူတို့ နိုင်ငံမှာဆိုတော့လည်း သူတို့ culture

အလေးပေးရမှာပေါ့လေနော်။

အဲကြောင့် ကျွန်တော့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေ

ကျွန်တော့်လိုမျိုးမကြုံရလေအောင် sharing

လုပ်ပေးလိုက်ပါတယ်။

ဆရာကြီးလုပ်ခြင်းမဟုတ်သလို

ဆရာကြီးလည်းမဟုတ်ပါ။

အားလုံဘဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး

ကောင်းကျိုးလိုအင်ဆန္ဒများဖြင့်ပြည့်စုံကြပါစေ။

ELAC အနီးကျောင်းသားများအတွက် နေရာရှယ် အခန်းကောင်းလေးပါHotel ခန်းလိုနေရမှာပါBoy only Shared common room Dedicated bathroo...
03/09/2024

ELAC အနီးကျောင်းသားများအတွက်
နေရာရှယ် အခန်းကောင်းလေးပါ
Hotel ခန်းလိုနေရမှာပါ
Boy only
Shared common room
Dedicated bathroom/ workspace just for you
Luxury utilities included
ELAC သို့ bus တဆင့်တည်းဖြင့်တိုက်ရိုက်ရောက်ပါတယ်။

02/27/2024

အခန်းငှါးရန်ရှိသည်
-ရပ်ကွက်သန့်
-bus 30မိနစ်ဖြင့် ELAC သို့ရောက်ရှိနိုင်
- downtown နဲ့နီး
-Washer, dryer, utilities included
-cooking allowed
-750$ per month
If you are interested, please dm me.
ကိုယ်တိုင်မျက်မြင်လာရောက်လေ့လာလို့ရပါတယ်
ဗျ။
USA 🇺🇸🇺🇸🇺🇸LAသို့လာကြမည့်
ညီအကိုမောင်နှမ 👯‍♂️👯‍♂️👯‍♂️

မိတ်ဆွေ များအတွက်

အခန်း🏠🏠🏠

Airport Pick up 🆙 🛬🛬🛬🚖🚖🚖

စသည့် အထွေထွေသောဝန်ဆောင်မှုများအား

One Stop Service 🚚🧑‍🔧👨‍🔧

ဖြင့် ကူညီလမ်းညွှန်နိုင်ရန်

ချိတ်ဆက်ကြိုးစားနေပါသဖြင့်

ယုံကြည်စိတိချစွာ ဆက်သွယ်နိုင်ပါသည်။

USA မှာ အခုလို မြင်ကွင်းမျိုးတွေလည်းရှိပါတယ်Just a knowledge
02/19/2024

USA မှာ အခုလို မြင်ကွင်းမျိုးတွေလည်းရှိပါတယ်
Just a knowledge

Hello အားလုံးဘဲမင်္ဂလာပါဗျ။👋👋👋ကျွန်တော်ကတော့ မြန်မာကနေ us 🇻🇮🇻🇮🇻🇮ကို Student Visa နဲ့ရောက်ရှိလာတဲ့ မြန်မာပြည်သားလေးတဦးပါဗ...
02/06/2024

Hello အားလုံးဘဲမင်္ဂလာပါဗျ။👋👋👋

ကျွန်တော်ကတော့ မြန်မာကနေ us 🇻🇮🇻🇮🇻🇮ကို
Student Visa နဲ့ရောက်ရှိလာတဲ့ မြန်မာပြည်သားလေးတဦးပါဗျ။

အခုကစပြီး ကျွန်တော်အချိန်ရရင် ရသလို ကျွန်တော့်ရဲ့အတွေ့အကြုံလေးတွေကို Sharing လုပ်ပေးသံားမှာဖြစ်ပါတယ်။ 💕💕💕

အခုလို ရေးသားတင်ပြတာတွေဟာ
အခုမှ စလုပ်ဖူးတာဖြစ်တဲ့အတွက်
အမှားအယွင်းလေးတွေရှိရင်လည်း အပြစ်မမြင်ဘဲ ထောက်ပြကူညီသင်ပြပေးကြဖို့ ဦးစွာပထမ မေတ္တာရပ်ခံလိုပါတယ်ဗျ။😊😊😊

ယနေ့ကတော့ us ကို လေယာဉ်စီးခဲ့တဲ့ အတွေ့အကြုံလေးပြောပြပေးသွားပါမယ်ဗျ။✈️✈️✈️

ကျွန်တော်က Bangkok 🇹🇭🇹🇭🇹🇭ကနေသွားတာဖြစ်တဲ့အတွက် ထွက်ခွါတဲ့နေ့မှာ Flight က 17:50 ဆိုတော့
အေးဆေးဆေးဗျာမများရအောင် နေ့လည် ၁နာရီကတည်းကအိမ်ကထွက်ခဲ့ပါတယ်ဗျ။

အိမ်ကနေ Suvarnabhumi Airport ကို နာရီဝက်ကျော်ကျော်စီးရတော့ ၂နာရီထိုးခါနားနီးရောက်တယ်ဘဲဆိုကြပါတော့။
လေဆိပ်ရောက်ရောက်ချင်း ကားပေါ်ကဆင်း ပစ္စည်းတွေလှည်းပေါ်တင်ပြီးတာနဲ့ အဝင်ဝမှာ luggage 🛄🛄🛄တွေကို plastic wrapping service အပ်ပါတယ်ဗျ။
တလုံးကို THB 250 ပေးရပါတယ်ဗျ။
အကိုတို့အမတို့ လာမယ်ဆိုလည်း အဲတာလေးလုပ်ခဲ့ဖို့ အကြံပြုလိုပါတယ်။ ခရီးစဉ်ကဝေးပြီး တိုက်ရိုက်မဟုတ်တာလညါးဖြစ်တော့ တခုခု အပျက်အစီးအကွဲအရှဖြစ်ခဲ့သည်ရှိသော် အဲတာလေးလုပ်ထားတော့ နည်းနည်းသက်သာလောက်ပါတယ်။
ပြီးရင်သူတို့က marker pen ပေးတော့ ကိုယ့်အမှတ်အသားလေးလည်းလုပ်လို့ရပါသေးတယ်။
Luggage တွေက အရောင် ပုံစံဆင်တူယိုးမှားလေးတွေရှိတတ်တာမို့ ကိုယ့်အမှတ်အသားနဲ့ကိုယ်ဆိုတော့ baggage claim ကျရင် တအားလိုက်မရှာရတော့ဘူးပေါ့ဗျာ။ ပြီးတော့ luggage အတွက် kg ချိန်တာလည်း အဲနားလေးမှာချိနိချင်ရင်ချိန်လို့ရပါသေးတယ်ဗျ။
အဲတာပြီးတာနဲ့ departure board မှာflight
ရှာကြည့်တော့ check in counter မဖွင့်သေးပါဘူး။

အဲတာနဲ့ ခဏတဖြုတ်မိသားစု👨‍👩‍👧‍👦👨‍👩‍👦နဲ့ထိုင်ရင်း ၃နာရီထိုးခါနားလည်းနီးရော counter စဖွင့်ပါတယ်။ counter စဖွင့်ဖွင့်ချင်းသွားတာတောင် အရှေ့မှာလူတွေကပြည့်နေပါပြီ။ ပြီးတော့ counter ကလည်း row တခုလုံးဖွင့်ထားတာကိုတောင်ပြည့်သိပ်နေပါတယ်။

ဒီလိုဘဲတန်းစီ တနာရီလောက်စောင့်ရင်းမှ
ကိုယ့်အလှည့်​ရောက်လာပါတယ်။ တန်းစီရင်း အိပ်တောင်ငိုက်ချင်သွားပါတယ်ဗျ။ လေယာဉ်ကလည်း china airlines ဆိုတော့ အကုန်လုံးနီးပါးက တရုတ်တွေချည်းပါဘဲဗျ။
ဒီလိုနဲ့ counter ရောက်ရော ticket, i20, passport ပြပြီးရော us ကအသိရဲ့ information ဖြည့်ခိုင်းပါတယ်။
ပြီးတော့ luggage ချိန်ပါတယ်။
23kg*2 pcs ရတာမို့ ကျွန်တော်မှာက နှစ်လုံးပေါင်းမှ 40လောက်ဘဲရှိတော့ အပြည့်မထည့်မိလို့နှမြောပြီး နောင်တတောင်ရပါတယ်ဗျ။ 😕😕😕
ပြီးတာနဲ့ staff က boarding pass နှစ်ခုတပေါင်းတည်းထုတ်ပေးပါတယ်။
ကျွန်တော်က
BKK-TPE-LAX ဆိုတော့ BKK-TPE ကတစောင် TPE-LAX ကတစောင် ပါဗျ။ ပြီးတာနဲ့ counter ကပြန်ထွက်ပြီး မိသားစုနဲ့ခဏပြန်ထိုင်ပြီး အလွမ်းသယ်ကြတာပေါ့ဗျာ။ 4:20 လောက်လည်းကျရော Boarding time က နီးလာပြီး 👮👮security checks, immigration 🛂🛂🛂တွေဖြတ်ရဦးမှာမို့ ကျွန်တော်အရင်ထွက်ခဲ့လိုက်ပါတယ်။ နှစ်ခုစလုံးကို
အဆင်ပြေချောမွေ့စွာနဲ့ဘဲဖြတ်ခဲ့ပါတယ်။

ဒီနေရာမှာတခုပြောချင်တာက ခရီးသွားရာသီဆို immigration 🛂🛂🛂မှာလူတိုးတတ်တာမို့
အဲတာလည်းထည့်တွက်ဖို့ အကြံပြုလိုပါတယ်။
ပြီးတာနဲ့ boarding gate ကိုထွက်ခဲ့ပါတယ်။

အဲလမ်းတလျှောက်မှာဘဲ burger king မှာ burger 🍔🍔🍔တလုံးဝယ်ခဲ့ပါသေးတယ်။ အဲဒီမှာကိုယ့်အရှေ့က တယောက်က order မှာပြီးဖုန်းကြီးထားပြီး ထွက်သွားလို့ ဝန်ထမ်းကိုအပ်ခဲ့ပေးပါသေးတယ်။
အကိုတို့ အမတို့အနေနဲ့လည်း စိတ်တအားမလောဘဲ ဘယ်နေရာကထွက်ထွက်ထထ ကိုယ့်ပစ္စည်းလေးတွေသေချာပြန်စစ်ကြပါလို့ မဟုတ်လို့ နောက်ကျမှသိရင် နှေင့်နှေးမှုတွေဖြစ်ကုန်မှာစိုးလို့ပါ။

ပြီးတာနဲ့ boarding gate မှာသွားထိုင်စောင့်ခဲ့ပါတယ်။
မိသားစုကလည်း အဲနေ့မှာဘဲ မြန်မာပြန်တာဖြစ်တော့ သူတို့လည်း check in counter ဖွင့်တာနဲ့ ဝင်ခဲ့ပြီး ကျွန်တော့်ဆီလိုက်ခဲ့တော့ မိသားစုနဲ့ boarding gate အထိတွေ့ခဲ့ရပါတယ်။
လူတွေလည်းအကုန်ကုန် final call ကျမှဘဲ နောက်ဆုံးကတက်ခဲ့ပါတယ်။
ခုံက အလယ်ပိုင်းရဲ့ အနောက်နားလေးရပါတယ်။
ကျွန်တော်စိတ်ပူတာတခုဘဲရှိပါတယ်။
ဘာလဲဆိုတော့ transit layover time က 1:20 hrs ဘဲဆိုတော့ ထိုင်ဝမ်ရောက်ပြီး gate change ရင်
မမှီမှာဘဲစိုးရိမ်စိတ်ဖြစ်နေပါတယ်။ လေယာဉ်တက်ပြီး သိပ်မကြာခင်မှာဘဲ inflight mealအနေနဲ့ ထမင်းကျွေးပါတယ်။🍚🍣🥗 china airlines ဆိုပေမယ့်လည်း cabin crew တွေထဲမှာ ထိုင်းမလေးတွေလည်းပါပါတယ်။
ထမင်းစားပြီး ခဏတဖြုတ်
အိပ် 10နာရီကျော်ကျော်လောက်မှာ Taiwan Taoyuan international airport ကိုရောက်ခဲ့ပါတယ်။ ဒီလိုနဲ့23:50ပြန်ထွက်မှာဆိုတော့လေယာဉ်ပေါ်က 💨💨💨ခပ်သုတ်သုတ်ဆင်းခဲ့ပါတယ်။
ဆင်းပြီးသိပ်မလျှောက်လိုက်ရပါဘူး အဲမှာဝန်ထမ်းတယောက်က flight to Los Angeles ဆိုပြီး transit အတွက်လမ်းညွှန်နေပါတယ်။ အဲတာနဲ့ 👮‍♂️👮‍♂️👮‍♂️👮‍♂️security gate ထပ်ဖြတ် escalator စီး အပေါ်ပြန်တက်ပြီး လမ်းခဏလေးလျှောက်လိုက်တော့ LAသွားမယ့် boarding gate ရောက်ခဲ့ပါတယ်။
အဲမှာထိုင် မိသားစုနဲ့ဖုန်းပြော ဖုန်းအားသွင်း 🔋🔋🔋အပေါ့သွားပြီး နောက်လေယာဉ်ပေါ်ထပ်တက်ခဲ့ရပါတယ်။ အဲမှာလေယာဉ်ကို ရှယ်ပလန်နဲ့စီးရပါတော့မယ်ဗျ။ ထုံးစံအတိုင်း တက်ပြီး သိပ်မကြာခင်မှာ inflight meal 🍱🍱🍱ကျွေးတော့ နည်းနည်းဆွဲပြီးတော့ တော့ တောက်လျှောက်အိပ်လိုက်လာပါတယ်။

ဆင်းဖို့ ၂နာရီ ၃နာရီလောက်အလိုလည်းကျရော ထပ်ကျွေးပါသေးတယ်။ အဲလိုနဲ့ဘဲ အိပ်ရင်း လိုက်လာတော့ အချိန်ကုန်မှန်းမသိကုန်ရင်း LosAngeles မြို့ရဲ့ မီးရောင်လေးတွေ ကိုစတင်မြင်လာရပါတော့တယ်။
Ticket ထဲမှာ 19:35 ရေးထားပေမဲ့ ထင်ထားတာထက်စောပြီး 18:30ကျော်ကျော်မှာဆင်းခဲ့ပါတယ်။ ဒီလိုဘဲ direction board တွေကြည့်ပြီး immigration မှာထပ်မံတန်းစီခဲ့ပါတယ်။ immigration gate 🛂🛂🛂မှာတော့ လူအယောက် ၃၀-၄၀လောက်တော့စောင့်ပြီးတန်းစီရပါတယ်။
ကျွန်တော့် အလှည့်လည်းရောက်ရော ကျွန်တော့်အရှေ့ကလူကထွက်တော့ ကျွန်တော်ဝင်သွားတာ မင်းကိုမခေါ်သေးဘူးဆိုပြီး officer ကအော်ပါတယ်။ အဲတာနဲ့ကျွန်တော် ပြန်ရပ်ပြီးစောင့်နေပါတယ်။ ဘာလို့မလာခိုင်းလဲလို့ ကြည့်လိုက်တာ ဆရာသမားက 🍪🍪🍪Oreo စားနေပါတယ်။ သူခေါ်တဲ့ချိန်ကျွန်​တော်ဝင်သွားတော့ passport ပေး ဓါတ်ပုံရိုက် ပြီးတော့ ကျောင်းသားလားလို့မေးပါတယ် ဟုတ်ပါတယ်လို့
အဲနဲ့ PCC မှာတက်မှာလားလို့မေးတော့ ဟုတ်ပါတယ် Pasadena City College လို့ပြန်ပြောလိုက်တာ ငါသိတယ်ဆိုပြီး I20တောင်းကြည့်ပါတယ်။

ပြီးတာနဲ့ passport ပြန်ပေးပြီးလွှတ်လိုက်ပါတယ်။ ပြီးတော့ baggage claim ကိုလှည်းယူပြီးဝင်သွားတာ ကျွန်တော်ရောက်တာနဲ့ luggage 🛅🛄🏷️တွေထွက်လာတာနဲ့ ကွက်တိပါဘဲ။ အဲနဲ့ လေဆိပ်အပြင်ထွက်ခဲ့ပြီး လာကြိုမယ့်အကိုကိုစောင့်ခဲ့ပါတယ်။ လေဆိပ်က BKK ရောက်မစည်ပေမဲ့ အမေရိကန်မြေလာကြတဲ့မိသားစု၊ ချစ်သူတွေကို 💐💐💐ပန်းစည်းတွေနဲ့ လာကြိုနေကြတာအများကြီးမြင်ခဲ့ရပါတယ်။

အဲတာနဲ့ Los Angeles စံတော်ချိန် ၉နာရီလောက်မှာ ငှါးထားတဲ့အခန်းဆီရောက်ခဲ့ပါတယ်ဗျ။
အဆုံးထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ရှိပါတယ်။
ပညာရှင်အဆင့်မဟုတ်ဘဲဝါသနာရှင်အဆင့်သာဖြစ်သည့်အတွက်
အရေးအသား၊ အချက်အလက် စသဖြင့် ချို့ယွင်းချက်များရှိခဲ့သော်နားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဗျ။
နောက်ထပ်ဘာလေးတွေရေးတင်ပေးရမလဲ comment မှာအကြံပြုခဲ့လို့ရပါတယ်ဗျ။

Address

Los Angeles, CA
90023

Telephone

+959452964056

Website

Alerts

Be the first to know and let us send you an email when SGM - Student in USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SGM - Student in USA:

Share