Amicus Co.,Ltd ထိုင်းနိုင်ငံမှ မြန်မာလူမျိူးပိုင်ဆိုင်​သော ခရီးသွားကုမ္မဏီ

ယနေ့ သင်္ကြန်မှာ Ayutthaya ကWat Phanan Choeng Worawihan Temple မှာဘုရားဖူး လှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ်။နှစ်သစ်မှာ လူ နတ်...
15/04/2026

ယနေ့ သင်္ကြန်မှာ Ayutthaya က
Wat Phanan Choeng Worawihan Temple မှာ
ဘုရားဖူး လှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ်။
နှစ်သစ်မှာ လူ နတ် ဗြမ္မာ သတ္တဝါအ​ပေါင်း
ကျန်းမာ ချမ်းသာ၍ ​ဘေးရန်မှန်သမျှ ကင်းပါ​စေ။

Bangkok က စက်သုံးဆီဆိုင်​တွေမှာ ကားတန်းစီရတာ မရှိပါဘူး။ဒီမှာက မလိုအပ်ရင် ဆီမထည့်ကြလို့ပါ။
13/04/2026

Bangkok က စက်သုံးဆီဆိုင်​တွေမှာ
ကားတန်းစီရတာ မရှိပါဘူး။
ဒီမှာက မလိုအပ်ရင် ဆီမထည့်ကြလို့ပါ။

ယတြာ အ​​ဆောင် လက်ဖွဲ့ ဝါသနာပါသူ​တွေ သွား​ရောက် ဖူး​​မျှော် လှူဒါန်း လည်ပတ်သင့်တဲ့Bangkok က​နေ 46 kilos အကွာ Mahachai ဘက်...
13/04/2026

ယတြာ အ​​ဆောင် လက်ဖွဲ့ ဝါသနာပါသူ​တွေ
သွား​ရောက် ဖူး​​မျှော် လှူဒါန်း လည်ပတ်သင့်တဲ့
Bangkok က​နေ 46 kilos အကွာ Mahachai ဘက်မှာရှိတဲ့ Wat Tha Mai ပါ။

သတင်း​ကောင်းပါ။​ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ယ​နေ့ပြန်ဖွင့်လိုက်ပါပြီတဲ့။မူရင်း Photo ပိုင်ရှင် Credit ပါ။
02/04/2026

သတင်း​ကောင်းပါ။
​ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး
ယ​နေ့ပြန်ဖွင့်လိုက်ပါပြီတဲ့။

မူရင်း Photo ပိုင်ရှင် Credit ပါ။

ယ​နေ့ သွား​ရောက်ဖူး​မျှော် လှူဒါန်းခဲ့သော Don Mueang နယ်​မြေက Wat Weru Wanaram ပါ။
31/03/2026

ယ​နေ့ သွား​ရောက်ဖူး​မျှော် လှူဒါန်းခဲ့သော
Don Mueang နယ်​မြေက
Wat Weru Wanaram ပါ။

Bangkok မြို့ကို​အလည်ရောက်တုန်း သဘာဝဆန်ဆန် အလှအပ​တွေခံစားရင်းနဲ့ ​နေ့လည်စာ ည​နေစာ စားမယ်ဆိုရင်​တော့PARK SATHORN RESTAURA...
09/11/2025

Bangkok မြို့ကို​အလည်ရောက်တုန်း
သဘာဝဆန်ဆန် အလှအပ​တွေခံစားရင်းနဲ့ ​
နေ့လည်စာ ည​နေစာ စားမယ်ဆိုရင်​တော့
PARK SATHORN RESTAURANT ကို
သွား​ရောက် စား​သောက်နိုင်ပါတယ်။

​စျေးနှုန်းက​တော့ သာမန်ထက်ပိုပါတယ်။
တည်​နေရာအတွက် ​အောက်မှာ Link ​ချပေးထားပါတယ်။

Find local businesses, view maps and get driving directions in Google Maps.

07/02/2025

ထိုင်းနိုင်ငံမှာ စီးပွား​ရေးလုပ်ချင် (ကုမ္မဏီတည်ထောင်) သူများအတွက် သိရှိသမျှ အကြမ်းမျဥ်း​ ​ရေးသား​ပေးပါမယ်။

မြန်မာနိုင်ငံရဲ့ အ​ခြေအ​နေအရပ်ရပ်​ကြောင့် ယခုအခါ ထိုင်းနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံ​နေကြသူ​တွေ ရင်းနှီးမြှုပ်နှံဘို့ ကြိုးစား​နေကြသူ​တွေ စုံစမ်း​​မေးမြန်းနေကြသူ​တွေ များပြားလာတာနဲ့အမျှ ကုမ္မဏီတည်​ထောင်​ပေးခြင်းနဲ့ Visa လုပ်​ပေးခြင်း စသည်တို့နဲ့သက်ဆိုင်တဲ့ Service ကုမ္မဏီများစွာ​ပေါ်​ပေါ်​ပေါက်​နေပြီး မြန်မာဝန်ထမ်းများ/ မြန်မာ Agent များကတဆင့် လူမှုကွန်ယက်​တွေမှာ အမျိူးမျိူး​ကြေငြာ​ပေး​နေတာ ​တွေ့ရပါတယ်။

အဲဒီ​ မြန်မာလို ကြေငြာမှု​တွေနဲ့အတူ ​ကြေငြာသူ​တွေရဲ့ Comment ​တွေမှာ ကျသင့်​ငွေအပါအဝင် သိလိုတာ​တွေကို စုံစမ်း​မေးမြန်းသူတွေများ​နေပြီး အားလုံးက Chat Box မှာဘဲ ​အ​သေးစိတ်ဖြေကြားဘို့ ဖိတ်​ခေါ်​နေတာဘဲ ​တွေ့မြင်နေရပါတယ်။
​ကျသင့်တဲ့စျေးနှုန်းများ (​စျေးအမျိူးမျိူး) ကိုလဲ Chat Box မှာဘဲ ​ဖြေကြား​ပေး​နေတယ်လို့ထင်ပါတယ်။
မြန်မာလို​ကြေငြာတဲ့ Page ​တွေက​တော့ ပွင့်လင်းမြင်သာစွာ ​စျေးနှုန်း​တွေ​ရေးပြထားတာ မ​တွေ့မိသလိုပါဘဲ။

Thai Service Company ​တွေက​နေ Thai Language နဲ့​ကြေငြာတဲ့ Website တို့ လူမှူကွန်ယက်တို့မှာ​​တော့ (အများ​အားဖြင့်)သူတို့ရဲ့​စျေးနှုန်း​တွေကို ပွင့်လင်းမြင်သာစွာ ​ရေးသား​ဖော်ပြထားတာကို ​တွေ့ရမှာပါ။​
Google, FB တို့မှာ ရှာကြည့်နိုင်ပါတယ်။

အမှန်အတိုင်းပြောရရင် ထိုင်းလို​ကြေငြာတဲ့ ကုမ္မဏီ​ (အ​သေး/အလတ်) တွေရဲ့ Service Fee တွေက ​စျေးအရမ်းသက်သာပါတယ်။
မြန်မာ Guide တ​ယောက်​ခေါ်သွားပြီး လုပ်ခိုင်းလိုက်ရင် လွယ်ပါတယ်။
Service Fee 10,000 bahts ​လောက်က စပြီး အမျိူးမျိူးရှိပါတယ်။

English Language နဲ့ဖော်ပြ​တဲ့ Service Company ​(အကြီး) တွေရဲ့ Website တို့ လူမှူကွန်ယက်တို့မှာ​​ကျတော့ နိုင်ငံခြားသား (Foreigners) ​တွေကို အဓိကဆွဲ​ဆောင်​နေတာဖြစ်လို့ စျေးကြီးတာတို့ ​စျေးနှုန်းမ​ဖော်ပြတာတို့ ​တွေ့မြင်ရမှာပါ။

ထိုင်းနိုင်ငံမှာ ကုမ္မဏီ​ထောင်ရတာ Online က​နေပြုလုပ်လို့ရတဲ့အတွက် အရမ်းလွယ်ပါတယ်။

Thai Limited Company (BOI နဲ့ 100% Foreign Owned မပါ) တည်​ထောင်ခြင်းအတွက် မိမိသိရှိသမျှ​ ​ဝေမျှ​ပေးပါရရင် အဓိကလိုအပ်ချက်​တွေက .....

၁။ Thai လူမျိူး (51% Share Holder) ရှိရပါမယ်။
(တည်​ထောင်​ပေးတဲ့ Service ကုမ္မဏီတွေက
ပိုက်ဆံယူပြီး အမည်ခံ​ Thai Nominee ​တွေကို
ထည့်သုံး​ပေးနေကြ​ပေမဲ့ အန္တရာယ်များပါတယ်။)
ခင်မင် စိတ်ချရတဲ့ (သို့) အတူတွဲလုပ်မဲ့ Thai လူမျိူး.
ကိုရှာနိုင်ရင်​တော့ အ​ကောင်းဆုံးပါ။
၂။ ရုံးခန်း​နေရာရှိရပါမယ်။
ကိုယ်ပိုင်ရုံးခန်းမငှားဘဲ လိပ်စာပြဘို့အတွက်
Virtual Office ဆိုပြီး ငှားခ တလကို 1,000 bahts
က​နေစပြီး ငှား​ပေး​နေတဲ့ကုမ္မဏီ​​တွေ ရှိပါတယ်။
၃။ကုမ္မဏီအမည်​ကို ၃ ခု​ရွေး​ပေးပြီးတင်ပြရပါမယ်။
အမည်တူတိုက်ဆိုင်မှုမရှိရင် အတည်ပြု​ပေးတဲ့
အမည်နဲ့​လုပ်လိုက်ရုံပါဘဲ။
၄။ ကိုယ်ကြိုက်တဲ့ ကုမ္မဏီလိုဂို (Logo) နဲ့
တံဆိပ်တုံး (Stamp) ​လိုပါတယ်။

ဗဟုသုတအ​နေနဲ့
• Private Limited Company ​တည်ထောင်ရင် အစိုးရကိုသွင်းရတဲ့ မှတ်ပုံတင်​ကြေး (Registration Fee) က Registered Capital 100,000 bahts ကို 500 bahts နှုန်း​ပေးရပါတယ်။ Minimum က 5,000 bahts ပါ။
• တကယ်လို့ အနည်းဆုံး 1,000,000 Share Capital Company ​ထောင်ရမယ်ဆိုရင်​တော့ 5,000 bahts ကျသင့်မှာဖြစ်ပါတယ်။
• Share Capital များရင် များသလို Share 100,000 bahts တိုင်းကို 500 bahts နှုန်းနဲ့တွက်ပြီး​ပေးရ​ပေမဲ့ Maximum က 250,000 bahts ပါ။
• 1,000,000 Share Capital Company တည်ထောင်လို့ အစိုးရကို​ပေးသွင်းရတဲ့​ Registration Fee, Certificate Fee , Stamp Duty ဘာ​ကြေး ညာ​ကြေး စုစု​ပေါင်းကုန်ကျစရိတ်က 10,000 bahts ထက်မပိုပါ။
• Service လုပ်​ပေး (ကုမ္မဏီ​တည်ထောင်​ပေး) တဲ့သူ​တွေက​တော့ ​သူ့​စျေးနဲ့သူ စျေးအမျိူးမျိူးယူကြမှာပါ။အဲဒီ​စျေးထဲမှာ ​ရှေ့​နေခ ကုမ္မဏီတံဆိပ်တုံးလုပ်ခ ဘာညာ​တွေ ပါသွားမှာပါ။
သူ့ Staff မဟုတ်တဲ့ မြန်မာ Agent ဘာညာနဲ့လုပ်လို့ ​ထပ်ပေါင်းယူရင်​တော့ ​စျေးပိုမှာ​ပေါ့။

အကြံပြုချင်တာက ​သေချာ ​လေ့လာ စဥ်းစား
အကြံဥာဏ်ရယူပြီးမှ ကုမ္မဏီ​ထောင်ပါ။

ကုမ္မဏီ​ထောင်ရတာ အရမ်းလွယ်​ပေမဲ့ ဥပ​ဒေနဲ့အညီ
ကုမ္မဏီကိုလည်ပတ်ဘို့ အဆင်မ​ပြေလို့ ကုမ္မဏီကိုပြန်ပိတ်ဘို့ (အကုန်အကျပိုများ/လုပ်ငန်းအဆင့်ပိုများ) ကသာ ခက်ခဲတာပါ။

အခုဖြစ်​နေတဲ့ ​တွေ့​နေရတာများတာက မိခင်နိုင်ငံက​နေ နိုင်ငံခြား​ငွေလွှဲ​ပြောင်း​ပေး​ချေနိုင်မှုအခက်အခဲ​ကြောင့် ထိုင်းနိုင်ငံမှာကုမ္မဏီ​​တွေလာထောင်ပြီး ထိုင်းနိုင်ငံတွင်းမှာ လုပ်ငန်း​တွေလုပ်တာမဟုတ်ဘဲ အဲဒီကုမ္မဏီ​တွေနံမည်နဲ့ နိုင်ငံခြားတိုင်းပြည်​တွေကို​ ငွေ​တွေလွှဲပြီး မိခင်နိုင်ငံကို ပစ္စည်း​တွေတိုက်ရိုက်တင်သွင်းနေကြတာပါ။
အစပိုင်း​တော့ လွတ်​​နေမှာပါ။ ​
မကြာခင် ပြဿနာ​တွေတက်လာမှာ ဖြစ်ပါတယ်။

Thai Accountant ​တွေနဲ့ Thai Auditor ​တွေက အဲဒီကုမ္မဏီ​တွေရဲ့ စာရင်းမျိူး​တွေကို တာဝန်ယူမ​ပေးရဲကြလို့ အခက်အခဲ​တွေ့​နေကြတဲ့ ကုမ္မဏီတွေ​ တွေ့​နေရပါတယ်။

နောက်ပိုင်းစစ်​ဆေး​တွေ့ရှိလာရင် Bank Account ​တွေ ရပ်တာ/ပိတ်သိမ်းတာ ကုမ္မဏီတာဝန်ရှိသူ​တွေကို တရားစွဲတာ နိုင်ငံခြားသား​တွေဆိုရင် ပြည်ဝင်ခွင့်ပိတ်တာ Black List သွင်းတာ ထိုင်းမှာရှိတဲ့ပိုင်ဆိုင်မှု​တွေသိမ်းတာ အမျိူးမျိူးဖြစ်လာနိုင်ပါတယ်။

ယခုအခါမှာ ထိုင်းနိုင်ငံအတွင်းမှာဘဲ အမှန်တကယ်လုပ်​ငန်းလုပ်​နေတဲ့ ကုမ္မဏီကြီး​တွေ​တောင် Thai လူမျိူးအမည်ခံပြီး (Nominee) လုပ်တဲ့ကိစ္စနဲ့ အ​ရေးယူခံရ ပိုင်ဆိုင်မှုသိမ်းခံရတာ​တွေ အများကြီးပါ။
သတင်းစာ​တွေမှာ အကျယ်တဝင့်ပါပါတယ်။

ကုမ္မဏီ​ထောင်​ပေးတဲ့သူတွေက​တော့ သူတို့​ထောင်​ပေးလိုက်ပြီးရင် သူတို့တာဝန်ပြီးသွားပြီမို့ ကျန်တာ​တွေက ကိုယ့်ကိစ္စနဲ့ကိုယ်ဖြစ်သွားမှာဘဲ​လေ။

အမှန်တကယ် ထိုင်းမှာ လုပ်ငန်းလုပ်ချင်လို့ ကုမ္မဏီထောင်မယ်ဆိုရင်​တော့ ​အောက်မှာ​ဖော်ပြထားတာ​လေး​တွေကို ဂရုတစိုက် လိုက်နာ မှန်မှန်ကန်ကန် လုပ်​ဆောင်မယ်ဆိုရင် အန္တရာယ်ကင်းနိုင်ပါတယ်။

1.လစဥ် စာရင်းအင်း/စာရင်းကိုင်ကိစ္စ (Monthly Accounting)

2.လစဥ် Revenue Dept. ကို အခွန်စာရင်း​တွေ ပြုစု/တင်သွင်း/အခွန်​ဆောင်ရတဲ့ကိစ္စ (Taxation)
(VAT Register လုပ်ထားရင် PND-3, PND-53, PP-30 etc., ဝန်ထမ်းရှိရင် PND-1, တနှစ်ပြည့်ရင် PND-91 etc.,)

3.ဝန်ထမ်းရှိရင် လစဥ် လူမှုဖူလုံ​ရေးစာရင်းတင်သွင်း/​ငွေသွင်းခြင်း (Social Security)

4.နှစ်ဝက်စာရင်းတင်သွင်းရတဲ့ကိစ္စ (PND-51)

5.နှစ်ချူပ်စာရင်းပြုစု/တင်သွင်း/စာရင်းစစ်ကိစ္စ (Financial Statements, PND-51, Audit Report etc.,)

6.နိုင်ငံခြားသားဝန်ထမ်းရှိရင် Work Permit, Visa ကိစ္စ ( 2,000,000 bahts Share Capital Company မှာ Thai လူမျိူးဝန်ထမ်း ၄ ​ယောက်ရှိမှ နိုင်ငံခြားသား ၁ ​ယောက် နှုန်း Work Permit ရရှိပါမယ်)

​ထိုင်းနိုင်ငံမှာ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းကိစ္စကို ထိုင်းနိုင်ငံရဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပ​ဒေ/စည်းမျဥ်း/စည်းကမ်း​တွေကို တတ်ကျွမ်းနားလည်ပြီး အ​တွေ့အကြုံရှိသူ​တွေနဲ့ ​သေချာ​ဆွေး​နွေးပြီးမှ လုပ်​ဆောင်ပါလို့ တိုက်တွန်းပါရ​စေ။

အခု​​ဖော်ပြ​ပေးထားတာ​တွေက​တော့ ကိုယ့်လူမျိူး​တွေ သိချင်တာ​လေး​တွေ သိ​ပါစေ အဆင်​ပြေ​ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိအ​တွေ့အကြုံအရ သိရှိသမျှကို အကြမ်းမျဥ်း​ ဖော်ပြ​ပေးခြင်းသာ ဖြစ်ပါတယ်။

အားလုံအဆင်​ပြေကြပါ​စေ။

Central Village မှာFitflop ​တွေ ၂ ရံယူရင် 70% Discount နဲ့ ​ရောင်း​နေပါတယ်။
10/10/2024

Central Village မှာ
Fitflop ​တွေ ၂ ရံယူရင်
70% Discount နဲ့ ​ရောင်း​နေပါတယ်။

Siam Premium Outlets, Bangkok မှာ Sketchers ​တွေ Buy 1 Get 1 နဲ့ ​ရောင်း​နေပါတယ်။
10/10/2024

Siam Premium Outlets, Bangkok မှာ
Sketchers ​တွေ Buy 1 Get 1 နဲ့ ​ရောင်း​နေပါတယ်။

၃ လုံးတိုက်ထီ ဝါသနာပါသူများအတွက် ....
03/10/2024

၃ လုံးတိုက်ထီ ဝါသနာပါသူများအတွက် ....

The Government Lottery Office (GLO) plans to issue three-digit lottery tickets this month to tackle the twin issues of overpricing and black-market tickets, board member Thanavath Phonvichai said on Wednesday.

ที่อยู่

Samut Prakan
10280

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66800706865

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Amicus Co.,Ltdผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Amicus Co.,Ltd:

แชร์