KO THER GYI ကိုသားကြီး ငွေလွှဲဝန်ဆောင်မှု မှနွေးထွေးပျူငှာစွာ ကြိုဆိုပါတယ်။

ဆာလောင်မှုပြင်းပြဖို့ဆိုရင် Why အရေးကြီးတယ်လူအများစု ကြီးပွားတိုးတက်ချင်တယ်၊ တချို့ လက်ရှိအခြေအနေကို ပြောင်းလဲချင်ကြတယ်။...
26/11/2023

ဆာလောင်မှုပြင်းပြဖို့ဆိုရင် Why အရေးကြီးတယ်

လူအများစု ကြီးပွားတိုးတက်ချင်တယ်၊ တချို့ လက်ရှိအခြေအနေကို ပြောင်းလဲချင်ကြတယ်။ ဒါပေမဲ့ အချိန်သာကြာလာတယ် ဒုံရင်းကဒုံရင်းပဲ၊ တချို့ဆို ဖြစ်ချင်စိတ်က ကောက်ရိုးမီးလို ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုရင် အဓိကအကြောင်းရင်းတစ်ခုက သူတို့မှာရှိတဲ့ “Why” က လုံလောက်အောင် အားမကောင်းလို့ပဲ။

“ရည်ရွယ်ချက်ရှိရှိအသက်ရှင်သန်တဲ့သူဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ကျော်လွှားနိုင်တယ်” ဆိုတဲ့စကားရှိတယ်။

ဆာလောင်မှုပြင်းပြဖို့အတွက်ဆိုရင် Why သိပ်အရေးကြီးတယ်။ ကိုယ် ဘာအတွက်အသက်ရှင်နေတာလဲ၊ ဘာကြောင့် အလုပ်လုပ်နေတာလဲ ကိုယ်ဖြစ်ချင်တာတစ်ခုခုအတွက်လား၊ မိသားစုအတွက်လား၊ နိုင်ငံနဲ့ပြည်သူလူထုအတွက်လား စသဖြင့် ရည်ရွယ်ချက်တစ်ခုခုရှိတာက တွန်းအားကြီးကြီးမားမားဖြစ်စေတယ်။

ရည်ရွယ်ချက်၊ အကြောင်းတရားက ကြီးမားတဲ့တဲ့အခါ ဘယ်လောက်ပဲအခက်အခဲရှိရှိ နည်းလမ်းတွေ့အောင်ရှာတယ်၊ ဘယ်လောက်ပဲအခက်အခဲရှိရှိ ရအောင်လုပ်ဖြစ်သွားတယ်။ ဒါကြောင့် အသက်ရှင်သန်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် “ဘာကြောင့်” ဆိုတဲ့ အဓိပ္ပာယ်ရှိဖို့သိပ်အရေးကြီးတယ်။

ที่อยู่

Rayong

เบอร์โทรศัพท์

+66946675923

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO THER GYIผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KO THER GYI:

แชร์