12/08/2024
🛑 PJ PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း
🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား
🔘 PJ တွေ ထွက်မရဘူး သို့ ထွက်ဖို့မလွယ်ဘူး
❗️Information အမှန်
📕If you are PV type passport holder :
PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်။ အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ် ။ အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ။ visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို့ only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။
🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန်လိုအပ်သည့်စာရင်း
✅ Flight ticket ✈️ round trip (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား ပြရပါမယ် ဘဏ်အကောင့်မရပါ)
အဆိုပါ documentation (4) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌
📕If you are PJ type passport holder :
PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌
PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်။ မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌
👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️
PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။
PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက် အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅
PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့ နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅
PJ ဖြင့် ကျောင်းသွားတက်မည့်သူများ
👉 ရန်ကုန်ရှိမိမိသွားရောက်မည့်နိုင်ငံ၏သံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့
စာရွက်စာတမ်းတွေလိုပါတယ် ✅
📕If you are seaman with PS type passport:
PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅
အားလုံးအဆင်ပြေကြပါစေဗျ
ပြည်တွင်းပြည်ပအလည်အပတ်ခရီးစဉ်များအတွက်လေယာဉ်လက်မှတ်များကိုကျွန်တော်တို့
Find Your Destination မှာဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ
🙏🙏🙏ခရီးသွားချစ်ဧည့်သည်တော်များအားလုံး စိတ်ချမ်းသာ၍ကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒပြည့်ဝပါစေကြောင်း Find Your Destination မှဆုတောင်းမေတ္တာပို့သပေးလိုက်ပါသည်…
⚠️လေယာဉ်လက်မှတ်ဝယ်ယူလျှင်လည်းအနည်းဆုံးအချိန်တစ်ပတ်စော၍ဝယ်ယူပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်⚠️