23/09/2026
Stock Investment မှာ Beginner Investor တွေ ဖြစ်လေ့ရှိတဲ့
ပြဿနာက...
ဘယ်စတော့ခ် ကို ဝယ်ရမလဲ ဆိုတာနဲ့ ပဲ တိုင်ပတ်ကြတာ များတယ်
ဒါပေမယ့် တကယ့် ပြဿနာ က
ကိုယ်ဘယ် Sector မှာ ရင်းနှီးမြှုပ်နှံမလဲ ❗️
ဘာကြောင့် ဒီကုမ္ပဏီကို ရွေးထားတာလဲ❗️
Risk ကို ဘယ်အတိုင်းအတာထိ လက်ခံနိုင်လဲ❗️
ကုမ္ပဏီရဲ့ အခြေအနေ ပြောင်းသွားရင် ဘယ်လိုပြန်သုံးသပ်မလဲ❗️
ဒီမေးခွန်းတွေကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မဖြေနိုင်တာပါ။
Beginner အများစုကတော့...
“ဘယ်လောက်မြတ်မလဲ” ဆိုတာကို အရင်ကြည့်တတ်ကြတယ်။
ဒါပေမယ့် ကျွန်တော်တို့ စဉ်းစားရမှာက...
အမြတ်ဘယ်လောက်ရမလဲဆိုတာတင် မဟုတ်ဘူး။
မှားသွားရင် ဘယ်လောက်ဆုံးရှုံးနိုင်လဲ။
ဆုံးရှုံးမှုဖြစ်လာရင် ဘယ်လိုကိုင်တွယ်မလဲ။
ဒါကိုပါ ကြိုစဉ်းစားထားရမယ်။
ဒါကြောင့် Investment လောကမှာ
အမြတ်ရဖို့ကိုပဲ စဉ်းစားနေတာထက်
ကိုယ်ချတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်နားလည်ဖို့၊
အမှားဖြစ်နိုင်ခြေကို လက်ခံထားဖို့နဲ့
ကိုယ့်ရဲ့ Investment Process ကို တဖြည်းဖြည်း တည်ဆောက်သွားဖို့ကအရေးကြီးတယ်။
ဒီအတွက်
ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုလောကမှာ Beginner Investor အများစု
မှားလေ့ရှိတဲ့ “အမှား” တွေကို ရှောင်နိုင်ဖို့နဲ့...
တကယ်အသုံးချနိုင်မယ့် Risk Management အကြောင်းကို
လာမယ့် September ၂၆ ရက်နေ့
(စနေနေ့) မြန်မာချိန် ည ၇ နာရီမှာ...
“Stock Investment မှာ Risk ကို နားလည်ပြီး ဘယ်လိုစီမံခန့်ခွဲမလဲ?”
ဆိုတဲ့ ခေါင်းစဉ်နဲ့ 🌱 Free Seminar ပြုလုပ်ပေးသွားမှာပါ။
Investment မှာ Risk ကို ရှောင်လို့မရဘူး။
ဒါပေမယ့် Risk ကို နားလည်ထားရင် စီမံလို့ရတယ်။
Seminar ကို တက်ရောက်ချင်သူတွေက “Join” လို့ မန့်ခဲ့ပေးပါ။
September 26 မှာ ပြန်တွေ့ပါမယ်။ 🙏