05/07/2024
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျနော်တို့ကတော့ ထိုင်းနိုင်ငံအတွင်း နေထိုင်ရာမှာ အရေးကြီးလှတဲ့ TM-30 ခေါ် ထိုင်းဧည့်စာရင်းကို လွယ်လွယ်ကူကူဖြင့် အချိန်ကုန်လူပင်ပန်းသက်သာစွာရရှိအောင် ကူညီဆောင်ရွက် ဝန်ဆောင်မှုပေးတဲ့ Burma Link ပဲဖြစ်ပါတယ်ခင်ဗျ။
အလွယ်ပြောရမယ်ဆိုရင်တော့ TM30 ဆိုတာ
ထိုင်းဧည့်စာရင်းပါ။TM30ကို မိမိတို့ visa extension လုပ်ချင်တာဖြစ်စေ visa ပြောင်းချင်တာဖြစ်စေ စတဲ့visa နဲ့ပတ်သက်တဲ့ ကိစ္စအမျိုးမျိုးတွေမှာ TM30ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတခုပဲဖြစ်ပါတယ်။ဒါတင်မကဘဲ ကျောင်းအပ်သည့် အခါမှာပဲဖြစ်စေ ယာဉ်မောင်းလိုင်စင် လုပ်သည့်အခါမှာပဲဖြစ်စေ အလွန်အရေးကြီးသော စာရွက်စာတမ်းပဲဖြစ်ပါတယ်။ကျနော်တို့ထိုင်းနိုင်ငံမှာ အိမ်စငှါးပြီ ဆိုရင် အိမ်ရှင်က သူ့ရဲ့အထောက်အထားတွေကိုCopy ပေးထားပါလိမ့်မယ်။
ထိုစာရွက်စာတမ်းတွေကို အကြောင်းမဲ့ပေးတာမဟုတ်ဘဲ ထိုင်းနိုင်ငံဧည့်စာရင်းလုပ်ဖို့ပေးထားတာပဲဖြစ်ပါတယ်။ အကယ်၍များ အိမ်ရှင်က copyတွေမပေးမိတာဖြစ်စေ ပေးဖို့နောက်ကျနေတာဖြစ်စေ အကြောင်းရင်းတခုခုကြောင့် နှောင့်နှေးခဲ့သည်ရှိသော် immigration မှာ TM30 သွားလုပ်လျှင်
အရင်ရက်များက နေထိုင်ခဲ့တဲ့ TM-30ကိုမေးလျှင် အခက်တွေ့စေနိုင်ပါတယ်။
ဥပမာ 1ရက်နေ့ အိမ်စာချူပ်ချုပ်တယ်ထား
3ရက်နေ့ သို့ 4ရက်နေ့ လောက်မှ လူကိုယ်တိုင် သွားတိုင်ရင်
ဒဏ်ကြေးငွေဆိုပြီး Baht 1600ပေးလိုက်ရပါမယ်ခင်ဗျာ။
တကယ်က အိမ်ရှင်ဘက်ကနေဒဏ်ငွေဆောင်ပေးရတာပါ။ ဒါပေမယ့် အိမ်ရှင်က အိမ်ငှါးကို ပဲပြန်တောင်းပါတယ်ခင်ဗျာ
ဒီလို အဆင်မပြေမှုတွေ ၊ ပိုက်ဆံအလေလွင့်ဖြစ်တာမျိုးတွေ မရှိရလေအောင် ကျနော်တို့ Burma Link ကအချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် TM30ရအောင် ကူညီဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးပါတယ်ဗျ။ဝန်ဆောင်မှုပေးတဲ့အခါမှာလည်း ဒီနေ့လုပ် ဒီနေ့ရတာမို့ မြန်မှကြိုက်တာဆိုတဲ့လူတွေအတွက်တော့ အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်ဗျ။အရေးကြီးဆုံးကတော့ Visa နဲ့ပတ်သက်သောကိစ္စတခုခုကိုဆောင်ရွက်ရန် လ.ဝ.က သို့သွားရောက်သည့် အခါ မိမိနေထိုင်တဲ့နေရပ်လိပ်စာကို လတ္တီကျူ့ လောင်ဂျီကျူ့ ထောက်ပြခိုင်းတာမျိုးတွေရှိပါတယ်။ အကယ်၍ကိုယ်က မထောက်ပြတတ်အခါရစ်တာမျိုးလေးတွေရှိတတ်လို့ ကျနော်တို့ဆီ service အပ်တဲ့အခါကျရင် ကျနော်တို့က google maps linkလေးကို တခါတည်းပို့ပေးမှာဖြစ်လို့ လ.ဝ.က အရာရှိကထောက်ပြခိုင်းတဲ့အခါမှာလည်း အဆင်သင့်လေးကျနော်တို့ပို့တဲ့linkလေးထဲဝင်ပြလိုက်ရုံပါပဲခင်ဗျာ။ငွေပေးချေရာတွင်လည်းမိမိထံသို့ TM30စာရွက်ရမှသာငွေချေရမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ပါတယ်ခင်ဗျာ။