MULA Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MULA Myanmar, บริการทางการเงิน, 18 Naradhiwas Rajanakarin Soi 10, Bangkok.

မိမိကိုယ်တိုင်နဲ့ ဘေးမှာအတူရှိပေးသူတွေကို ဂရုစိုက်ပါထိုင်းနိုင်ငံမှာ နေထိုင်ရတာ အခက်အခဲတွေ ရှိနိုင်တာမို့ မိမိအနားမှာ ကူ...
21/08/2026

မိမိကိုယ်တိုင်နဲ့ ဘေးမှာအတူရှိပေးသူတွေကို ဂရုစိုက်ပါ
ထိုင်းနိုင်ငံမှာ နေထိုင်ရတာ အခက်အခဲတွေ ရှိနိုင်တာမို့ မိမိအနားမှာ ကူညီစောင့်ရှောက်ပေးမယ့်သူ ရှိနေခြင်းက ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်စေပါတယ်။ 🇹🇭🇲🇲

MULA Care Card နဲ့ဆိုရင် ထိုင်းနိုင်ငံမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေစဉ်အတွင်း မိမိကိုယ်တိုင်နဲ့ မိမိဘေးမှာအတူရှိပေးပြီး ကူညီပေးတဲ့သူတွေကို ပိုမို ဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိနဲ့ မိမိရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအောင် ကူညီပေးနေသူတိုင်းဟာ ဂရုစိုက်မှုနဲ့ အကာအကွယ် ရရှိဖို့ ထိုက်တန်လို့ပဲ ဖြစ်ပါတယ်။❤️

MULA Care Card ကို စာရင်းသွင်းပြီး အောက်ပါ အကာအကွယ်များ ပါဝင်သည့် မတော်တဆထိခိုက်မှုအာမခံကို အခမဲ့ရယူလိုက်ပါ -
🌟ဆေးကုသစရိတ် အာမခံအကာအကွယ်
🌟မသန်စွမ်းမှုနှင့် သေဆုံးမှုဆိုင်ရာ အာမခံအကာအကွယ်
🌟ဝင်ငွေထိခိုက်မှုလျှော်ကြေး

MULA App ကို ခုပဲဒေါင်းလုဒ်လုပ်ပြီး MULA Care Cardကို စာရင်းသွင်းလိုက်ပါ။
🔸App Store (iOS) → https://apps.apple.com/th/app/mula/id1618875274
🔸Google Play (Android) → https://play.google.com/store/apps/details?id=com.mulax.android&hl=th

အသေးစိတ် သိရှိလိုပါက (သို့) မေးမြန်းလိုသည်များ ရှိပါက
LINE Official→ MULA_Myanmar သို့ ဆက်သွယ်နိုင်ပါသည်။
MULA Care Card အကြောင်း အသေးစိတ် လေ့လာရန် → https://bit.ly/en-pa-coverage

&ThoseWhoSupportYou

🇹🇭 ထိုင်းနိုင်ငံအမေများနေ့  ရုံးပိတ်ရက်ကြေငြာချက် 💙ဩဂုတ်လ 12 ရက်နေ့သည် ထိုင်းနိုင်ငံ၏ အမေများနေ့ ဖြစ်ပါသဖြင့် MULAရုံးအာ...
11/08/2026

🇹🇭 ထိုင်းနိုင်ငံအမေများနေ့ ရုံးပိတ်ရက်ကြေငြာချက် 💙
ဩဂုတ်လ 12 ရက်နေ့သည် ထိုင်းနိုင်ငံ၏ အမေများနေ့ ဖြစ်ပါသဖြင့် MULAရုံးအား ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။

📅 ဩဂုတ်လ 12 ရက်၊ 2026
🔄 ဩဂုတ်လ 13 ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

အားလပ်ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် အဆင်မပြေမှုများအတွက် နားလည်ပေးမှုကို ကျေးဇူးတင်ရှိပါသည်။ 💙
Happy Mother’s Day! 🌷

📢 ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် အရေးကြီးသတင်း 🇲🇲🇹🇭ထိုင်းအစိုးရက စနစ်ထဲမှာ မှတ်ပုံတင်ထားပြီးသားဖြစ်တဲ့ မြန်မာ၊ ...
31/07/2026

📢 ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် အရေးကြီးသတင်း 🇲🇲🇹🇭
ထိုင်းအစိုးရက စနစ်ထဲမှာ မှတ်ပုံတင်ထားပြီးသားဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးဖို့ အတည်ပြုလိုက်ပါပြီ။
နောက်ဆုံးထုတ်ပြန်ချက်အရ အကျုံးဝင်တဲ့ အလုပ်သမားတွေက ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီသက်တမ်းတိုးခွင့်ကို ဘာကြောင့် ထုတ်ပြန်ပေးတာလဲ?
🔹ထိုင်းနိုင်ငံမှာ အလုပ်သမားလိုအပ်ချက် မဖြစ်ပေါ်စေရန်
🔹စက်ရုံ၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများ အပါအဝင် လုပ်ငန်းများကို အထောက်အကူပြုရန်
🔹အလုပ်သမားအင်အား တည်ငြိမ်စွာ ဆက်လက်လည်ပတ်နိုင်စေရန်
🔹ရွှေ့ပြောင်းအလုပ်သမားများရဲ့မှတ်ပုံတင်ခြင်းနဲ့ ဒေတာအချက်အလက်စနစ်တွေ ပိုမိုကောင်းမွန်အောင် ပြုပြင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များအား အချိန်ပိုမိုရရှိစေရန်

ဘယ်သူတွေ အကျုံးဝင်လဲ?
🔸ထိုင်းအစိုးရရဲ့ စနစ်ထဲမှာ အချက်အလက်ရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားတွေ အကျုံးဝင်ပါတယ်။
🔸အလုပ်သမားအသစ်တွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်အတွက်တော့မပါသေးပါဘူး။

နောက်ထပ် ဘာတွေ သိထားသင့်လဲ?
🔸Work Permit သက်တမ်းတိုးဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်နဲ့ စာရွက်စာတမ်းတွေကို အလုပ်သမားဝန်ကြီးဌာနက အသေးစိတ် ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
🔸ဒါကြောင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအနေနဲ့ တရားဝင် လမ်းညွှန်ချက်တွေ ထွက်လာတဲ့အထိ စောင့်ပြီးမှ လိုအပ်တာတွေ ဆက်လုပ်သွားဖို့ အကြံပြုလိုပါတယ်။
🔸လုပ်ငန်းစဉ်နဲ့ လိုအပ်ချက်တွေက နောက်ထပ်ကြေညာချက်တွေအရ ပြောင်းလဲနိုင်တာကြောင့် တရားဝင်သတင်းတွေကိုပဲ စောင့်ကြည့်အတည်ပြုသင့်ပါတယ်။

🚨သတင်းမှားများနဲ့ လိမ်လည်မှုတွေကို သတိထားပါ။
တရားဝင် လုပ်ငန်းစဉ်နဲ့ လိုအပ်ချက်တွေအတွက် ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာန (Department of Employment – DOE) နဲ့ အလုပ်သမားဝန်ကြီးဌာန (Ministry of Labour) ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုပဲ စောင့်ကြည့်ပါ။

📍ဒီသတင်းကို ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းအတွက် အသိပညာမျှဝေပေးဖို့ ရည်ရွယ်ပါတယ်။
အသုံးဝင်မယ်ထင်တဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဒီ Post ကို ပြန်လည်မျှဝေပေးပါအုန်း။
Source: The Nation Thailand, 19 July 2026
https://www.nationthailand.com/blogs/news/general/40068807

⚠️ အသိပေးချက်၊ ဤပို့စ်တွင် ဖော်ပြထားသော အချက်အလက်များသည် အထွေထွေဗဟုသုတနှင့် မြန်မာလုပ်သားအသိုင်းအဝိုင်းအတွက် သတင်းအချက်အလက်မျှဝေပေးရန်သာ ရည်ရွယ်ပါသည်။ လုပ်သားများ၏ အကျုံးဝင်မှု၊ Work Permit သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လိုအပ်သော စာရွက်စာတမ်းများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအာဏာပိုင်များမှ နောက်ထပ်အသေးစိတ်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ပါသည်။ ထို့ကြောင့် နောက်ဆုံးရအချက်အလက်များနှင့် တရားဝင်လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများ၏ တရားဝင်ကြေညာချက်များကို စောင့်ကြည့်ဖတ်ရှုပါရန်။

🙏✨ အာသဠှဗူဇာနေ့ (ဓမ္မစကြာနေ့) ✨🙏🇹🇭ဇူလိုင်လ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျရောက်သည့် အာသဠှဗူဇာနေ့ (ဓမ္မစကြာနေ့) တွင် မိသားစု...
29/07/2026

🙏✨ အာသဠှဗူဇာနေ့ (ဓမ္မစကြာနေ့) ✨🙏🇹🇭

ဇူလိုင်လ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျရောက်သည့် အာသဠှဗူဇာနေ့ (ဓမ္မစကြာနေ့) တွင် မိသားစု၊ မိတ်ဆွေများနှင့်အတူ စိတ်အေးချမ်းသာယာစွာ အနားယူရင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေ။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်အေးချမ်းသော အားလပ်ရက်လေး ဖြစ်ပါစေ။ 🌸✨

📢 ရုံးပိတ်ရက် အသိပေးကြေညာချက် 🇹🇭🎉 ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့) – ထိုင်းဘုရင်မင်းမြတ်(ရာမ ၁၀)၏ မွေးနေ့မင်္ဂလာ 🙏 ဇူလိုင်လ ၂...
27/07/2026

📢 ရုံးပိတ်ရက် အသိပေးကြေညာချက် 🇹🇭

🎉 ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့) – ထိုင်းဘုရင်မင်းမြတ်(ရာမ ၁၀)၏ မွေးနေ့မင်္ဂလာ
🙏 ဇူလိုင်လ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) – အာသဠှဗူဇာနေ့ (ဓမ္မစကြာနေ့)

အထက်ပါ အထိမ်းအမှတ်နေ့များတွင် MULAရုံးအား ခေတ္ထပိတ်ထားမည်ဖြစ်ပြီး ဇူလိုင်လ ၃၀ရက်နေ့ ကြာသာပတေးနေ့တွင် ပုံမှန်အတိုင်း ဖွင့်လှစ်ပါမည်။

အားလုံးပဲ စိတ်အေးချမ်းပျော်ရွှင်စရာ ရုံးပိတ်ရက်လေး ဖြစ်ပါစေ။ ✨

🇹🇭ထိုင်းနိုင်ငံမှာ နေထိုင်စရိတ်နဲ့ ငွေစုနည်းလမ်းညွှန် (ရွှေ့ပြောင်းလုပ်သားများအတွက်)ရွှေ့ပြောင်းလုပ်သားတော်တော်များများဟ...
11/06/2026

🇹🇭ထိုင်းနိုင်ငံမှာ နေထိုင်စရိတ်နဲ့ ငွေစုနည်းလမ်းညွှန် (ရွှေ့ပြောင်းလုပ်သားများအတွက်)

ရွှေ့ပြောင်းလုပ်သားတော်တော်များများဟာ မိသားစုကို ထောက်ပံ့ဖို့၊ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့နဲ့ ပိုက်ဆံရှာဖို့ ရည်မှန်းချက်ကြီးကြီးမားမားနဲ့ ထိုင်းနိုင်ငံကို လာခဲ့ကြတာပါ။ ဒါပေမဲ့ လကုန်တဲ့အခါ လက်ထဲမှာ စုမိဆောင်းမိတာ ဘာမှမကျန်တော့တဲ့အခါ ပိုပြီးစိတ်ညစ်ရပါတယ်။

လစာနည်းလို့ မစုမိတာလား?
လစာအများကြီးရရုံနဲ့ ပိုက်ဆံအများကြီး စုမိမယ်လို့ မဆိုလိုပါဘူး။ တကယ်အရေးကြီးတာက ရတဲ့လစာကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါ။ မိမိရဲ့သုံးစွဲမှုပုံစံကို သေချာသိထားတာက ကိုယ်ရှာထားတဲ့ ဘတ်ငွေတွေကို မဆုံးရှုံးအောင် ထိန်းသိမ်းနိုင်မယ့် တကယ့်လျှို့ဝှက်ချက် ဖြစ်ပါတယ်။

နေထိုင်တဲ့နေရာကလည်း အရေးကြီးတယ်။
နေထိုင်စရိတ်ဆိုတာ ကိုယ်နေတဲ့ ဒေသပေါ်မူတည်ပြီး အများကြီး ကွာခြားနိုင်ပါတယ်။
ဘန်ကောက်၊ ဖူးခက် ဒါမှမဟုတ် ပတ္တရားလို မြို့ကြီးတွေမှာ အိမ်လခနဲ့ နေ့စဉ်အသုံးစရိတ်တွေဟာ တခြားနယ်မြို့ငယ်လေးတွေထက် ပိုများလေ့ရှိပါတယ်။

ဒါပေမဲ့ အိမ်လခ သက်သာတာတစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။
တကယ်လို့ အလုပ်နဲ့ အရမ်းဝေးပြီး ဈေးသက်သာတဲ့အခန်းကို ရွေးလိုက်ရင် သွားရေးလာရေးအတွက် ကားခပိုကုန်နိုင်တဲ့အပြင် အလုပ်သွားတဲ့အခါမှာလဲ အချိန်တွေအများကြီး ပုပ်နိုင်ပါတယ်။
အကြံကောင်းတစ်ခုကတော့ - အခန်းမငှားခင် တစ်လစာ ကုန်ကျစရိတ်အားလုံးကို ကြိုတွက်ချက်ပါ။
တစ်ခါတလေမှာ အလုပ်နဲ့နီးတဲ့နေရာအတွက် အိမ်လခနည်းနည်း ပိုပေးလိုက်ရတာက ပိုက်ဆံရော၊ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်ကိုပါ တစ်ပြိုင်နက်တည်း သက်သာစေနိုင်ပါတယ်။

ငွေသုံးစွဲမှုအလေ့အကျင့် (တကယ်လိုအပ်တာ နဲ့ အပျော်အပါးအတွက် လိုချင်တာ)
မသိမသာ သုံးမိနေတဲ့ နေ့စဉ်အသေးအဖွဲ အသုံးစရိတ်တွေက သင့်ဝင်ငွေကို တဖြည်းဖြည်း လျော့နည်းစေနိုင်ပါတယ်။
🔹"လိုချင်စိတ်" ကြောင့် ကုန်ကျစရိတ်များ - Grab ဒါမှမဟုတ် LINEMAN လို App တွေကနေ နေ့တိုင်း အစားအသောက်တွေ မှာစားတာ၊ လတိုင်း အဝတ်အစားသစ်နဲ့ ခေတ်ပေါ်ဖိနပ်တွေ ဝယ်တာ၊ ဖုန်းအသစ်ထွက်တိုင်း အရစ်ကျစနစ်နဲ့ ဈေးကြီးပေးဝယ်တာမျိုးတွေ ဖြစ်ပါတယ်။
🔹 "တကယ်လိုအပ်တာ" ကိုပဲ အာရုံစိုက်ခြင်း - ငွေကြေးကို တကယ်ထိန်းချုပ်နိုင်ဖို့ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်တာ (အိမ်လခ၊ အခြေခံစားသောက်ကုန်၊ မီတာခ/ရေခ) နဲ့ ကိုယ့်အလိုဆန္ဒအရ လိုချင်တာ (ဇိမ်ခံပစ္စည်း၊ ဈေးကြီးတဲ့ဆိုင်တွေမှာ စားသောက်တာ၊ အပျော်လျှောက်ဝယ်တာ) ကို သဲသဲကွဲကွဲ ခွဲခြားသိဖို့ လိုပါတယ်။

ရိုးရှင်းပြီး လက်တွေ့ကျတဲ့ ငွေစုနည်းလမ်းများ
🔸မသုံးခင် အရင်စုပါ - လကုန်လို့ "ပိုတာလေးပဲ စုမယ်" ဆိုပြီး မလုပ်ပါနဲ့။ လစာရတဲ့နေ့မှာပဲ ကိုယ်စုမယ့် ငွေပမာဏကို အကောင့်တစ်ခုထဲ ဒါမှမဟုတ် သီးသန့်နေရာတစ်ခုထဲကို ချက်ချင်းဖယ်ထားလိုက်ပါ။ ပြီးမှ ကျန်တဲ့ပိုက်ဆံကိုပဲ သုံးပါ။
🔸နေ့စဉ် အသုံးစရိတ်ကို မှတ်သားထားပါ - စာအုပ်ထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲက ငွေစာရင်းမှတ်တဲ့ App ထဲမှာဖြစ်ဖြစ် မိမိသုံးလိုက်တဲ့ ဘတ်တစ်စေ့မကျန်ကို တစ်လတိတိ သေချာမှတ်ထားကြည့်ပါ။ ကိုယ့်ပိုက်ဆံတွေ ဘယ်နေရာမှာ မသိမသာ ကုန်နေလဲဆိုတာ တွေ့ရရင် အံ့သြသွားပါလိမ့်မယ်။
🔸အိမ်မှာပဲ ချက်ပြုတ်စားပါ - အိမ်မှာ ရိုးရိုးရှင်းရှင်းပဲ ချက်ပြုတ်စားတာ၊ ဈေးကနေ ဆန်လိုမျိုး အခြေခံစားသောက်ကုန်တွေကို အများကြီး ဝယ်ထားတာမျိုးက စားစရိတ်ကို အများကြီး သက်သာစေပါတယ်။
🔸စာရွက်စာတမ်း သက်တမ်းတိုးဖို့အတွက် ကြိုတင်ပြင်ဆင်ပါ - ဗီဇာသက်တမ်းတိုးတာ၊ ဝေါ့ပါမစ် သက်တမ်းတိုးတာနဲ့ ကျန်းမာရေးစစ်ဆေးတာတွေက ပုံမှန်ရှိနေမှာပါ။ ဒါကြောင့် သက်တမ်းတိုးရမယ့်အချိန်ကျမှ ငွေကြေး အခက်အခဲမဖြစ်အောင် ဘတ်ရာဂဏန်းလောက် လစဉ် ကြိုတင်ဖယ်ထားပေးပါ။
🔸မမျှော်လင့်ဘဲ ကုန်ကျမယ့်စရိတ် - နောင်တစ်ချိန်မှာ ဆေးကုသစရိတ် အများကြီး မကုန်ရအောင် ကျန်းမာရေးအာမခံ ဒါမှမဟုတ် မတော်တဆထိခိုက်မှု အာမခံတွေကို ထားရှိဖို့ စဉ်းစားသင့်ပါတယ်။

🌱 ဇွဲရှိဖို့က အဓိကပါ
တကယ်တော့ ချမ်းသာကြွယ်ဝမှုနဲ့ ငွေကြေးလုံခြုံမှုဆိုတာ လစာဘယ်လောက်အများကြီးရလဲ ဆိုတာထက် ကိုယ့်မှာရှိတဲ့ငွေကို ဘယ်လောက် ပုံမှန်နဲ့ ပညာရှိရှိ စီမံခန့်ခွဲနိုင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ လတိုင်း ပိုက်ဆံအနည်းငယ်စီပဲ စုနိုင်ရင်တောင် အချိန်ကြာလာတာနဲ့အမျှ စုမိဆောင်းမိလာပြီး မိမိနဲ့ မိမိရဲ့မိသားစုအတွက် ဂုဏ်ယူစရာကောင်းတဲ့၊ လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ပြီး အလုပ်လုပ်နေတဲ့အချိန်အတွင်းမှာ
သင်တို့အတွက် အကောင်းဆုံး ငွေစုနည်းလမ်းက ဘာဖြစ်မလဲ။

ထိုင်းနိုင်ငံရောက် သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အသုံးဝင်မယ့် အကြံဉာဏ်တွေကို အောက်က Comment မှာ မျှဝေပေးခဲ့ကြပါဦး။ 👇

အားလုံးတူတူ တိုးတက်အောင်မြင်ကြပါစို့။ 🌱

ဝိသာခါပူဇာ - ကဆုန်လပြည့်ဗုဒ္ဓနေ့  အစားထိုးရုံးပိတ်ရက်အဖြစ် MULAမှ အောက်ပါအတိုင်း  ရုံးပိတ်ရက် သတ်မှတ်ထားပါသည်။📌 အစားထိုး...
01/06/2026

ဝိသာခါပူဇာ - ကဆုန်လပြည့်ဗုဒ္ဓနေ့ အစားထိုးရုံးပိတ်ရက်အဖြစ်
MULAမှ အောက်ပါအတိုင်း ရုံးပိတ်ရက် သတ်မှတ်ထားပါသည်။

📌 အစားထိုး ရုံးပိတ်ရက်- ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက် (တနင်္လာနေ့)
📌 ရုံးပြန်ဖွင့်မည့်ရက်- ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက် (အင်္ဂါနေ့)

ယခု ရက်မြတ်အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဘေးကင်းစိတ်ချမ်းမြေ့ဖွယ် အလုပ်ပိတ်ရက်ရှည်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏❤️

ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမား ၅သိန်း လိုအပ်ချက်ကို ဖြေရှင်းဖို့ ရွှေ့ပြောင်းအလုပ်သမား သဘောတူညီချက်တွေကို အမြန်လုပ်ပေး...
29/05/2026

ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမား ၅သိန်း လိုအပ်ချက်ကို ဖြေရှင်းဖို့ ရွှေ့ပြောင်းအလုပ်သမား သဘောတူညီချက်တွေကို အမြန်လုပ်ပေးရန် အစိုးရကို တိုက်တွန်း

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အလုပ်သမားဝန်ကြီးဌာနတို့အကြား နိုင်ငံထဲမှာ ကြုံနေရတဲ့ အရေးကြီးတဲ့ အလုပ်သမားပြတ်လပ်မှုပြဿနာနဲ့ ပတ်သက်ပြီး အဓိကအစည်းအဝေးတစ်ခု လုပ်ခဲ့ကြပါတယ်။
ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းတို့ ပါဝင်တဲ့ ကုန်သွယ်ရေး၊ စက်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲကော်မတီ (JSCCIB) က အလုပ်သမားဝန်ကြီးထံကို အရေးတကြီး အရေးယူဆောင်ရွက်ပေးဖို့ တရားဝင်စာပေးပို့ တောင်းဆိုခဲ့ပါတယ်။

သတင်းထဲက အဓိကအချက်များ-
🔸အလုပ်သမား အများအပြား လိုအပ်နေခြင်း- ထိုင်းနိုင်ငံမှာ လက်ရှိ စက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အလုပ်သမား ၅သိန်းလောက် ထပ်လိုနေပါတယ်။ အဲဒီအထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားပြတ်လပ်မှုဒဏ်ကို အဆိုးဆုံး ကြုံနေရတာပါ။
🔸သက်တမ်းတိုးတာကို ပိုလွယ်အောင်လုပ်ပေးဖို့ တောင်းဆိုခြင်း- အလုပ်ရှင်အဖွဲ့အစည်းတွေက MOU စနစ်နဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်(Work Permit) တွေကို အရေးတကြီး သက်တမ်းတိုးပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။ အလုပ်သမားတွေအနေနဲ့ မိမိနိုင်ငံကို ပြန်စရာမလိုဘဲ စာရွက်စာတမ်းတွေကို သက်တမ်းတိုးနိုင်စေချင်ကြတာပါ။
နယ်စပ်နဲ့ စာရွက်စာတမ်းအခက်အခဲများ- ရှုပ်ထွေးတဲ့ နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ စာရွက်စာတမ်းကိစ္စတွေကြောင့် အချို့အလုပ်သမားတွေ နေရပ်ပြန်သွားကြရတယ်လို့ အလုပ်ရှင်တွေက ပြောပါတယ်။ အထူးသဖြင့် မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ ပြိုင်ဘက်အခြားနိုင်ငံတွေက ပိုပြီးခေါ်ယူနေကြတယ်လို့လည်း ပြောကြားထားပါတယ်။
🔸အစိုးရဘက်က တုံ့ပြန်မှု- အလုပ်သမားဝန်ကြီးက အလုပ်သမားပြတ်လပ်နေတဲ့ ပြဿနာကို လက်ခံခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အလုပ်သမားသဘောတူညီချက်တွေ တိုးချဲ့တာနဲ့ သက်တမ်းတိုးတာတွေကို အမြန်ဆုံးလုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများအတွက် သိထားရန်-
🔹ရွေ့ပြောင်းလုပ်သား အများပြား လိုအပ်နေပြီး ထိုင်းစီးပွါးရေးလုပ်ငန်းတွေဘက်ကလဲ အဲ့ဒီ့အတွက် တက်တက်ကြွကြွ ကြိုးပမ်းနေကြပါတယ်။
🔹မိတ်တွေတို့ရဲ့ လုပ်အားက ထိုင်းစီးပွားရေးအတွက် မရှိမဖြစ် လိုအပ်တာကြောင့် စာရွက်စာတမ်း သက်တမ်းတိုးတာကို ပိုလွယ်ကူအောင်လုပ်ပေးဖို့ အစိုးရကို တွန်းအားပေးနေကြတာပါ။
ထိုင်းနိုင်ငံထဲမှာတင် အပြီးစီးသက်တမ်းတိုးဖို့ အဆိုပြုထားပြီး ထိုင်းလုပ်ငန်းရှင်တွေရဲ့ အဆိုပြုချက်ကို အစိုးရအဖွဲ့က အတည်ပြုပေးမယ်ဆိုရင်တော့ MOU အလုပ်သမားတွေအနေနဲ့ နယ်စပ်ကို ပြန်သွားစရာမလိုပဲ ထိုင်းနိုင်ငံထဲမှာတင် တရားဝင်နေထိုင်ခွင့်ကို အပြည့်အဝ သက်တမ်းတိုးနိုင်တော့မှာ ဖြစ်ပါတယ်။
◽️တစ်ခု သတိပြုရမှာက ဒါဟာ အလုပ်သမားဝန်ကြီးက အစိုးရအဖွဲ့ထံ အမြန်ဆုံးတင်ပြပေးမယ်လို့ ကတိပြုထားတဲ့ တရားဝင်အဆိုပြုချက်အဆင့်ပဲ ရှိပါသေးတယ်။
◽️ဒါကြောင့် တရားဝင်အပြောင်းအလဲတွေကို ဥပဒေအဖြစ် အတည်မပြုမချင်း လက်ရှိမိမိတို့ရဲ့ တရားဝင်သတ်မှတ်ချက်တွေအတိုင်း ဆက်ပြီးလိုက်နာကြဖို့ လိုပါတယ်။

👉 ထိုင်းနိုင်ငံက အလုပ်သမားတွေအတွက် နောက်ဆုံးရသတင်းတွေနဲ့ အသုံးဝင်မယ့် အချက်အလက်တွေကို သိရအောင် MULA Myanmar စာမျက်နှာကို Like & Follow လုပ်ထားပေးကြပါဦးနော်။

📌သတင်းရင်းမြစ်- bangkokpost.com/thailand/general/3260889/govt-urged-to-speed-up-labour-deals

⚠️Disclaimer - ဤဖော်ပြပါ အချက်အလက်များသည် Bangkok Post သတင်းဌာန၏ လူထုသတင်းအစီရင်ခံစာများကို အခြေခံ၍ သတင်းအချက်အလက်နှင့် ဗဟုသုတအလို့ငှာ မျှဝေခြင်း ဖြစ်ပါသည်။ MULA Myanmar လူမှုကွန်ရက်စာမျက်နှာသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားထုအား အထောက်အကူပြုစေမည့် သတင်းအချက်အလက်များကိုသာ ကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး၊ အလုပ်လုပ်ခွင့် (Work Permit) အတည်ပြုချက်၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဆိုင်ရာ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်အပေါ်သာ မူတည်ပါသည်။

📌 ရုံးပိတ်ရက်ကြေညာချက်၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နှင့် ၃ ရက်နေ့များသည် ဝိသာခါပူဇာနေ့နှင့် မိဖုရားကြီးသုသီတာ၏ မွေးနေ့မြတ်အထိ...
29/05/2026

📌 ရုံးပိတ်ရက်ကြေညာချက်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နှင့် ၃ ရက်နေ့များသည် ဝိသာခါပူဇာနေ့နှင့် မိဖုရားကြီးသုသီတာ၏ မွေးနေ့မြတ်အထိမ်းအမှတ် ရုံးပိတ်ရက်များဖြစ်ပါသဖြင့် MULAရုံးကို အောက်ပါအတိုင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🔸ရုံးပိတ်ရက်- ဇွန်လ ၁ ရက် နှင့် ၃ ရက်
🔸ရုံးပြန်ဖွင့်ရက်- ဇွန်လ ၂ ရက် နှင့် ၄ ရက်

🎈ရုံးပိတ်ရက်ကာလအတွင်း လက်ရှိအသုံးပြုသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်တာများကို ၂၄ နာရီပတ်လုံး ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ပါသည်။

အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။🙏

🚨အသိပေးနှိုးဆော်ချက်- ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးထောက်ခံစာအတုများကို ထိုင်းအစိုးရ ပြတ်ပြတ်သားသား အရေးယူမည်ထိုင်...
27/05/2026

🚨အသိပေးနှိုးဆော်ချက်- ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးထောက်ခံစာအတုများကို ထိုင်းအစိုးရ ပြတ်ပြတ်သားသား အရေးယူမည်

ထိုင်းအစိုးရက ရွေ့ပြောင်းအလုပ်သမားတွေ ဝေါ့ပါမစ်မှတ်ပုံတင်ရာမှာ အသုံးပြုတဲ့ ကျန်းမာရေးစစ်ဆေးချက်အတုတွေနဲ့ ပတ်သက်ပြီး ဥပဒေအရ စတင်အရေးယူနေပြီဖြစ်တာကြောင့် အလုပ်ရှင်တွေအနေနဲ့ အထူးသတိပြုဖို့ ကြေငြာထားပါတယ်။

မကြာသေးခင်က အာဏာပိုင်တွေက လိုင်စင်မရှိဘဲ တရားမဝင်ဖွင့်လှစ်ထားပြီး၊ အလုပ်သမားတွေကို အမှန်တကယ် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တာမရှိဘဲ ကျန်းမာရေးထောက်ခံစာအတုတွေ ထုတ်ပေးနေတဲ့ ဆေးခန်းအချို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။

အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ သိရှိထားရန်အချက်များ-
🔸စာရွက်စာတမ်းအတု အသုံးပြုသူတွေနဲ့ တရားမဝင်ဖြတ်လမ်းနည်း သုံးစွဲသူတွေအားလုံး ဥပဒေအရ အရေးယူခံရမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
🔸ကျန်းမာရေးထောက်ခံစာတွေက အစိုးရဆေးရုံတွေ သို့မဟုတ် အစိုးရရဲ့အချက်အလက်စစ်ဆေးရေးစနစ်နဲ့ ချိတ်ဆက်ထားတဲ့ တရားဝင်ခွင့်ပြုချက်ရ ဆေးဘက်ဆိုင်ရာဌာနတွေက ထုတ်ပေးထားမှသာ တရားဝင်ပါတယ်။
🔸အလုပ်သမားစစ်ဆေးရေးအရာရှိတွေက လုပ်ငန်းခွင်တွေကို ကြိုတင်အကြောင်းကြားတာမရှိဘဲ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ ဆေးထောက်ခံစာအတုတွေကို ဖော်ထုတ်ဖို့ ဆေးရုံတွေရဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတွေနဲ့ စစ်ဆေးနေပါတယ်။

ရွေ့ပြောင်းအလုပ်သမားတွေအားလုံး သတ်မှတ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ အကိုယ်တိုင်သွားရောက်ပြီး ဥပဒေအရ သတ်မှတ်ထားတဲ့ အဓိကရောဂါ (၆) မျိုးကို မပျက်မကွက် စစ်ဆေးရပါမယ်။
၁၊ ကူးစက်တတ်သော တီဘီရောဂါ – ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် သလိပ်စစ်ဆေးခြင်း
၂၊ တတိယအဆင့် ကာလသားရောဂါ – သွေးစစ်ဆေးခြင်း
၃၊ မူးယစ်ဆေးဝါးစွဲလမ်းမှု – ဆီးစစ်ဆေးခြင်း
၄၊ နာတာရှည် အရက်သေစာစွဲလမ်းမှု – ဆရာဝန်ကိုယ်တိုင် ကျန်းမာရေးစစ်ဆေးခြင်း
၅၊ ဆင်ခြေထောက်ရောဂါ – သွေးအတွင်း ကပ်ပါးပိုး ရှိ၊ မရှိ စစ်ဆေးခြင်း
၆၊ နူနာရောဂါ – အရေပြားနှင့် အာရုံကြောဆိုင်ရာ ဆေးစစ်ခြင်း

မှတ်ချက်။ ။ ဒီဥပဒေက အလုပ်သမားအားလုံးနဲ့သက်ဆိုင်ပြီး အခြေခံလုပ်သား(Blue-collar)သမားတွေရဲ့ မှတ်ပုံတင်လုပ်ငန်းစဉ်မှာ ပိုမိုတင်းကျပ် စစ်ဆေးသွားမှာဖြစ်ပြီး အလုပ်သမား ကျန်းမာရေးအာမခံကိုလည်း မဖြစ်မနေ ဝယ်ယူထားရမှာဖြစ်ပါတယ်။

🔊ရွေ့ပြောင်းအလုပ်သမားများရဲ့ ဆေးစစ်ချက်တွေကို အစိုးရ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ရတာက အလုပ်ရှင်တွေနဲ့အေဂျင်စီတွေအတွက် အခက်အခဲတွေရှိနိုင်ပါတယ်။
🔸MULAက ထိုင်းနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းများနဲ့အညီ စနစ်တကျ ဆေးစစ်နိုင်ဖို့နဲ့ တရားဝင် ကျန်းမာရေးထောက်ခံစာနဲ့ ကျန်းမာရေးအာမခံပက်ကေ့ဂျ်တွေ ရရှိနိုင်ဖို့ အဆင်ပြေချောမွေ့အောင် ကူညီချိတ်ဆက် ဆောင်ရွက်ပေးနေပါတယ်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက MULA Myanmar page Messenger သို့မဟုတ် LINE Official: မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📌သတင်းရင်းမြစ်များ-
https://www.bangkokpost.com/thailand/general/3260508/govt-cracks-down-on-forged-papers-concerning-migrant-workers
https://thailand.prd.go.th/en/content/category/detail/id/52/iid/506334
https://www.doe.go.th/prd/assets/upload/files/uttaradit_th/8ef2f85ff29d951d83bdbc598ccfb952.pdf

⚠️Disclaimer - ဤအချက်အလက်များသည် အထွေထွေဗဟုသုတနှင့် ပညာပေးရန်အတွက်သာ ရည်ရွယ်ပါသည်။ MULAသည်အချက်အလက်ပံ့ပိုးပေးခြင်းနှင့် လုပ်ငန်းစဉ်များ အဆင်ပြေအောင် ကူညီချိတ်ဆက်ပေးခြင်းကိုသာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) အတည်ပြုထုတ်ပေးခြင်းဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာန အာဏာပိုင်များ၏ စီရင်ပိုင်ခွင့်အာဏာအောက်တွင်သာ ရှိပါသည်။

ที่อยู่

18 Naradhiwas Rajanakarin Soi 10
Bangkok
10120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MULA Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์