Myanmar Golden Link

เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

Myanmar Golden Link Online International Gold Trading & Investment Consultation

29/09/2026

လူနှစ်မျိုးနှစ်စားကွဲသွားပါပြီ😆
ရွှေကိုင်ပြီး စိတ်ညစ်နေတဲ့သူနဲ့
ရွှေမဝယ်ရသေးလို့ စိတ်ညစ်နေမယ့်သူ 🤭

မန္တလေးစာချုပ်ရုံးလည်း စာထွက်ပြီ 😬
29/09/2026

မန္တလေးစာချုပ်ရုံးလည်း စာထွက်ပြီ 😬

မန္တလေးစာချုပ်ရုံးလည်း စာထွက်လာပါပြီ၊

✍️မနက် ၉:၀၀-၁၂:၀၀ ထိပဲ ဆောင်ရွက်ပေးမယ်၊
(တရက်ကို ၃နာရီပဲဆိုတော့ တခြားဆောင်ရွက်စရာ ကိစ္စတွေအတွက်တော့ ဘယ်လိုလုပ်မယ် မသိ)

✍️စာချုပ်ချုပ်တဲ့သူ(သက်ဆိုင်သူ)တွေသာ ရုံးအတွင်း ဝင်ရောက်ခွင့်ပြုမယ်၊
(သက်ဆိုင်သူဆိုတော့ ရှေ့နေတွေ ပါ/မပါ မသေချာ)

✍️ ဧည့်မှတ်တမ်းယူမယ်၊ အဲ့ဒီအမှတ်စဉ်အတိုင်း ဆောင်ရွက်ပေးမယ်၊ ပါတဲ့သူပဲ အလှည့်ကျ ရုံးဝင်းအတွင်းဝင်ရမယ်၊
(ဝင်းအတွင်းဆိုတော့ အလှည့်မကျသေးတဲ့သူတွေက အပြင်ကစောင့်ဆိုတော့ ဘယ်လိုစီမံမယ်တော့ သေချာ မသိရသေး)

✍️၅-၁၀-၂၀၂၆ ရက်နေ့ကနေ စတင်
ဆောင်ရွက်မယ် ...

အဆင်ပြေ ချောမွေ့ကြပါစေ😌

ဆြာငြိမ်းချမ်းအောင်
တရားလွှတ်တော်ရှေ့နေကြီး

တိုးပြီး ရှာ လို့လည်း မရနိုင်တဲ့ ဒီလိုကာလလျှော့သုံး စရာလည်း ငွေ မရှိတော့ တဲ့ဒီလို အခြေအနေမှာ...ကျန်းမာ အောင်သာ နေကြ-အပျေ...
28/09/2026

တိုးပြီး ရှာ လို့လည်း မရနိုင်တဲ့ ဒီလိုကာလ
လျှော့သုံး စရာလည်း ငွေ မရှိတော့ တဲ့
ဒီလို အခြေအနေမှာ...
ကျန်းမာ အောင်သာ နေကြ
-
အပျော်အပါးတွေ ရှောင်...
မလိုအပ်တာ ဘာမှ မဝယ်မိစေနဲ့...
-
ငွေဖြုန်းနိုင် ၊ သုံးနိုင်ကြတဲ့ သူတွေနှင့် မတုနဲ့....
သူတို့က သူတို့....
ကိုယ်က ကိုယ်ပဲ...
-
သုံးနိုင်တဲ့သူတွေ သုံးနေကြတာ မဆန်းပါဘူး....
မသုံးနိုင်တဲ့ ကိုယ်က..သူတို့နှင့်ယှဉ်ပြီး သုံးနေ ဖြုန်းနေရင်....
ကြာရင် ခက်ကုန် မယ် သတိထား
ကြပ်ကြပ်...
-
MKK Business Group

☀️ Gold ETF တွေထဲကို ရွှေ ရင်းနှီးမြှုပ်နှံသူတွေ ဝင်မှုမြင့်နေ ☀️ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ Gold ETFs ကြ...
27/09/2026

☀️ Gold ETF တွေထဲကို ရွှေ ရင်းနှီးမြှုပ်နှံသူတွေ ဝင်မှုမြင့်နေ ☀️

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ Gold ETFs ကြီးတွေထဲမှာ တပတ်တည်းအတွင်း ရွှေတန်အချိန် 35 တန် တိုးလာခဲ့ကြောင်း Bloomberg မှ စာရင်းအရ သိရှိရပါသည်။

လက်ရှိ Global Gold ETFs ကြီးတွေက လက်ဝယ်ထားရှိကြတဲ့ ရွှေတန်ချိန် စုစုပေါင်း 4,250တန် အထိ မြင့်တက်လာပြီး ၎င်းတန်ချိန်အထိ ကိုင်ထားတယ်ဆိုတာ စံချိန်တင်အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါသည်။

ယခင်က Safe-Haven Demand မြင့်တက်ခဲ့တဲ့ ကာလတွေမှာ ရရှိခဲ့တဲ့ အမြင့်ဆုံးပမာဏတွေကိုလည်း ကျော်လွန်သွားခဲ့တာလည်း ဖြစ်သည်။

ETF Holdings တက်တာတခုတည်းနဲ့တော့ ကမ္ဘာ့ရွှေစျေးနှုန်း ဆက်တက်မယ်လို့ တထစ်ချ ဆိုလို့တော့မရပေမယ့် Physical gold market ထဲမှာတော့ ရွှေဝယ်လိုအား ဆက်လက်မြင့်တက်ဆဲဆိုတာ သိရှိထားနိုင်ပါသည်။ ETFs ကြီးတွေလို Financial Institution ကြီးတွေ လက်ဝယ်ထားရှိမှုမြင့်တာဟာ ရေရှည်ပိုင်း ကမ္ဘာ့ရွှေစျေးလားရာ အတွက် အထောက်အပံ့ကောင်းအဖြစ်တော့ ရှိစေနိုင်ပါသည်။

Gold ETFကြီး​တွေရဲ့ ​ရွှေလက်ကိုင်ထားမှု မြင့်တက်လာသလိုဘဲ တရုတ်အစိုးရရဲ့ ​ရွှေဝယ်လိုအားကလည်း မြင့်တက်​နေပါသည်။ ဒီနှစ်ထဲ၌
တရုတ်ရဲ့ ​ရွှေဝယ်လိုအားက တန်ချိန် 1141 တန်အထိ ရှိ​နေပြီ ဖြစ်သည်။



27. 9. 2026

စ လာပြီ 😎
27/09/2026

စ လာပြီ 😎

ပြင်ဦးလွင်....

ရေငယ် ၊ ရေချမ်းအိုးဘက်မှာ....

ရွာမြေ/လူနေထိုင်ခွင့် ကျပြီးမြေ မဟုတ်ရင် အိမ်ဆောက်ဖို့ ကန့်သတ်တာတွေ ရှိလာပါပြီ....

အိမ်ဆောက်/ရောင်းသမား ၊ မြေဝယ်ပြီး အိမ်ဆောက်နေချင်သူတွေကတော့ စဉ်းစားစရာ တစ်ခုတိုးလာပါတယ်....

ရိုးရာမပျက် မြေကွက်လွတ် ဝယ်/ရောင်း သမားတွေကတော့ ထွေထွေထူးထူး ပြဿနာမရှိပါဘူး....

မြို့ကြီးတွေမှာလည်း ဂရန်အမည်ပေါက်မဟုတ်ရင် နေအိမ်ဆောက်လုပ်ခွင့် မရှိတော့ပါဘူး....

ဒါက လက်ရှိအကျပ်အတည်းနဲ့ အခက်အခဲပါ ၊လာမယ့်နွေရာသီဟာ ရာသီဥတု အလွန်ပူပြင်းမယ်လို့ ပညာရှင်တွေ ပြောဆိုထားပြီး ဖြစ်ပါတယ်....

အပူရှောင်ချင်သူများ အတွက် ပြင်ဆင်ချိန် ရပါသေးတယ်၊ ဖေဖော်ဝါရီလောက်မှ အသည်းအသန်ရှာဝယ်ရင်တော့ ဈေးကြီးပေးဝယ်ရနိုင်ပါတယ်....

ခုချိန်ကတည်းက လှည့်ပတ်လေ့လာရင်း မိမိအဆင်ပြေမယ့် နေရာလေးတွေ ရှာထားဖို့လိုပြီဆိုတာလေး အကြံပြုချင်ပါတယ်၊ 2010 အပူလှိုင်း ဖြတ်ပီးနောက်ပိုင်း စံချိန်တင်မယ့် အနေအထားဖြစ်လို့ စနစ်တကျ စီမံပြင်ဆင်ထားဖို့ လိုပါမယ်.....

အိမ်ငှား ရှာမယ့်သူများလည်း ဒီဇင်ဘာလောက်မှာ အပြီးငှားထားပါ၊ အနည်းဆုံးတော့ ၆လစာ အတွက် ငှားရပါမယ်၊ဆိုလာတပ်မည့်အိမ်ရှင်များ ဆောင်းတွင်းမှာ အပြီးတပ်ကြပါ၊နွေရောက်ရင် ပြင်ဦးလွင်က ပူ‌တယ်ဆိုရင်တောင် လေထုက အေး‌မြနေသေးလို့ အဆင်ပြေနိုင်ပါသေးတယ်.....

ဦးမြင့်မြတ် (GreenCiti)

ဆိုင်ခွဲပေါင်း ၂၅၀ ကို ဒီအပတ်ထဲမှာ ပိတ်သိမ်းသွားမယ်လို့ Starbucks ကြေညာအမေရိကန်နိုင်ငံတစ်ဝန်းက ဝင်ငွေမကောင်းတဲ့ ဆိုင်ခွဲ...
27/09/2026

ဆိုင်ခွဲပေါင်း ၂၅၀ ကို ဒီအပတ်ထဲမှာ ပိတ်သိမ်းသွားမယ်လို့ Starbucks ကြေညာ

အမေရိကန်နိုင်ငံတစ်ဝန်းက ဝင်ငွေမကောင်းတဲ့ ဆိုင်ခွဲပေါင်း ၂၅၀ ကို ဒီအပတ်ထဲမှာ ပိတ်သိမ်းသွားမယ်လို့ Starbucks ကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

Starbucks​ ဆိုင်တွေထဲက နှစ်ဆိုင်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ စက်တင်ဘာ ၂၆ ရက်နေ့ဟာ ဆိုင်ရဲ့ နောက်ဆုံးဖွင့်ရက်ဖြစ်တယ်လို့ ဝန်ထမ်းတွေက အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် နောက်ဆုံးပိတ်မယ့်ရက်တွေကတော့ ကွာခြားနိုင်ပါတယ်။ နောက်အပတ်ကစပြီး ဆိုင်ဖွင့်ချိန်တွေ ဖော်ပြထားတာမရှိတော့တဲ့အတွက် Bay Area က ဆိုင်ခွဲ ၁၃ ဆိုင်လောက် ပိတ်သိမ်းသွားမယ့်ပုံပေါ်ပါတယ်။

​ဒါပေမဲ့ စနေနေ့ မွန်းလွဲပိုင်းမှာ Starbucks က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ "ပိတ်သိမ်းမယ့် ဆိုင်တွေမှာ ဖောက်သည်တွေကို အသိပေးဖို့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားမှာဖြစ်ပြီး ဒီနေ့ဟာ နောက်ဆုံးဖွင့်တဲ့ရက် ဖြစ်ပါတယ်။ ဖောက်သည်တွေအနေနဲ့ အနီးနားက ဆိုင်တွေကိုရှာဖို့နဲ့ ဆိုင်တည်နေရာအချက်အလက်အသစ်တွေကို သိရှိဖို့အတွက် Starbucks ဝက်ဆိုက် ဒါမှမဟုတ် Starbucks app ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

​ဒါဟာ ၂၀၂၄ ခုနှစ်မှာ ကုမ္ပဏီကို ရောက်လာတဲ့ Starbucks ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Brian Niccol လက်ထက်မှာ ဒုတိယအကြိမ်မြောက် အကြီးအကျယ် ဆိုင်တွေပိတ်သိမ်းမှုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း Starbucks ဟာ မြောက်အမေရိကနဲ့ ဥရောပက ဆိုင်ခွဲပေါင်း ၆၂၇ ဆိုင်ကို ပိတ်သိမ်းခဲ့ပြီးတော့ အရောင်းပိုင်းဆိုင်ရာမဟုတ်တဲ့ ဝန်ထမ်း ၉၀၀ ကိုလည်း အလုပ်ဖြုတ်ခဲ့ပါသေးတယ်။

​ဝန်ထမ်းတွေဆီပေးပို့တဲ့ စာတစ်စောင်မှာတော့ Starbucks ရဲ့ Chief Operating Officer (COO) ဖြစ်သူ Mike Grams က အခုလိုပိတ်သိမ်းဖို့ ပစ်မှတ်ထားခံရတဲ့ ဆိုင်တွေဟာ လက်ခံနိုင်လောက်တဲ့ ဝင်ငွေရလဒ်မျိုး မရရှိတာ၊ ဒါမှမဟုတ် Starbucks ကနေ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေအတွက် ပေးချင်တဲ့ ဝန်ဆောင်မှုမျိုးကို မပေးစွမ်းနိုင်တာတွေကြောင့် ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပေါ်ပြူလာ

ကမ္ဘာရွှေ နေ့ခြင်းရောင်းဝယ်အမြတ်ရှာခြင်းဆိုတာအခြေခံအားဖြင့်နေ့စဥ် စျေးတက်ခြင်း။စျေးကျခြင်းကိုနေ့စဥ်နေ့တိုင်း " နည်းပညာအာ...
26/09/2026

ကမ္ဘာရွှေ
နေ့ခြင်းရောင်းဝယ်အမြတ်ရှာခြင်းဆိုတာ

အခြေခံအားဖြင့်

နေ့စဥ် စျေးတက်ခြင်း။စျေးကျခြင်းကို
နေ့စဥ်နေ့တိုင်း " နည်းပညာအားဖြင့် သိခြင်း "
technicla know-how ဖြစ်ရမယ်။

ဒီအတွက်
နေ့စဥ် " နောက်ပြန် အမှန်ရှာခြင်း " backtesting ဟာ
တခုထဲသောနည်းလမ်းဖြစ်မယ်။

ရောင်းဝယ်အမြတ်ရဖို့ဆိုရင်

(1)
ကိုယ်ရောင်းဝယ်မယ့်နေရဲ့တရက်တာအားဖြင့်
စျေးတက်မယ် သို့မဟုတ် စျေးကျမယ်ကို
ကြိုတင်သိမြင်ရမယ်။

(2)
စျေးတက်မယ့်နေ့ဆိုရင်
တက်မယ့် စျေးတက်အားပမာဏ။

စျေးကျမယ့်နေ့ဆိုရင်
ကျမယ့် စျေးကျအားပမာဏကို
ကြိုတင်သိမြင်ရမယ်။

(3)
စျေးတက်ရင်လည်း
စျေးသည် ဖြောင့်ဖြောင့်တက်ရိုးမရှိ။
စျေးကျရင်လည်း
စျေးသည် ဖြောင့်ဖြောင့်ကျရိုး မရှိ။

ကိုယ်က ဝယ်တယ်။
စျေးကလည်း တက်တယ်။
သို့သော် စျေးလမ်းကြောင်းအရ
Stop loss ထိပြီး သင် ရှုံးသွားနိုင်သလို

ကိုယ်ကလည်း ရောင်းတယ်။
စျေးကလည်း ကျတဲ့တိုင်
စျေးလမ်းကြောင်းအရ
Stop Loss ထိပြီး သင် ရှုံးသွားနိုင်တယ်။

ဒီတော့ လက်တွေ့မြတ်ဖို့ဆိုရင်
ရွှေစျေးရဲ့တရက်တာစျေးလမ်းကြောင်း
price moving patterm ကိုလည်း
ကြိုတင်သိမြင်ဖို့လိုတယ်။

ဒီတော့ နေ့ခြင်းရောင်းဝယ်ရေးမှာ မြတ်ဖို့ဆိုရင်

(1)တရက်တာစျေးတက်/ စျေးကျ

(2)စျေးရဲ့တက်အား။ကျအားပမာဏ

(3)မြင်ရမယ့်စျေးလမ်းကြောင်းပုံစံကို

ရွှေရောင်းဝယ်အမြတ်ရှာမယ့်သူဟာ
ဒီ(3)မျိုးလုံး ကြိုတင်သိမြင်မှသာ မြတ်မှာဖြစ်သလို
ကိုယ်တိုင်က " အမြတ်ရှာသူစစ်စစ် "
Professional ဖြစ်ရမယ်။

ခက်သလားမေးရင်

မြန်မာရွှေဖြစ်ဖြစ်။ကမ္ဘာရွှေဖြစ်ဖြစ်။

ကမ္ဘာ့အင်အားအကြီးဆုံးစျေးကွက်ရဲ့
နေ့စဥ်ရွှေပေါက်စျေးတွေဟာ
ဖရိုဖရဲ ဘရမ်းဘတာ
သူ ဖြစ်ချင်သလို ဖြစ်နေခြင်း မဟုတ်။

trading system တခုရဲ့
တင်းတင်းကြပ်ကြပ် ထိမ်းချုပ်မှုတွေနဲ့အညီ
စည်းနဲ့ကမ်းနဲ့စနစ်နဲ့ သွားနေတာဖြစ်တယ်ဆိုတာကို
ရွှေရောင်းဝယ်အမြတ်ရှာသူ professional ဟာ
ဦးစွာသိမြင်ဖို့ လိုအပ်မှာဖြစ်ကြောင်းပါဗျား။

uakw

လကုန်ရင် ဘာထူးမလဲ 🤔
26/09/2026

လကုန်ရင် ဘာထူးမလဲ 🤔

ပြင်ဦးလွင် မြေဈေးကွက်က လက်ရှိမှာ

ကြောက်ရောင်း ကြိုက်ဝယ် ဖြစ်နေတာနော်၊

ကြောက်တဲ့သူက ရောင်းပြီး

ကြိုက်တဲ့သူတွေကတော့ ဝယ်နေတာပဲ.....

လကုန်ရင်တော့ သတင်းလေးဘာလေး
ကြားရဦးမယ် ...

သတင်းကောင်းဖြစ်မှာပါ...

ဘာဆက်လုပ်ရမလဲ မေးလာရင်တော့

နေရာကောင်းတယ်၊
စာရွက်စာတမ်းလည်း ခိုင်မာတယ်၊
ဈေးသင့်တယ်ဆို စိတ်မပူပါနဲ့.....

ရွှေသမင် ဘယ်ကထွက်လည်းဆို

မင်းကြီးတာကပဲ ထွက်ပါလိမ့်မယ်...

ဦးငြိမ်းချမ်းအောင်
တရားလွှတ်တော်ရှေ့နေ

လက်ရှိ ၂၀၂၆ စက်တင်ဘာ ၂၆ ရက်အခြေအနေအရ အမေရိကန်က diesel export ban ချမှတ်မယ်ဆိုတဲ့ အဆိုပြုချက်ကို ဆွေးနွေးနေဆဲဖြစ်ပြီး၊ တရ...
26/09/2026

လက်ရှိ ၂၀၂၆ စက်တင်ဘာ ၂၆ ရက်အခြေအနေအရ အမေရိကန်က diesel export ban ချမှတ်မယ်ဆိုတဲ့ အဆိုပြုချက်ကို ဆွေးနွေးနေဆဲဖြစ်ပြီး၊ တရားဝင် အပြီးသတ်ပိတ်ပင်မှု မဖြစ်သေးပါ။ Trump က export ကန့်သတ်မှုကို ထောက်ခံကြောင်း ပြောထားပေမယ့် Energy Secretary Chris Wright ကတော့ blanket ban ဟာ ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ gasoline နဲ့ jet fuel ဈေးတောင် တက်စေနိုင်တယ်လို့ ပြောထားပါတယ်။

🌍 ဘာကြောင့် ကမ္ဘာ့ဆီဈေး တက်နိုင်တာလဲ?
အမေရိကန်ဟာ ကမ္ဘာ့ diesel ရောင်းချမှုမှာ အရေးကြီးတဲ့ supply source တစ်ခုပါ။ ၂၀၂၆ ဩဂုတ်မှာ အမေရိကန် diesel export က တစ်နေ့ ၁.၆ သန်း barrel ခန့်အထိ ရောက်ခဲ့ပြီး၊ ကမ္ဘာ့ seaborne diesel trade ရဲ့ ခန့်မှန်း ၂၀% ဝန်းကျင် ကို အမေရိကန်က ဖြည့်ပေးနေပါတယ်။

ဒါကြောင့် export ကို ရုတ်တရက် ပိတ်လိုက်ရင်—
US → Latin America / Europe / Asia
⬇️
ကမ္ဘာ့ဈေးကွက်ထဲ ဝင်လာတဲ့ diesel လျော့
⬇️
ဝယ်သူတွေက အခြားနိုင်ငံတွေကို ပြိုင်ဝယ်
⬇️
Global diesel price ↑
⬇️
သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းကုန်ကျစရိတ် ↑
⬇️
နောက်ဆုံးမှာ စားသောက်ကုန်နဲ့ အခြားကုန်ပစ္စည်းဈေးနှုန်းတွေပါ တက်နိုင်

🇺🇸 အမေရိကန်အတွက်လည်း ထူးခြားတဲ့ ပြဿနာရှိပါတယ်
Export ပိတ်လိုက်တာနဲ့ အမေရိကန်မှာ diesel ပိုလျှံလာနိုင်ပါတယ်။ Storage ပြည့်လာရင် refinery တွေက crude oil ကို လျှော့ပြီး သန့်စင်ရနိုင်ပါတယ်။

အဲဒီအခါ diesel တစ်မျိုးတည်းမဟုတ်ဘဲ gasoline နဲ့ jet fuel ထုတ်လုပ်မှုပါ လျော့နိုင်တာကြောင့် အမေရိကန်ပြည်တွင်း fuel ဈေးတွေကိုတောင် ပြန်တက်စေနိုင်ပါတယ်။ S&P Global က အပြည့်အဝ ban ဖြစ်ရင် US refiners တွေဟာ crude processing ကို တစ်နေ့ ၁.၉ သန်း barrel ခန့် လျှော့ချရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

🇪🇺 Europe / 🇧🇷 Latin America / 🌏 Asia

အထူးသဖြင့် Latin America နဲ့ Europe က အမေရိကန် diesel ကို အားထားနေရတဲ့အတွက် alternative supply ရှာရမှာဖြစ်ပြီး၊ India၊ China နဲ့ အခြား refinery တွေဆီက supply ကို ပိုပြီး ပြိုင်ဝယ်ရနိုင်ပါတယ်။ အဲဒါက ကမ္ဘာ့ diesel ဈေးကို ထပ်မံဖိအားပေးနိုင်ပါတယ်။

လက်ရှိမှာလည်း Russia နဲ့ Middle East မှာ refinery/supply disruptions တွေရှိနေပြီး global distillate inventories တင်းကျပ်နေတဲ့အတွက် export ban ဖြစ်လာရင် အချိန်ကာလကလည်း မသင့်တော်တဲ့အချိန် ဖြစ်နိုင်ပါတယ်။ EIA က global distillate prices တွေဟာ ၂၀၂၆ နွေရာသီတစ်လျှောက် supply လျော့နည်းမှုကြောင့် မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။

Al Jazeera English

Rangoon College - RC  မှ ဆြာ Ye Man Aung - Gold Coach ကိုယ်တိုင်သင်မယ့် "ရွှေဆိုင်ဖွင့်လှစ်ခြင်း နှင့် ရွှေရောင်းဝယ်ခြင်...
26/09/2026

Rangoon College - RC မှ ဆြာ Ye Man Aung - Gold Coach ကိုယ်တိုင်သင်မယ့် "ရွှေဆိုင်ဖွင့်လှစ်ခြင်း နှင့် ရွှေရောင်းဝယ်ခြင်းဆိုင်ရာသင်တန်းကြီး" ကို အောက်တိုဘာ ၃ ရက်နေ့ တွင် မန္တလေးမြို့၌ ဖွင့်လှစ်ပါမည်။

"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၆ (မန္တလေး)

ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူများအတွက် တိတိကျကျ တွက်ချက်ရောင်းဝယ်တတ်ဖို့၊အရည်အသွေးကိုနားလည်ဖို့၊ နိုင်ငံတကာစျေးကွက်သဘောတရားတွေနဲ့ ငွေကြေးလဲပုံစနစ်တွေကို ကောင်းစွာတွက်ချက်နားလည်ဖို့ အလွယ်ကူဆုံး ခေတ်မီတွက်ချက်ပုံများဖြင့် စနစ်တကျသင်ယူနားလည်နိုင်ဖို့ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းကြီး။

Rangoon College - RC မှ ဝါရင့်ပြည်တွင်း
ရွှေပညာရှင်စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာကြီးရဲမာန်အောင်ရဲ့ ရွှေပညာအထူးသင်တန်းကြီး" အပတ်စဥ် (၃၆) ကို
မန္တ‌လေးမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

📈သင်ကြားပေးမည့်ဘာသာရပ်များ📊
~~~~~~~~~~~~~~~~~~~~~~~~
(၁) ရွှေဆိုင်ဖွင့်လှစ်ခြင်းနှင့်အုပ်ချုပ်စီမံခန့်ခွဲခြင်း။
(၂) ရွှေပန်းထိမ်အပ်ခြင်း၊ရွှေသန့်စင်ခြင်း။
(၃) ရွှေရည်စပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း။
(၄) ကမ္ဘာ့ရွှေစျေးကွက်နှင့်နိုင်ငံတကာငွေကြေးစျေးကွက်။
(၅) နိုင်ငံခြားရွှေထည်များအကြောင်း။
(၆) ခေတ်မီ အသုံးချရွှေသင်္ချာ။
(လွယ်ကူသည့်နည်းစနစ်များ)။
(၇)ခေတ်မီရွှေရည်စစ်ဆေးခြင်းနည်းစနစ်များ။ ရွှေအတုအစစ်ခွဲခြင်း၊
(၈) စျေးအတက်အကျခန့်မှန်းပုံနည်းစနစ်များ။
(၉) ပြည်တွင်းရွှေစျေးကွက်အားချဉ်းကပ်ခြင်းနှင့် အရှုံးအမြတ်စီမံခန့်ခွဲခြင်း စသည့်ဘာသာရပ်များကို စာတွေ့အပြင်၊ Tutorial Video Fileများဖြင့် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်🥰

စိတ်ပါ၀င်စား၍ တက်ရောက်လိုသူများ
၀၉ - ၈၈၀ ၂၀ ၁၀ ၂၀ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်...

သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် အမြန်စာရင်းပေးသွင်းထားမှ စိတ်ချရမှာပါ။

💰သင်တန်းကြေး💸
~~~~~~~~~~~~~
ပုံမှန်သင်တန်းကြေး #၅သိန်း

သင်တန်းသားဟောင်းများ ၁၅% (ဒုကြိမ်)၊၂၅% (တကြိမ်) နှင့် သင်တန်းသားဟောင်းများမှ ကိုယ်တိုင် အပ်နှံပေးပါက Referral ၁၀% လျော့ပေးပါမည်။

သင်တန်းကြေးအား 𝖪-𝖯𝖺𝗒/𝖡𝖺𝗇𝗄 𝖳𝗋𝖺𝗇𝗌𝖿𝖾𝗋𝗋𝖾𝖽 ဖြင့်လက်ခံပေးပါမည်။

👉သင်တန်းနေ့ရက် -
03.10.2026 မှ 04.10.2026 ထိ (2)ရက်
သင်တန်းချိန်-မနက် ၉နာရီခွဲ မှ ညနေ ၅နာရီ အထိ

သင်တန်းနေရာ- Classic City Tea Saloon
First Floor, (Jade Room), 35*61 လမ်းထောင့်၊မန္တလေးမြို့။

(၁၂ နာရီ မှ ၁နာရီ ထိ ထမင်းစားနားပါမည်)

☎️ဆက်သွယ်စာရင်းပေးရန် 📫
College
📲၀၉ ၈၈၀ ၂၀ ၁၀ ၂၀

ที่อยู่

Bang Khun Thian, Bang Bon
Bangkok
10150

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Myanmar Golden Link โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Golden Link:

ทางลัด

แชร์

หมวดหมู่