Myanmar Golden Link

Myanmar Golden Link Online International Gold Trading & Investment Consultation

🌏 ရွှေ ETFs တွေမှာ ရွှေလက်ဝယ်ထားရှိမှု စံချိန်တင် မြင့်တက် 🌎ကမ္ဘာလုံးဆိုင်ရာ Gold ETFs တွေမှာ ရွှေကို လက်ဝယ်ထားရှိမှု တွ...
28/08/2026

🌏 ရွှေ ETFs တွေမှာ ရွှေလက်ဝယ်ထားရှိမှု စံချိန်တင် မြင့်တက် 🌎

ကမ္ဘာလုံးဆိုင်ရာ Gold ETFs တွေမှာ ရွှေကို လက်ဝယ်ထားရှိမှု တွေ တိုးမြှင့်နေခဲ့ပြီး Gold ETFs တွေရဲ့ AUM assets under management) တန်ဖိုး စုစုပေါင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် $33 ဘီလီယံမြင့်တက်ခဲ့ပြီး $615 ဘီလီယံအထိ ရှိလာခဲ့ပါသည်။

၎င်းတန်ဖိုး ပမာဏဟာ မေလနောက်ပိုင်း အမြင့်ဆုံး AUM တန်ဖိုးလည်း ဖြစ်သည်။ 2025 ခုနှစ် ဇန်နဝါရီလတုန်းက ရှိခဲ့တဲ့ AUM တန်ဖိုးတက် နှစ်ဆတက်လာခဲ့တာလည်း ဖြစ်သည်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ ရွှေထည်အဓိက ကျောထောက်နောက်ခံထားသည့် physical gold-backed ETFs ကြီးတွေဆိုရင် တပတ်တည်းအတွင်း $6.4 ဘီလီယံဖိုး Inflow ရှိခဲ့တာလည်း ဖြစ်သည်။

လက်ရှိအထိ Gold ETFs တွေ အသားတင် ရွှေအဝယ်လုပ်လာခဲ့တာ 7 ပတ်ဆက်တိုက် ရှိလာခဲ့ပြီ ဖြစ်သည်။

Global Gold ETFs တွေရဲ့ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ရွှေ Demand ဘက်မှာတော့ ပြန်အားကောင်းလာဆဲ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့နိုင်ပါသည်။

Gold ETFs ကြီးတွေရဲ့ ရွှေဝယ်ယူမှု လုပ်ခြင်း၊ ရွှေရောင်းချမှု လုပ်ခြင်း စသည်တို့ဟာ ကမ္ဘာ့ရွှေစျေးနှုန်း အတက်အကျ အပေါ် များစွာ ပြောင်းလဲ သက်ရောက်မှု ရှိစေနိုင်ပါသည်။



28. 8. 2026

🌏ကမ္ဘာ့ ရွှေဈေးအပေါ် ဘဏ်ကြီးတွေရဲ့ ခန့်မှန်းသုံးသပ်ချက်🌎JPMorgan က 2026 ခုနှစ် Q4 ကာလထဲမှာ ကမ္ဘာ့ ရွှေဈေး တအောင်စကို $6,...
27/08/2026

🌏ကမ္ဘာ့ ရွှေဈေးအပေါ် ဘဏ်ကြီးတွေရဲ့ ခန့်မှန်းသုံးသပ်ချက်🌎

JPMorgan က 2026 ခုနှစ် Q4 ကာလထဲမှာ ကမ္ဘာ့ ရွှေဈေး တအောင်စကို $6,000 စျေးတန်း အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး 2027 မှာ $6,300 ဝန်းကျင်အထိ ရှိနိုင်ကြောင်း သုံးသပ်ထားပါတယ်။

Bank of America က စျေးကွက့်အခြေအနေကောင်းရင် $6,000 အထိ၊ အလွန် bullish ဖြစ်ရင် $8,000 အထိ ရောက်နိုင်တဲ့ scenario ရှိကြောင်း ဆိုထားပါတယ်။

UBS က 2027 နှစ်လယ်ပိုင်းမှာ $5,200 ဝန်းကျင် ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Goldman Sachs ကတော့ 2026 နှစ်ကုန်မှာ $4,900 ဝန်းကျင် ၌ ရှိနိုင်ကြောင်း ဆိုထားပါတယ်။

ကမ္ဘာ့ရွှေစျေးနှုန်းကို အဓိက အတက် အားပြု ရှိစေနိုင်မယ့်အချက်တွေကတော့

- Central banks တွေရဲ့ ရွှေဝယ်ယူမှု ဆက်လက်မြင့်မားခြင်း

- U.S. fiscal deficit နဲ့ debt တိုးလာခြင်း

- Real interest rates ကျဆင်းနိုင်ခြင်း

- ဒေါ်လာတန်ဖိုး ကျဆင်း နိုင်ခြင်း

- အမေရိကန် နှင့် အီရန်တို့ အကြား ပထဝီနိုင်ငံရေး မငြိမ်မသက်မှု ရှိနေသေးခြင်း

စတဲ့ အကြောင်း အချက်များတို့က ကမ္ဘာ့ရွှေစျေးကို ပင့်အားအနေဖြင့် ရှိစေနိုင်ပါသေးတယ်။

ရေတိုပိုင်းကတော့ ကမ္ဘာ့ရွှေစျေးနှုန်းဟာ Jackson Hole ညီလာခံမှာ အမေရိကန် Fed ဥက္ကဋ္ဌ Kevin Warsh ဘာတွေ မှတ်ချက်ပေးသွားမလဲဆိုတာ စောင့်ကြည့်အနေအထားရှိနေပါတယ်။

Top Analysts Group ထဲမှာတော့ တနေ့တာ သုံးသပ်စျေးတွေ မှန်ထားပြီးဖြစ်သလို၊ အခုလိုအချိန်နဲ့တပြေးညီ စျေးနှုန်း အလှည့်အပြောင်းဖြစ်စေမယ့် သတင်း​ဒေတာ အချက်အလက်တွေကို တခါတည်း ရှင်းပြ၊ သုံးသပ်ပေးပြီး ဖြစ်ပါတယ်။ အချိန်နှင့် တပြေးညီ ကမ္ဘာ့စျေးကွက်ရေးရာ အဖြာဖြာကို နားလည်သိရှိလိုတွေ၊ အကျိုးအမြတ်ရှာလိုသူတွေ Top Analysts Group ကို Join ထားနိုင်ပါတယ်။



27. 8. 2026

သန်ဘက်ခါဖွင့်ပါပြီ 🥰
27/08/2026

သန်ဘက်ခါဖွင့်ပါပြီ 🥰

"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၅ (မန္တလေး)

ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူများအတွက် တိတိကျကျ တွက်ချက်ရောင်းဝယ်တတ်ဖို့၊အရည်အသွေးကိုနားလည်ဖို့၊ နိုင်ငံတကာစျေးကွက်သဘောတရားတွေနဲ့ ငွေကြေးလဲပုံစနစ်တွေကို ကောင်းစွာတွက်ချက်နားလည်ဖို့ အလွယ်ကူဆုံး ခေတ်မီတွက်ချက်ပုံများဖြင့် စနစ်တကျသင်ယူနားလည်နိုင်ဖို့ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းကြီး။

Rangoon College - RC မှ ဝါရင့်ပြည်တွင်း
ရွှေပညာရှင်စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာကြီးရဲမာန်အောင်ရဲ့ ရွှေပညာအထူးသင်တန်းကြီး" အမှတ်စဥ် (၃၅) ကို
မန္တ‌လေးမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

📈သင်ကြားပေးမည့်ဘာသာရပ်များ📊
~~~~~~~~~~~~~~~~~~~~~~~~
(၁) ရွှေဆိုင်ဖွင့်လှစ်ခြင်းနှင့်အုပ်ချုပ်စီမံခန့်ခွဲခြင်း။
(၂) ရွှေပန်းထိမ်အပ်ခြင်း၊ရွှေသန့်စင်ခြင်း။
(၃) ရွှေရည်စပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း။
(၄) ကမ္ဘာ့ရွှေစျေးကွက်နှင့်နိုင်ငံတကာငွေကြေးစျေးကွက်။
(၅) နိုင်ငံခြားရွှေထည်များအကြောင်း။
(၆) ခေတ်မီ အသုံးချရွှေသင်္ချာ။
(လွယ်ကူသည့်နည်းစနစ်များ)။
(၇)ခေတ်မီရွှေရည်စစ်ဆေးခြင်းနည်းစနစ်များ။ ရွှေအတုအစစ်ခွဲခြင်း၊
(၈) စျေးအတက်အကျခန့်မှန်းပုံနည်းစနစ်များ။
(၉) ပြည်တွင်းရွှေစျေးကွက်အားချဉ်းကပ်ခြင်းနှင့် အရှုံးအမြတ်စီမံခန့်ခွဲခြင်း စသည့်ဘာသာရပ်များကို စာတွေ့အပြင်၊ Tutorial Video Fileများဖြင့် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်🥰

စိတ်ပါ၀င်စား၍ တက်ရောက်လိုသူများ
၀၉ - ၈၈၀ ၂၀ ၁၀ ၂၀ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်...

သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် အမြန်စာရင်းပေးသွင်းထားမှ စိတ်ချရမှာပါ။

💰သင်တန်းကြေး💸
~~~~~~~~~~~~~
ပုံမှန်သင်တန်းကြေး #၅သိန်း

သင်တန်းသားဟောင်းများ ၁၅% (ဒုကြိမ်)၊၂၅% (တကြိမ်) နှင့် သင်တန်းသားဟောင်းများမှ ကိုယ်တိုင် အပ်နှံပေးပါက Referral ၁၀% လျော့ပေးပါမည်။

သင်တန်းကြေးအား 𝖪-𝖯𝖺𝗒/𝖡𝖺𝗇𝗄 𝖳𝗋𝖺𝗇𝗌𝖿𝖾𝗋𝗋𝖾𝖽 ဖြင့်လက်ခံပေးပါမည်။

👉သင်တန်းနေ့ရက် -
29.8.2026 မှ 30.8.2026 ထိ (2)ရက်
သင်တန်းချိန်-မနက် ၉နာရီခွဲ မှ ညနေ ၅နာရီ အထိ

သင်တန်းနေရာ- Classic City Tea Saloon
First Floor, (Jade Room), 35*61 လမ်းထောင့်၊မန္တလေးမြို့။

(၁၂ နာရီ မှ ၁နာရီ ထိ ထမင်းစားနားပါမည်)

☎️ဆက်သွယ်စာရင်းပေးရန် 📫
College
📲၀၉ ၈၈၀ ၂၀ ၁၀ ၂၀

ယူလို့ တလုံးထဲ မန့်ပေးပါ
27/08/2026

ယူလို့ တလုံးထဲ မန့်ပေးပါ

အညာပြူးလွင်ရဲ့ နာမည်ကျော် The Rich Villa နောက်ကျောကပ် တခြားနည်းလျှောက်ထားဆဲ (ရလု ရခင် 😁) နေရာလေး မကြာခင် အရောင်းပြန်ဖွင့်ပါမယ်... 😍

၄၀×၆၀ တကွက်ကို သိန်းထောင်ကျော်လေးနဲ့ ရမှာ ဆို​တော့ ဖူးစာ နဲ့ နဖူးစာလိုပဲ ဦးရာလူပဲရမှာ မလို့ စိတ်ဝင်စားရင် "ယူ" လို့ တလုံးတည်းမန့်ပေးပါ 🤭

အသေးစိတ်သိချင်ရင် 🤙𝟎𝟗 𝟕𝟖𝟔 𝟎𝟔𝟓 𝟗𝟔𝟗 ပါ

ဟုတ်ရဲ့လား မောင်ကာဠုရဲ့ 😏
27/08/2026

ဟုတ်ရဲ့လား မောင်ကာဠုရဲ့ 😏

ဒီသတင်း မှန်မမှန် အတည်ပြုပေးကြပါ 😌

ဟော... 🤭
26/08/2026

ဟော... 🤭

အညာပြူးလွင်မြေ စလုပ်တော့ ဘယ်လို အရူးတွေ လာဝယ်နေပါလိမ့်လို့ထင်မိတာ ကိုယ်တိုင် ရူးသွားမှပဲ နားလည်တော့တယ် 😆
26/08/2026

အညာပြူးလွင်မြေ စလုပ်တော့ ဘယ်လို အရူးတွေ လာဝယ်နေပါလိမ့်လို့ထင်မိတာ ကိုယ်တိုင် ရူးသွားမှပဲ နားလည်တော့တယ် 😆

🏞️ ပြင်ဦးလွင်မှာ...
နေဖို့ပဲဖြစ်ဖြစ်
ပြန်ရောင်းဖို့ပဲဖြစ်ဖြစ်
Vacation/Holiday Home ဖြစ်ဖြစ်
အိမ်လှလှလေးဆောက်ဖို့ ရည်ရွယ်ထားရင်
စီနီယာအင်/ယာများ၊ ဗိသုကာများ၊ ကျွမ်းကျင်ပညာသည်များဖြင့် ဖွဲ့စည်းတည်ထောင်ထားတဲ့
Global Royal Asia မှ တာဝန်ယူပါရစေ 🥰

(𝑴𝑫𝒀) 𝟎𝟗 𝟕𝟖 𝟓𝟏𝟔𝟐𝟎𝟔𝟐
(𝑷𝑶𝑳) 𝟎𝟗 𝟔𝟗 𝟓𝟏𝟔𝟐𝟎𝟔𝟐

နီပေါ ရေဘေးကြီးက မျက်စိတမှိတ်အတွင်းမှာ အကုန်ပြောင်းလဲပျက်စီးသွားတာ မယုံနိုင်စရာပဲ 😞မဖြစ်ခင်ပုံ နဲ့ ဖြစ်ပြီးပုံ
26/08/2026

နီပေါ ရေဘေးကြီးက မျက်စိတမှိတ်အတွင်းမှာ အကုန်ပြောင်းလဲပျက်စီးသွားတာ မယုံနိုင်စရာပဲ 😞

မဖြစ်ခင်ပုံ နဲ့ ဖြစ်ပြီးပုံ

အရောင်းအပ်လက်ခံပြီ
26/08/2026

အရောင်းအပ်လက်ခံပြီ

ပြင်ဦးလွင် (မေမြို့) တွင် မြေကွက်နှင့် ၀င်းခြံ​ရောင်းချင်​သူများဆက်​သွယ်​နိုင်ပါသည်

~​ရောင်းချလိုသူများ ပိုင်​ရှင်​ကိုယ်​တိုင် Chat Box (သို့) Viber မှ​ဆက်​သွယ်​ပေးပါ

~ပိုင်​ဆိုင်​မှုစာရွက်၊စာတန်း ပြည်​စုံရမည်​

~​နောက်​ဆုံး​ ရောင်းနိုင်​ဈေး​ဖော်​ပြ​ပေးရမည်​

~​၀ယ်လက်ရှိသောအခါမှ ဈေးနှုန်းပြန်​လည်​ညှိနှိုင်းခြင်းမပြုရပါ

~ပွဲစားများလာအပ်​ပါက အကျိုးဆောင်ခ အချိုးကျခွဲဝေယူခွင့်ပြုရမည်

~မြို့​မြေ၊ဂရံ​မြေ၊ ရွာမြေ၊ဥယျာဉ်​မြေ၊ယာ​မြေ အားလုံးအကျုံးဝင်​သည်​။

~ပုံစံ၁၀၅/ ပုံစံ၃၀(ခ) ကျပြီးသူများ ဦးစားပေးပါမည်

Admin Team
M3SH -May Myo My Second Home
𝟎𝟗 𝟕𝟖𝟔 𝟎𝟔𝟓 𝟗𝟔𝟗 (𝐕𝐢𝐛𝐞𝐫)

26/08/2026

အိမ်း 😂

ที่อยู่

Bang Khun Thian, Bang Bon
Bangkok
10150

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Golden Linkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Golden Link:

ทางลัด

แชร์

ประเภท