26/11/2022
ထိုင်းနိုင်ငံ စက်ရုံ/ အလုပ်ရုံနှင့် MOU ကိုယ်စားလှယ်များအား အသိပေးခြင်း
(၂၄-၁၁-၂၀၂၂)
၁။ မြန်မာနိုင်ငံကူးလက်မှတ် ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ထားသော ရက်စွဲဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကိုဗစ်-၁၉ ကာလ၌ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိသဖြင့် နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးခြင်းကို မြန်မာသံရုံး (ဗန်ကောက်) တွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ယခုအခါ စက်ရုံ/ အလုပ်ရုံများနှင့် ပြင်ပလုပ်ငန်းခွင်များတွင် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန်လုပ်သားများမှာ ၂၂၀၀၀ ခန့် ကျန်ရှိနေသောကြောင့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန် PJ စာအုပ်ကိုင်ဆောင်သူများကိုသာ စီမံချက်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်၍ စက်ရုံ၊ အလုပ်ရုံ၊ MOU ကိုယ်စားလှယ်များ အနေဖြင့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန်သူများကို ရွေးထုတ်စာရင်းပြုစု၍ မြန်မာ သံရုံး၏ ကောင်စစ်ဌာန (ဉီးမျိုးဇော်သောင်း၊ ဒေါ်ခင်မာလာဝင်း) သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်ပုံစံလူစာရင်းနှင့်အတူ တင်ပြကြရန် အသိပေးအပ်ပါသည်။
၃။ သို့ရာတွင် ယခင်ကာလများ၌ တန်းစီ၍ တိုကင်ရက်ချိန်းရယူထားသူများ၊ Call Center မှ ရက်ချိန်းရယူထားသူများ၊ သံဃာတော်များ၊ အရေးပေါ်ဆေးရုံတက်လူနာများ၊ ကျောင်းသားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်အတိုင်း မြန်မာသံရုံးသစ်၊ ကောင်စစ်ဌာနတွင် ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၄။ ၂၀၂၂ ခုနှစ် သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ယခင်အတိုင်း ပြန်လည် ပြုလုပ်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘေးအန္တရာယ်ကင်းဝေးကြပါစေ)
မြန်မာသံရုံးကြီးပေ့ချ်မှာကူးယူဖော်ပြသည်။
SurachaiMintun(TCTF)
26/11/2022