21/06/2023
နောက်တစ်ဆင့်ရောက်ချင်ရင် မနိုင်ဝန်ထမ်းဖို့လိုတယ်
လက်ရှိ ကိုယ့်ကို ဒီနေရာအထိ ရောက်စေခဲ့တဲ့ ကြိုးစားမှုက၊ ပိုမြင့်တဲ့နေရာဆီ ခေါ်သွားနိုင်ဖို့ ခက်တယ်။
ဒါကြောင့် နောက်တစ်ဆင့်ရောက်ချင်တိုင်း ကိုယ်မနိုင်သေးတဲ့ ဝန်တွေထမ်းကြည့်ရတယ်၊ အများစု တာဝန်မယူနိုင်တဲ့ အလုပ်တွေ စလုပ်ရတယ်။ ကိုယ့်ကိုယ်ကို မနေ့ကထက် နည်းနည်းစီ ပိုတွန်းအားပေးကြည့်ရတယ်။
ကိုယ်ထမ်းရမယ့် ဝန်တွေလေးလွန်းတဲ့အတွက် ဖြတ်လမ်းရှာချင်တိုင်း ကိုယ့်ကိုယ်ကို ပြန်မေးရမှာက
ဘဝမှာ လွယ်လွယ်ရတဲ့ အရာတိုင်းက တန်ဖိုးရှိတတ်ရဲ့လား ဆိုတာပဲ။
အခုပုံမှန်ကြိုးစားရုံနဲ့ ဒီနေရာအထိ ရောက်လာရင်၊ ပိုကြိုးစားရင် ရောက်နိုင်မယ့် ကိုယ့်ရဲ့ဖြစ်နိုင်ခြေတွေကို တွက်ကြည့်ပါ။
လျှောက်ခဲ့တဲ့လမ်းကို အကြိမ်ကြိမ် ပြန်မလျှောက်ပါနဲ့။
ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်ပါ။ အမှားတွေ၊ လဲကျမှုတွေက သင်ခန်းစာယူရင်း ပိုမြင့်တဲ့လမ်းဆီ တက်လှမ်းနိုင်အောင် ကြိုးစားဖို့လိုပါတယ်။💪💪💪