ထိုင်းမြန်မာငွေလွဲဝန်ဆောင်မှု

ထိုင်းမြန်မာငွေလွဲဝန်ဆောင်မှု Mai Nyi Naung

ကိုအောင်လှ၏ပွဲစဉ်ကို မျှော်နေကြသော အမာခံပရိတ်များအတွက် ပွဲစဉ်ကြော်ငြာလိုက်ပါပြီဗျာ….
26/06/2024

ကိုအောင်လှ၏ပွဲစဉ်ကို မျှော်နေကြသော အမာခံ

ပရိတ်များအတွက် ပွဲစဉ်ကြော်ငြာလိုက်ပါပြီဗျာ….

Hey everyone,

I am thrilled to announce that my next fight will be in Denver against the formidable Shamil. This is a great opportunity for me to test my skills against a tough opponent, and I am excited to bring my best to the ring. Your support has always been my greatest strength, and I can't wait to make you proud.

Let’s get ready for an unforgettable fight!

Thank you for always believing in me.

Aung La N Sang

မင်္ဂလာပါ အားလုံး,

ကျွန်ုပ်၏ လာမည့် ပြိုင်ပွဲသည် Denver တွင် ရှမီလ်နှင့် ဆန်ခါဖြစ်ကြောင်း သတင်းကောင်း ပါတင် အပ်ပါသည်။ ဤသည်မှာ အားကောင်းသော ပြိုင်ဘက် တစ်ဦးနှင့် ကျွန်ုပ်၏ ကျွမ်းကျင်မှုများကို စမ်းသပ်နိုင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး ကျွန်ုပ်၏ အကောင်းဆုံး စွမ်းဆောင်ချက်များကို တိုက်ခိုက်မှုတွင် ပြသနိုင်ရန် စိတ်လှုပ်ရှားနေပါသည်။ သင်တို့၏ အားပေးမှုသည် အမြဲတမ်း ကျွန်ုပ်၏ အားသစ်ဖြစ်ပြီး သင်တို့ကို ဂုဏ်ယူစေလိုသည်။

အသေးစိတ်အချက်အလက်များကို ဆက်လက် စောင့်ကြည့်ကြပြီး မေ့မလွတ်စရာ အကြီးအကျယ် ပြိုင်ပွဲကို အတူ စိတ်အားထက်သန်စွာ စောင့်မျှော်ကြပါစို့!

အမြဲတမ်း ကျွန်ုပ်အား ယုံကြည်အားပေးနေသော အတွက် ကျေးဇူးတင်ပါသည်။

အောင်လအန်ဆန်

May day(01/05/2024) #ပရိတ်သတ်တို့ဒီထဲမှာဘယ်သူတွေပါလဲမန့်ခဲ့ပေးကြပါ #အားလုံးကိုချစ်တယ်ကျေးဇူးချစ်ခင်လျက်ပါဗျာ။အပြည်ပြည်ဆိ...
01/05/2024

May day(01/05/2024)
#ပရိတ်သတ်တို့ဒီထဲမှာဘယ်သူတွေပါလဲ
မန့်ခဲ့ပေးကြပါ

#အားလုံးကိုချစ်တယ်
ကျေးဇူးချစ်ခင်လျက်ပါဗျာ။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားရာနဲ့ချီ ဘန်ကောက်မှာဆန္ဒထုတ်ဖော်
မေလ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ မြန်မာ‌‌ရွှေ့ပြောင်းလုပ်သားရာနဲ့ချီက အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရဖို့ ဘန်ကောက်မြို့လယ်ခေါင်အခြေခံဥပဒေကျောက်တိုင်ကနေ အစိုးရအဖွဲ့ဝန်ကြီးများရုံးအထိ ချီတက်ဆန္ဒထုတ်ဖော်ကြပါတယ်။
“ဒီနှစ် အလုပ်သမားနေ့တောင်းဆိုချက်တွေကတော့ မြန်မာနိုင်ငံကတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကိုကူညီစောင့်ရှောက်ပေးဖို့၊ အထောက်အထားမဲ့နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားလုပ်ပေးဖို့၊ MOUစနစ်အလုပ်သမားတွေ ကိုမြန်မာကိုပြန်မပို့ဘဲ ထိုင်းနိုင်ငံထဲမှာပဲအထောက်အထားသစ်ထုတ်ပေးဖို့အချက်တွေ တောင်းဆိုသွားမှာပါ” လို့ Labour Rights Foundation - အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းက ဦးဇော်ကပြောပါတယ်။
သန်းနဲ့ချီတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် ဘာတွေတောင်းဆိုထားကြလဲ။ မေလ ၁ ရက် ဘီဘီစီမြန်မာပိုင်းရဲ့ ရက်နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/cp6g9g7l8dkt မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဒုက္ခသည် #မေဒေးနေ့ #ထိုင်းရောက်မြန်မာ #အလုပ်သမား #အလုပ်သမားအခွင့်အရေး

ထိုင်းရောက်မြန်မာ ဒုက္ခသည်ကူညီရေး၊ရွှေ့ပြောင်းအလုပ်သမားအထောက်အထားသစ်ရရှိရေး ရာနဲ့ချီဆန္ဒထုတ်ဖော်တဲ့သတ....

တိုင်းရင်းသားညီကိုယ် အချင်းချင်း လူမျိုးစိတ်ကြီး ဝါဒ ကြီးစိုးခြင်းမှကင်းဝေကြပါစေ။မင်္ဂလာ မနက်ခင်းပါ ချစ်မိတ်ဆွေတို့။
22/01/2024

တိုင်းရင်းသားညီကိုယ် အချင်းချင်း လူမျိုးစိတ်ကြီး

ဝါဒ ကြီးစိုးခြင်းမှကင်းဝေကြပါစေ။

မင်္ဂလာ မနက်ခင်းပါ ချစ်မိတ်ဆွေတို့။

“””””””””””””””””””””””””””””လှေထိုးဝါးမှာ ငြိတွယ်လာတဲ့ ရွှေလင်ပန်း ၇ ချပ်အတွက် ခင်ဗျား အချိန်ကုန်ခံနေမလို့လား။ မြန်မြန်...
20/11/2023

“””””””””””””””””””””””””””””

လှေထိုးဝါးမှာ ငြိတွယ်လာတဲ့ ရွှေလင်ပန်း ၇ ချပ်အတွက် ခင်ဗျား အချိန်ကုန်ခံနေမလို့လား။ မြန်မြန်နန်းတက်ဖို့က အဓိကလေ။

အမှန်သိလို့ အမှားပြင်သူတွေကို ဘယ်အချိန်ဖြစ်ဖြစ် ကျနော်တော့ကြိုဆိုတယ်။

အဖေတွေ မောင်တွေ တွေ့သွားမှာစိုးလို့ ချိန်းထားတဲ့နေရာ စောစောရောက်မလာခဲ့တဲ့ ရည်းစားလို့သဘောထားပြီး နားလည်လိုက်ပါဗျာ။

မင်း ငါတို့တရွာလုံး ရေမရှိလို့ဒုက္ခရောက်တုန်းက မသိချင်ဟန်ဆောင်ခဲ့တယ်၊ ငါတို့ရေတွင်းတူးကာစတုန်းက ဘာလို့မလာတာလဲ၊ အခု ရေကြောပေါက်ကာနီးမှ လာရသလား စတဲ့စကားနာတွေ ထိုးမနေပါနဲ့။ အခုရောက်လာသူကိုလည်း ပေါက်တူးတလက်၊ ပေါက်ချွန်းတချွန်း မြန်မြန်ပေးလိုက်ပါ။ သူလည်းရေတွင်းဝင်တူးပါစေ။ တကယ်တော့သူကိုယ်တိုင် ရေငတ်နေသူ။ ကျနော်တို့ ရေမြန်မြန်သောက်ရဖို့ အရေးကြီးတယ်။ အားလုံးရေငတ်နေကြပြီ။ ။

နိုင်ငံခြားမှာလားနုပျိုခြင်းတွေ ရောင်းတယ်လွတ်လပ်မှု့တွေ ရောင်းတယ်မိသားစုနဲ့ပျော်ရွှင်ချိန်တွေ ရောင်းတယ်အိပ်ချိန်တွေ ရောင...
18/10/2023

နိုင်ငံခြားမှာလား
နုပျိုခြင်းတွေ ရောင်းတယ်
လွတ်လပ်မှု့တွေ ရောင်းတယ်
မိသားစုနဲ့ပျော်ရွှင်ချိန်တွေ ရောင်းတယ်
အိပ်ချိန်တွေ ရောင်းတယ်
အရည်အချင်းတွေ ရောင်းတယ်
မာနတွေ ရောင်းတယ်
တချို့တွေက တခါတလေ စျေးဆစ်တယ်
တချို့တွေက တခါတလေ စျေးနှိမ်တယ်
ခိုင်းတာလုပ်ပေး ရတယ်
ဟန်ဆောင်ပြုံး ရတယ်
သူတို့ဖြူချင်ရင် ဖြူပေးရတယ်
သူတို့ဝါချင်ရင် ဝါပေးရတယ်
သူတို့နီချင်ရင် နီပေးရတယ်
ကိုယ်စိတ်တိုင်းကျ ဆေးချယ်ပိုင်ခွင့်မရှိဘူးလေ
မိသားစုရဲ့ အားကိုးရာသူရဲကောင်း
စျေးခင်းထဲရောက်ရင် သူတို့ကိုယ်တိုင်ရောင်းကုန်ဖြစ်လို့
တဖြည်းဖြည်း ဆံပင်တွေဖြူလို့
တဖြည်းဖြည်း အမြင်တွေဝေဝါးလို့
တဖြည်းဖြည်း သွက်လက်မှု့တွေနှေးလာလို့
တဖြည်းဖြည်း လုပ်အားတွေရောင်းရင်း အိုမင်းလာလို့
တဖြည်းဖြည်း ……
တဖြည်းဖြည်း ……
တဖြည်းဖြည်း ……
လူတချို့က လိုရာခရီးကိုရောက်တယ်
လူတချို့က လျောက်ရင်းနဲ့လမ်းပျောက်တယ်
လူတချို့က ချမ်းမြေ့မှု့ကိုပိုင်ဆိုင်ရတယ်
လူတချို့က ပြန်မရနိုင်တော့တဲ့ဆုံးရှုံးမှု့တွေလက်ခံရတယ်

မိသားစု အတွက်တော့

ရှေတန်းထွက် စစ်သူကြီး တစ်ဦး 💥
CRT:Original Writer

16/10/2023

ပေါက်ကြလာ အမျိုးတို့။

လိုင်ဇာ ဆေးရုံပေါ်မှာ ...ခွဲစိတ်ကုသခံနေရတဲ့ ကလေးလေးကသတိရလာတော့ တတွတ်တွတ်မေးတယ်။'မေမေရော၊ မေမေရော' တဲ့။ဆရာ၀န်က ပြောလိုင်တ...
10/10/2023

လိုင်ဇာ ဆေးရုံပေါ်မှာ ...

ခွဲစိတ်ကုသခံနေရတဲ့ ကလေးလေးက
သတိရလာတော့ တတွတ်တွတ်မေးတယ်။

'မေမေရော၊ မေမေရော' တဲ့။

ဆရာ၀န်က ပြောလိုင်တယ်။
'သားမေမေ သားအတွက် မုန့်သွား၀ယ်နေတယ်'

ကလေးက ပြန်သတိလစ်သွားရှာတယ်။

ဒီကလေးလေး ပြန်သတိရလာရင်
သူ့မေမေ လောကကြီးမှာ မရှိတော့ဘူး
ဆိုတဲ့အကြောင်း ကလေးသိအောင်
ဘယ်လိုနှလုံးသားမျိုးနဲ့ ပြောနိုင်ပါ့မလဲ😭

Credit ThornNaySoe

#ခံစားထပ်တူ_စစ်ရှောင်ကူ
#စာနာဖေးမ_ကလေးတို့ဘဝ
#ပြည်ပရောက်တော်လှန်အင်အား

#မတးားမှုတွေများလာတော့လောကကြီးကရက်စက်လွန်းရာကျတယ်ဗျာ။

ဘန်ကောက်ပစ်ခတ်မှုမှာ သေဆုံးသူ မမိုးမြင့်ရဲ့ မိခင် ဒေါ်ခင်ဝင်းကို ပစ်ခတ်သူ သေနတ်သမားရဲ့ ဖခင်က ရှိခိုးတောင်းပန်ရာ ကံတရားအပ...
08/10/2023

ဘန်ကောက်ပစ်ခတ်မှုမှာ သေဆုံးသူ မမိုးမြင့်ရဲ့ မိခင် ဒေါ်ခင်ဝင်းကို ပစ်ခတ်သူ သေနတ်သမားရဲ့ ဖခင်က ရှိခိုးတောင်းပန်ရာ ကံတရားအပေါ်ပုံချပြီး သားသမီးချင်း ကိုယ်ချင်းစာနာကာ နားလည်ခွင့်လွှတ်တယ်လို့ မိခင်ဒေါ်ခင်ဝင်းပြော...

ကွယ်လွန်သူ မမိုးမြင့်ကို ထိုင်းအစိုးရ အစီအစဉ်နဲ့ ဒီနေ့ သဂြိုလ်ပြီ...
+++++++++++++++++
အောက်တိုဘာ ၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က ဆီယမ်ပါရာဂွန် (Siam Paragon) စျေး ဝယ် စင်တာအတွင်း သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့ရသူ မမိုးမြင့်ရဲ့ မိခင် ဒေါ်ခင်ဝင်းကို ပစ်ခတ်သူ ဆယ်ကျော်သက်အရွယ် သေနတ်သမားရဲ့ မိဘတွေက ထိုင်းမီဒီယာတွေ ရှေ့မှောက်မှာ မနေ့က တောင်းပန်ခဲ့ပါတယ်။

ဆယ်ကျော်သက် သေနတ်သမားရဲ့ ဖခင်ဖြစ်သူက သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ မြန်မာလူမျိုး မမိုးမြင့်ရဲ့ ဈာပနအခမ်းအနားကျင်းပမယ့် ဘန်ကောက် နထွန်ဘူရီ က ဘုန်းကြီးကျောင်းမှာ အခုလို တောင်းပန် ခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်သူ မမိုးမြင့်ရဲ့ မိခင် ဒေါ်ခင်ဝင်းက သားသမီးချင်း ကိုယ်ချင်းစာနားလည်ပြီး သေနတ်သမား သားအတွက် ပူဆွေးသောကရောက်နေမှာကို သိရှိသလို ကံတရားကိုသာ အပြစ်ပုံချပြီး နားလည်ခွင့်လွှတ်ကြောင်း သေနတ်သမားရဲ့ ဖခင်ဖြစ်သူကို ပြောဆိုခဲ့ပါတယ်။

သေနတ်ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားသူ မမိုးမြင့်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ (အောက်တိုဘာလ ၈ရက်)မှာ ဘန်ကောက်မြို့က ဝတ်ဖာဆက်ဘုန်းကြီးကျောင်းမှာ ကျင်းပမးခဲ့ပြီး မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။

သေနတ်သမားရဲ့ မိဘတွေကတော့ သူတို့အနေနဲ့ သူတို့သားဖြစ်သူ ကျူးလွန်ခဲ့တဲ့ အမှုကိစ္စအတွက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စာထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ လူငယ်ဟာ အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တဦးဖြစ်‌ပြီး သူဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိနေသူတဦး ဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူလူငယ်ကို လက်ရှိမှာ ပုဒ်မ ၅ခုနဲ့ တရားစွဲဆိုထားသလို သေနတ်ရောင်းချသူ ၃ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ် ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ရက် အင်္ဂါနေ့က ဘန်ကောက်မြို့က လူစည်ကားရာ ဆီယမ်ပါ ရာဂွန် စျေးဝယ်စင်တာမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးနဲ့ တရုတ်ခရီးသွား အမျိုးသမီး တဦးတို့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

01/10/2023

ပေါက်ကြရဲ့လားအမျိုးတို့

28/06/2023

28/06/2023(14:00)PM
အကောင့်အသစ်/အဟောင်း/
K Payသို့လွဲခြင့်
(1)သိန်းထိုင်ဘတ်ငွေ-(၁၁၅၀)ဘတ်

ที่อยู่

Bangkok
10400

เบอร์โทรศัพท์

+66993400750

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ထိုင်းမြန်မာငွေလွဲဝန်ဆောင်မှုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ထိုင်းမြန်မာငွေလွဲဝန်ဆောင်မှု:

แชร์