Asterthi Counselling & Coaching

Asterthi Counselling & Coaching ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Asterthi Counselling & Coaching, บริการให้คำปรึกษาด้านสินเชื่อ, Bangkok.

Coaching-Rs&Life ကြောင့်ဖြစ်လာတဲ့ပြဿနာတွေကိုမေးခွန်းမေးပြီး client ကိုယ်တိုင်ဖြေရှင်းချက်တွေ့လာအောင်ရှာပေးတယ်၊
Counseling-Psychological healing,Trauma resolution,Emotional regulation အပိုင်းတွေမှာကိုင်တွယ်ပေးတယ်။
telegram / viber contact no. +95978506517

18/09/2026

ဘဝမှာလေ…
လူတိုင်းနီးပါး တစ်ချိန်ချိန်မှာ
“ငါ ပိတ်မိနေသလိုပဲ…” ဆိုတဲ့ ခံစားချက်မျိုး ကြုံဖူးကြမယ်ထင်ပါတယ်။

ဘယ်လိုမျိုးလဲဆိုတော့…

ကိုယ်လက်ရှိဖြစ်နေတဲ့ပုံစံကိုလည်း မဖြစ်ချင်တော့ဘူး။
ကိုယ်ဖြစ်ချင်တဲ့ပုံစံကိုလည်း မရောက်သေးဘူး။
အဲ့ဒီနှစ်ခုကြားထဲမှာ ဘယ်လိုရွေ့ရမလဲ မသိတော့တဲ့အချိန်မှာ စိတ်က ရပ်နေသလို ဖြစ်လာတဲ့ခံစားချက်မျိုးပါ။

ဥပမာ—
“ငါက စိတ်တည်ငြိမ်တဲ့သူ ဖြစ်ချင်တယ်။
ကိုယ့်ကိုယ်ကို ယုံကြည်ချင်တယ်။
ကိုယ့်အလုပ်မှာ အောင်မြင်ချင်တယ်။
ဆက်ဆံရေးမှာလည်း မမှီခိုဘဲ ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ချင်တယ်။”
ဘာဖြစ်ချင်လဲဆိုတာကို သိတယ်။

ဒါပေမယ့်—
“အခုထိ မတည်ငြိမ်သေးဘူး”
“အခုထိ မယုံကြည်နိုင်သေးဘူး”
“အခုထိ မလုပ်နိုင်သေးဘူး”
“ဒီလိုဖြစ်နေတဲ့ငါက အဲ့ဒီလူဖြစ်လာနိုင်ပါ့မလား”
ဆိုပြီး လက်ရှိကိုယ်ကို လက်မခံနိုင်၊ ဖြစ်ချင်တဲ့ကိုယ်ဆီလည်း မရောက်နိုင် ဖြစ်လာတယ်။
အဲ့ဒါက stuck feeling ဖြစ်နိုင်တယ်။

တကယ်တော့ “ပိတ်မိနေတယ်” ဆိုတာ လမ်းမရှိတာ မဟုတ်ဘူး
တစ်ခါတလေ လမ်းရှိပေမယ့် လက်ရှိအခြေအနေကို မခံနိုင်တာ ဖြစ်တယ်။

ဥပမာ—
ဖြစ်ချင်တာ → “Career တစ်ခုမှာ အောင်မြင်ချင်တယ်”
လက်ရှိ → “ဘယ်ကနေစရမလဲ မသိသေးဘူး”
→ “ဒါကြောင့် ဘာမှမလုပ်ဖြစ်ဘူး”

ဖြစ်ချင်တာ → “Emotionally independent ဖြစ်ချင်တယ်”
လက်ရှိ → “သူ့ဆီက reassurance လိုနေတုန်းပဲ”
→ “ဒီလိုဖြစ်နေတဲ့ငါကို မုန်းလာတယ်”

ဖြစ်ချင်တာ → “Move on လုပ်ပြီး ရှေ့ဆက်ချင်တယ်”
လက်ရှိ → “တစ်ခါတလေ သူ့ကို လွမ်းနေတုန်းပဲ”
→ “ငါ ဘာလို့ မရှေ့ဆက်နိုင်သေးတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ထပ်ဖိအားပေးတယ်။

ဒီနေရာမှာ “ငါဖြစ်ချင်တဲ့လူ” ကို ရောက်အောင်သွားဖို့ ကြိုးစားနေတယ်ထင်ပေမယ့်၊ တကယ်တမ်းမှာ “အခုဖြစ်နေတဲ့ငါ” နဲ့ တိုက်ခိုက်နေရတာ ဖြစ်နိုင်တယ်။

ဒါကြောင့်
“ငါ ဘာလို့ ဒီလောက်ပိတ်မိနေတာလဲ?” လို့ ကိုယ့်ကိုယ်ကို မေးမယ့်အစား—

“အရင်က ကိုယ်ထဲက ဘာတွေကို မသယ်ဆောင်ချင်တော့တာလဲ?”

“ကိုယ်ဖြစ်ချင်တဲ့ version က ဘယ်လိုလူလဲ?”

“အဲ့ဒီလူရဲ့ ဘယ်အရည်အသွေးတစ်ခုကို ဒီနေ့ကစပြီး လေ့ကျင့်နိုင်လဲ?”လို့ မေးကြည့်ပါ။

ဥပမာ
“ငါ confident ဖြစ်ချင်တယ်” → ဒီနေ့ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်တိုင်ချမယ်။
“ငါ career တိုးတက်ချင်တယ်” → ဒီနေ့ 30 မိနစ် skill တစ်ခုလေ့လာမယ်။
“ငါ emotionally stable ဖြစ်ချင်တယ်” → စိတ်လှုပ်ရှားလာတဲ့အချိန် action မလုပ်ခင် 10 မိနစ် pause လုပ်မယ်။

ဖြစ်ချင်တဲ့ပုံကို တစ်ခါတည်း ရောက်ဖို့ မလိုဘူး။
အဲ့ဒီပုံစံနဲ့ ကိုက်ညီတဲ့ အပြုအမူလေးတွေကို ဒီနေ့ကစပြီး လုပ်လာတာနဲ့ ကိုယ်က အဲ့ဒီလူဖြစ်လာတာပါ။

အရေးကြီးဆုံးက—
“ငါ မဖြစ်လာသေးဘူး” နဲ့ “ငါ မဖြစ်နိုင်ဘူး” ဆိုတာ မတူဘူး။
မဖြစ်လာသေးတာဟာ လမ်းပျောက်နေတာ မဟုတ်ဘူး။
တစ်ခါတလေ ကိုယ်သွားချင်တဲ့နေရာကို သိပြီးသားဖြစ်ပေမယ့် အဲ့ဒီနေရာရောက်ဖို့ လိုအပ်တဲ့ နောက်တစ်လှမ်းကို မမြင်သေးတာ ပဲ ဖြစ်တတ်တယ်။

လက်ရှိ ကိုယ်က career / life / relationship ထဲမှာ ပိတ်မိနေသလို / လမ်းပျောက်နေသလို ခံစားချက်မျိုးဖြစ်နေပါသလား??
ဒီထက်ပိုပြီးတော့ ကိုယ့်ရဲ့ next step ကို ဘယ်လိုရွေ့ရမလဲဆိုတာကိုသိချင်တယ်ဆိုရင် counselling session ထဲမှာ one on one ရင်ဖွင့်၊ ဆွေးနွေး၊ အဖြေရှာနိုင်ပါတယ်ရှင့်.....🍀🍀




17/09/2026

Move on ဖို့ ခက်နေတဲ့လူတိုင်းက တူညီတဲ့အကြောင်းရင်းတစ်ခုတည်းရှိနေတာ ဟုတ်မနေပါဘူး။
ဒါပေမယ့်
အများအားဖြင့်တော့ အောက်ပါ စိတ်ပိုင်းဆိုင်ရာ pattern တွေကို တွေ့ရတတ်ပါတယ်—

1. လူကိုမလွှတ်နိုင်တာထက် “ခံစားချက်” ကို မလွှတ်နိုင်ခြင်း

သူ့ကိုပဲ လိုချင်နေတာလို့ ထင်ရပေမယ့် တကယ်တော့
အချစ်၊ နွေးထွေးမှု၊ လုံခြုံမှု၊ တန်ဖိုးထားခံရမှု၊ အရေးပါသူဖြစ်ရမှု ကို ဆုံးရှုံးသွားတာကို မခံနိုင်တာ ဖြစ်နိုင်ပါတယ်။

2. “ဖြစ်လာနိုင်မယ့်အရာ” ကို ဆုပ်ကိုင်ထားခြင်း

“တစ်နေ့တော့ ပြန်ကောင်းလာမယ်”
“သူပြန်လာနိုင်တယ်”
“ငါတို့အခြေအနေ ပြောင်းသွားနိုင်တယ်”
လက်ရှိအဖြစ်အပျက်ထက် မျှော်လင့်ချက်နဲ့ အနာဂတ်ပုံရိပ် ကို ပိုစွဲလမ်းနေတတ်ပါတယ်။

3. Closure မရသေးဘူးလို့ ခံစားခြင်း

“ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ?”
“ငါဘာမှားခဲ့တာလဲ?”
“သူက ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ?”
ဆိုတဲ့ မေးခွန်းတွေကို စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်လည်စဉ်းစားနေတတ်ပါတယ်။

4. အတိတ်ကို Idealize လုပ်ခြင်း

မကောင်းခဲ့တဲ့အပိုင်းတွေထက် ကောင်းခဲ့တဲ့အချိန်တွေ၊ အမှတ်တရတွေ၊ သူ့ရဲ့ကောင်းတဲ့အချက်တွေ ကိုပဲ စိတ်က ပြန်ရွေးထုတ်လာတတ်ပါတယ်။
ဒါကြောင့် “သူနဲ့ရှိတုန်းက အရာအားလုံးကောင်းခဲ့တယ်” လို့ ခံစားလာနိုင်ပါတယ်။

5. “ငါဒီလောက်ပေးခဲ့တာတွေ အလကားဖြစ်သွားမလား” ဆိုတဲ့စိတ်

အချိန်၊ အချစ်၊ အားထုတ်မှု၊ ငွေကြေး၊ သည်းခံမှုတွေ အများကြီး ရင်းနှီးထားခဲ့ရင်—
“ဒီလောက်အထိပေးခဲ့ပြီးတော့ ဒီလိုနဲ့ပဲ ပြီးသွားတာလား?”
ဆိုတဲ့ loss + investment ခံစားချက်က လွှတ်ဖို့ ပိုခက်စေနိုင်ပါတယ်။

6. ကိုယ့်တန်ဖိုးကို Relationship နဲ့ ချိတ်ထားခြင်း

“သူမရှိတော့ရင် ငါက ဘယ်သူလဲ?”
“ငါ့ကို ဘယ်သူက လိုအပ်တော့မှာလဲ?”
“နောက်ထပ် ဒီလိုလူမျိုး ရနိုင်ပါ့မလား?”
ဆိုပြီး Relationship ပျောက်သွားတာကို ကိုယ့်တန်ဖိုးပျောက်သွားသလို ခံစားတတ်ပါတယ်။

7. အထီးကျန်မှုကို “သူ့ကိုလွမ်းတာ” လို့ အဓိပ္ပါယ်ဖွင့်ခြင်း

တစ်ယောက်တည်းဖြစ်တဲ့အချိန်၊ အလုပ်ပြီးတဲ့အချိန်၊ ညဘက်တွေမှာ အထီးကျန်လာရင် သူ့ကို ပိုသတိရတတ်ပါတယ်။
ဒါပေမယ့်—
“သူ့ကိုလိုနေတာ” နဲ့ “တစ်ယောက်ယောက်ရဲ့အဖော်လိုနေတာ” က မတူပါဘူး။

8. အတွေး → ခံစားချက် → လုပ်ဆောင်ချက် cycle ထဲမှာ ပိတ်မိခြင်း

ဥပမာ—
“သူ့ကိုမရတော့ဘူး”
→ ဝမ်းနည်း
→ သူ့ social media ကြည့်
→ ပိုလွမ်း
→ “သူ့ကိုပဲ လိုတယ်” လို့ ထင်
→ ထပ်ကြည့်
ဒီလို cycle က move on ဖြစ်စဉ်ကို ပြန်တားနေတတ်ပါတယ်။

9. “မေ့မှ Move on ဖြစ်တာ” လို့ ယုံကြည်ခြင်း

Move on ဆိုတာ သူ့ကို လုံးဝမသတိရတော့တာ မဟုတ်ပါဘူး။
သတိရနိုင်တယ်။ ဝမ်းနည်းနိုင်တယ်။
ဒါပေမယ့် အဲဒီခံစားချက်တွေရှိနေရင်းနဲ့ ကိုယ့်ဘဝကို ဆက်ရွေးချယ်နိုင်လာတာ က move on ဖြစ်လာခြင်းပါ။

10. ဆုံးရှုံးမှုကို လက်ခံဖို့ထက် “အဖြစ်ပျက်က” စိတ်ကို ပြန်တိုက်နေခြင်း

တစ်ခါတလေ စိတ်က—
“ဒါမဖြစ်သင့်ဘူး”
“ဒီလိုနဲ့ မပြီးသင့်ဘူး”
“သူပြန်လာရမယ်”
ဆိုပြီး ဖြစ်ပြီးသားအရာကို စိတ်ထဲမှာ ပြန်ပြင်ဖို့ ကြိုးစားနေတတ်ပါတယ်။

အရေးကြီးတာက Move on မရတာနဲ့ သူ့ကိုအရမ်းချစ်လို့ပဲ လို့ တစ်ချက်တည်း သတ်မှတ်လို့မရပါဘူး။

တစ်ခါတလေ ကိုယ်မလွှတ်နိုင်တာက လူတစ်ယောက်ကို မဟုတ်ဘဲ—သူနဲ့အတူရခဲ့တဲ့ feeling၊ မျှော်လင့်ချက်၊ ကိုယ့်ရဲ့အနာဂတ်ပုံရိပ်၊ မပြီးဆုံးသေးတဲ့မေးခွန်းတွေ ဖြစ်နေတတ်ပါတယ်။

အဲဒီအတွက် Move on လုပ်တဲ့အခါမှာ “သူ့ကိုဘယ်လိုမေ့မလဲ” ဆိုတာထက်

“ကိုယ် တကယ်ဆုံးရှုံးလိုက်ရတာက ဘာလဲ?”
“အခု ကိုယ်ဘာလိုအပ်နေတာလဲ?”
“အဲဒီလိုအပ်ချက်ထဲက ဘယ်အရာကို ကိုယ်ကိုယ်တိုင်က ပြန်ပေးနိုင်လဲ?”ဆိုတာတွေကို ကြည့်တာက ပိုအရေးကြီးပါတယ်။

လက်ရှိ ကိုယ်ကရော အပေါ်ကပြောထားတဲ့အချက်တွေထဲမှာ ဘယ်အချက်တွေနဲ့ ငြိတွယ်နေပါသလဲ??

ဒီအချက်တွေနဲ့ ငြိတွယ်နေရင်းတောင်မှ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ လဲပြိုမသွားဘဲနဲ့ အကျိုးရှိရှိ ဖြတ်သန်းလို့ရတဲ့နည်းလမ်းမျိုးသိချင်တယ်ဆိုရင် counselling session ထဲမှာ One On One အဖြေရှာနိုင်ပါတယ်ရှင့်.......🍀🍀



17/09/2026

တာဝန်ယူရတာများရင် စိတ်ဖိစီးမှုများလာမယ်
စိတ်ဖိစီးမှုများလာရင် စိုးရိမ်စိတ်များလာမယ်
စိုးရိမ်စိတ်များလာရင် အတွေးများလာမယ်
အတွေးများလာရင် ခံစားချက်များလာမယ်
ခံစားချက်များလာရင် အတွေးများလာမယ်

တစ်နည်းအားဖြင့်

အတွေးတွေ၊ ခံစားချက်တွေဆိုတာဟာ အပြန်အလှန်ဆက်စပ်နေတဲ့အရာမျိုးလို့ ဆိုလို့ရပါတယ်

ပြီးတော့,......

အတွေးတွေ / ခံစားချက်တွေဆိုတာဟာ အကြောင်းအရာတစ်ခုအပေါ်မူတည်ပြီးတော့ အလိုအလျောက်ဖြစ်တည်လာတဲ့အရာမျိုးပါ

အတွေးတွေ / ခံစားချက်တွေဟာ မကောင်းကြီးပဲ ဟုတ်မနေပါဘူး

အတွေးတွေ / ခံစားချက်တွေထဲမှာ ကျွန်တော်တို့သိဖို့ လိုနေတဲ့အဖြေတွေလည်းရှိနေနိုင်တယ်

တကယ်လို့ ကိုယ်က

တွေးနေတဲ့အတွေးတွေမှာ ဘယ်ဟာက အမှန်တရားလဲ / ဘယ်ဟာက အတွေးလဲ ခွဲခြားနိုင်ရင် အတွေးတွေများနေရင်လည်း အာရုံစိုက်စရာရှိတဲ့အရာတွေကို အာရုံစိုက်နိုင်သွားပါမယ်

ခံစားနေတဲ့ခံစားချက်တွေမှာ ဘယ်ဟာက အမှန်တရားလဲ / ဘယ်ဟာက ခံစားချက်သက်သက်လဲ ခွဲခြားနိုင်ရင် ခံစားချက်များနေရင်လည်း လုပ်စရာရှိတဲ့အရာတွေကို လုပ်နိုင်သွားပါမယ်

🍀 လက်ရှိ ကိုယ့်အနေနဲ့ ဘယ်အရာတွေကို စိုးရိမ်ပြီး ဘယ်လိုအတွေးမျိုးတွေကို အတွေးများနေပါသလဲ??
🍀 ခံစားဖြစ်တဲ့ ခံစားချက်တွေတော်တော်များများဟာ ဘာတွေလဲ??



14/09/2026

စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်များနေတဲ့သူတွေမှာ အိမ်မက်ဆိုးတွေ မက်လေ့ရှိတယ်

အကြောင်းအရင်းကတော့,.......

✅ စိတ်ဖိစီးမှုကြောင့် စိုးရိမ်ပူပန်မှုတွေ များလာတယ်။

✅ စိုးရိမ်ပူပန်းမှုကြောင့် ဦးနှောက်က အနားမရတော့ နှလုံးခုန်မြန်လာနိုင်တယ်၊ အသက်ရှူမြန်/တိမ်လာနိုင်တယ်၊ ကြွက်သားတင်းလာနိုင်တယ်၊ အတွေးတွေ ပိုမြန်လာတယ်၊ ကိုယ်ခန္ဓာ ပူလာတယ်။

✅ ဒီလိုအခြေအနေကြောင့် အိပ်စက်မှုအရည်အသွေးပြောင်းလာတယ်၊ အိပ်မက်တွေ ပိုပြင်းထန်/မှတ်မိလွယ်လာတယ်၊ အိပ်မက်ဆိုးတွေ မက်ဖြစ်လာနိုင်တယ်။

အထူးသဖြင့်,....,...

• တစ်ခုခု မကောင်းဖြစ်တော့မယ်ဆိုတဲ့ ကြိုတင်စိုးရိမ်မှု
• တစ်ယောက်ယောက်ကို ဆုံးရှုံးမယ်ဆိုတဲ့ ကြောက်စိတ်
• အလုပ်/relationship/family ကိစ္စတွေကို အလွန်အကျွံတွေးနေခြင်း
• နေ့ခင်းဘက်မှာ ဖိနှိပ်ထားတဲ့ ဝမ်းနည်းမှု၊ ဒေါသ၊ မလုံခြုံမှုတွေကြောင့် ညဘက်ရောက်မှ အတွေးတွေ ပိုများလာတဲ့သူတွေ
•“ဘာဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အဆိုးစွန်တွေးတဲ့သူတွေ
• အိပ်ချိန်မမှန်၊ အိပ်ရေးပျက်တဲ့သူတွေ

တကယ်လို့ ကိုယ်ကိုတိုင်က အိမ်မက်ဆိုးမက်တတ်တဲ့သူဆိုရင် အိပ်ရာဝင်ခါနီးမှာ စိတ်ထဲဘာတွေဖြစ်နေသလဲ ဆိုတာကို ကြည့်ရင် ပိုအသုံးဝင်ပါတယ်။

“ဒီနေ့ ဘာကိုအရမ်းစိုးရိမ်နေခဲ့လဲ?” “ဘာကိုမဖြေရှင်းနိုင်သေးလဲ?” “အိပ်ရာဝင်တဲ့အချိန်မှာ ဘယ် thought က ထပ်ခါထပ်ခါဝင်နေလဲ?” ဆိုတာမျိုးပါ။

ဒါကို ကြည့်ခြင်းအားဖြင့် ဘာအကြောင်း ကိုယ်အခုလိုဖြစ်နေတာလဲဆိုတာကို အဖြေတစ်ချို့တော့ ထွက်လာနိုင်ပါတယ်

ဒါမှမဟုတ်

လက်ရှိကိုယ်က ညတိုင်းအလိုလို အိမ်မက်ဆိုးတွေ မက်လွန်လို့ ညဘက်တွေမှာ အိပ်စက်ဖို့ ကြောက်နေတာမျိုး ရှိလား???

မဖြစ်လာသေးတဲ့အရာအပေါ်ကို စိုးရိမ်မှုတွေ / တစ်ယောက်ယောက်ကို ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်တွေ / နေ့ခင်းဘက်မှာ ဖိထားတဲ့ခံစားချက်တွေကြောင့် ညဘက်ရောက်မှ အတွေးလွန်ပြီး အိပ်စက်ဖို့ ခက်နေတဲ့ပြဿနာအတွက် အဖြေရှာချင်တယ်ဆိုရင် counselling session မှာ frees အလိုက် sessions တွေရှိပါတယ်ရှင့်.....🍀🍀



13/09/2026

မိဘနှစ်ပါး အဆင်မပြေလာရင်
“ကိုယ့်အပြစ်” လို့ အတင်ခံရတယ်။

အမျိုးသားနဲ့ အဆင်မပြေလာရင်လည်း
“ကိုယ့်အပြစ်” ပဲ။

သားသမီးတွေနဲ့ အဆင်မပြေလာရင်တောင်
“မင်းကြောင့်” ဆိုပြီး ပြန်အတင်ခံရတယ်။

ဒီလို“အပြစ်တင်ခံရတာ ကြာလာရင်
နောက်ဆုံး ကိုယ့်ကိုယ်ကိုတောင် မယုံကြည်တော့ဘူး…”

အစမှာတော့
“ငါတကယ်မှားခဲ့တာလား?” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။

အပြစ်တင်ခံရတာများလာတော့
ကိုယ့်ဆုံးဖြတ်ချက်တွေ၊ ကိုယ့်ခံစားချက်တွေ၊ ကိုယ့်လုပ်ရပ်တွေကို သံသယဝင်လာတယ်။

ပြီးတော့…

“နောက်တစ်ခါ ဒီလိုမဖြစ်အောင် ငါပိုပြီးတာဝန်ယူရမယ်” ဆိုပြီး အသိနဲ့
မလိုအပ်တဲ့အရာတွေအထိ ကိုယ်ကပဲ လိုက်တာဝန်ယူလာတယ်။

လူတိုင်းနဲ့ အဆင်ပြေအောင်၊
ပြဿနာမဖြစ်အောင်၊
ကိုယ့်ကြောင့်လို့ မပြောခံရအောင်…

ကိုယ့်မှာ အင်အားရှိတာထက်ပိုပြီးတော့ ကြိုးစားလာတယ်။

ဒါပေမယ့်
အရာအားလုံးကို ကိုယ်တစ်ယောက်တည်း ထမ်းလာရတာကြာတော့ နောက်ဆုံးမှာ မနိုင်မနင်းပင်ပန်းလာတယ်။

ဘယ်လောက်ပဲ ကြိုးစားကြိုးစား
နောက်ဆုံးမှာ ကိုယ့်အပြစ်ကနေ မလွတ်ဘူးဆိုတာကို သိလာတယ်။

တဖြည်းဖြည်းနဲ့
သူတို့ကို မုန်းလာတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကိုပါ မုန်းလာတယ်။

“ငါ ဘာများမှားနေလို့လဲ…”

“ငါ ဘာလုပ်လုပ် ဘာလို့ မလုံလောက်တာလဲ…”

“ငါ့ဘဝက ဘာလို့ ဒီလိုဖြစ်နေရတာလဲ…”

ဆိုတဲ့အတွေးတွေကြားမှာ
ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်၊
ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်၊
ကိုယ့်ဘဝကိုလည်း နာကြည်း၊
“ဘာလို့ အမြဲတမ်းကိုယ်ပဲ?” ဆိုတဲ့စိတ်တွေ ဝင်လာတယ်။

ဒါပေမယ့် ကိုယ်က ဒေါသထွက်မိတာကိုတောင်
ကိုယ့်အပြစ်အဖြစ် ပြန်မြင်မိပြန်တယ်။

“ငါကပဲ စိတ်ထားမကောင်းတာလား…”
“ငါကပဲ နားလည်မပေးတတ်တာလား…”
“ငါကပဲ ပြဿနာဖြစ်စေတာလား…”

ပြဿနာရဲ့အလယ်မှာ ကိုယ်ရှိနေတာမဟုတ်တော့ဘူး။
ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့အတွေးတွေရဲ့အလယ်မှာ ကိုယ်ပျောက်ဆုံးနေတာ ဖြစ်လာတတ်တယ်။

အဆုံးမှာတော့
“ဘာမှ မလုပ်ချင်တော့ဘူး…”
“အားလုံးကို အရှုံးပေးချင်ပြီ…”
ဆိုတဲ့အထိ စိတ်ရော ကိုယ်ပါ ပင်ပန်းလာတယ်။

ဒီအခြေအနေမှာ …

ကိုယ်ပင်ပန်းနေတာကို
“ငါအားနည်းလို့” လို့ မသတ်မှတ်ခင်—

“ငါ ဘယ်လောက်ကြာကြာ အရာအားလုံးကို ကိုယ်တစ်ယောက်တည်း တာဝန်ယူခဲ့ရလဲ?”

“ငါ့အပြစ်မဟုတ်တဲ့အရာတွေကိုပါ
ငါ့အပြစ်အဖြစ် ယူထားမိလား?”

“ငါ့ခံစားချက်တွေကိုတောင်
မှားတယ်လို့ သတ်မှတ်နေမိလား?”

ဆိုတာ ပြန်မေးကြည့်ဖို့ လိုပါတယ်။

အရာအားလုံးအတွက် တာဝန်ယူရတာက
တာဝန်ယူတတ်ခြင်း မဟုတ်ပါဘူး။

တချို့အရာတွေက
ကိုယ့်တာဝန်ဖြစ်တယ်။

တချို့အရာတွေက
သူတစ်ပါးရဲ့တာဝန်ဖြစ်တယ်။

တချို့အရာတွေကတော့
ဘယ်သူ့အပြစ်မှ မဟုတ်ဘဲ ဖြစ်လာတဲ့အရာတွေပါ။

ကိုယ့်ကိုယ်ကို အမြဲတမ်း အပြစ်တင်နေခြင်းထက်
ဘာက ကိုယ့်တာဝန်လဲ၊ ဘာက ကိုယ့်တာဝန်မဟုတ်လဲ ဆိုတာ ခွဲခြားတတ်လာတဲ့အခါမှာ—

ကိုယ့်ကိုယ်ကို ပြန်ယုံကြည်လာနိုင်တယ်။
ကိုယ့်အင်အားကို ပြန်ထိန်းနိုင်တယ်။
ပြီးတော့…

“ငါပဲ မကောင်းတာ” ဆိုတဲ့နေရာကနေ
“ငါလည်း နားလည်ဖို့၊ ကာကွယ်ဖို့၊ ပြန်တည်ဆောက်ဖို့ လိုအပ်နေတဲ့လူတစ်ယောက်ပဲ” ဆိုတဲ့နေရာကို ပြန်ရောက်လာနိုင်တယ်။


12/09/2026

Depression ဖြစ်တာချင်းတူနေပေမယ့်
လူတစ်ယောက်နဲ့တစ်ယောက် တွေးဖြစ်တဲ့အတွေးတွေ၊
ကိုယ့်ကိုယ်ကို မြင်တဲ့ပုံ၊
ကမ္ဘာကြီးကို မြင်တဲ့ပုံတွေ မတူနိုင်ပါဘူး။

လူနှစ်ယောက်လုံး Depression ဖြစ်နေပေမယ့်
တစ်ယောက်က
“ငါက ဘာမှမတန်ဘူး” လို့ တွေးနေနိုင်သလို၊

တစ်ယောက်က
“ဘယ်လောက်ကြိုးစားကြိုးစား ဘာမှမပြောင်းလဲဘူး” လို့ တွေးနေနိုင်ပါတယ်။

တစ်ယောက်က ကိုယ့်ကိုယ်ကို အပြစ်တင်နေနိုင်သလို၊
တစ်ယောက်က လူတွေကို ရှောင်ဖယ်ပြီး
“ဘယ်သူမှ ငါ့ကို နားလည်မှာမဟုတ်ဘူး” လို့ ယုံကြည်နေနိုင်ပါတယ်။

ဒါကြောင့် Depression ဆိုတဲ့အခြေအနေတူနေပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် အတွင်းမှာဖြစ်နေတဲ့ အတွေးတွေ၊ ယုံကြည်ချက်တွေ၊ ခံစားချက်တွေနဲ့ အပြုအမူ pattern တွေက မတူနိုင်ပါဘူး။

အဲ့ဒီအတွက်
စိတ်ဓာတ်ကျနေတာကို တစ်ယောက်ယောက်ဆီ ရင်ဖွင့်လိုက်ရုံနဲ့ပဲ အမြဲတမ်း သက်သာသွားမယ်လို့ မဆိုနိုင်ပါဘူး။

ရင်ဖွင့်လိုက်ခြင်းက support ရစေပြီး စိတ်သက်သာစေနိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်အတွင်းမှာ Depression ကို ဆက်ပြီးထိန်းထားနေတဲ့ pattern ကို မမြင်သေးရင် အဲဒီ pattern က ဆက်လက်တည်ရှိနေနိုင်ပါတယ်။

အလားတူပဲ
ကိုယ့်ရဲ့ actions / behaviors တွေကို ပြောင်းလိုက်ရုံနဲ့လည်း အတွင်းမှာရှိနေတဲ့အရာအားလုံးက အလိုအလျောက် ပြောင်းလဲသွားမယ်လို့ မဆိုနိုင်ပါဘူး။

အဓိကက—

ကိုယ့်ရဲ့ အတွေးတွေက ခံစားချက်တွေကို ဘယ်လိုသက်ရောက်စေလဲ၊
အဲဒီခံစားချက်တွေက အပြုအမူတွေကို ဘယ်လိုဖြစ်စေလဲ၊
အဲဒီအပြုအမူတွေက ပြန်ပြီး ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ဘယ်လိုပိုခိုင်မာစေလဲ ဆိုတာကို နားလည်လာဖို့ပါ။

ဥပမာ—

“ငါက ဘာမှမတန်ဘူး”
ဆိုတဲ့အတွေးရှိလာမယ်ဆိုပါစို့။

အဲ့အခါကျရင်......

→ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားလာမယ်။
→ လူတွေနဲ့ မတွေ့ချင်တော့တာ။
→ လှုပ်ရှားမှုတွေ လျော့လာမယ်။
→ အထီးကျန်လာမယ်။
→ အဲဒီအထီးကျန်မှုက“ငါက ဘာမှမတန်ဘူး” ဆိုတဲ့ယုံကြည်ချက်ကို ပိုခိုင်မာစေပြန်တယ်။

ဒီလိုနဲ့ Thought → Emotion → Behavior → Thought ဆိုတဲ့ cycle တစ်ခုက Depression ကို ဆက်ပြီး ထိန်းထားနိုင်ပါတယ်။

ဒါကြောင့် Healing ဆိုတာ
အတွေးကို အတင်းအကောင်းဘက်ပြောင်းတာလည်း မဟုတ်သလို၊
Action တွေကိုပဲ အတင်းပြောင်းတာလည်း မဟုတ်ပါဘူး။

ကိုယ့်ရဲ့—

Thoughts
Emotions
Behaviors
Beliefs

တွေ ဘယ်လိုဆက်နွယ်နေကြသလဲ၊
ဘယ်လို pattern ဖြစ်နေကြသလဲ၊
အဲဒီ pattern က Depression ကို ဘယ်လိုထိန်းထားနေလဲဆိုတာကို နားလည်လာဖို့ ပါ။

ပြီးတော့ အဲဒီနားလည်မှုအပေါ်မှာ
ပြောင်းလဲနိုင်တဲ့နေရာတွေကို တစ်ဆင့်ချင်း တဖြည်းဖြည်းပြောင်းလဲသွားဖို့ ပါ။

တစ်ခါတည်း အားလုံးပြောင်းလဲဖို့ မလိုပါဘူး။

တစ်ခါတလေ
ကိုယ့်အတွေးကို သတိထားမိလာတာက ပြောင်းလဲမှုရဲ့အစ ဖြစ်နိုင်သလို၊
ခံစားချက်ကို နားလည်လာတာ၊
အပြုအမူတစ်ခုကို ပြောင်းလဲလာတာကလည်း recovery ရဲ့အစ ဖြစ်နိုင်ပါတယ်။

Depression ကို ပျောက်အောင် အတင်းတိုက်ဖျက်ဖို့ထက်
Depression ကို ဆက်ပြီးထိန်းထားနေတဲ့ ကိုယ့်ရဲ့ pattern ကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့—

ကိုယ့်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို နားလည်လာမှသာလျှင် ကိုယ် ဘာတွေ ပြောင်းလဲဖို့လိုသလဲဆိုတာကိုလည်း တကယ်မြင်လာနိုင်လို့ပါ။

Depression ဝင်လာတာကြာရင် ဘာလို့ Counsellor / Therapist ရဲ့အကူအညီကို ယူရပါသလဲ?
Counsellor နဲ့ Therapist တွေက ကိုယ့်ရဲ့အကြောင်းအရာကို နားထောင်ပေးရုံမက ကိုယ့်ရဲ့ အတွေး၊ ခံစားချက်၊ ယုံကြည်ချက်တွေကိုပါ နားထောင်ပေးတယ်၊ ပြီးတော့ ကိုယ့်ရဲ့ Depression ကို ဆက်ပြီး ထိန်းထားနိုင်တဲ့ pattern ကိုပါ ကိုယ်ကိုတိုင် နားလည်အောင် ကူညီပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့နေရာဆီရောက်အေင် ဆွဲခေါ်ပေးတယ်



12/09/2026

ကိုယ့်မှာ ဖြစ်ဖြစ်သမျှ၊ ကြုံကြုံသမျှတွေကို ဒီလိုမျိုးနဲ့ ယူဆဖြစ်နေလား???......

“သူ့ကြောင့်…”

လူတွေက မကောင်းဘူး။
ဒီလူတွေကြောင့် ငါ စိတ်ဆင်းရဲနေရတယ်။
လမ်းပျောက်နေရတယ်။
ဘဝပျက်နေရတယ်။

“ယောက်ျားက မကောင်းဘူး။
ဒီယောက်ျားကြောင့် ငါ့ဘဝမှာ ပျော်ရွှင်မှုမရှိဘူး။
အေးချမ်းမှုမရှိဘူး။
လွတ်လပ်မှုမရှိဘူး။”

“မိန်းမက မကောင်းဘူး။
ဒီမိန်းမကြောင့် ငါ့ဘဝမှာ စိတ်ချမ်းသာမှုမရှိဘူး။
လွတ်လပ်မှုမရှိဘူး။”

“သားသမီးတွေက မကောင်းဘူး။
သူတို့ကြောင့် ငါ့ဘဝမှာ လွတ်လပ်မှုမရှိဘူး။
စိတ်ချမ်းသာမှုမရှိဘူး။
ငါ့ပိုင်ဆိုင်မှုတွေတောင် ဆုံးရှုံးနေရတယ်။”

ဒီလိုစကားတွေကို ကိုယ်တိုင်ပြောမိတာ၊
စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြောနေမိတာမျိုး ရှိတတ်ပါတယ်။

တကယ်တော့…

ကိုယ်နာကျင်ရတဲ့အကြောင်းရင်းထဲမှာ တစ်ဖက်သူရဲ့ အပြုအမူတွေ ပါနိုင်ပါတယ်။

သူက မလေးစားတာ၊
မတရားပြုမူတာ၊
ထိန်းချုပ်တာ၊
လျစ်လျူရှုတာ၊
စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်တာတွေ ရှိနိုင်ပါတယ်။

အဲဒါတွေကို “ကိုယ့်အပြစ်ပဲ” လို့ ပြန်ပြောဖို့ မလိုပါဘူး။

ဒါပေမယ့်…

“သူက ဒီလိုလုပ်ခဲ့တယ်”
“သူ့ကြောင့် ငါနာကျင်ခဲ့တယ်”ဆိုတာနဲ့
“ဒါကြောင့် ငါ့ဘဝတစ်ခုလုံး မပျော်နိုင်တော့ဘူး...ဒီလိုဖြစ်နေရမယ်” ဆိုတာက မတူပါဘူး။

ဘာကြောင့် ကိုယ်မပျော်တဲ့အခါ တစ်ဖက်သူကို အပြစ်တင်ချင်လာတာလဲ?

အကြောင်းရင်းတစ်ခုက—

အပြစ်တင်ခြင်းက ကိုယ့်စိတ်ကို ခဏတာ ပိုလွယ်ကူစေတတ်လို့ပါ။

“ငါ့ကြောင့်” လို့ တွေးရတာထက်
“သူ့ကြောင့်” လို့ တွေးရတာက ခဏတာ ပိုသက်သာတတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့—

သူ့ကြောင့်ဆိုရင်
ပြဿနာရဲ့ အကြောင်းရင်းကို အပြင်ဘက်မှာ ထားလို့ရတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးစရာမလိုတော့ဘူး။

“ငါ ဘာလိုအပ်နေတာလဲ?”
“ငါ ဘာကို ခွင့်ပြုထားမိလဲ?”
“ငါ ဘာကို မပြောနိုင်ခဲ့လဲ?”
“ငါ ဘာကို ကြောက်နေတာလဲ?”
“အခုကနေစပြီး ငါ ဘာလုပ်နိုင်သေးလဲ?”

ဆိုတဲ့ မေးခွန်းတွေကို ခဏတာ မကြည့်တော့လို့ရပါတယ်။

အဲဒီအချိန်မှာ ရလာတဲ့ ခဏတာစိတ်သက်သာမှုက…

“ငါမှားတာမဟုတ်ဘူး။ သူမှားတာ။”

“ငါ့ဘဝပျက်တာ ငါ့အပြစ်မဟုတ်ဘူး။ သူ့ကြောင့်။”

“ငါဒီလောက်ခံစားနေရတာ အကြောင်းမဲ့မဟုတ်ဘူး။”

ဆိုတဲ့ ခံစားချက်ရလာတတ်ပါတယ်။

ကိုယ့်နာကျင်မှုကို အကြောင်းပြချက်တစ်ခု ရသွားသလိုခံစားရတယ်။

ကိုယ့်ကိုယ်ကိုလည်း ခဏတာ ကာကွယ်နိုင်သလို ခံစားရတယ်။

ဒါကြောင့် အပြစ်တင်ခြင်းဟာ တစ်ခါတလေ စိတ်အတွက် ဖြေရှင်းနိုင်တဲ့နည်းလမ်း တစ်ခုလို အလုပ်လုပ်နိုင်ပါတယ်။

ဒါပေမယ့်…

ဒီလိုခဏတာသက်သာမှုက ရေရှည်မှာ ဘာဖြစ်လာနိုင်လဲ?

အပြစ်တင်တာကို ထပ်ခါထပ်ခါလုပ်ဖြစ်လာရင်—

“ငါ့ဘဝကို သူက ထိန်းချုပ်နေတယ်” ဆိုတဲ့ယုံကြည်ချက်မျိုးက ပိုခိုင်လာတတ်ပါတယ်။

သူက မပြောင်းလဲသရွေ့
ကိုယ်လည်း မပြောင်းလဲနိုင်ဘူးလို့ ခံစားလာတတ်ပါတယ်။

သူမပြောင်းရင် → ငါမပျော်ဘူး။
သူနားမလည်ရင် → ငါမအေးချမ်းဘူး။
သူမပေးရင် → ငါမပြည့်စုံဘူး။
သူမထွက်သွားရင် → ငါမလွတ်လပ်ဘူး။
သူမတောင်ပန်းရင် → ငါမအေးချမ်းဘူး။

ဒီလိုနဲ့…

ကိုယ့်စိတ်ချမ်းသာမှုရဲ့ remote control ကို တစ်ဖက်သူလက်ထဲ ပေးထားသလို ဖြစ်လာတတ်ပါတယ်။

နောက်ပိုင်းမှာ—

- ကိုယ့်မှာ လုပ်နိုင်စွမ်းမရှိသလို ခံစားလာတယ်
- helpless ဖြစ်လာတယ်
- နာကြည်းမှု ပိုများလာတယ်
- ဒေါသ ပိုလွယ်လာတယ်
- အတူရှိနေရတာလည်း ပင်ပန်းလာတယ်
- ဆက်ဆံရေးမှာ အပြစ်တင်မှုတွေ ပိုများလာတယ်
- ပြဿနာဖြေရှင်းတာထက် “ဘယ်သူ့အပြစ်လဲ” ကိုပဲ ရှာလာတတ်တယ်
- ကိုယ့်ဘဝမှာ ပြောင်းလဲနိုင်တဲ့အရာတွေကို မမြင်တော့ဘူး

အထူးသဖြင့် အန္တရာယ်ရှိတာက—

ကိုယ့်ရဲ့ agency ကို ကိုယ်တဖြည်းဖြည်း ဆုံးရှုံးလာတာပါ။

---

ဒါကြောင့် Healing ဆိုတာ

“သူ့အပြစ်မဟုတ်ဘူး၊ ကိုယ့်အပြစ်ပဲ” လို့ ပြောတာမဟုတ်ပါဘူး။

အဲဒီလို self-blame ပြန်လုပ်ဖို့လည်း မလိုပါဘူး။

Healing ဆိုတာ—

“သူ့အပြုအမူက ငါ့ကို ထိခိုက်စေခဲ့တယ်။
အဲဒါကို ငါ အသိအမှတ်ပြုမယ်။
ဒါပေမယ့် ငါ့ဘဝရဲ့ နောက်ထပ်အပိုင်းတွေကို ဘယ်လိုဆက်သွားမလဲဆိုတာမှာ ငါ့ရဲ့ရွေးချယ်ခွင့်ရှိသေးတယ်”

လို့ ပြန်မြင်လာနိုင်ခြင်းပါ။

သူ့ကို အပြစ်တင်တာက
ကိုယ့်နာကျင်မှုကို ရှင်းပြနိုင်ပါတယ်။

ဒါပေမယ့်—

ကိုယ့်ဘဝကို ပြန်တည်ဆောက်ဖို့တော့
အပြစ်တင်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

နောက်ဆုံးမှာ ကိုယ်ပြန်မေးရမယ့်မေးခွန်းက—

“သူဘာလုပ်ခဲ့လဲ?” တစ်ခုတည်းမဟုတ်ဘဲ
“အခုအခြေအနေမှာ ငါထိန်းချုပ်နိုင်တာက ဘာရှိလဲ?”

ဆိုတာပါ။

အဲဒီမေးခွန်းမျိုး မေးခြင်းအားဖြင့်
အပြစ်တင်တတ်နေတဲ့နေရာကနေ
ကိုယ့်ဘဝကို ကိုယ်ပြန်ကိုင်နိုင်တဲ့နေရာဆီ တဖြည်းဖြည်း ရွှေ့ပေးနိုင်ပါတယ်။

လူတွေရဲ့အပြုအမူတွေကို မတရားခံရပြီးနောက် တစ်ဖက်လူကိုပဲ အပြစ်တင်တတ်လွန်တာကြောင့် လက်ရှိမှာ ကိုယ့်အတွက်ကိုယ် အာရုံမစိုက်နိုင်လောက်အောင် ပျောက်ဆုံးခံနေရတယ် “ကိုယ့်ကို သူဘာလုပ်ခဲ့လဲ?”ဆိုတဲ့ အခြေအနေကနေ “ကိုယ့်ဘာကိုယ် ထိန်းချုပ်”နိုင်တဲ့ အခြေအနေမျိုးရောက်လာအောင် ဆွဲခေါ်နိုင်ချင်တယ်ဆိုရင် One On One counselling session ကို join နိုင်ပါတယ်ရှင့်....🍀🍀


11/09/2026

တစ်ယောက်တည်း ကြိတ်ခံစားရင်း…
တစ်ယောက်တည်း ဖြေရှင်းရင်း…
တစ်ယောက်တည်း ခံနိုင်အောင် ကြိုးစားရင်း…
တစ်ယောက်တည်း လမ်းပျောက်တတ်လာတယ်ဆိုတာ သိပါသလား။

အစပိုင်းမှာတော့
“ငါ့ဘာသာ ငါ ဖြေရှင်းနိုင်ပါတယ်” လို့ ထင်ခဲ့တယ်။

ဝမ်းနည်းတာတွေကို မပြောဘဲ သိမ်းထားခဲ့တယ်။
နာကျင်တာတွေကို မပြဘဲ ကျော်ဖြတ်ခဲ့တယ်။
အကူအညီလိုတဲ့အချိန်မှာတောင်
“ရပါတယ်… ငါအဆင်ပြေပါတယ်” လို့ ပြောခဲ့တယ်။

အချိန်ကြာလာတော့…

ကိုယ်ဘာကြောင့် ဒီလောက်ပင်ပန်းနေရတာလဲ မသိတော့ဘူး။
ဘာကိုလိုချင်နေတာလဲ မသိတော့ဘူး။
ဘာကိုရွေးချယ်ရမလဲ မသေချာတော့ဘူး။
အရင်က ကိုယ်ဖြစ်ခဲ့တဲ့လူနဲ့ ကိုယ် မတူတော့သလိုတောင် ခံစားလာရတယ်။

တကယ်တော့
လူတစ်ယောက်ဟာ အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေရင်းနဲ့
ပြဿနာထဲမှာပဲ ပိတ်မိသွားတာမဟုတ်ဘူး။
ကိုယ့်ခံစားချက်တွေ၊ အတွေးတွေ၊ ကြောက်ရွံ့မှုတွေနဲ့ပါ ရောထွေးပြီး
ကိုယ်တိုင်ဘယ်ကစရမလဲ မသိတော့တဲ့အထိ လမ်းပျောက်သွားနိုင်တယ်။

ဒါကြောင့် တစ်ခါတလေ
ကိုယ်လိုအပ်တာက
“ပိုပြီး ခံနိုင်ရည်ရှိဖို့” မဟုတ်ဘူး။

ကိုယ်တစ်ယောက်တည်း မမြင်နိုင်တော့တဲ့အရာတွေကို
တစ်ယောက်ယောက်နဲ့အတူ ပြန်မြင်နိုင်ဖို့ပါ။

ကိုယ်ဘာခံစားနေရတာလဲ။
ဘာကြောင့် ဒီလိုခံစားနေရတာလဲ။
ဘယ်အတွေးတွေက ကိုယ့်ကို ပိုပင်ပန်းစေတာလဲ။
အခုလက်ရှိပြဿနာနဲ့ အရင်ကရခဲ့တဲ့အတွေ့အကြုံတွေက
ဘယ်လိုဆက်နွယ်နေသလဲ။

အဲဒီအရာတွေကို နားလည်လာတဲ့အခါ
လမ်းက ချက်ချင်းပေါ်လာတာမဟုတ်ပေမယ့်
ကိုယ်ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာတော့ ပြန်မြင်လာတတ်ပါတယ်။

တစ်ယောက်တည်း မခံနိုင်တော့တာဟာ
ကိုယ်အားနည်းသွားလို့ မဟုတ်ပါဘူး။

ကိုယ့်စိတ်ကိုလည်း
တစ်ခါတလေ အတူတူ သယ်ပေးမယ့်နေရာတစ်ခု လိုအပ်တာပါ။

လက်ရှိ ကိုယ်ကရော relationship & life ကြောင့် နာကျင်မှု၊ ဝမ်းနည်းမှု၊ သိမ်ငယ်မှုတွေကို အချိန်အတော်ကြာ မျိုးသိပ်ခဲ့ပြီးမှ ကိုယ့်ကိုကိုယ် လမ်းပျောက်သလို ခံစားနေရပါသလား?????🍀🍀🍀

ကိုယ့်အနေနဲ့ ထပ်ပြီး လမ်းမပျောက်သွားအောင် ကိုယ့်ရဲ့အတွေး၊ ခံစားချက်၊ အပြုအမူဆိုတဲ့ pattern ကို နားလည်သွားချင်ပါသလား??


10/09/2026

တစ်ခါတလေ
ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောချင်တော့တဲ့အချိန်တွေ ရှိတတ်ပါတယ်။

“ဘာဖြစ်နေတာလဲ?”

“အဆင်ပြေရဲ့လား?”

“ဘာတွေဖြစ်နေတာလဲ ပြောပါဦး…”

လူတွေမေးလာတဲ့အခါ
ကိုယ့်မှာ အဖြေရှိပါတယ်။

ဒါပေမယ့်…

မဖြေချင်ဘူး။

ကိုယ်ဖြစ်နေတဲ့အရာတွေကို
လူတွေသိသွားမှာ မလိုလားဘူး။

ဒါကြောင့်
“အဆင်ပြေပါတယ်”
လို့ပဲ ပြောလိုက်တယ်။

ပြီးတော့
ကိုယ့်ဘာသာကိုယ် နေလိုက်တယ်။

ဒါပေမယ့်
ကိုယ့်အတွင်းထဲမှာတော့—

မဖြစ်ချင်တဲ့အရာတွေကို တွေးရင်း
မွန်းကျပ်နေတယ်။

ကိုယ့်ကိုယ်ကို နှိမ့်ချရင်း
သိမ်ငယ်နေတယ်။

လူတွေနဲ့အတူရှိနေရင်းတောင်
အထီးကျန်နေတယ်။

ဘာကိုခံစားနေရမှန်းတောင်
မသိတော့အောင်
ခံစားချက်တွေ မဲ့လာတယ်။

နောက်ဆုံး…

ဘာကိုလိုချင်မှန်းမသိ၊
ဘာကိုရွေးရမှန်းမသိ၊
ဘယ်ကိုသွားရမှန်းဆိုတာကို
ကိုယ်တိုင်တောင် မသိတော့ဘူး။

လမ်းပျောက်နေသလိုပဲ။

တကယ်တော့
တချို့လူတွေ မပြောချင်တာက
ကိုယ့်မှာ ပြောစရာမရှိလို့ မဟုတ်ပါဘူး။

ပြောပြဖို့ စကားလုံးတွေ မရှာတတ်တော့လို့ပါ။

ကိုယ့်အတွင်းမှာ ဘာတွေဖြစ်နေတာလဲဆိုတာ
ကိုယ်တိုင်တောင် နားမလည်သေးတဲ့အခါ
တခြားသူကို ရှင်းပြဖို့ဆိုတာ ပိုခက်သွားပါတယ်။

ဒါကြောင့်
“ဘာဖြစ်နေတာလဲ” လို့ မေးမယ့်အစား

တစ်ခါလောက်
ကိုယ့်ကိုယ်ကို မေးကြည့်ပါ—

“ငါ အခု ဘာကိုခံစားနေရတာလဲ?”

“ငါ တကယ်ဘာကိုကြောက်နေတာလဲ?”

“ငါ ဘာကိုလိုချင်နေတာလဲ?”

“ငါ့ကို ဒီလောက်မွန်းကျပ်စေတာ ဘာလဲ?”

အဖြေတွေ ချက်ချင်းမရလည်း ရပါတယ်။

တစ်ခါတလေ
ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားတာထက်
ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်နားလည်လာဖို့က
ပိုအရေးကြီးပါတယ်။

မပြောချင်သေးရင် မပြောလို့ရပါတယ်။

ဒါပေမယ့်
မပြောဘဲထားရင်း ကိုယ့်အတွင်းမှာပဲ တစ်ယောက်တည်း ခံစားနေရတာကိုတော့
ကိုယ့်ဘာသာကိုယ် မေ့မထားလိုက်ပါနဲ့။

ဖြစ်စေချင်တာက

ကိုယ့်အတွင်းက အသံတွေကို
ကိုယ်တိုင် စပြီးနားထောင်ပေးဖို့ လိုပါတယ်ရှင့်။ 🤍


09/09/2026

လူတွေ ကိုယ့်ကို သတိထားနေမှ နေပျော်တယ်
လူတွေ ကိုယ့်ကို နားလည်နေမှ နေပျော်တယ်
လူတွေ ကိုယ့်ကို တန်ဖိုးထားနေမှ နေပျော်တယ်
လူတွေ ကိုယ့်ကို အချိန်ပေးနေမှ နေပျော်တယ်
လူတွေ ကိုယ့်ကို ချစ်နေမှ နေပျော်တယ်......

စသဖြင့် ဒါတွေဟာ ကိုယ့်ဘက်က attention လိုချင်တာ သက်သက်မဟုတ်ဘဲ တခါတလေ ဒီအရာတွေရဲ့အောက်မှာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် တစ်ခုခုကို ဖြည့်ဆည်းဖို့ ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်။

ဘာလို့ ကိုယ်က attention ကို အရမ်းလိုချင်ရတာလဲ??

၁။ ကိုယ့်တန်ဖိုးကို သူများရဲ့အာရုံစိုက်မှုနဲ့ တိုင်းတာမိလို့

“သူတို့က ငါ့ကို ဂရုစိုက်ရင် ငါက အရေးကြီးတယ်”
ဆိုတဲ့ ယုံကြည်ချက်ရှိလာရင် သူများက attention ပေးမှ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ခံစားရနိုင်ပါတယ်။

၂။ ငယ်ဘဝမှာ Emotional Attention မလုံလောက်ခဲ့လို့

ငယ်ငယ်တုန်းက ကိုယ့် ခံစားချက်တွေကို နားထောင်ပေးတာ၊ အသိအမှတ်ပြုပေးတာ၊ ချီးကျူးပေးတာ နည်းခဲ့ရင် ကြီးလာတဲ့အခါ မရခဲ့တဲ့ attention ကို အခြားသူတွေဆီကနေ ပြန်ရှာမိနိုင်ပါတယ်။

၃။ Rejection / Abandonment ကို ကြောက်လို့

လူတစ်ယောက်က reply မပြန်တာ၊ စကားမပြောတာ၊ အာရုံမစိုက်တာကို.

“သူအငါ့ကို မကြိုက်တော့ဘူး”
“သူငါ့ကို စွန့်သွားတော့မယ်”

လို့ အဓိပ္ပါယ်ဖွင့်မိနိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ attention ကို အမြဲစောင့်ကြည့်နေမိတာပါ။

၄။ အထီးကျန်မှုကို Attention နဲ့ ဖြည့်နေမိလို့

တကယ်လိုအပ်နေတာက attention မဟုတ်ဘဲ connection ဖြစ်နိုင်ပါတယ်။

“တစ်ယောက်ယောက်က ငါ့ကို နားလည်ပေးပါစေ။
ငါ့ဘက်မှာ တစ်ယောက်ယောက်ရှိပါစေ။”
ဆိုတဲ့ လိုအပ်ချက်မျိုးပါ။

၅။ ကိုယ့်ကိုယ်ကိုယ် အားပေးအသိအမှတ်ပြုနိုင်မှု နည်းလို့

Self-validation နည်းတဲ့အခါ သူများရဲ့ compliment, message, like, care တွေက ကိုယ့်စိတ်ကို ခဏတာမြှင့်တင်ပေးပါတယ်။ ဒါကြောင့် ရလာလေ ထပ်လိုချင်လေ ဖြစ်လာနိုင်ပါတယ်။

၆။ Attention ရတဲ့အခါ စိတ်သက်သာသွားလို့

Attention ရတဲ့အချိန်မှာ “ငါအရေးကြီးတယ်၊ ငါ့ကိုချစ်တယ်၊ ငါ့ကိုမစွန့်ဘူး” ဆိုတဲ့ feeling ရလာနိုင်ပါတယ်။ Attention မရတော့တဲ့အခါ အဲဒီ feeling ပျောက်သွားလို့ ထပ်ပြီးရှာမိပါတယ်။

အဓိက ကိုယ့်အနေနဲ့ သိထားရမှာက

“ငါက attention seeker ဖြစ်နေလို့” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်တာထက်—

“Attention ရမှ ငါ့စိတ်ထဲမှာ ဘာလိုအပ်ချက်တစ်ခု ပြည့်သွားသလဲ?”ဆိုတာကို အဖြေရှာကြည့်လိုက်တာက ပိုကောင်းပါတယ်နော်။

တကယ်လို့ ကိုယ်က လူတွေတန်ဖိုးထားမှ တန်ဖိုးရှိတယ်လို့ခံစားနေရတာ၊ အထီးကျန်ရမှာကို ကြောက်လို့ လူတွေရဲ့ attention ကို တစ်ချိန်လုံးလိုချင်နေတာ / တစ်ဖက်လူကို ဆုံးရှုံးရမှာ ကြောက်နေတဲ့စိတ်ခံစားချက်တွေရဲ့အကြောင်းရင်းဖြစ်စေမယ့် pattern တွေကို ကိုယ်ကိုတိုင် နားလည်သွားအောင် အဖြေရှာချင်တယ်ဆိုရင် one on one counselling session ကို join နိုင်ပါတယ်ရှင့်





ที่อยู่

Bangkok

เวลาทำการ

จันทร์ 07:30 - 19:30
อังคาร 07:30 - 19:30
พุธ 07:30 - 19:30
พฤหัสบดี 07:30 - 19:30
ศุกร์ 07:30 - 19:30
เสาร์ 09:00 - 19:30
อาทิตย์ 09:00 - 19:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Asterthi Counselling & Coachingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์