07/06/2026
ကိုယ့်အနေနဲ့ စိတ်ဖိစီးမှုများလာလျှင်
ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာမှာဆိုရင်
• စိတ်တိုလွယ်လာခြင်း
• စိုးရိမ်ပူပန်မှုများလာခြင်း
• ဝမ်းနည်းခြင်း၊ အားငယ်ခြင်း
• အာရုံစူးစိုက်ရခက်လာခြင်း
• ဆုံးဖြတ်ချက်ချရခက်လာခြင်း
• အရာရာကို အဆိုးဘက်ကနေပဲ မြင်လာခြင်း
ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာဆိုရင်
• ခေါင်းကိုက်ခြင်း
• ပခုံး၊ လည်ပင်း၊ ကျောကြွက်သားများ တင်းကျပ်နာကျင်ခြင်း
• အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ချင်နေခြင်း
• နှလုံးခုန်မြန်ခြင်း
• ပင်ပန်းနွမ်းနယ်နေခြင်း
• အစာစားချင်စိတ် ပြောင်းလဲခြင်း
အပြုအမူပိုင်းဆိုင်ရာမှာဆိုရင်
• လူတွေနဲ့ မတွေ့ချင်တော့ခြင်း
• ဒေါသထွက်လွယ်ပြီး ပေါက်ကွဲတတ်ခြင်း
• အလုပ်၊ စာသင်ကြားမှု အရည်အသွေးကျဆင်းခြင်း
• ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာခြင်း
• အရင်က ပျော်ရွှင်စေခဲ့တဲ့အရာတွေကို စိတ်မဝင်စားတော့ခြင်း
စိတ်ဖိစီးမှုက နာတာရှည်ဖြစ်လာရင်
• Burnout (စိတ်နဲ့ကိုယ် အလွန်ပင်ပန်းနွမ်းနယ်သွားခြင်း)
• စိုးရိမ်ပူပန်မှုရောဂါ (Anxiety)
• စိတ်ကျရောဂါ (Depression)
• ဆက်ဆံရေးပြဿနာများ
• ကိုယ့်ကိုယ်ကို အပြစ်တင်မှုများလာခြင်း
ပြီးတော့ဆိုရင်
စိတ်ဖိစီးမှု များလာလျှင် self-control (ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်း) လည်း လျော့နည်းလာနိုင်ပါမယ်။
တခါတလေ ကိုယ်ကိုတိုင်က စိတ်ဖိစီးမှုကို ခံစားနေရပါလားဆိုတာကို မသိတာမျိုးလဲ ဖြစ်နိုင်ပါတယ်
ကိုယ်ခံစားနေရတဲ့စိတ်ဖိစီးကို ကိုင်တွယ်တတ်ချင်ရင် ဘာနဲ့ပတ်သက်ပြီး ကိုယ် စိတ်ဖိစီးမှုခံစားနေရလဲဆိုတာကို သိဖို့လိုပါမယ်
လူရယ်လို့ ဖြစ်လာပြီးလျှင် စိတ်ဖိစီးမှုကို လူတိုင်းနီးပါးက အနည်းနဲ့အများကြုံကိုကြုံရပါမယ်
တကယ်လို့ ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ဒီအတိုင်းထားပြီး တောက်ခံတာကြာလာရင် နားတာရှည် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု၊ trauma တွေ ဖြစ်လာနိုင်တယ်
ပြီးတော့
တစ်ယောက်နဲ့တစ်ယောက်က ဘဝကို ဖြတ်သန်းလာရခြင်း မတူညီတဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ကလည်း စိတ်ဖိစီးမှုကို ခံနိုင်ရည်စွမ်းအားလည်း မတူကြပါဘူး
တစ်ယောက်နဲ့တစ်ယောက်ကလည်း ဒီစိတ်ဖိစီးမှုကို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းလည်း မတူကြနိုင်ပါဘူး
လက်ရှိ ကိုယ်က စိတ်ဖိစီးမှုကို ဘာအကြောင်းနဲ့ပတ်သက်ပြီး ခံစားနေရပါသလဲ?
အချစ်ရေးကြောင့်လား၊ ကျောင်း/အလုပ်ကြောင့်လား၊ ဒါမှမဟုတ် အတွေးတွေ မရပ်နိုင်တာမျိုးလား?
ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ကိုယ့်ဘာသာကိုယ် ကိုင်တွယ်တတ်နိုင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင် One On One Counseling Session မှာ ဆွေးနွေးနိုင်ပါတယ်နော်