27/04/2026
ထိုင်းကွန်ဒို အငှားတွေ ဈေးတက်တော့မှာလား?
ဖြေရရင်တော့ အငှားမှာ ဈေးတက်ဖို့ အလားအလာ ရှိနေပါပြီ။ ဘာလို့လဲ?
ထိုင်းမှာ ကုန်ဈေးနှုန်းနဲ့ စက်ဆီဈေးတက်လာတာတွေရဲ့ နောက်ဆက်တွဲကြောင့်ရယ်၊ ထိုင်းတွေ ကိုယ်တိုင် အိမ်ရာဝယ်ယူဖို့ ဘဏ်ချေးငွေ Rejection Rate ကျမလာသေးရယ်၊ ထိုင်းအိမ်ထောင်စု ကြွေးမြီများ လျော့ မကျလာတာကြောင့်ရယ်ပါ။
ဥပမာ BTS Udom Suk နားက ၂ မိနစ်ပဲ လျှောက်ရတဲ့ Mid-rise condo တခုမှာဆို 27 sq.m. Studio က မနှစ်က ဘတ် ၁၀,၀၀၀ ပဲ ဝန်းကျင်ပဲ ရှိကြတာပါ။ အခုဆို အနည်းဆုံး ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ ဈေးတက်ဖို့ ထိုင်းအိမ်ရှင်တွေက အိမ်ငှားတွေကို အသိပေးလာကြပါပြီ။
Rama 9 က ကွန်ဒို တချို့ဆိုလည်း အရင်က 35 sq.m. 1 Bedroom Plus ဆို ၂၀,၀၀၀ -၂၃,၀၀၀ ဝန်းကျင်ကနေ အခု ၂၄,၀၀၀-၂၅,၀၀၀ အထိ ခေါ်လာတာကိုလည်းတွေ့ရပါတယ်။
BTS Ekkamai နားက Pet Friendly condo တခုဆိုလည်း 60 sq.m. 2 Bedroom ကို အရင် ဘတ် ၆၀,၀၀၀ ကနေ အခု ၆၅,၀၀၀ - ၆၈,၀၀၀ အထိ ခေါ်လာတာကို တွေ့ရပါတယ်။
ဘန်ကောက်မှာ ရှိတဲ့ မြန်မာ အိမ်ခန်းပိုင်ရှင်များလည်း ဈေးကောင်းရပါကြစေ!
အငှားရှာမိတ်ဆွေများလည်း ဈေးသင့်တဲ့ နေရာကောင်းအခန်းများလည်း ရနိုင်ကြပါစေ။