Mergui Boss Money Exchange

Mergui Boss Money Exchange Mergui Boss Money Exchange
The Best Currency Exchange in Myanmar and Thailand.
(204)

27/08/2026

💸 ငွေလဲဖို့ အပြင်ထွက်စရာလိုသေးလို့လား?

📱 ဖုန်းတစ်လုံးရှိရုံနဲ့
ကျောင်းလခ၊ အိမ်လခ၊ မိသားစုဆီ ငွေလွှဲတာကနေ Online Shopping အထိ လိုအပ်တဲ့ ငွေလဲလှယ်မှုတွေကို Mergui Boss နဲ့ လွယ်လွယ်ကူကူ ဆောင်ရွက်လိုက်ပါ။ ✨

မြန်မြန်ဆန်ဆန် ⚡
လွယ်လွယ်ကူကူ 📲
သက်သာတဲ့ Rate နဲ့ 💰

ငွေလဲမယ်ဆို Mergui Boss 💚💛

#ငွေလဲ #ငွေလွှဲ

🚨ပြည်ပရောက်မြန်မာများအတွက် Digital Banking အသုံးပြုမှု ကန့်သတ်လာနိုင်ပြည်ပနိုင်ငံများမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတ...
27/08/2026

🚨ပြည်ပရောက်မြန်မာများအတွက် Digital Banking အသုံးပြုမှု ကန့်သတ်လာနိုင်

ပြည်ပနိုင်ငံများမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ KBZPay၊ Wave Money၊ AYA Pay၊ CB Pay နဲ့ Mobile Banking စနစ်တွေကို ပြည်ပကနေ အသုံးပြုပြီး ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းနဲ့ အခြားငွေကြေးဝန်ဆောင်မှုတွေ ရယူနေတာကို ကန့်သတ်ဖို့ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါညွှန်ကြားချက်အရ ဘဏ်တွေနဲ့ သက်ဆိုင်ရာ ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ပကနေ Digital Payment System တွေကို ဝင်ရောက်အသုံးပြုလို့ မရနိုင်စေဖို့ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

အဓိကအသုံးပြုလာနိုင်တဲ့ ကန့်သတ်မှုတွေထဲမှာ Geo-blocking၊ Location-based Restriction နဲ့ IP-based Restrictionတို့ ပါဝင်နိုင်ပြီး ပြည်ပ IP Address တွေကနေ Banking App တွေကို ဝင်ရောက်အသုံးပြုတဲ့အခါ Network Error သို့မဟုတ် Connection Failed စတဲ့ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

VPN အသုံးပြုပြီး မြန်မာ IP Address အဖြစ် ပြောင်းလဲအသုံးပြုဖို့ ကြိုးစားတဲ့အခါမှာလည်း လူသုံးများတဲ့ VPN Service တွေနဲ့ IP Address တွေကို ထပ်မံကန့်သတ်လာနိုင်တဲ့ အခြေအနေ ရှိပါတယ်။

ဒါ့အပြင် OTP Verification နဲ့ Device Verification တွေကိုလည်း ပိုမိုတင်းကျပ်လာနိုင်ပါတယ်။ ပြည်ပမှာရှိတဲ့ SIM Card တွေဆီ OTP မရောက်ရှိတော့တာ၊ Device အသစ်ကနေ Login ဝင်ရောက်တဲ့အခါ ပြန်လည်အတည်ပြုခိုင်းတာ၊ Security အကြောင်းပြချက်နဲ့ အသုံးပြုခွင့်ကန့်သတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုကန့်သတ်မှုတွေ အကောင်အထည်ဖော်လာခဲ့ရင် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ သင်္ဘောသားတွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံခြားရောက်မြန်မာတွေအတွက် ပြည်တွင်းမိသားစုဆီ ငွေလွှဲပို့ခြင်း၊ ကိုယ့်ရဲ့ မြန်မာဘဏ်အကောင့်ကို ပြည်ပကနေ စီမံခန့်ခွဲခြင်းနဲ့ Payment Account တွေ အသုံးပြုခြင်းတွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာနိုင်ပါတယ်။

လက်ရှိညွှန်ကြားချက်ရဲ့ သဘောတရားအရ “တစ်ရက်တည်းနဲ့ Banking App အားလုံး လုံးဝအသုံးပြုမရတော့ဘူး” ဆိုတာထက် ပြည်ပကနေ အသုံးပြုနိုင်မှုကို IP၊ Location၊ OTP နဲ့ Device Security စနစ်တွေကတစ်ဆင့် အဆင့်ဆင့်ကန့်သတ်လာနိုင်တဲ့ အခြေအနေ အဖြစ် နားလည်ထားသင့်ပါတယ်။

ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်း ပြည်ပကနေ မြန်မာ Banking App တွေ အသုံးပြုနေသူတွေအနေနဲ့ IP Restriction၊ VPN Restriction၊ OTP ပြဿနာနဲ့ Device Verification အပြောင်းအလဲတွေ ရှိ၊ မရှိကို သေချာစောင့်ကြည့်ထားဖို့ လိုအပ်ပါတယ်။

📌 ပြည်ပမှာနေပြီး မြန်မာ Digital Banking စနစ်တွေကို ပုံမှန်အသုံးပြုနေသူတွေအတွက် အထူးသတိထားစောင့်ကြည့်သင့်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

25/08/2026

💱 ငွေလဲဖို့ အချိန်ကုန်ခံပြီး ဘဏ်သွားစရာမလိုတော့ပါဘူး!

Mergui Boss နဲ့ Online ကနေ လွယ်ကူမြန်ဆန်စွာ ငွေလဲလှယ်နိုင်ပြီး Special Rate တွေလည်း ရရှိနိုင်ပါတယ်။ ✨

ယုံကြည်စိတ်ချရတဲ့ ငွေလဲဝန်ဆောင်မှုအတွက် Mergui Boss ကို ဆက်သွယ်လိုက်ပါ။ 💚💛

ဘန်ကောက်မြန်မာသံရုံးတွင် PV ပတ်စ်ပို့ သက်တမ်းတိုးခွင့် ရုတ်တရက် ရပ်ဆိုင်း - နေပြည်တော်အထိ စာတင်ပြီးမှသာ လုပ်ဆောင်ပေးမည်။...
19/08/2026

ဘန်ကောက်မြန်မာသံရုံးတွင် PV ပတ်စ်ပို့ သက်တမ်းတိုးခွင့် ရုတ်တရက် ရပ်ဆိုင်း - နေပြည်တော်အထိ စာတင်ပြီးမှသာ လုပ်ဆောင်ပေးမည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကနေ PV (အလည်အပတ်) ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ သက်တမ်းတိုးတာနဲ့ စာအုပ်အသစ်လဲလှယ်တာတွေကို ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး အရင်လို တိုက်ရိုက်လုပ်ပေးတာမျိုး မရှိတော့ဘဲ ရပ်ဆိုင်းလိုက်ပြီလို့ သွားရောက်လုပ်ကိုင်ခဲ့သူတွေဆီကနေ သိရပါတယ်။

အခု ပြောင်းလဲလိုက်တဲ့ စည်းကမ်းအသစ်အရဆိုရင် PV ပတ်စ်ပို့သမားတွေအနေနဲ့ သက်တမ်းတိုးတာပဲဖြစ်ဖြစ်၊ စာအုပ်အသစ်လဲချင်တာပဲဖြစ်ဖြစ် ကိုယ်တိုင် ဖောင်ဖြည့်ပြီး နေပြည်တော်ကို လှမ်းတင်ရမှာပါ။ နေပြည်တော်ကနေ သေချာစိစစ်ပြီး "ခွင့်ပြုတယ်" ဆိုတဲ့ အကြောင်းပြန်စာ ကျလာမှသာ သံရုံးမှာ ဆက်ပြီး လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ အကျုံးဝင်လဲ❓

ဒီသတ်မှတ်ချက်ဟာ PV ပတ်စ်ပို့ ကိုင်ဆောင်ထားသူ အားလုံးနဲ့ အကျုံးဝင်ပါတယ်။ ကိုယ်က အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ ဒါမှမဟုတ် မှီခိုဗီဇာ စသဖြင့် ဘယ်လိုဗီဇာမျိုး ကိုင်ထားသည်ဖြစ်စေ နေပြည်တော်ရဲ့ ခွင့်ပြုချက်ကို စောင့်ရမှာပါ။ ဒါ့အပြင် PV ကနေ PJ (အလုပ်အကိုင်)၊ PT၊ PE စတဲ့ တခြားပတ်စ်ပို့အမျိုးအစားတွေကို ပြောင်းလဲလျှောက်ထားမယ်ဆိုရင်လည်း ဒီလုပ်ငန်းစဉ်အတိုင်းပဲ သွားရမှာ ဖြစ်ပါတယ်။

ကြာချိန် ဘယ်လောက်ရှိမလဲ❓

ဒီနေ့ သံရုံးကို သွားရောက်လျှောက်ထားခဲ့သူတွေရဲ့ အပြောအရ လျှောက်လွှာတင်ပြီး (၂) လလောက်ကြာမှ ပြန်လာစုံစမ်းဖို့ သံရုံးကထုတ်ပေးတဲ့ ဘောက်ချာမှာ မှတ်ချက်ရေးပေးလိုက်တယ်လို့ ဆိုပါတယ်။ နေပြည်တော်ကနေ ခွင့်ပြုချက် ပြန်ကျလာမယ့်ရက်မှသာ သံရုံးမှာ ဆက်လုပ်ပေးမယ့် သဘောပါ။ ဒီပုံစံက အရင်က ပတ်စ်ပို့ပျောက်သွားလို့ အသစ်ပြန်လျှောက်ရတဲ့ လုပ်ငန်းစဉ်နဲ့ ခပ်ဆင်ဆင် ဖြစ်နေပါတယ်။

အခုလို လုပ်ငန်းစဉ်တွေကို ရုတ်တရက် ပြောင်းလဲလိုက်တဲ့အပေါ် ဘန်ကောက်မြန်မာသံရုံးဘက်က ဘာကြောင့်ဆိုတဲ့ တရားဝင် သတင်းထုတ်ပြန်ရှင်းလင်းထားတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ နေပြည်တော်ကနေ အဆင့်ဆင့် ခွင့်ပြုချက်စောင့်ရမယ့် အခြေအနေဖြစ်သွားတဲ့အတွက် ထိုင်းရောက် မြန်မာနိုင်ငံသားတွေကြားမှာတော့ အတော်လေး စိုးရိမ်ပူပန်မှုတွေ များနေကြပါတယ်။

#ထိုင်းရောက်မြန်မာများ

18/08/2026

နိုင်ငံခြားငွေလဲဖို့ အကောင်းဆုံးနေရာ Mergui Boss Money Exchange ရှိနေပြီနော်! 💯✨

THB, USD, SGD, CNY, MYR 🪙 လိုသမျှ ငွေကြေးအားလုံးကို စိတ်ချယုံကြည်စွာနဲ့ အမြန်ဆုံး လဲလှယ်လိုက်ပါ! ⚡

📩 အသေးစိတ်သိရှိရန် Page Messenger မှာ အခုပဲ ဆက်သွယ်လိုက်ပါ။

■YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား YRTC ပြန်လည်ပယ်ဖျက်YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပြန်လည်ပယ်ဖျက်လိုက...
16/08/2026

■YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား YRTC ပြန်လည်ပယ်ဖျက်

YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ယနေ့ (သြဂုတ် ၁၆ ရက်) တွင် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။

YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပယ်ဖျက်ထားပါကြောင်း ကြေညာအပ်ပါသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က YRTC ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက် စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား လက်ရှိ ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ YPS ကတ်များကိုလည်း အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနှင့် သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

YRTC ၏ ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ စာရင်းရှိ ယာဉ်စီးရေ ၅၃၉၉ စီး ရှိသည့်ထဲမှ တစ်ရက်ပြေးဆွဲနိုင်သည့် ယာဉ်စီးရေမှာ ၃၃၀၀ စီးခန့်သာရှိပြီး အသေးစားပြုပြင်ယာဉ် ၁၀၂၄ စီး၊ အလတ်စား ပြုပြင်ယာဉ် ၂၀၉ စီး၊ အကြီးစားပြုပြင်ယာဉ် ၅၁၀ စီးနှင့် အခြားပြေးဆွဲနိုင်ခြင်းမရှိယာဉ် ၃၅၆ စီးခန့်ရှိနေသည့် အတွက် လက်ရှိပြုပြင်ဆဲယာဉ်များ၏ ယာဉ်အပိုပစ္စည်းဈေးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင် ဆောင်ရွက်ရာ တွင် အထိုက်အလျောက်အဆင်ပြေစေ‌ရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သရွေ့တိုးမြှင့်ပေးရန် YUPT နှင့် YBPC Co., Ltd တို့က YRTC ထံတင်ပြခဲ့ကြောင်း သိရသည်။

"YBS ယာဉ်စီးရေတိုးမြှင့်ထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် ကုမ္ပဏီအတွင်းရှိပြုပြင်ဆဲယာဉ်တွေ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှသာလျှင် ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပြီး ယာဉ်တွေပြုပြင် ရာမှာလည်း ယာဉ်အပိုပစ္စည်းဆက်စပ်ပစ္စည်းတွေကို ဝယ်ယူမှုဈေးနှုန်းမြင့်မားခြင်းနဲ့ ဝင်ငွေ/ထွက်ငွေ မမျှတခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားကို ပြန်လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်းကုမ္ပဏီတွေအတွက် အထိုက်အလျှောက် အဆင်ပြေစေမှာဖြစ်တဲ့အပြင် ခရီးသည်တွေအတွက် လည်း ယာဉ်စီးနင်းရာမှာ အခက်အခဲမရှိ ပြေလည်စေနိုင်မှာ ဖြစ်ကြောင်းကို တွေ့ရှိရတဲ့အတွက် Win-Win ဖြစ်စေဖို့- ဝန်ထုပ်ဝန်ပိုးမဖြစ်စေ တဲ့နှုန်းထားဖြစ်တဲ့ လက်ရှိ ငွေကျပ် (၂၀၀) ကောက်ခံမှုအစား ငွေကျပ် ၃၀၀ သို့လည်းကောင်း ၊ လက်ရှိ ငွေကျပ် ၄၀၀ ကောက်ခံမှုအစား ငွေကျပ် ၆၀၀ သို့လည်းကောင်း တိုးမြှင့်ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံ သွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနဲ့ ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုကို - ၁-၉-၂၀၂၆ ရက်နေ့မှ စတင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် အသိပေးအပ်ပါတယ်ခင်ဗျာ” ဟု YRTC ၏ အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်မော်တော်ယာဉ် ၃၃၀၀ စီးခန့်မှ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်များပိုမိုများပြားလာသည့် အတွက်ကြောင့် မှတ်တိုင်များတွင် ခရီးသည်စုပုံခြင်း၊ YBS ယာဉ်များပေါ် ပြည့်ကျပ်စွာ စီးနင်းနေရပြီး စီးနင်းခရီးသည်နဲ့ပြေးဆွဲယာဉ်စီးရေ လောက်ငှမှုမရှိကြောင်းကို တွေ့ရှိရသည့်အတွက် YRTC အနေဖြင့် YBS ခရီးသည်တင်ယာဉ်စီးရေတိုးမြှင့်ထွက်ရှိရေးကို အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ၊ အသေးစား၊ အလတ်စား ပြုပြင်ဆောင်ရွက်နေတဲ့ YBS ယာဉ်တွေကို အမြန်ဆုံးပြုပြင်ကာ ယာဉ်စီးရေ ပိုမိုထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် YBS အများပိုင်ကုမ္ပဏီများကို စိစစ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း YRTC က ထုတ်ပြန်ထားသည်။

Crd - Eleven Media Group

■ စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ ၄၀၀ ကျပ် ကောက်ခံမှုအစား...
14/08/2026

■ စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်

ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက် စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား လက်ရှိ ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံက သိရသည်။

ထို့အတူ YPS ကတ်များကိုလည်း အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနှင့် သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YRTC ၏ ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ(၂၁)ခုမှ စာရင်းရှိယာဉ်စီးရေ (၅၃၉၉)စီး ရှိသည့်ထဲမှ တစ်ရက်ပြေးဆွဲနိုင်သည့် ယာဉ်စီးရေမှာ (၃၃၀၀) စီးခန့်သာရှိပြီး အသေးစားပြုပြင်ယာဉ် (၁၀၂၄) စီး၊ အလတ်စားပြုပြင်ယာဉ် (၂၀၉) စီး၊ အကြီးစားပြုပြင်ယာဉ် (၅၁၀) စီးနဲ့ အခြား ပြေးဆွဲနိုင်ခြင်းမရှိယာဉ် (၃၅၆) စီးခန့်ရှိနေသည့်အတွက် လက်ရှိပြုပြင်ဆဲယာဉ်များ၏ ယာဉ်အပိုပစ္စည်းေစျးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင်ဆောင်ရွက်ရာတွင် အထိုက်အလျောက်အဆင်ပြေစေ‌ရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သရွေ့တိုးမြှင့်ပေးရန် YUPT နှင့် YBPC Co., Ltd တို့က YRTC ထံတင်ပြခဲ့ကြောင်း သိရသည်။

“ YBS ယာဉ်စီးရေတိုးမြှင့်ထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် ကုမ္ပဏီအတွင်းရှိပြုပြင်ဆဲယာဉ်တွေ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှသာလျှင် ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပြီး ယာဉ်တွေပြုပြင်ရာမှာလည်း ယာဉ်အပိုပစ္စည်းဆက်စပ်ပစ္စည်းတွေကို ဝယ်ယူမှုစျေးနှုန်းမြင့်မားခြင်းနဲ့ ဝင်ငွေ/ထွက်ငွေ မမျှတခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားကို ပြန်လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်းကုမ္ပဏီတွေအတွက် အထိုက်အလျှောက် အဆင်ပြေစေမှာဖြစ်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ယာဉ်စီးနင်းရာမှာ အခက်အခဲမရှိ ပြေလည်စေနိုင်မှာ ဖြစ်ကြောင်းကို တွေ့ရှိရတဲ့အတွက် Win-Win ဖြစ်စေဖို့- ဝန်ထုပ်ဝန်ပိုးမဖြစ်စေ တဲ့နှုန်းထားဖြစ်တဲ့ လက်ရှိ ငွေကျပ် (၂၀၀) ကောက်ခံမှုအစား ငွေကျပ် (၃၀၀) သို့လည်းကောင်း ၊ လက်ရှိ ငွေကျပ် (၄၀၀) ကောက်ခံမှုအစား ငွေကျပ်(၆၀၀) သို့လည်းကောင်း တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုကို - ၁-၉-၂၀၂၆ ရက်နေ့မှ စတင် ပြောင်းလဲသွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် အသိပေးအပ်ပါတယ်ခင်ဗျာ” ဟု YRTC ၏ အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်မော်တော်ယာဉ် (၃၃၀၀ )စီးခန့်မှ ခရီးသွားပြည်သူ (၁.၈) သန်းကို နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်များပိုမိုများပြားလာသည့် အတွက်ကြောင့် မှတ်တိုင်များတွင် ခရီးသည်စုပုံခြင်း၊ YBS ယာဉ်များပေါ် ပြည့်ကျပ်စွာ စီးနင်းနေရပြီး စီးနင်းခရီးသည်နဲ့ပြေးဆွဲယာဉ်စီးရေ လောက်ငှမှုမရှိကြောင်းကို တွေ့ရှိရသည့်အတွက် YRTC အနေဖြင့် YBS ခရီးသည်တင်ယာဉ်စီးရေတိုးမြှင့်ထွက်ရှိရေးကို အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ၊ အသေးစား၊ အလတ်စား ပြုပြင်ဆောင်ရွက်နေတဲ့ YBS ယာဉ်တွေကို အမြန်ဆုံးပြုပြင်ကာ ယာဉ်စီးရေ ပိုမိုထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် YBS အများပိုင်ကုမ္ပဏီများကို စိစစ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း YRTC ကဆိုသည်။

Crd - Eleven Media Group

#ရန်ကုန် ားခတိုးမြှင့်

12/08/2026

💸 ငွေလွှဲချင်ရင်… ယုံကြည်ရတဲ့နေရာကို ရွေးချယ်ပါ! 💚💛

နိုင်ငံခြားငွေ လဲလှယ်တာပဲဖြစ်ဖြစ်၊ ငွေလွှဲဝန်ဆောင်မှု အသုံးပြုတာပဲဖြစ်ဖြစ် စိတ်ချရ၊ မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ Service က အရေးကြီးပါတယ်။

✨ Mergui Boss Money Exchange နဲ့ဆိုရင် ငွေလွှဲ/ငွေလဲကိစ္စတွေကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။

💰🌏 သိထားသင့်တဲ့ ငွေလွှဲအကြောင်းအရာတွေကို ဆက်လက်ကြည့်ရှုပြီး Mergui Boss နဲ့အတူ စိတ်ချစွာ လွှဲလိုက်ပါ! 📲💚

#ငွေလွှဲ #ငွေလဲ #ငွေလွှဲဝန်ဆောင်မှု #နိုင်ငံခြားငွေ

"ဘန်ကောက်ရဲ့ အထင်ကရဖြစ်လာမယ့် ခြေလျင်နဲ့ စက်ဘီးစီး သီးသန့် မြစ်ကူးတံတားသစ်ကြီး"ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ...
05/08/2026

"ဘန်ကောက်ရဲ့ အထင်ကရဖြစ်လာမယ့် ခြေလျင်နဲ့ စက်ဘီးစီး သီးသန့် မြစ်ကူးတံတားသစ်ကြီး"

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ကနေ ကျောက်ဖရားမြစ်ကို ဖြတ်ပြီး လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေ သီးသန့်အသုံးပြုနိုင်မယ့် မြစ်ကူးတံတားသစ်တစ်စင်း ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။ ဒီတံတားလေးက Phra Nakhon ဘက်ခြမ်းက Songwat ရပ်ကွက်နဲ့ Thonburi ဘက်ခြမ်းက Khlong San တို့ကို တိုက်ရိုက် ဆက်သွယ်ပေးသွားမှာပါ။ တည်နေရာအနေနဲ့ကတော့ လက်ရှိ Phra Pok Klao တံတားနဲ့ Phra Chao Tak Sin Maharaj တံတားနှစ်ခုကြားမှာ ဆောက်လုပ်သွားမှာ ဖြစ်ပြီး တံတားရဲ့ အရှည်က မီတာ ၃၀၀ နဲ့ အကျယ် ၇ မီတာကနေ ၁၀ မီတာအထိ ရှိမှာဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ဘတ်ငွေ ၁ ဘီလီယံကျော် သုံးစွဲဖို့ လျာထားပါတယ်။ နောက်ဆုံး ဘတ်ဂျက်အတည်ပြုချက်ရတာနဲ့ ၂၀၂၈ ခုနှစ်မှာ စတင်ဆောက်လုပ်သွားမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ အပြီးသတ်ဖို့ ရည်မှန်းထားပါတယ်။ ဘန်ကောက်မြို့တော်ဝန်ကတော့ ဘန်ကောက်မှာ ကားကူးတံတားတွေ အများကြီးရှိနေပြီဖြစ်လို့ အခုလို ခြေလျင်လျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေအတွက် သီးသန့်တံတားတစ်စင်း လိုအပ်နေပြီလို့ ဆိုပါတယ်။ ဒီတံတားက တရုတ်တန်း (Chinatown) နဲ့ MRT ခရမ်းရောင်လိုင်းကိုပါ တိုက်ရိုက် ချိတ်ဆက်ပေးမှာဖြစ်လို့ သွားလာရေး ပိုအဆင်ပြေသွားစေမယ့်အပြင် မြစ်နှစ်ဘက်ခြမ်းက စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိုပါ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

ဒီစီမံကိန်းရဲ့ အားသာချက်တစ်ခုကတော့ မြစ်ဘေးနားက ဒေသခံတွေရဲ့ မြေနေရာတွေကို သိမ်းဆည်းစရာမလိုဘဲ တည်ဆောက်နိုင်တာမို့ မြေယာပြဿနာ လုံးဝမရှိတာပါပဲ။ ဒါ့အပြင် တံတားနဲ့ ချိတ်ဆက်ထားတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးထပ်တွေမှာ ဒေသခံဆိုင်လေးတွေနဲ့ လမ်းဘေးအစားအစာ (Street Food) ရောင်းချသူတွေအတွက် နေရာပေးနိုင်အောင်ပါ သေချာဒီဇိုင်းဆွဲထားပါတယ်။ ဘန်ကောက်တက္ကသိုလ် ဗိသုကာဌာနမှူးကလည်း ဒီတံတားဟာ ရထား၊ သင်္ဘော၊ လမ်းလျှောက်လမ်းနဲ့ စက်ဘီးလမ်းကြောင်းတွေကို စနစ်တကျ ချိတ်ဆက်ပေးနိုင်မယ့် အဓိက အဆောက်အအုံတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်ထားတာကြောင့် မကြာခင်မှာ ဘန်ကောက်မြို့ရဲ့ စည်ကားပြီး သွားလာရလွယ်ကူတဲ့ အထင်ကရနေရာသစ်တစ်ခု ဖြစ်လာတော့မှာပါ။

Ref: Thaiger

#ထိုင်းရောက်မြန်မာ

ထိုင်းကို အလည်သွားမယ့်သူတွေ သတိထားစရာ Credit Card လိမ်လည်တဲ့ဂိုဏ်း ဖမ်းဆီးရမိထိုင်းနိုင်ငံကို အလည်သွားမယ့်သူတွေ၊ သွားနေက...
03/08/2026

ထိုင်းကို အလည်သွားမယ့်သူတွေ သတိထားစရာ Credit Card လိမ်လည်တဲ့ဂိုဏ်း ဖမ်းဆီးရမိ

ထိုင်းနိုင်ငံကို အလည်သွားမယ့်သူတွေ၊ သွားနေကျသူတွေ သတိထားဖို့ သတင်းလေးတစ်ခု ပြောပြချင်ပါတယ်။ ဘန်ကောက်နဲ့ ချင်းမိုင်က အမှတ်တရပစ္စည်းနဲ့ သစ်သီးခြောက်ဆိုင်တွေမှာ ဈေးဝယ်ခဲ့တဲ့ ခရီးသွား ၁,၂၀၀ ကျော်ဆီကနေ ဘတ်သန်း ၃၀ (ယွမ် ၆ သန်းလောက်) အထိ လိမ်လည်သွားတဲ့ Credit Card Skimming ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ (CIB) က ဖမ်းဆီးလိုက်ပါတယ်။ ဒီအမှုမှာ တရုတ်လူမျိုးတစ်ယောက်နဲ့ ထိုင်းလူမျိုး သုံးယောက်ကို အဓိက ဖမ်းဆီးရမိခဲ့တာပါ။

သူတို့လိမ်သွားတဲ့ ပုံစံက တော်တော်လေးကို လည်ပါတယ်။ ဘန်ကောက် ယောဝရတ် (차이나타운) နဲ့ ချင်းမိုင်မှာရှိတဲ့ သူတို့ဆိုင်တွေမှာ ဧည့်သည်တွေက UnionPay ကတ်နဲ့ ငွေရှင်းပြီဆိုရင် ကတ်ကို စက်ထဲမှာ နှစ်ခါ ပွတ်ဆွဲကြတာပါ။ ပထမတစ်ခါက အချက်အလက်တွေကို ခိုးယူမယ့် Skimmer တပ်ထားတဲ့ ကီးဘုတ်မှာ ဆွဲပြီး၊ ဒုတိယတစ်ခါကျမှ ပုံမှန်ငွေရှင်းတဲ့ စက် (EDC) မှာ ဆွဲတာဖြစ်ပါတယ်။ ဧည့်သည်တွေက သံသယဖြစ်ပြီး "ဘာလို့ နှစ်ခါဆွဲတာလဲ" လို့ မေးရင် ၃၂% လျှော့ဈေးရအောင် လုပ်ပေးနေတာပါဆိုပြီး အယုံသွင်းခဲ့ကြတာပါ။ ဒါတင်မကသေးပါဘူး၊ ဧည့်သည်တွေ လျှို့ဝှက် PIN နံပါတ်ရိုက်ထည့်တာကို ခိုးကြည့်ဖို့အတွက် ဆိုင်ထဲမှာ CCTV ကင်မရာ ၁၈ လုံးအထိတောင် တပ်ထားခဲ့ပါသေးတယ်။

အဲဒီလိုနဲ့ ရလာတဲ့ ကတ်အချက်အလက်တွေ၊ PIN နံပါတ်တွေကို အမေရိကန်မှာရှိတဲ့ သူတို့အဖွဲ့တွေဆီ LINE ကနေ လျှို့ဝှက်လှမ်းပို့ပါတယ်။ အဲဒီကနေမှတစ်ဆင့် ကတ်တုတွေဖန်တီးပြီး ငွေတွေထုတ်ယူသွားကြတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကတော့ ထိုင်းရဲတပ်ဖွဲ့က သူတို့ဆိုင်တွေကို ဝင်ရောက်စီးနင်းခဲ့ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့သလို၊ Skimmer တပ်ထားတဲ့ ကီးဘုတ် ၁၁ ခု၊ ငွေရှင်းစက် ၃ လုံးနဲ့ ကွန်ပျူတာ၊ ကင်မရာ စတဲ့ သက်သေခံပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါကြောင့်မို့ Merguiboss ပရိသတ်တွေအနေနဲ့ ပြည်ပထွက်ပြီး ကတ်နဲ့ ငွေရှင်းတဲ့အခါ ကိုယ့်ကတ်ကို မျက်စိအောက်ကနေ အပျောက်မခံပါနဲ့လို့ သတိပေးချင်ပါတယ်။ ဆိုင်ကဝန်ထမ်းတွေက ကိုယ့်ကတ်ကို စက်ထဲမှာ နှစ်ခါပွတ်တာမျိုး လုပ်လာရင် အထူးသတိထားပါ။ ပြီးတော့ PIN နံပါတ်ရိုက်ထည့်တဲ့အခါတိုင်း ကိုယ့်အပေါ်မှာ ကင်မရာတွေရှိနေလားဆိုတာကို သေချာလေး အကဲခတ်ပြီးမှ ရိုက်ထည့်ကြဖို့ သတင်းပါးလိုက်ပါရစေနော်။

(Source: Bangkok Post)

#လိမ်လည်မှု #ထိုင်းသတင်း #ခရီးသွားသတိပြုရန် #ဘန်ကောက် #ချင်းမိုင် #ငွေကြေးဆိုင်ရာရာဇဝတ်မှု

ที่อยู่

Phaya Thai
Bangkok
10400

เวลาทำการ

จันทร์ 08:00 - 21:00
อังคาร 08:00 - 21:00
พุธ 08:00 - 21:00
พฤหัสบดี 08:00 - 21:00
ศุกร์ 08:00 - 21:00
เสาร์ 08:00 - 21:00
อาทิตย์ 08:00 - 21:00

เบอร์โทรศัพท์

+66660239926

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mergui Boss Money Exchangeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mergui Boss Money Exchange:

ทางลัด

แชร์