28/10/2026
ဒီနှစ်လူသစ်ဘတ်က (၁၂) လပိုင်းမှာ
ဖြစ်ပါလိမ့်မယ်။
ဘယ်သူတွေအတွက်လဲ ထိုင်းနိုင်ငံက
အလုပ်သမားလိုအပ်ချက်အများကြီး
ရှိလို့ဖွင့်ပေးတာလားဆိုရင်မဟုတ်ပါဘူး။
13.2.2027 အဖွဲ့တွေထဲ ဝေါ့ပါမစ်ကဒ်
မထုတ်လိုက်ရတဲ့သူတွေ ဘိုင်အနုမတ်
မရလိုက်တဲ့သူတွေ ဗီဇာထုမမှီလိုက်တဲ့
သူတွေ စာရင်းအရအများကြီးရှိပါတယ်။
31.3.2027 အဖွဲ့တွေထဲမှာလဲ လက်ရှိချိန်
ဘိုင်အနုမတ်မရလိုက်တဲ့သူတွေ ပါမစ်ကဒ်
မထုတ်လိုက်ရတဲ့သူတွေ ရက်ချိန်းစာရွက်
ထပ်ယူလို့မရတော့တဲ့သူတွေလဲ စာရင်းထဲ
အတော်များများကျန်နေခဲ့ပါတယ်။
ဒီပြသာနာတွေရဲ့ အဓိကတရားခံက
လက်ရှိ အသုံးပြုနေတဲ့ အောက်ဆော့ဒ်
လဘုတ်ကြောင့်ဖြစ်တဲ့ပြသာနာတွေပါ။
ဒေတာတွေအရ (၇) သိန်းကျော်လောက်က
အထောက်အထားသေအထောက်အထားမဲ့
ပြန်ဖြစ်သွားတဲ့သူတွေ များလို့အခုနှစ်ထဲ
လူသစ်ဘတ်ပြန်ဖွင့်ပေးပြီး ဖြေရှင်းတဲ့
သဘောပါ။
11.12.2026 အဖွဲ့ထဲမှာလဲ စာအုပ်ရှိလို့
ဗီဇာလာထုတဲ့ စာရင်းဘယ်လောက်
နောက်ထပ် စီအိုင်လုပ်ပြီးမှ ဗီဇာထုရမဲ့
လူစာရင်းဘလောက် ဆိုတာ ထိုင်းနိုင်ငံ
အစိုးရမှာ ဒေတာတွေရှိပြီးသားပါ။
လာမဲ့ ပီမိုင်အပြီးလောက်ဆိုရင်တော့
13.2.2027 တစ်ဖွဲ့ 31.3.2027 တစ်ဖွဲ့
ဆိုပြီး သက်တမ်းတိုးအဖွဲ့ နှစ်ဖွဲ့ရှိတယ်။
အများဆုံးကတော့ 13.2.2027 အဖွဲ့ပါ
ဒီအဖွဲ့တွေက MOU (2) နှစ်စာချုပ်နဲ့
တိုးထားတဲ့အဖွဲ့တွေဖြစ်လို့ သူဌေး
အကူးအပြောင်းလဲ ဂရုစိုက်ရတဲ့အဖွဲ့ပါ။
ကဒ်ထုတ်ရမဲ့သူတွေရှိသလို ကဒ်ထုတ်ဖို့
မလိုတဲ့ အဖွဲ့လဲရှိပါတယ် အင်မတန်မှ
ရှုပ်တဲ့ အဖွဲ့လို့တောင်ပြောလို့ရပါတယ်။
အဓိကပြောပြချင်တာက ယခုနှစ်ထဲ
လူသစ်ဘတ်ဖွင့်ပေးတာဟာ သူတို့ရဲ့
စီးပွါးရေးလှည့်ကွက်တစ်ခုပါဘဲ။
ခက်ခဲမယ် ကျန်ခဲ့မယ် ဒေတာတွေအရ
လူစာရင်းကျန်ရင် အကြောင်းပြချက်
တင်ပြမယ် ဘတ်သစ်ပြန်ဖွင့်ပေးမယ်
ဒါပါဘဲ အဓိက ပိုက်ပိုက်ကစားတာပါ။
ဒီထဲ ကိုယ်တွေ မြန်မာတစ်ချို့ကပြောရ
ဆိုရခက် အပြောချို စျေးနှုန်းချို ပြောယုံ
တွေများတော့ အစိုးရအပါ ပွဲစားတွေလဲ
မြူးတဲ့ရာသီလို့တောင်ပြောလို့ရပါတယ်။
အများကြီးမပြောချင်ပါဘူး ပြောလဲကုန်မဲ့
အကြောင်းအရာမဟုတ်တော့ အခုဒီစာ
ဖတ်မိတဲ့သူဘဲ ဆက်ပြောလိုက်ပါတော့။
✍️KSLA
☎️ 08 4020 4923
08 4004 3059