Healthy life

Directions

Healthy life 💜💜❤❤
(1)

25/06/2026

သင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ကျန်ရှိနေသည့် လက္ခဏာများ😊

၁ ။ မနက် ၁ နရီနဲ့ ၃ နာရီကြားမှာ နိုးလာခြင်း။
အသည်းက အဆိပ်အတောက်အများကြီး ကို ရှင်းထုတ်နေရတာကြောင့်ပါ။

၂ ။ အကျိတ်( ပြန်ရည်ကျိတ် ) ရောင်ရမ်းခြင်း။
ပြန်ရည်စနစ် ဝန်ပိနေတာကြောင့်ပါ။

၃ ။ ခံတွင်းမှာ ခါးသက်တဲ့အရသာ ရနေခြင်း။
သည်းခြေရည် ဆန်တက်တာ ဒါမှမဟုတ် အသည်းလုပ်ငန်း ရပ်တန့်နေတာကြောင့်ပါ။

၄ ။ လျှာထူပြီး အဖြူဖုံးနေခြင်း။
မှိုပိုး ဒါမှမဟုတ် အဆိပ်အတောက်စုပုံနေတာကြောင့်ပါ။

၅ ။ အမြဲတမ်း ယားယံနေခြင်း။
အဆိပ်အတောက်စုဆောင်းမှုများတာ ဒါမှမဟုတ် အသည်း/ အူပြဿနာကြောင့်ပါ။

၆ ။ မျက်စိဝါခြင်း။
အသည်းဒဏ်ပိ ဒါမှမဟုတ် သည်းခြေရည်လမ်းကြောင်း ပိတ်ဆို့ခံရတာကြောင့်ပါ။

၇ ။ ညာဖက် နံရိုးအောက် နာကျင်ခြင်း။
အသည်း ဒါမှမဟုတ် သည်းခြေရည် ရောင်ရမ်းနေတာကြောင့်ပါ။

၈ ။ ဝမ်းချုပ်ခြင်း။
သည်းခြေရည် စီးဆင်းမှု အားနည်းတာ ဒါမှမဟုတ် အဆိပ်အတောက်ဖြေလုပ်ငန်း နှေးကွေးလေးလံနေတာကြောင့်ပါ။

၉ ။ ချိုင်းနံ့ပျောက်ဆေး အသုံးပြုထားပေမဲ့ ချွေးစော်နံခြင်း။
အဆိပ်အတောက်ဖြေလုပ်ငန်း ရုန်းကန်နေရတာကြောင့်ပါ။

၁၀ ။ ဟော်မုန်းကြောင့် ဝက်ခြံပေါက်ခြင်း။
အသည်းက ပိုလျှံနေတဲ့ အီစတရိုဂျင်တွေကို မရှင်းထုတ်နိုင်တာကြောင့်ပါ။

၁၁ ။ ရေသောက်များပေမဲ့ ဆီးအရောင်ရင့်ခြင်း။
ကျောက်ကပ် ဒါမှမဟုတ် အသည်းဒဏ်ပိနေတာကြောင့်ပါ။

၁၂ ။ အဆီစာ စားသုံးအပြီး ပင်ပန်းနေခြင်း။
သည်းခြေအိတ်လုပ်ငန်း ရုန်းကန်နေရတာကြောင့်ပါ။

၁၃ ။ ဝမ်း ( အီး) ဒါမှမဟုတ် လေလည်( အီးပေါက်) တာ အနံ့နံလွန်းခြင်း။
အစာမကြေတာ ဒါမှမဟုတ် အူဗက်တီးရီးယား မျှတမှု မရှိတာကြောင့်ပါ။

၁၄ ။ အစိုဓာတ်ထိန်းခရမ် ( moisturizer) လိမ်းပေမဲ့ အသားခြောက်နေခြင်း။
ရေဓာတ်ချို့တဲ့နေတာ ဒါမှမဟုတ် အသည်းဒဏ်ပိနေတာကြောင့်ပါ။

၁၅ ။ အစာစားအပြီး လေချဉ်တက်ခြင်း။
အသည်း ဒါမှမဟုတ် သည်းခြေအိတ်က အဆီကို မချေဖျက်နိုင်တာကြောင့်ပါ။

၁၆ ။ မကြာခဏ အင်ပြင်ထွက်ခြင်း။
အဆိပ်အတောက်တွေက အရေပြားမှ တွန်းထွက်လာရတာကြောင့်ပါ။

၁၇ ။ ညာဖက်ပခုံးမှာ စူးစူးရှရှနာကျင်ခြင်း။
သည်းခြေအိတ် ဒါမှမဟုတ် အသည်းပြဿနာကြောင့်ပါ။

၁၈ ။ ဝမ်း( အီး) ထဲမှာ ချွဲပါခြင်း။
အူမကြီးရောင်ရမ်းတာကြောင့်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။
#ဒေါက်တာခင်မိုးမိုး

22/06/2026

သင် သိထားဖို့ လိုအပ်သည့် အရာများ

၁ ။ ရေအေးက ရေနွေးထက် သွေးယိုစီးမှုကို ပိုမိုရပ်တန့်သွားနိုင်ပါတယ်။😉

၂ ။ သန်းဝေတာကြောင့် ဦးနှောက်အေးသွားနိုင်ပါတယ်။ သူကပျင်းရိတာ မဟုတ်ပါဘူး။ reset ပြန်လုပ်ပေးနေတာပါ။

၃ ။ သီချင်းညီးလိုက်တာက အသက်ပြင်းပြင်းရှူလိုက်တာထက် စိုးရိမ်စိတ် အမြန်လျော့နည်းနိုင်ပါတယ်။

၄ ။ နှာချေနေတာ ရပ်တန့်အောင် သင့်လျှာကို ခံတွင်းအပေါ်ဖက်သို့ ဖိလိုက်ပါ။

၅ ။ ဘယ်ဘက်စောင်းအိပ်တာကြောင့် နှလုံးအတွက် အကာအကွယ်ရပြီး အစာကြေအောင်ကူညီနိုင်ပါတယ်။

၆ ။ အစာမစားခင် ရေသောက်လိုက်တာကြောင့် အစာလွန်ကျူးမှု ၃၀ % လျော့နည်းနိုင်ပါတယ်။

၇ ။ နောက်ပြန်လမ်းလျှောက်တာကြောင့် မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်နိုင်ပါတယ်။

၈ ။ ပျားရည်က ဘယ်တော့မှ ရက်မလွန်တတ်ပါ။

၉ ။ ကြက်သွန်လှီးနေစဉ် မျက်ရည်မကျအောင် ပီကေဝါးပါ။

၁၀ ။ ပျက်စီးသွားတဲ့ဖုန်းက ၉၁၁ ကိုခေါ်ဆိုနိုင်ပါတယ်။ လိုင်းမိဖို့ မလိုပါဘူး။

၁၁ ။ မတ်မတ်ထိုင်တာကြောင့် မိမိကိုယ်မိမိယုံကြည်မှု ပိုရှိလာနိုင်ပါတယ်။

၁၂ ။ ၂၀-၂၀-၂၀ ဥပဒေက မျက်စိအမြင်အာရုံ မပျက်စီးအောင် ကာကွယ်နိုင်ပါတယ်။ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးက ပစ္စည်းကို စက္ကန့် ၂၀ ကြာကြည့်လိုက်ပါ။

၁၃ ။ ၁၀-၂၀ မိနစ်လောက် တစ်မှေးအိပ်တာက ၁ နာရီ လောက်အိပ်စက်တာထက် စွမ်းအင်ပြန်ဖြည့်နှုန်း ပိုမိုကောင်းမွန်ပါတယ်။

၁၄ ။ လေ့ကျင့်ခန်းလုပ်အပြီး ရေအေးနဲ့ ရေချိုးလိုက်တာကြောင့် နာကျင်မှု ထက်ဝက်ခန့် သက်သာနိုင်ပါတယ်။

၁၅ ။ သင် စိုးရိမ်နေတဲ့အရာတွေကို ရေးချလိုက်တာကြောင့် စိုးရိမ်စိတ်လျော့နည်းသွားနိုင်ပါတယ်။

၁၆ ။ သင်က ယုံကြည်မှုများနေရင် ခန္ဓာကိုယ်ရဲ့ အနာကျက်ဖြစ်စဉ် မြန်ဆန်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

19/06/2026

ဆေးဖြစ်စေနိုင်တဲ့ နေ့စဉ် အမူအကျင့်များ #ကျန်းမာရေးဗဟုသုတ #ဒေါက်တာခင်မိုးမိုး

18/06/2026

အသက် ၇၀ အရွယ်တွေအတွက် ကျန်းမာရေးအကြံပေးချက်😊

၁ ။ နေ့စဉ် လမ်းလျှောက်ပါ။
လမ်းလျှောက်တာနှေးနေရင်တောင် လျှောက်ပေးရပါမယ်။ ရွေ့လျားမှုရှိနေတာကြောင့် အဆစ်နဲ့ ကိုယ်ဟန်ချက် ကောင်းမွန်နိုင်ပါတယ်။

၂ ။ အစာကို ပမာဏ နည်းနည်းနဲ့ ခဏခဏစားပါ။ အသက်အရွယ်ရလာတာနဲ့အမျှ အစာခြေတာနှေးကွေး သွားပါတယ်။

၃ ။ ကြွက်သားထု မဆုံးရှုံးအောင်နဲ့ သန်မာမှု ဆက်ရှိနေအောင် ပရိုတင်းကို ဦးစားပေးအနေနဲ့ စားသုံးပါ။

၄ ။ လိမ့်ကျနိုင်ခြေလျော့နည်းအောင် ဟန်ချက်လေ့ကျင့်ခန်းနဲ့ ပေါ့ပေါ့ပါးပါး ခွန်အား (light strength)လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။

၅ ။ တောင့်တင်းနေတာ လျော့နည်းဖို့ မနက်တိုင်း အကြောဆန့်ပေးပါ။

၆ ။ သတိထားပြီး ရေသောက်ပါ။ အသက် ၇၀ အရွယ်ရောက်လာရင် ရေငတ်မှရေသောက်တာက စိတ်မချရတော့လို့ပါ။

၇ ။ သွေးပေါင်ချိန်၊ နှလုံးနဲ့ သွေးတွင်းသကြားပမာဏ ကို ပုံမှန်စစ်ဆေးပါ။ ဘာလက္ခဏာမှ မပြရင်တောင် စစ်ရပါမယ်။

၈ ။ အိပ်ပျော်ဖို့အတွက် ညဖက် စကရင်မကြည့်ပါနဲ့။ စိတ်အေးချမ်းမှုရှိအောင် တရားထိုင်ပါ။

၉ ။ ထိုင်နေချိန်လျော့ပါ။ အချိန်အကြာကြီး ထိုင်နေတာကြောင့် သွေးလှည့်ပတ်မှု နှေးကွေးနိုင်ပြီး ဖောယောင်နိုင်ပါတယ်။

၁၀ ။ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပါ။ တစ်ယောက်ထဲ သီးသန့်နေတာကြောင့် ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

၁၁ ။ နာကျင်တာ၊ ပင်ပန်းတာ၊ ခေါင်းမူးတာ အစရှိတဲ့ စောစောလက္ခဏာတွေကို ဂရုစိုက်ပါ။ သေးငယ်တဲ့ လက္ခဏာတွေဆိုပေမဲ့လည်း ဆိုးရွားတဲ့
ကျန်းမာရေးပြဿနာ ဖြစ်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး #ကျန်းမာရေးဗဟုသုတ

17/06/2026

သူတို့ ဘာကြိုက်တတ်ပါသလဲ ?
———————-
၁ ။ နှလုံး
-နေ့စဉ်လမ်းလျှောက်ခြင်း
-ရေအေးနဲ့ ထိတွေ့ရတာကြောင့် သွေးလှည့်ပတ်မှုကောင်းမွန်ပြီး သွေးဖိအား( ပေါင်ချိန် ) ကျဆင်းနိုင်ပါတယ်။ နေ့စဉ် စက္ကန့် ၃၀ လောက် ရေအေးအေးနဲ့ မျက်နှာကိုဖြန်းပါ။

၂ ။ ကျောက်ကပ်
မနက်ပိုင်း ရှောက်ရေနွေးသောက်တာက ရိုးရိုးရေ သောက်တာထက် အဆိပ်အတောက်တွေ အမြန်ထွက်သွားအောင် ကူညီနိုင်ပါတယ်။

၃ ။ အစာအိမ်
အစာစားနေစဉ် ရေခဲရေသောက်တာကို ရှောင်ကြဉ်ခြင်း

၄ ။ အဆုတ်
အသက်ရှူလေ့ကျင့်ခန်း
နေ့စဉ် အသက်ပြင်းပြင်းရှူသွင်းရှူထုတ်တာကို ၅ မိနစ် ပြုလုပ်ပါ။ အဆုတ်စွမ်းဆောင်ရည် ပြည့်ဝပြီး အောက်ဆီဂျင် စုတ်ယူအား ကောင်းမွန်နိုင်ပါတယ် ။

၅ ။ အသည်း
ပြုပြင်ထားသောအစားအစာတွေကိုရှောင်ကြဉ်ခြင်း
အစိမ်းရောင်ပန်းဂေါ်ဖီ ဒါမှမဟုတ် ပန်းဂေါ်ဖီလိုမျိုး Cruciferous ဟင်းသီးဟင်းရွက်တွေကို စားသုံးတာကြောင့် အသည်းရဲ့ အဆိပ်အတောက်ဖြေလုပ်ငန်းအတွက် အင်ဇိုင်းတွေ တက်ကြွလာနိုင်ပါတယ်။

၆ ။ အရေပြား
-အစိုဓာတ်ထိမ်း လိုရှင်းလိမ်းခြင်း
-ညသန်းခေါင်ယံမရောက်ခင် အိပ်စက်ခြင်း
ည ၁၀ နာရီနဲ့ မနက် ၂ နာရီအတွင်း အရေပြားရဲ့ ပြန်လည်ပြုပြင်နှုန်းက ၂ ဆ ပိုမြန်ပါတယ်။

၇ ။ မျက်စိ
-၂၀-၂၀-၂၀ ဥပဒေကို လိုက်နာခြင်း
မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ကွာ အဝေးတစ်နေရာကို စက္ကန့် ၂၀ ကြည့်ပါ။
-တစ်နာရီကြာတိုင်း စကရင်ကြည့်တာရပ်ဆိုင်းခြင်း

၈ ။ မုန့်ချိုအိတ်
အချိုရည်ကို ရှောင်ကြဉ်ခြင်း
အချိုရည် တစ်ခွက်သောက်လိုက်တိုင်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂၅ % မြင့်မားသွားပါတယ်။

၉ ။ ဦးနှောက်
-စာဖတ်ခြင်း
-ရယ်မောခြင်း
ရယ်မောလိုက်တိုင်း အောက်ဆီဂျင်စီးဆင်းမှု ကောင်းမွန်လာပြီး ကော်တီစော လျော့နည်း သွားပါတယ်။

၁၀ ။ အရိုး
-နေရောင်ခြည်နဲ့ ထိတွေ့ခြင်း
-အလေးမလေ့ကျင့်ခန်းပြုလုပ်ခြင်း

၁၁ ။ သွေး
ရေမှန်မှန်သောက်ခြင်း

၁၂ ။ ခုခံအားစနစ်
အိပ်စက်ခြင်း

၁၃ ။ အူ
ပရိုဘိုင်အိုတစ်စားသုံးခြင်း

၁၄ ။ သွား
သွားကြားပွတ်ကြိုး အသုံးပြုခြင်း

၁၅ ။လက်
မကြာခဏ လက်ဆေးခြင်း

၁၆ ။ ကြွက်သား
အိပ်ရာမှအထ အကြောဆန့်ခြင်း

၁၇ ။ အာရုံကြောစနစ်
တရားထိုင်ခြင်း

၁၈ ။ ဟော်မုန်း
ညီညွတ်မျှတတဲ့ အစားအစာကို စားသုံးခြင်း

၁၉ ။ မှတ်ဥာဏ်
သင်ကြားမှုအသစ် သင်ယူခြင်း

အားလုံးကျန်းမာကြပါစေ။
#ကျန်းမာရေးဗဟုသုတ

အသက် (၄၀) ကျော်လာပြီဆိုရင် ကျန်းမာဖို့ စတင်လိုက်နာသင့်ပြီဖြစ်တဲ့ အချက် (၁၀) (၁) နေ့စဉ် မပျက်မကွက် လမ်းလျှောက်ပါပင်ပန်းနေ...
17/06/2026

အသက် (၄၀) ကျော်လာပြီဆိုရင် ကျန်းမာဖို့ စတင်လိုက်နာသင့်ပြီဖြစ်တဲ့ အချက် (၁၀)
(၁) နေ့စဉ် မပျက်မကွက် လမ်းလျှောက်ပါ
ပင်ပန်းနေတဲ့နေ့တွေမှာတောင် လမ်းလျှောက်ပေးရင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်စွမ်းအားကိုပါ မြင့်တက် လာစေပါတယ်။

(၂) အလေးမ,ပါ
ကိုယ့်အတွက် သင့်တော်တဲ့ အလေးတုံးလေးတွေကို မပေးတာက ကြွက်သားဆုံးရှုံးမှုကို နှေးစေပြီး သန်စွမ်းမှုလည်း တိုးစေပါတယ်။

(၃) အိပ်ချိန်ကို သတ်မှတ်ပါ
အိပ်ချိန်မမှန်ရင် မကျန်းမမာဖြစ်လွယ်သလို အိပ်ရေးမဝရင် နာမကျန်းဖြစ်တာကနေ တော်တော်နဲ့ နာလန် မထူတော့ပါဘူး။

(၄) ပရိုတင်း ပိုစားပါ
ကြွက်သားထုထည်ကို ကာကွယ်ဖို့၊ ခန္ဓာကိုယ်ဟန်ချက်ညီဖို့နဲ့ အားပြည့်ဖို့ ပရိုတင်းကို ပိုစားသင့်ပါတယ်။

(၅) ယောဂ ကျင့်ပါ
ခန္ဓာကိုယ်ဟန်ချက် ပိုထိန်းနိုင်လာပြီး လဲမကျအောင် ကာကွယ်ပေးပါတယ်။

(၆) ရေ အလုံအလောက်သောက်ပါ
ရေဆာတဲ့အထိ မစောင့်ဘဲ ရေကို မကြာ မကြာ သောက်ပေးပါ။

(၇) အခြေခံကျန်းမာရေး စစ်ဆေးပါ
သွေးပေါင်ချိန်ပါ၊ သွေးတွင်း သကြားဓာတ်နဲ့ ကိုလက်စထရော စစ်ဆေးပါ။

(၈) ထိုင်ချိန်ကို အတတ်နိုင်ဆုံး လျှော့ပါ
အကြာကြီး ထိုင်တာက သင့်ခန္ဓာကိုယ်ကို ပိုပြီး တောင့်တင်းနေစေပါတယ်။

(၉) အိမ်ပြင်ထွက် လေကောင်းလေသန့်ရှူပါ
အိမ်ပြင်ထွက်ပြီး အကြောဆန့်တာ၊ နေခြည်နုနုခံယူတာ၊ လေကို ဝ၀ရှူတာတို့လုပ်ပေးရင် စိတ်ရော ကိုယ် ပါ လန်းဆန်းသွားစေပါတယ်။

(၁၀) စိတ်ဖိစီးမှုကို အနည်းဆုံး လျှော့ချပါ
ဖိစီးမှုများတာက အသက်အရွယ်ရလာလေလေ ခန္ဓာကိုယ်ကို ဝန်ပိစေလေလေဖြစ်လို့ စိတ်အေးအေး ထားတတ်အောင် ကျင့်သင့်ပါတယ်။
Crd◾ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)◾

17/06/2026

ဘယ်အချိန် ဘာသောက်ရမလဲ
ဆိုတဲ့ လူ အတွက်

၁) ရေနွေးကြမ်း- မနက်စာ မစားမီ

၂)နွားနို့-မအိပ်ခင်

၃) သံပုရာရည်- မနက်စောစော (သို့)ညစာစားပြီးနောက်

၄)ဂျင်းလက်ဖက်ရည်- ညစာ အစားမီ (India ဖျော်တာ ရှယ်မိုက်)

လူကို ခွန်အားဖြစ်စေတာ ကော်ဖီစစ်စစ်ပါ
၉၀% အထိ ခွန်အားဖြစ်စေပြီ
၅% ဘေးထွက်ဆိုးကျိူးရိပါတယ်
နှုတ်ခမ်းေမွးဆရာဝန် ပြောတဲ့စကားအမှန်ကြီးပါ
ကော်ဖီသောက်ပြီ ရင်တုန်တယ် ည အိပ်မရဘူး
ဆိုရင် ကျန်းမာရေးစစ်လိုက်တော့ဆိုတာ
တစ်နေ့ တစ်ခွက် အများဆုံး ၂ခွက် ပေါ့
စင်ကာပူ သွားဖြစ်ရင်
ချန်ကီးလေဆိပ်ထဲ့ က ကော်ဖီသီးသန့်ရောင်းတဲ့
ဆိုင်ရှိပါတယ်
မဝယ်ဖြစ်ရင်တောင်မှာ ဗဟုသုတ အနေဖြစ်ဝင်ကြည့်လိုက်ပါ
စျေးက မိုးပေါ်မှာပါ
၅) အိမ်က ကျိုချက်သောရေ- ညဖက်ရေငတ်ချိန်

၆) Mineral Water - လွေကျင့်ခန်းလုပ်ပြီးချိန်
၇) အုန်းရေ-နေပူသောနေ့တွင် သောက်ရန်

၈) ဆေးဖက်ဝင်အပင်များရဲ့ရေ -မနက်ခင်း

ဗဟုသုတတစ်ခုရရှိကြပါစေ

ဒေါက်တာကေခိုင်
#ကျန်းမာရေးဗဟုသုတရကြပါစေ
#ကျန်းမာရေးဗဟုသုတ

- မကြာခဏ အိပ်ရေးပျက်တတ်သူများ သတိထားပါမင်္ဂလာပါခင်ဗျာ ……. ဒေါက်တာရဲ ဖြစ်ပါတယ်။ ညဘက်တွေဆို မအိပ်ဘဲ ( TikTok, Facebook) ဇာ...
16/06/2026

- မကြာခဏ အိပ်ရေးပျက်တတ်သူများ သတိထားပါ

မင်္ဂလာပါခင်ဗျာ ……. ဒေါက်တာရဲ ဖြစ်ပါတယ်။

ညဘက်တွေဆို မအိပ်ဘဲ ( TikTok, Facebook) ဇာတ်လမ်းတွဲတွေ ထိုင်ကြည့်နေတတ်သလား?
ဒါမှမဟုတ် အတွေးတွေများပြီး ခဏခဏ အိပ်ရေးပျက်နေပြီလား?
. တစ်ညလောက် အိပ်ရေးပျက်တာ ဘာဖြစ်မှာလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သုတေသနတွေအရ မကြာခဏ"အိပ်ရေးပျက်ခြင်း (Sleep Deprivation)" ဟာ ဆေးလိပ်သောက်တာလောက်နီးပါး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ဒုက္ခပေးနေတယ် ဆိုတာ တွေ့လာရပါတယ်။

မကြာခဏ အိပ်ရေးပျက်၊ အိပ်ရေးမဝ ဖြစ်နေမယ်ဆိုရင် အောက်ပါ ကျန်းမာရေးပြဿနာ (၇) မျိုးကို မလွဲမသွေ ကြုံတွေ့လာရနိုင်ပါတယ်။

၁။ သွေးတိုးနှင့် နှလုံးရောဂါ (Hypertension & Heart Disease)
ကျွန်တော်တို့ အိပ်ပျော်နေတဲ့ အချိန်မှာ သွေးပေါင်ချိန်က သဘာဝအတိုင်း ကျဆင်းပြီး နှလုံးက အနားယူရပါတယ်။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်း (Cortisol) တွေကို အဆက်မပြတ် ထုတ်ပေးနေလို့ သွေးပေါင်ချိန် တက်လာပြီး၊ ရေရှည်မှာ ရုတ်တရက် နှလုံးရပ်တာ (Heart Attack) နဲ့ လေဖြတ်တာတွေ ဖြစ်နိုင်ခြေ အရမ်းမြင့်သွားပါတယ်။

၂။ အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes)
အိပ်ရေးမဝတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင် (Insulin) ဟော်မုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းက သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါကြောင့် အချိုတွေ အများကြီး မစားရင်တောင် အိပ်ရေးခဏခဏ ပျက်ရင် ဆီးချိုဖြစ်လာနိုင်ပါတယ်။

၃။ အဝလွန်ခြင်း (Obesity)
ညဘက်မအိပ်ရင် ဗိုက်ခဏခဏ ဆာတတ်တာ သတိထားမိပါသလား? အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုကို ဖြစ်စေတဲ့ Ghrelin ဟော်မုန်းတွေ ပိုထုတ်ပေးပြီး၊ ဗိုက်ပြည့်နေပြီလို့ အချက်ပြတဲ့ Leptin ဟော်မုန်းကို လျှော့ချပစ်လိုက်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့အခါ အစားတွေပိုစားမိပြီး ဗိုက်ခေါက်မှာ အဆီတွေ ပိုစုလာပါတော့တယ်။

၄။ ကိုယ်ခံအားစနစ် ကျဆင်းခြင်း (Weakened Immune System)
အိပ်ပျော်နေတဲ့ အချိန်ဟာ ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် ကိုယ်ခံအားဆဲလ် (Cytokines) တွေကို အများဆုံး ထုတ်လုပ်ပေးတဲ့ အချိန်ပါ။ အိပ်ရေးပျက်တာများလာတဲ့အခါ ကိုယ်ခံအား ကျဆင်းလာပြီး သာမန်လူတွေထက် တုပ်ကွေး ပိုဖြစ်လွယ်သလို၊ အဖျားရက် ကြာရှည်တတ်ပါတယ်။

၅။ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အယ်လ်ဇိုင်းမား (Memory Loss & Alzheimer's)
ဦးနှောက်ဟာ တစ်နေ့တာလုံး အလုပ်လုပ်ထားသမျှ အဆိပ်အတောက် (Toxins) တွေကို ညဘက် အိပ်မောကျချိန် (Deep Sleep) မှာမှ ရှင်းလင်းပစ်တာပါ။ ကောင်းကောင်းမအိပ်ရရင် အဲဒီ အဆိပ်အတောက်တွေ ဦးနှောက်မှာ စုပုံလာပြီး အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်တွေ ပျောက်ဆုံးတဲ့ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။

၆။ စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှု (Depression & Anxiety)
အိပ်ရေးပျက်တဲ့ နေ့တွေဆို လူက စိတ်တိုလွယ်တယ်၊ ဘာမဟုတ်တာလေးနဲ့ ဝမ်းနည်းနေတတ်တယ် မဟုတ်လား။ အိပ်ရေးမဝခြင်းဟာ ဦးနှောက်ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ အပိုင်းကို တိုက်ရိုက်ထိခိုက်စေလို့ စိတ်ကျရောဂါ (Depression) ဝင်ဖို့ အလွန်လွယ်ကူပါတယ်။

၇။ ဟော်မုန်းမညီမျှခြင်း (Hormonal Imbalance)
အိပ်ရေးပျက်တာ များလာရင် အမျိုးသားတွေမှာ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းတွေ ကျဆင်းပြီး လိင်စိတ်ဆန္ဒ လျော့ကျလာတတ်ပါတယ်။ အမျိုးသမီးတွေမှာလည်း ရာသီစက်ဝန်း မမှန်တာ၊ မျိုးဥကြွေတာတွေ ကမောက်ကမဖြစ်ပြီး ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

ဒါဆို ဘယ်လို ပြုပြင်ကြမလဲ?
* အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၈ နာရီ အထိ အိပ်ပေးသင့်ပါတယ်။

* အိပ်ရာမဝင်ခင် အနည်းဆုံး ၁ နာရီအလိုကတည်းက ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ ကြည့်တာကို ရပ်တန့်ပါ။ (Screen ကထွက်တဲ့ Blue light က အိပ်စက်ခြင်းဟော်မုန်းကို အနှောင့်အယှက် ပေးလို့ပါ)

* အိပ်ခန်းကို မှောင်နေအောင်၊ အေးနေအောင် ထားပါ။

* နေ့လယ် ၃ နာရီနောက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည် သောက်ခြင်းကို ရှောင်ပါ။

ညဘက်တွေ အိပ်မပျော်ဘဲ အမြဲတမ်း အိပ်ရေးပျက်နေတဲ့ သူတွေ ရှိကြလား?
တစ်နေ့ကို ပျမ်းမျှ ဘယ်နှစ်နာရီလောက် အိပ်ဖြစ်လဲ?

အိပ်ရေးပျက်တာတွေ များလာရင် ကိုယ့်ကျန်းမာရေးကို ဒုက္ခဖြစ်စေနိုင်လို့ ဒီနေ့ကစပြီး အိပ်ရေးဝဝ အိပ်ပေးကြပါဗျ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။
#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျန်းမာရေးဗဟုသုတ

16/06/2026

ဒီဝေဒနာတွေ ဖြစ်နေရင် ဒါတွေကို စားပါ။

၁ ။ ခေါင်းကိုက်နေရင်
ငှက်ပျောသီးစားပါ။ သူ့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က သွေးကြောတွေ relax ရအောင် ကူညီနိုင်ပါတယ် ။

၂ ။ ဝမ်းချုပ်နေရင်
သင်္ဘောသီး ဒါမှမဟုတ် ပန်းသီးစားပါ။ သူ့မှာပါဝင်တဲ့ များစွာသောအမျှင်တွေက ကျန်းမာစွာအစာခြေဖို့ အထောက်အကူပေးပါတယ်။

၃ ။ အအေးမိ ဒါမှမဟုတ် တုပ်ကွေးဖြစ်နေရင်
-ကြက်စွပ်ပြုတ်သောက်ပါ။ ချွဲတွေပျော်ဝင်ပြီး လည်ချောင်းနာတာ သက်သာနိုင်ပါတယ်။
-လိမ္မော်သီးစားပါ။ ဗီတာမင် C ပေါကြွယ်ဝစွာ ပါဝင်ပြီး ခုခံအားစနစ်ကို ထောက်ပံ့ ပေးနိုင်ပါတယ်။

၄ ။ လည်ချောင်းနာနေရင်
-ပျားရည်သောက်ပါ။ ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး နာကျင်တာသက်သာနိုင်ပါတယ် ။
-ချင်း ဒါမှမဟုတ် လေးညှင်းပွင့် ဝါးပါ။ ရောင်ရမ်းတာ လျော့ကျနိုင်ပါတယ် ။

၅ ။ ပျို့အန်နေရင်
ချင်း( ဂျင်း )ဖျော်ရည်သောက်ပါ။ အစာခြေစနစ် ကျန်းမာနိုင်ပါတယ် ။

၆ ။ ပင်ပန်းနေရင်
အုတ်စပါးစားပါ။ စွမ်းအင်ရင်းမြစ်နဲ့ အာဟာရ မြဲမြံစွာ ရရှိနိုင်ပါတယ်။

၇ ။ အဖျားရှိနေရင်
အုန်းရည်သောက်ပါ။ ရေဓာတ်ပြန်ဖြည့်ပေးပြီး ဓာတ်ဆားညီညွတ်မှု ရရှိနိုင်ပါတယ် ။

၈ ။ ဝမ်းပျက်ဝမ်းလျောဖြစ်နေရင်
-ငှက်ပျောသီးစားပါ။ ပိုတက်ဆီယမ်ပြန်လည် ဖြည့်တင်းပြီး ရေဓာတ်မချို့တဲ့အောင် ကာကွယ်နိုင်ပါတယ် ။
-ထမင်းဖြူနဲ့ ဒိန်ချဉ်စားပါ။ ဝမ်းမာပြီး အူကျန်းမာနိုင်ပါတယ် ။

၉ ။ သွေးအားနည်းနေရင်
ဟင်းနုနယ်စားပါ။ သံဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် သွေးအားပြည့်နိုင်ပါတယ်။

၁၀ ။ ရောင်ရမ်းနေရင်
နနွင်းစားပါ။ သဘာဝအတိုင်း ရောင်ရမ်းမှု လျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။

၁၁ ။ ရင်ပူနာ/ စားချဉ့်ပြန် ဖြစ်နေရင်
-သခွါးမသီးစားပါ။ အစာအိမ် အက်စစ်လျော့နည်းနိုင်ပါတယ် ။
-ဗိုက်အောင့်နေရင် ငှက်ပျောသီးစားပါ။ အစာခြေမှုကို ကူညီနိုင်ပြီး နာကျင်တာသက်သာနိုင်ပါတယ် ။

၁၂ ။ အဆစ်နာနေရင်/ ရောင်နေရင်
နာနတ်သီးစားပါ။ သူ့မှာပါဝင်တဲ့ ဘရိုမီလိမ်းက ရောင်ရမ်းမှု လျော့ကျနိုင်ပါတယ် ။

၁၃ ။ ချောင်းဆိုးနေရင်
-ရှောက်ရည်ထဲ ပျားရည် ထည့်သောက်ပါ။ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး လည်ချောင်းယားယံတာ သက်သာနိုင်ပါတယ် ။
-ပန်းသစ်တော်သီးစားပါ။ လည်ချောင်း အစိုဓာတ်ကို ထိမ်းပေးထားပြီး ယားယံတာသက်သာနိုင်ပါတယ်။

၁၄ ။ စွမ်းအင် လျော့နည်းနေရင်
အညိုရင့်ရောင်ချော့ကလက်စားပါ။ တက်ကြွမှုနဲ့ စိတ်ခံစားချက် ကောင်းမွန်နိုင်ပါတယ် ။

၁၅ ။ ခုခံအားနည်းနေရင်
ကြက်သွန်ဖြူစားပါ။ ခန္ဓာကိုယ်ရဲ့ ခုခံမှုကို အထောက်အပံ့ ပေးနိုင်ပါတယ် ။

၁၆ ။ ကိုလက်စတရောများနေရင်
ထောပတ်သီးစားပါ။ ကျန်းမာရေးကောင်းမွန်တဲ့ အဆီ ရရှိနိုင်ပြီး မကောင်းတဲ့ကိုလက်စတရောလျော့ကျဖို့ ကူညီနိုင်ပါတယ် ။

၁၇ ။ စိတ်ဖိစီးမှု များနေရင်
ဗံဒါစေ့စားပါ။ အာရုံကြောစနစ်ကို ထောက်ပံ့ပေးတဲ့ အာဟာရပေါကြွယ်ဝစွာ ပါဝင်ပါတယ် ။

၁၈ ။ ရေဓာတ်လျော့နည်းနေရင်
ဖရဲသီးစားပါ။ ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းနိုင်ပါတယ်။

၁၉ ။ အိပ်မပျော်ရင်
ချယ်ရီသီးစားပါ ။ အိပ်စက်မှုကောင်းမွန်စေတဲ့ မယ်လတိုနင် ပါဝင်တာကြောင့်ပါ။

၂၀ ။ ကြွက်တက်နေရင်
အုန်းရည်သောက်ပါ။ ဓာတ်ဆားတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး

အုန်းရည်သောက်ပါ။ ဓာတ်ဆားတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ် ။
#ကျန်းမာရေးဗဟုသုတရကြပါစေ #ဒေါက်တာခင်မိုးမိုး

16/06/2026

ကျန်းမာရေး ကောင်းမွန်ဖို့ နေ့စဉ် ဆောင်ရန်နဲ့ ရှောင်ရန်များ

၁ ။ ရေခဲရေနဲ့ ဆေးမသောက်ပါနဲ့။

၂ ။ ညနေ ၅ နာရီနောက်ပိုင်း အစာပမာဏများများ မစားပါနဲ့။

၃ ။ မနက်ပိုင်းမှာ ရေများများသောက်ပြီး ညပိုင်းရေလျှော့သောက်ပါ။

၄ ။ ည ၁၀ နာရီမှ မနက် ၄ နာရီအထိက အိပ်ဖို့ အကောင်းဆုံး အချိန်ပါ။

၅ ။အစာစားပြီးပြီးချင်း မလဲလျောင်းလိုက်ပါနဲ့။

၆ ။ဘယ်ဖက်နားနဲ့ ဖုန်းလက်ခံပြောပါ။

၇ ။ ဖုန်းဘက်ထရီက ၁၀ % ထက် လျော့နည်းနေရင် ဖုန်းမပြောပါနဲ့တော့။ ဓာတ်ရောင်ခြည်သင့်နိုင်ပါတယ်။

၈ ။ မနက်စာကို မစားပဲမနေ့ပါနဲ့။ သင့်တစ်နေ့တာအတွက် လောင်စာဖြည့်ပေးနိုင်တာကြောင့်ပါ။

၉ ။ အစာစားပြီးပြီးချင်း လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီ မသောက်ပါနဲ့ ။

၁၀ ။ နေ့စဉ် အနည်းဆုံး မိနစ် ၃၀ လောက် နေရောင်ခြည်နဲ့ ထိတွေ့ပါ။

၁၁ ။ အမှောင်ထဲမှာ အချိန်အကြာကြီး ဖုန်းအသုံးမပြုပါနဲ့။

၁၂ ။ တစ်နာရီကြာ ထိုင်ပြီးတိုင်း သင့်ခန္ဓာကိုယ်ကို ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပါ။

၁၃ ။ သင့်အကြားအာရုံကို ကာကွယ်ဖို့ နားကျပ်ကို အသံအကျယ်ကြီး မဖွင့်ပါနဲ့ ။

၁၄ ။ အစာစားနေစဉ်အတွင်း ရေများများ မသောက်ပါနဲ့ ။

၁၅ ။ သင်အိပ်နေစဉ် သင့်ဖုန်းကို သင့်ဦးခေါင်းနဲ့ ဝေးဝေးမှာ ထားထားပါ။

၁၆ ။ သစ်သီးဝလံတွေကို အစာအိမ်မ်ထဲ အစားအစာမရှိတဲ့အချိန်မှာ စားသုံးပါ။ ထမင်းစားပြီး စားရမှာ မဟုတ်ပါဘူး။

၁၇ ။ အစာခြေမှု ကောင်းမွန်ဖို့ အစားအစာကို ဖြည်းဖြည်းချင်း ဝါးစားပါ။

၁၈ ။ အကြော်ကြော်ပြီးသားဆီတွေကို ဟင်းချက်ဖို့ ပြန်လည် အသုံးမပြုပါနဲ့။ ဒုက္ခပေးနိုင်ပါတယ်။

၁၉ ။ နေ့ခင်းပိုင်းမှာ ရေဓာတ်ပြည့်ဝအောင်နေပါ။ အထူးသဖြင့် ပူအိုက်တဲ့ရာသီ မှာပါ။

အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး
#ကျန်းမာရေးဗဟုသုတရကြပါစေ #ဒေါက်တာခင်မိုးမိုး

Address

Puchong
47180

Website

Alerts

Be the first to know and let us send you an email when Healthy life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share