13/08/2023
#မြန်မာလူမျိုးများ #မရှိတဲ့ကိစ္စ"
ပြည်ပမှာတော်တော်များများ ကြုံရမှာကတော့
မြန်မာတွေအနေနဲ့ Family name မရှိတဲ့ ကိစ္စပါပဲ။ ဘယ်စာရွက်စာတမ်းဖြည့်ဖြည့် family name နဲ့ given name က တွဲရက်ဆိုတော့ "ငါတို့မှာ family name မရှိဘူး။ given name မခွဲထားဘူး" လို့ပြောရင် လူကို ထူးဆန်းသလိုကြည့်ကြတာအမြဲ ကြုံရတယ်။
ကိုလဲ ဘာလို့ဒီလို family name or surnames မရှိခဲ့လဲဆိုတာ အမြဲ အထောက်အထားခိုင်ခိုင်မာမာတွေ့အောင် ကြုံရင်ကြုံသလို ရှာဖွေလေ့ရှိတယ်။ Google မှာရှာကြည့်ရင်တော့ တစ်ချို့ ထင်မြင်သုံးသပ်ချက်လေးတွေတွေ့ပေမယ့် အထောက်အထားမခိုင်လုံတော့ သေချာ လက်မခံခဲ့ဘူး။
ဒီနေ့ စာတမ်းအတွက် စာအုပ်လေးတစ်အုပ်ဖတ်နေရင်း ကိုယ်သိချင်တဲ့ ဒီအချက်လေးကို သွားတွေ့တယ်။ စာအုပ်ကတော့ ၁၉၆၂ မှာ Oxford University Press ကထုတ်ဝေခဲ့တဲ့ ဆရာကြီး မောင်ထင်အောင်ရဲ့ " Burmease Law Tales: the legal element in Burmese Folk-lore" ပါ။ ဆရာက ပြည်ထောင်စုတရားလွှတ်ချုပ်မှာတရားသူကြီးလုပ်ခဲ့သလို၊ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပါမောက္ခ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အဲ့စာအုပ်ရဲ့ စာမျက်နှာ ၆ မှာ ဘာရေးထားလဲဆိုရင်
" မြန်မာများဟာ အမျိုးသားနဲ့အမျိုးသမီး တန်းတူညီမျှမှုကို အရင်ကတည်း တန်ဖိုးထားခဲ့ကြပါတယ်။ အမျိုးသားတစ်ယောက်မွေးဖွားမှုဟာ သူနေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းမှာ ဘာမှပြောင်းလဲမှုမရှိပဲ သူ့စွမ်းဆောင်ရည်နဲ့ သူ့အောင်မြင်မှုကိုကြည့်ပြီး သူ့အရည်အချင်းကို သတ်မှတ်လေ့ရှိကြတယ်။ အမျိုးသား အမျိုးသမီးတန်းတူညီမျှမှုဟာ အမည်ပေးရာမှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ အမျိုးသား အမျိုးသမီး မခွဲခြားပဲ အမျိုးသမီးများအနေနဲ့ လက်ထပ်သည်ဖြစ်စေ လက်မထပ်ရသေးသည်ဖြစ်စေ ကိုယ့်မွေးဖွားချိန်ကတည်းက မှည့်ခေါ်ထားတဲ့ အမည်နာမကို ထိန်းသိမ်းခွင့်ရှိပြီး ဘယ်သူ့နာမည်ကိုမှ လက်ထပ်ပြီးချိန်မှာ ပြောင်းလဲစရာမလိုခဲ့ပါဘူး။ ဒါကြောင့် မြန်မာလူမျိုးတွေအမည်မှာ Family name or surnames ခုချိန်ထိ မရှိကြပါဘူး။"
ဒီစာအုပ်လေးဖတ်မိတော့ ငါတို့ Family name မရှိခဲ့တာဟာ အရင်ထဲက ခွဲခြားဆက်ဆံမှုကို အားမပေးခဲ့ပဲ တန်းတူညီမျှမှုကို အလေးထားခဲ့ပြီး အမျိုးသား အမျိုးသမီး တန်းတူညီမျှကို ဦးစားပေးခဲ့တယ်ဆိုပြီး သိရှိရပါတယ်။ နောက်တစ်ခါ ဖောင်ဖြည့်ချိန် Family name မရှိဘူးလို့ ပြောချိန်မှာ ထူးထူးဆန်းဆန်းလာကြည့်ရင်တော့ ဒီစာအုပ်လေးထဲက အသိကို ရှင်းပြမိမယ်ထင်မိပါရဲ့။
"why don't we Myanmar people have family names or surnames"
I constantly feel uneasy when others stare at me strangely when I fill out some applications in foreign countries since we, the people of Myanmar, do not have surnames or family names. When I talk to foreigners like this, they always feel off. I never stop asking myself "why don't we Myanmar people have family names or surnames?" For this response, I looked for information related to concerts. I've finally found a book by renowned scholar U Maung Tin Aung from Myanmar that was released by Oxford University Press in 1962 and titled "Burmese Law Tales: The Legal Element in Burmese Folk-lore."
His verdict, which I read on page 6 of this book, is that "Burmese had long treasured a political philosophy that all men and women were equal, and everyone regardless of age seems to have been a member of the old tribal councils. A person was assessed according to his or her own talents and accomplishments, and the place of his or her birth was thought to have no bearing on that person's standing in society. Due to this emphasis on the individual, it is clear why no Burmese person ever acquired a surname or family name, and why everyone, regardless of gender, marital status, or whether they were married or not, always used their given name."
Because we have valued the equality of men and women since ancient times, and because we have a nondiscrimination policy in place, I can explain to someone who looks at me irrationally about Myanmar not having family names why this is.
: MAUNG HTIN AUNG (1962), Burmese Law Tales: The Legal Element in Burmese Folk-lore, Oxford University Press, London, New York.