28/02/2025
*** စိတ် ***
- လူ့ စိတ် ပြောင်းရင်
စာရိတ္တ ပြောင်းသွားတယ် ။
- စာရိတ္တ ပြောင်းရင်
အမြင် ပြောင်းသွားတယ် ။
- အမြင် ပြောင်းရင်
ပတ်ဝန်းကျင် ပြောင်းသွားတယ် ။
- ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှုတွေ စပြီး ပြောင်းလာတယ် ။
- ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာ ပြောင်းသွားတယ် ။
* တကယ် ယုံကြည် အားထားရမှာက
မိမိရဲ့ စိတ် ပါ ။
ရက်ရာဇာတွေ ပြဿဒါးတွေ မဟုတ်ဘူး ။
ကိုယ်မှာဆင်တဲ့
အဆောင်အယောင်တွေ
ပရိတ်ကြိုးတွေ
အထုံးအဖွဲ့တွေ မဟုတ်ဘူး ။
- စိတ် အတွင်းမှာသာ
စိတ်ကောင်းခြင်း -
နူးညံ့ခြင်း -
ခွင့်လွှတ်ခြင်း -
သဘောထားကြီးခြင်း -
ကိုယ်ချင်းစာခြင်း - စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ် ။
- မေတ္တာကို စိတ်ထဲက ပေါက်ဖွားမယ် ။
- ပတ်ဝန်းကျင်ကို
စိတ် နဲ့ သဟဇာတဖြစ်အောင်လုပ်မယ် ။
* ရှေးလူကြီးတွေက ပြောတယ် -
စိတ် တစ်ချက် ကိုင်တတ်ပြီ ဆိုရင်
ကောင်းကင် နဲ့ မြေကြီးက အစ
နားလည်တတ်လာတယ် တဲ့ ။
စိတ်ထဲက
ကုသိုလ် အကုသိုလ်ကို ထိန်းနိုင်ရင်
တစ်ကိုယ်ကောင်းဆန်မှုတွေ
လျော့ပါးသွားတယ် ။
- လူအချို့ကို ကြာပန်းလို
ဝေးဝေးက ကြည့်မှ သူ့အလှ မြင်တယ် ။
- လူအချို့ကို လက်ဖက်ခြောက်လို
ကြာကြာနှပ်ထားမှ သူ့ အရသာအစစ် သိတယ် ။
- လူအချို့ကို လေပြည်(ပြေ) လို
ဂရုမစိုက်သင့် မစိုက်ဘဲ နေရတယ် ။
- လူအချို့ကို သစ်ပင်လို
မှီခိုသင့် မှီရတယ် ။
အားလုံးက ရေစက်ပဲလေ.
* လူ့ဘဝ ဆိုတာ
တရား ကျင့်တာ
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။
စိတ် ပျော့ပျောင်းသွားပြီ ဆိုတာနဲ့
- အရာရာဟာ စပြီး လှပသွားပြီ ။
- စိတ်သန့်စင်သွားပြီ...
- ပတ်ဝန်းကျင် ကြည်လင်သွားပြီ ။
- စိတ် ပျော်ရွှင်သွားပြီ ။
- ဘဝကြီး ချမ်းသာသုခ ပြည့်သွားပြီ ။
ဒီတစ်သက်မှာ
ဘဝက ဘယ် အခြေအနေဘဲ ဖြစ်ဖြစ်
သူတစ်ပါးအပေါ် မလွှဲချဘူး ။
ရှိသမျှ
ပျော် ဒေါ ညစ် ပြုံး မုန်း
အားလုံးက ကိုယ် ဖန်တီးတာ ။
ဘဝ ဆိုတာ
တိုက်ပွဲ မဟုတ်ဘူး -
ပဲ့တင်သံ ။
သင့်ရဲ့အကောင်းဆုံးကို
သူများကို ပေးကြည့်လိုက် -
သူများရဲ့ အကောင်းဆုံး က
သင့်ဆီ ပြန်လာတယ် ။
သင် သူများကို ကူညီတာ များလေလေ -
သူများဆီက သင် အကူအညီ ပို ရလေလေ ။
သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ -
နောက်ဆုံး
အုတ်တံတိုင်း ပတ်ပတ်လည်မှာ
သင် တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။
နှိမ့်ချ ကျိုးနွံမှု များများနဲ့
ချီးမွမ်း ထောပနာ များများကို
သင် အသုံးချတတ်မယ် ဆိုရင်
လူ့ဘဝမှာ နေရတာ
သင် ပျော်ရွှင်ရတော့မယ် ။ ။ ။