Zmn Trades

Zmn Trades Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zmn Trades, Insurance broker, 21, Jalan 1c, Selayang Baru, Batu Caves, Kuala Lumpur.

🌼 မက်လုံးများ၏ အရေးပါပုံလူငယ်မှသည် လူချမ်းသာဆီသို့ဘဝဆိုသည်မှာ ရွေးခြယ်စရာတွေချည်းဖြစ်ပြီး ဘောဂဗေဒပညာရပ််ဆိုသည်မှာ ဆွဲဆော...
28/08/2024

🌼 မက်လုံးများ၏ အရေးပါပုံ
လူငယ်မှသည် လူချမ်းသာဆီသို့
ဘဝဆိုသည်မှာ ရွေးခြယ်စရာတွေချည်းဖြစ်ပြီး ဘောဂဗေဒပညာရပ််ဆိုသည်မှာ ဆွဲဆောင်မှုမက်လုံးများက အဆိုပါရွေးခြယ်မှုများကို မည်ကဲ့သို့ အကျိုးသက်ရောက်သည်နှင့် မိမိတို့၏ ဘဝများအား မည်ကဲ့သို့ ပုံဖော်ပေးသည့် အကြောင်းအရာများအား လေ့လာခြင်းပင်ဖြစ်သည်။ ပညာရေး၊ ပုဂ္ဂိုလ်ရေး သုံးစွဲမှုနှင့် ရင်းနှီးမြှပ်နှံမှု၊ လုပ်ငန်းခွင်တွင် ဆောက်ရွက်သည့်အရာနှင့် အခြား ကိုယ်ရေးကိုယ်တာ ဆုံးဖြစ်ချက်များနှင့် ပတ်သက်သော မိမိတို့၏ ရွေးချယ်မှုများသည် မိမိတို့၏ ကောင်းစားရေးနှင့် ဘဝအရည်အသွေးများအပေါ် သြဇာလွှမ်းမိုးမှု ရှိပါသည်။ ထို့အပြင် မဲဆန္ဒပေးသူနှင့် နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း မိမိတို့၏ ရွေးခြယ်မှုများသည် ဥပဒေများ သို့မဟုတ် “ကစားပွဲ စည်းမျဥ်းများ” အပေါ် အကျိုးသက်ရောက်မှု ရှိလေသည်။ ယင်းစည်းမျဥ်းများသည် မိမိတို့၏ လွတ်လပ်မှုနှင့် ကြွယ်ဝမှုတို့အပေါ် များစွာ တန်ပြန်သက်ရောက်သည်။ ယေဘုယျအားဖြင့် မိမိတို၏ အသီးသီးစီနှင့် လူ့အဖွဲ့အစည်းအတွက်ပါ အမြော်အမြင်ရှိရှိ ရွေးချယ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် လူတွေ မည်သို့ ရွေးချယ်သည်၊ လူပုဂ္ဂိုလ်အသီးသီးတို့၏ လုပ်ရပ်များအား ဖြစ်လာအောင် မည်သည့်အရာများက တွန်းအားပေးသည်၊ အဆိုပါလုပ်ရပ်များက ကာယကံရှင်များနှင့် အခြားသော ပုဂ္ဂိုလ်များ၏ အကျိုးစီးပွားကို မည်ကဲ့သို့ လွှမ်းမိုးသည်ဆိုသည့် အခြေခံမှုများကို နားလည်ထားရမည် ဖြစ်သည်။

ထို့ကြောင့် ဘောဂဗေဒ ပညာရပ်ဆိုင်ဆိုသည်မှာ လူပုဂ္ဂိုလ်တို့၏ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ လူပုဂ္ဂိုလ်တို့၏ ရွေးချယ်မှုကို လွှမ်းမိုးသော အကြောင်းရင်းများအား လေ့လာဆန်းစစ်ခြင်းနှင့် လူ့အဖွဲ့အစည်းများ အလုပ်လုပ်ပုံနှင့် ပတ်သက်၍ ကောက်ချက်ဆွဲပုံတို့ အကြောင်းပင်ဖြစ်သည်။ ဘောဂဗေဒ ကိစ္စရပ်အားလုံးတို့သည် ရိုးစင်းသော အခြေခံစည်းမျဥ်းဖြစ်သည့် မက်လုံးများအပေါ်တွင် မှီတည်နေပါသည်။ မက်လုံးအပြောင်းအလဲများက လူသားတို့၏ အပြုအမူအား မည်သို့ပြောင်းလဲစေသည်ကို ခန့်မှန်လိုရနိုင်ပါသည်။ ငွေကြေးနှင့် ငွေကြေးမဟုတ်သည့် အရာနှစ်မျိုးစလုံးသည် မက်လုံးများအပေါ် လွှမ်းမိုးမူရှိပါသည်။ တစ်စုံတရာက ကုန်ကျစရိတ် ပိုမို များပြားလာလျှင်၊ စျေးကြီးလာလျှင် လူတို့သည် ယင်းအား ရွေးချယ်မှု နည်းလာမည်။ အလားတူ ရွေးချယ်စရာတစ်ခုမှာ (စျေးနှုန်း၊ အရည်အသွေးအရ) ပိုမိုဆွဲဆောင်မှု ရှိလာလျှင် လူတို့သည် ယင်းကို ပိုမို ရွေးခြယ်လာဖွယ် ရှိသည်။ ဘောဂဗေဒ၏ အခြေခံ ယူဆချက်များဟု မကြခဏ ခေါ်ဆိုလေ့ရှိကြသော်လည်း ဤရိုးစင်းသော သဘောတရားသည် မိမိတို့ လုပ်ဆောင်သမျှအရာအားလုံးနီးပါးအပေါ် အကျိုးသက်ရောက်မှုရှိသဖြင့် အစွမ်းထက်မြက်သည့် အသုံးအဆောင် ဖြစ်ပါသည်။

ကုန်ကျစရိတ် ကြီးမြင့်သည်၊ စျေးကြီးသည့်အရာတစ်ခုကို လူတို့အနေဖြင့် ရွေးချယ်နိုင်ခြေနည်းပါလိမ့်မည်။ ယင်းဆိုလိုရင်း အဓိပ္ပါယ်ကို စဥ်းစားကြည့်ပါ။ လူတစ်ဦးသည် ချိန်းဆိုမှုတစ်ခုအတွက် နောက်ကျနေသည့်အခါ အချိန်ပေးပြီး သူငယ်ချင်းတစ်ဦးထံ လည်ပတ်နိုင်ခြေနည်းသွားပါမည်။ လူအနည်းငယ်သာ မိုးအေးသည့်နေ့တွင် ပျော်ပွဲစား ထွက်ကြပါလိမ့်မည်။ စျေးနှုန်းကြီးမြင့်လာလျှင် ရောင်းရသည့် ပစ္စည်းအရေအတွက်လည်း လျှော့နည်းလာပါလိမ့်မည် ဖြစ်သည်။ ကောလိပ်ကျောင်းများတွင် နွေဦးကာလ ကျောင်းနားချိန် မတိုင်မီ အတန်းတက်သူအရေအတွက် ပုံမှန်ထက် လျော့နည်းပါလိမ့်မည်။ ကိစ္စရပ်အသီးသီး၏ အဖြေမှာ အတူတူပင် ဖြစ်သည်။ ကုန်ကျမှုမြင့်မားလာလေ ရွေးချယ်မှု နည်းလာလေ ဖြစ်သည်။

အလားတူပင် အကျိုးကျေးဇူး ပိုများသည့်အရာကို လူတို့က ပိုမိုရွေးခြယ်လာကြသည်။ လူတစ်ဦးသည် ငွေတပြားထက် ငွေတစ်မတ်ကိုသာ ကုန်းကောက်လိုကြပါသည်။ စာသင်ခန်းတွင် သင်ကြားနေသည့် အကြောင်းအရာများသည် စာမေးပွဲများတွင်ပါမည့် သင်ခန်းစာများဖြစ်ပါက စာသင်သားများ သင်ခန်းစားတွင် ပိုမိုအာရုံစိုက်ကြပါလိမ့်မည်။ စားသုံးသူတို့သည် စျေးနှုန်းသက်သာ၊ ဝန်ဆောင်မှုကောင်းမွန်ပြီး အိမ်နှင့်နီးသည့် စတိုးဆိုင်များတွင် ပိုမိုဝယ်ယူတတ်ပါသည်။ ဝန်ထမ်းများသည် အလုပ်ကြိုးစားမှုနှင့် အကျိုးရှိရှိဆောင်ရွက်မှုအတွက် ဆုလာဒ်များရရှိနိုင်သည့်အခါ အလုပ်ကို ကြိုးကြိုးစားစား ပိုလုပ်လာကြမည်ဖြစ်သည်။ ဤရလဒ်များ အားလုံးမှာ ကြိုတင်မှန်းဆလို့ရနိုင်သော ဘောဂဗေဒ၏ အခြေခံယူဆချက်ဖြစ်သည့် “မတ်လုံးများ၏ အရေးပါမှု”ကို ထင်ဟပ်နေခြင်းသာ ဖြစ်သည်။

ဤအခြေခံယူဆချက်က စျေးကွက်တွင် ဖြစ်ပေါ်နေသော စျေးနှုန်းအပြောင်းအလဲများသည် ရောင်းသူ၊ ဝယ်သူများအကြား လုပ်ဆောင်ချက်များကို ပေါင်းစည်းပေးသည့် မက်လုံးအပြောင်းအလဲများ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပေးပါသည်။ ဝယ်သူများက ပစ္စည်းနှင့် ဝန်ဆောင်မှုတစ်ခုခုအား ရောင်းသူပံ့ပိုးပေးလိုသည့် အရေအတွက် (သို့မဟုတ် ထုတ်လုပ်နိုင်သည်) ထက် ပိုမိုဝယ်ယူလိုလျှင် ယင်း၏စျေးနှုန်းလည်း စတင်မြင့်မားလာမည်ဖြစ်ပါသည်။ သို့သော် စျေးနှုန်းမြင့်မားလာသည့်အခါ ရောင်းသူများက ပိုမိုထုတ်လုပ်ရောင်းချလာကြပြီး ဝယ်သူများက လျော့၍ဝယ်လာကြမည်ဖြစ်သည်။ မြင့်တက်လာသည့် စျေးနှုန်းသည် နောက်ဆုံးတွင် ဝယ်လိုအားနှင့် ထုတ်လုပ်အား ပမာဏတို့ ညီမျှသည်အထိ ရောက်ရှိသွားစေပြီး ယင်းမျှခြေတွင် စျေးနှုန်းလည်း တည်ငြိမ်သွားပါသည်။

စျေးနှုန်းများသည့်ဘက်မှ စတင်လျှင် မည်ကဲ့သို့ ဖြစ်လာမည်နည်း။ စျေးနှုန်းများ အလွန်ကြီးမြင့်နေလျှင် ထုတ်လုပ်သူများအနေဖြင့် ကုန်ပစ္စည်းများ စုပုံလာသည်ကို ကြုံတွေ့ရမည်ဖြစ်ပြီး စျေးနှုန်းများ လျှော့ရောင်းရလိမ့်မည်ဖြစ်ပါသည်။ ယင်းလျှော့စျေးများကြောင့် စားသုံးသူများ ပိုမိုဝယ်ယူစေရန် တွန်းအားပေးသော်လည်း လျှော့စျေးကြောင့် ထုတ်လုပ်သူများ အကျိုးအမြတ်နည်းလာမည် ဖြစ်၍ ထုတ်လုပ်သူများအနေဖြင့် လျော့၍ထုတ်လုပ် လာစေပါလိမ့်မည်။ တဖန်စျေးနှုန်းအပြောင်းအလဲက စားသုံးသူ၏ ဝယ်လိုအားနှင့် ထုတ်လုပ်သူ၏ ရောင်းလိုအားပမာဏအား ညီမျှစေမည်ဖြစ်ပါသည်။ ဤမျှခြေသို့ ရောက်လာလျှင် စျေးနှုန်းတည်ငြိမ်သွားမည် ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် နွေရာသီတွင် ဓာတ်ဆီစျေးနှုန်းများ စံချိန်တင် မြင့်မားလာခြင်းကို သတိရပါ။ ဆီဆိုင်များတွင် ဓာတ်ဆီစျေးနှုန်းများ မြင့်မားခြင်းဒဏ်ကို လူအများက ခံစားခဲ့ရသော်လည်း ဓာတ်ဆီဆိုင်များတွင် တန်းစီမှုမပျက်၊ လမ်းများပေါ်တွင် အသွားအလာ မပျက်ခဲ့ပေ။ အကြောင်းမှာ စျေးနှုန်းမြင့်မားခြင်းကြောင့် ဓာတ်ဆီဝယ်ယူစရိတ် ပိုမိုကုန်ကျလာသောကြောင့် စားသုံးသူ အများစုမှာ အရေးမပါသည့် သွားလာမှုတစ်ချို့ကိုသာ လျှော့ချခဲ့ကြသည်။ အချို့မှာ ကားအတူတူပေါင်းပြီးစီးခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စားသုံးသူများသည် ကုန်ကျစရိတ်လျော့ချရန်အတွက် လောင်စာသက်သာသည့် ကားအသေးစားများကို ပိုမိုအသုံးပြုလာကြသည်။ ဝယ်သူများက လောင်စာ စျေးနှုန်း မြင့်မားခြင်းကို တုန့်ပြန်သည့် နည်းတူ ရောင်းချသူများကလည်း တုန့်ပြန်ခဲ့ကြသည်။ လောင်စာ ထုတ်လုပ်ပံ့ပိုးသည့် ကုမ္ပဏီများက တူးဖော်ထုတ်လုပ်မှုများ တိုးမြှင့်ခြင်း၊ ရှိရင်းစွဲတွင်းများမှ ရေနံများ ပိုမိုဖော်ထုတ်ရန် နည်းပညာအသစ်များ အသုံးပြုလာခြင်း၊ တွင်းအသစ်များ တွေ့ရှိရန် ပိုမို အားထုတ်လာခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။ ဓာတ်ဆီစျေးကောင်းသည့်အတွက် လိုအပ်သည့် ပမာဏရရန် ထုတ်လုပ်သည့်ပမာဏ တိုးမြှင့်ခဲ့ကြသည်။ အဆုံးသတ်တွင် ထုတ်လုပ်ရောင်းချမှု များလာသည်နှင့်အမျှ ရေနံစိမ်းနှင့် ဓာတ်ဆီစျေးနှုန်းများ ကျဆင်းလာသည်။

မက်လုံးများ၊ စွဲဆောင်မှုများသည် နိုင်ငံရေးရွေးချယ်မှုများတွင်လည်း လွှမ်းမိုးမှု ရှိပေသည်။ ကုန်တိုက်ကြီးတွင် စျေးဝယ်သူတစ်ဦး၏ အပြုအမူသည် မဲရုံတွင် မဲဆန္ဒပေးသူတစ်ဦး၏ အပြုအမူနှင့် ကွဲပြားခြားနားမှု မရှိသလောက်ပင်ဖြစ်သည်။ သာမာန်အားဖြင့် မဲဆန္ဒပေးသူများသည် ကုန်ကျစရိတ်များနှင့် ချိန်ထိုးပြီး သူတို့၏ ပုဂ္ဂလိက အကျိုးအမြတ်များကို အကောင်းဆုံးဆောင်ကြဥ်းပေးနိုင်မည်ဟု ယုံကြည်သည့် မူဝါဒများနှင့် နိုင်ငံရေးကိုယ်စားလှယ်လောင်းများကိုသာ ထောက်ခံကြမည်ဖြစ်သည်။ မျှော်မှန်းလို့ရနိုင်သည့် အကျိုးအမြတ်များသည် တစ်ဦးချင်း ကုန်ကျစရိတ်များနှင့် ချိန်ထိုးကြည့်သည့်အခါ နည်းနေပါက မဲပေးသူများအနေဖြင့် ယင်းနိုင်ငံရေးကိုယ်စားလှယ်များ၏ ပေါ်လစီများကို မထောက်ခံကြပေ။ ဥပမာ သမဂ္ဂအဖွဲ့ဝင်းများ ကျန်းမာရေး စောင့်ရှောက်မှု အခွန်အခများမှ ကင်းလွတ်ခွင့်ရပြီး သမဂ္ဂအဖွဲ့ဝင်မဟုတ်သူများနှင့် အခြားသောပုဂ္ဂိုလ်များ အခွန်ပေးဆောင်ရသည့်အခါ သမဂ္ဂအဖွဲ့မဟုတ်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်တတ်ကြသည်ဟု စစ်တမ်းများက ဖော်ပြနေသည်။ အလားတူပင် သက်ကြီးရွယ်အိုများသည် သူတို့၏ ဆေးဝါးကုသမှု အကျိုးခံစားခွင့်များကို ဖြတ်တောက်မည့် ကိုယ်စားလှယ်လောင်းများနှင့် မူဝါဒများကို ဆန့်ကျင်မဲပေးခဲ့ကြသည်။ မက်လုံးများ၏ အရေးပါမှုကို မျက်ကွယ်ပြုနိုင်သည့် နည်းလမ်းမရှိချေ။ မက်လုံးများကို စိတ်ဝင်စားသည်မှာ လူသားတို့၏ သဘာဝသာဖြစ်သည်။ ဥပမာ အရင်းရှင်စနစ်ကဲ့သို့ပင် ဆိုရှယ်လစ်စနစ်တွင်လည်း မက်လုံးများက အရေးကြီးပါသည်။ တစ်ချိန်က ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် မှန်စက်ရုံ မန်နေဂျာများနှင့် ဝန်ထမ်းများသည် ၎င်းတို့ထုတ်လုပ်သည့် မှန်ချပ်တန်ချိန်ပေါ် မူတည်၍ အကျိုးခံစားခွင့် ရရှိခဲ့ကြသည်။ သူတို့၏ ဝင်ငွေများသည် မှန်ချပ်အလေးချိန်ပေါ်တွင် မူတည်နေသောကြောင့် စက်ရုံအများစုသည် မှန်ချပ်အထူများစွာ ထုတ်လုပ်ခဲ့သဖြင့် မှန်များမှာ တဖက်ပေါက်အောင်ပင် မမြင်ရတော့ပေ။ မှန်ချက်များကို စတုရန်းမိတာများအရ ပိုက်ဆံရှင်းပေးသည့် ပုံစံဖြင့် ပြောင်းလဲကျင့်သုံးသည့်အခါ အဆိုပါ စည်းမျဥ်းအောက်တွင် ဆိုဗီယက်မှန်လုပ်ငန်းမှာ မန်နေဂျာများသည် အလွန်ပါးလွှာသည့် မှန်ချက်များ ပြုလုပ်ခဲ့ကြသဖြင့် မှန်များမှာ ကွဲအက်လွယ်ခဲ့သည်။

မက်လုံးများသည် လောဘကြီးသော၊ မိမိအတ္တကိုသာ ရှေ့တန်းတင်သော လူတို့အတွက်သာ အရေးပါသည်ဟု လူတစ်ချို့က အထင်ရှိကြသည်။ ယင်းသို့ သုံးသပ်လျှင် မှားပါသည်။ လူပုဂ္ဂိုလ်များသည် အကြောင်းအမျိုးမျိုးဖြင့် အလုပ်လုပ်ကြသည်။ အချို့က အတ္တစိတ်ဖြင့်၊ အချို့က ကုသိုလ်စိတ်ဖြင့် လုပ်ဆောင်တတ်ကြသည်။ အတ္တဗဟိုပြုခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်း ရွေးချယ်မှုနှစ်မျိုးစလုံးသည် တစ်ဦးချင်း ကုန်ကျစရိတ်များနှင့် အကျိုးဖြစ်ထွန်းမှုများအလိုက် လွှမ်းမိုးမှု ရှိသည်။ ဥပမာ အတ္တဘက်ကြည့်ကည့်၊ ကိုယ်ကျိုးစွန့်သည့်ဘက်ကကြည့်ကြည့် လူတစ်ဦးသည် ရေစီးသန်သော နိုင်အာဂရာ ရေတံခွန်တွင် နစ်နေသော ကလေးငယ်ထက် (၃) ပေသာနက်သည့် ရေကူးကန်တွင် နစ်နေသော ကလေးတစ်ယောက်ကို ကယ်တင်ရန် ကြိုးစားမည်ဖြစ်သည်။ လိုအပ်နေသူများ တွေ့ပါကလည်း အကောင်းဆုံးအဝတ်အစားများကို စွန့်ကျဲခြင်းထက် တပတ်နွမ်းများကိုသာ ပေးကမ်းကြလိမ့်မည်ဖြစ်သည်။

မာသာထရီဇာအား လောဘကြီးသည်ဆိုသည့် ခေါင်းစဥ်ဖြင့် မည်သူကမျှ စွပ်စွဲကြမည်မဟုတ်သော်လည်း သူမကိုယ်ပိုင်စိတ်ဝင်စားသည့် အကြောင်းတရားများက မက်လုံးများအား တုံ့ပြန်စေခဲ့သည်။ မာသာထရီဇာ၏ အဖွဲ့အစည်းဖြစ်သည့် ကုသိုလ်ဖြစ် သာသနာပြုအဖွဲ့သည် နယူးယောက်မြို့ရှိ အိုးမဲ့အိမ်မဲ့များအတွက် နားခိုရာတစ်ခု ဖွင့်လှစ်ပေးရန် ကြိုးပမ်းသည့်အခါ (မလိုအပ်သည့်) အဆောက်အဦး ပြင်ဆင်မှုစရိတ် မတန်တဆကုန်ကျသုံးစွဲရန် နယူးယောက်မြို့က တောင်းဆိုခဲ့သည်။ ထို့ကြောင့် သာသနာပြုအဖွဲ့က စီမံကိန်းများကို ကျောခိုင်းခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်သည် ဆင်းရဲသားများကို ကူညီသည့် သန္ဒိန်ဋ္ဌန်ချ လူမူရေးကြိုးပန်းမှုအပေါ် ပြောင်းလဲမှုတစ်စုံတရာ မရှိပေ။ ဆုံးဖြတ်ချက်သည် မက်လုံးများပြောင်းလဲမှုကိုသာ ထင်ဟပ်စေသည်။ နယူးယောက်ရှိ ဆင်းရဲသားများကို ကူညီသည့်စရိတ်ကြီးမြင့်လာသည့်အခါ သူမ၏အရင်းအမြစ်များသည် အခြားသောနောရာများတွင် အသုံးပြုခြင်းက ပိုကောင်းမွန်မည်ဟု မာသာထရီဇာ ဆုံးဖြတ်ခဲ့လေသည်။ မိမိတို့အနေဖြင့် လောဘကြီး၍ ရုပ်ဝတ္ထုများကို မက်မောသည်ဖြစ်စေ၊ ကရုဏာအပြည့်ဖြင့် အများအကျိုးသယ်ပိုး ရွက်ဆောင်လိုသည်ဖြစ်စေ စွဲဆောင်မှုမက်လုံးများ ပြောင်းလဲမှုကို လိုက်၍ မိမိတို့၏ ဆုံးဖြတ်ချက်များမှာလည်း အလိုက်သင့် ပြောင်းလဲသွားပေသည်။

မြန်မာ စကားပုံ
“မသိသူကျော်သွား၊ သိသူဖော်စား”
– An ignorant person walks over the pot of gold, the informed person digs it up.

မှတ်ချက်။
• Trans-Myanmar International, ATLAS Network, Friedrich Neumann Stiftung Für Die Freiheit မှ တင်ဆက်သော သိလွယ်မြင်လွယ် ဘောဂဗေဒ မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။
• PDF ဖြင့် ဖတ်ချင်သူများအတွက် ဒေါင်ရန်

What is Finance? လူငယ်မှသည် လူချမ်းသာဆီသို့Finance လို့ပြောလိုက်ရင် သင့်စိတ်ကူးထဲ အရင်ဆုံး ရောက်လာတာကဘာပါလဲ။ money 💵💰, r...
28/08/2024

What is Finance?
လူငယ်မှသည် လူချမ်းသာဆီသို့

Finance လို့ပြောလိုက်ရင် သင့်စိတ်ကူးထဲ အရင်ဆုံး ရောက်လာတာကဘာပါလဲ။ money 💵💰, right? ဟုတ်ပါတယ် finance ဆိုတာက money ပတ်သတ်တဲ့အရာတွေ ဥပမာ- ရင်းနှီးမြုပ်နှံမှူတွေ၊ credit တွေ၊ banking တွေ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှူတွေ၊ စုဆောင်းမှူတွေကို ဘယ်လို management လုပ်မလဲ ဆိုတာပါပဲ။

အခုခေတ်မှာ လူတော်တော်များများမှာ ပိုက်ဆံမရှိရင်တောင် credit card 💳 တွေ၊ bank account တွေရှိတတ်ပါတယ်။ အဲ့တာကြောင့် finance ကို time travel machine အနေနဲ့လည်း တင်စားခေါ်ဝေါ်ကြတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သင်ဒီနေ့ရတဲ့၀င်ငွေကို ဒီနေ့စုဆောင်းပြီး နောက်နေ့မှ အသုံးပြုလို့ရသလို နောက်နေ့မှရမယ့်၀င်ငွေကို ဒီနေ့မှာ credit card ကို အသုံးပြုပြီး သုံးစွဲလို့ရပါတယ်။

သင့်‌အနေနဲ့ finance ကို သေချာစနစ်တကျ အသုံးပြုတတ်မယ်ဆိုရင် အနာဂတ်မှာ သင်problems တစ်ခုခုနဲ့ကြုံတွေ့ခဲ့ရင် ဥပမာ- ဖျားနာတာတွေ၊accidentsတွေနဲ့ ကြုံတွေ့တာတွေ၊ အလုပ်အကိုင်မရှိတော့တဲ့ အချိန်တွေရောက်လာရင် finance က သင့်ကို အများကြီးကူညီပြီးကာကွယ်ပေးပါလိမ့်မယ်။

တကယ်လို့ သင့်မှာbusiness ideas💡အသစ်တွေရှိလာခဲ့မယ်ဆိုရင် finance က သင့်စိတ်ကူးတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ရင်းနှီးမြုပ်နှံမှုတွေမှာ ကူညီအားဖြည့်ပေးနိုင်ပါတယ်။ အဲ့တာကြောင့် finance နဲ့ ပတ်သတ်တဲ့ ကဏ္ဍတွေကို ဆက်လေ့လာလိုက်ရအောင်။😊🤜🤛

Finance ကို

Personal Finance
Corporate Finance နဲ့
Public Finance
ဆိုပြီးတော့ categories သုံးခုထပ်ခွဲထားပါတယ်။

အဲ့တော့ ပထမဆုံးအနေနဲ့ personal finance ကို explore လုပ်ကြမယ်။ Personal Finance မှာက အရှင်းဆုံးပြောရမယ်ဆိုရင် အနာဂတ်မှာ သင့်ရဲ့ငွေရေးကြေးရေးဖူလုံမှုအတွက် prepare လုပ်နိုင့်မယ့် process တွေနဲ့ management တွေပါ၀င်တယ်။ ဥပမာ-သင့်ရဲ့ကိုယ်ပိုင်budget တွေဖြစ်တဲ့ လစာတွေ၊ အသုံးစရိတ်တွေ၊ စုဆောင်းမှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေမှာ ဘယ်လိုစနစ်တကျmanage လုပ်မလဲ။ ဘယ်လို့ Smart 🤓 ကျကျအသုံးပြုမယ်ဆိုတာတွေပေါ့။

လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ budget တွေကိုပုံမှန်လေး saving လုပ်သွားဖို့လိုအပ်တယ်။ ကိုယ့်ရဲ့အသက်အရွယ်ကငယ်ရွယ်သေးတယ်.. အခုမှကျောင်းပြီးထတယ်ဆိုပေမယ့်လည်း ရှေရည်အတွက် စဉ်းစားပြီးတော့စုဆောင်းထားသင့်တယ်။ ကိုယ့်ရဲ့၀င်ငွေက အရမ်းနည်းနေသေးတယ်ဆိုရင်တောင် အဲ့နည်းနည်းထဲက အနည်းငယ်လေးကိုဖဲ့ပြီး လစဉ်တိုင်း ဘဏ်မှာ ဖြစ်ဖြစ်စုဆောင်းထားမယ်ဆိုရင် ဘဏ်ကရမည့် interests နှုန်းတွေနဲ့ ကိုယ့်ရဲ့ ၀င်ငွေအနည်းငယ်ကို တိုးပွားအောင်ပြုလုပ်နိုင်တယ်။

နောက်ပြီးကိုယ့်လက်ဝဲမှာ money amount တွေများလာပြီဆိုရင် အဲ့money တွေကို cash အနေနဲ့ပဲ မဟုတ်ပဲ တခြားဘယ်လိုနေရာတွေမှာ ရင်းနှီးမြုပ်နှံထားမလဲဆိုတာတွေ.. ဥပမာ- အိမ်တွေတိုက်တွေ၀ယ်ပြီးငှားရမ်းထားတာတို့… အစရှိတဲ့ဆုံးဖြတ်ချက်‌တွေက personal finance မှာပါ၀င်နေပါတယ်။

Corporate finance ကိုတော့လုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းကို အကုန်အကျ အသက်သာဆုံးနဲ့ အမြတ်နဲ့အရောင်း တိုးပွားနိုင်ဖို့ သူတို့ရန်ပုံငွေ(funding)တွေဘယ်လိုရနိုင်မလဲ၊ လုပ်ငန်းအရင်းအနှီး(capital)တွေကိုဘယ်နေရာမှာဘယ်လောက်အကုန်ကျခံတည်ဆောက်သင့်လဲ။

ဘယ်လုပ်ငန်းတွေမှာထပ်မံရင်းနှီးမြုပ်နှံမှုတွေလုပ်သင့်လဲစသဖြင့်ဆုံးဖြတ်ချက်ချတဲ့နေရာမှာအသုံးချပါတယ်။ ဥပမာ သင်ဟာလုပ်ငန်းချဲ့ထွင်ဖို့ funding လိုအပ်​တဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုပါစို့။ ထိုလိုအပ်နေတဲ့ငွေကို Bond ရောင်းပြီး ရှာသင့်လား၊ သင့်ကုမ္ပဏီရဲ့အစုရှယ်ယာအချို့ကို ရောင်းပြီးရှာသင့်လား။ အဲ့လိုဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အချိန်မှာ corporate finance က အကူအညီပေးနိုင်ပါတယ်😉

Public finance ဆိုတာကတော့ အစိုးရကဝင်ငွေနဲ့ အသုံးစရိတ်ကို ပြည်သူ့အကျိုးစီးပွားအတွက်မည်သို့ စီမံခန့်ခွဲနေသနည်းကို လေ့လာခြင်းဖြစ်ပါတယ်။ အစိုးရရဲ့အဓိကဝင်ငွေရလမ်းကြောင်းကတော့အခွန်ဖြစ်ပါတယ်။ တကယ်လို့အစိုးရက ပြည်သူများရဲ့လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေး အတွက်အသုံးစရိတ်က ဝင်ငွေထက်များသွားခဲ့လျှင် ငွေတိုက်စာချုပ်တွေရောင်းပြီးငွေချေးယူရပါတယ်။ ပြည်သူများရဲ့ဝင်ငွေမမျှတမှု ( income inequalities )မရှိရေးအတွက် ချမ်းသာသောပုဂ္ဂိုလ်များထံမှအခွန်ပိုမိုကောက်ခံခြင်း၊ ဆင်းရဲသားများအား ထောက်ပံကြေးများထုတ်ပေးခြင်းစသော မူဝါဒများရေးဆွဲရပါတယ်။

ခုလို Covid ကာလမှာဆိုရင် တိုင်းပြည်ရဲ့စီးပွားရေးတည်ငြိမ်မှုရှိစေရန် ပြည်သူများကိုထောက်ပံ့ငွေထုတ်ပေးခြင်း၊ အခွန်လျော့ချပေးခြင်း စသည်စီမံချက်တို့သည်လည်း public finance ပင်ဖြစ်ပေသည်။

ဒါကြောင့် personal finance ကသင့်ဘဝအတွက်၊ corporate finance ကသင့်စီးပွားရေးအတွက်၊ public finance ကိုတော့ နိုင်ငံသားတယောကအနေနဲ့ သေချာပေါက်သိထားသင့်ပါတယ်။

& BUSINESS ADVISOR BY ZAW MYO👯

🇰🇷 South Korea Holds Rates at 3.5% for 11th Straight TimeThe Bank of Korea (BoK) maintained its base rate at 3.5% during...
23/05/2024

🇰🇷 South Korea Holds Rates at 3.5% for 11th Straight Time

The Bank of Korea (BoK) maintained its base rate at 3.5% during the May 2024 meeting, as widely expected. This marked the eleventh consecutive meeting of unchanged borrowing costs, reflecting an economy showing resilience with no signs of slowing, while inflation has only gradually begun to ease.
🇰🇷 တောင်ကိုးရီးယားသည် 11 ကြိမ်မြောက်အတိုးနှုန်းတွင် 3.5% ရှိသည်။

ကိုရီးယားဘဏ် (BoK) သည် ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားသည့်အတိုင်း 2024 ခုနှစ် မေလ အစည်းအဝေးတွင် ၎င်း၏ အခြေခံနှုန်းထားကို 3.5% ဖြင့် ထိန်းသိမ်းထားသည်။ ယင်းက မပြောင်းလဲသော ချေးငှားစရိတ်များ၏ ဆယ်ကြိမ်မြောက် အစည်းအဝေးကို အမှတ်အသားပြုကာ နှေးကွေးသည့် အရိပ်အယောင်မရှိသော စီးပွားရေးတွင် ခံနိုင်ရည်ရှိမှုကို ရောင်ပြန်ဟပ်ကာ ငွေကြေးဖောင်းပွမှု တဖြည်းဖြည်း သက်သာလာချိန်တွင်သာ ဖြစ်တယ်။
advisor : Mr ZMN

Magic Moving is a professional indicator for the MetaTrader 5 terminal. Unlike Moving Average, Magic Moving provides bet...
19/04/2024

Magic Moving is a professional indicator for the MetaTrader 5 terminal. Unlike Moving Average, Magic Moving provides better signals and is able to identified prolonged trends. In the indicator, you can set up alerts (alert, email, push), so that you won't miss a single trading signal.

Invest>>>>
https://www.instaforex.com/ms/forexcopy_system

Telegram link>>>>
https://t.me/znm224

The price is now consolidating at all-time highs. The overall trend remains bullish, we see higher lows.Bitcoin halving ...
19/04/2024

The price is now consolidating at all-time highs. The overall trend remains bullish, we see higher lows.

Bitcoin halving is expected in 2 days: this happens once every 4 years, and historically serves as a catalyst for further price growth.

Breaking through the current resistance will be an additional confirmation.

Invest>>>>
https://www.instaforex.com/ms/forexcopy_system

Telegram link>>>>
https://t.me/znm224

10/04/2024

Have you need best account management service. Contact me if you need. Join my telegram channel

https://t.me/znm224

Send a message to learn more

Address

21, Jalan 1c, Selayang Baru, Batu Caves
Kuala Lumpur
68100

Alerts

Be the first to know and let us send you an email when Zmn Trades posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share