SNOW ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း

SNOW ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း မလေး-မြန်မာ - ထိုင်း ငွေလွှဲ
ဝန်ဆောင်မှု

ပိတ်ရက်မှာ ဘ-ဏ် -လွှဲ -တင်ထားသူများ ကျမဆီ cb ကနေ လာပြောပေးကြပါ ကျန်ခဲ့မှာ စိုးလို့ပါ-
20/10/2024

ပိတ်ရက်မှာ ဘ-ဏ် -လွှဲ -တင်ထားသူများ ကျမဆီ cb ကနေ လာပြောပေးကြပါ ကျန်ခဲ့မှာ စိုးလို့ပါ-

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့-----------------ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမွန်သေ...
16/10/2024

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့
-----------------
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ
ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမွန်သော
အချိန်အခါလေးများကို
ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပြီး
လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ် 🙏🙏🙏
--------
#သီတင်းကျွတ်
#သီတင်းကျွတ်မီးထွန်းပွဲတော်

1.10.24 မနက်ပိုင်း————-စျေးထပ်ကျနေပါသည် ထပ်စောင့်လေ ထပ်ကျလေမလို့ လွှဲမယ်ဆိုရင် လွှဲလိုက်ကြပါ အတက်ကို မစောင့်ကြပါနဲ့
01/10/2024

1.10.24 မနက်ပိုင်း
————-
စျေးထပ်ကျနေပါသည်

ထပ်စောင့်လေ ထပ်ကျလေမလို့

လွှဲမယ်ဆိုရင် လွှဲလိုက်ကြပါ

အတက်ကို မစောင့်ကြပါနဲ့

🙏🙏🙏✨ မင်္ဂလာပါ
20/09/2024

🙏🙏🙏✨ မင်္ဂလာပါ

12/09/2024

မင်္ဂလာပါ ...

07/09/2024

#ငွေစုနည်း💸💸 (ပြန်လည်မျှဝေပါတယ်)

လွယ်လွယ်ပြောရရင် ငွေမှာ ပြဿနာနှစ်ခု ရှိပါတယ်။ ရှာဖို့ ခက်တာနဲ့ ထိန်းဖို့ မလွယ်တာ ဖြစ်ပါတယ်။
ငွေစုခြင်းဟာ ကိုယ်ရှာထားတဲ့ ငွေကြေးတွေကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ရည်မှန်းချက်ထားပြီး ငွေစုတတ်တဲ့ Saving Goals သမား အများစုဟာ ကိုယ်မျှော်မှန်းထားတဲ့ ငွေကြေးပမာဏမရောက်ခင်မှာ ငွေစုတဲ့အကျင့် ပျက်သွားတတ်ပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါးမှာ ကိုယ်ရည်ရွယ်ထားတဲ့အတိုင်း ငွေစုဖြစ်စေဖို့ အကြံပြုချက်တစ်ချို့ကို မျှဝေချင်ပါတယ်။
(၁) အသုံးအစွဲ စည်းကမ်းထားပါ
ပိုက်ဆံစုဖြစ်ဖို့ ငွေအသုံးအစွဲမှာ စည်းကမ်းရှိဖို့ လိုပါတယ်။ နေ့စဉ် အသုံးစရိတ်ကို စာရင်းဇယားနဲ့ စည်းကမ်းထားသုံးမယ်ဆိုရင် ငွေအလေအလွင့်နည်းနိုင်ပါတယ်။ PocketGuard ၊ Goodbudget နဲ့ Mint တို့လို ငွေအသုံးစာရင်းအက်ပလီကေးရှင်းတွေ သုံးပြီးလည်း အသုံးစရိတ်ကို Record လုပ်ထားသင့်ပါတယ်။
(၂) အပျော်အပါး ထိန်းချုပ်ပါ
အပြင်ကို ထွက်လည်ချင်တဲ့ စိတ်က သင့်အိတ်ကပ်ကို ဒုက္ခပေးနိုင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး တရုန်းရုန်းနေတတ်တဲ့ သူဆိုရင်လည်း ကိုယ့်ဘာသာ စည်းကမ်းထားသင့်ပါတယ်။ လောင်းကစားလုပ်တာ ၊ အပျော်အပါး မက်တာဟာ သင့်အိတ်ကပ်ထဲက ပိုက်ဆံတွေ ထုတ်ပေးလိုက်ရပြီး ဘဝထဲကို ပြဿနာတွေ ပြန်ထည့်လိုက်တာ ဖြစ်လို့ သတိနဲ့ ရှောင်ကြဉ်သင့်ပါတယ်။
(၃) လွယ်လွယ်နဲ့ ငွေမချေးပါနဲ့
ကိုယ်စုထားတဲ့ ငွေလည်း သူများကို လွယ်လွယ်နဲ့ မချေးပေးသင့်သလို တစ်ခြားသူဆီကလည်း မဖြစ်မနေ အခြေအနေမှ မဟုတ်ရင် ငွေမချေးငှားသင့်ပါဘူး။ အကြွေးဝယ်ကဒ်သုံးပြီး ငွေချေတာ ၊ အလွယ်တကူချေးယူနိုင်တဲ့ Loans တွေ သုံးတာမျိုးလည်း တတ်နိုင်သမျှ မလုပ်ဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။
(၄) ငွေစုတဲ့ အစီအစဉ် အပျက်မခံပါနဲ့
ကိုယ်မှန်းထားသလောက် ငွေစုဆောင်းနိုင်ဖို့ လစဉ်ငွေစုတဲ့ အစီအစဉ်ကို ဘယ်နည်းနဲ့မှ အပျက်မခံဘူးလို့ သံဓိဌာန်ထားပါ။ ငွေစုရာမှာလည်း လတိုင်း ကိုယ့်အသုံးစရိတ်လည်း မထိခိုက်အောင် ၊ ပုံမှန် ရေရှည်လည်း စုဆောင်းဖြစ်အောင် တတ်နိုင်မယ့် ငွေပမာဏဖြစ်ဖို့ စီစဉ်ထားသင့်ပါတယ်။ ပြီးရင်တော့ ရည်မှန်းချက်တစ်ခု ထားပြီး လစဉ်စုငွေကို လကုန်တိုင်း စုဖြစ်အောင် စုဆောင်းသင့်ပါတယ်။
ဒါဆိုရင်တော့ လစဉ်လည်း ငွေစုဆောင်းဖြစ်သလို မလိုအပ်ဘဲနဲ့ အပိုငွေကုန်ကျမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

07/09/2024

ဝင်ငွေကောင်းနေရက်နဲ့ များများ မစုဆောင်းနိုင်ရခြင်းရဲ့
အကြောင်းရင်း (၆) ချက်
==============
(၁) အပင်ပန်းခံရှာပြီး မသုံးပဲနေရမယ်ဆိုတာကြီးက မဟုတ်သေးပါဘူးကွာဟု အတွေးရှိခြင်း

​ဒီလိုတွေးတတ်တဲ့သူတွေ ပြောလေ့ရှိတာက "ငါကတော့ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်တယ်၊ ဘဝဆိုတာ တိုတိုလေး ပျော်ပျော်နေရဖို့ အရေးကြီးတယ်"
အနာဂတ်အတွက် ရှာဖွေစုဆောင်းခြင်း လုပ်ဖို့အတွက် သိပ်စိတ်မဝင်စား။ မဖြစ်မနေလုပ်ရမယ်ဆိုလည်း နောက်မှ လုပ်မည်။ ဒီနေ့တော့ ပျော်မည်။
ဝင်ငွေရဲ့ ၁၀ ပုံ တစ်ပုံကို စုပါတို့
စုပြီးမှ ကျန်တာကို သုံးပါတို့ ဆိုတဲ့ စကားတွေက သူတို့အတွက် မဟုတ်။
=============

(၂) ဘတ်ဂျတ် မသတ်မှတ်ထားခြင်း
တိုင်းတာလို့မရရင် ထိန်းချုပ်လို့ မရနိုင်။

ကိုယ့်အနေနဲ့ တစ်လတာအတွင်း ဘာတွေ သုံးဖို့ရှိပြီး၊ ဘယ်လောက်သုံးစွဲမယ် ဆိုတာမျိုးကို ကြိုတင် တွက်ဆထားခြင်းမရှိဘဲ ပိုက်ဆံအိတ်ထဲ ဖြည့်လိုက် သုံးပြီးလျော့သွားရင် ပြန်ဖြည့်လိုက် ပြုလုပ်တတ်ခြင်း။
(၃) အသုံးစာရင်း မှတ်လေ့မရှိခြင်း
ငွေသုံးစွဲမှုဟာ မှော်ဆန်တယ်လို့ ကျွန်တော်အမြဲ ပြောလေ့ရှိတယ်။
ပိုက်ဆံတွေသာ ပြောင်သွားတယ် ဘာတွေ သုံးလိုက်မိပါလိမ့်လို့ ပြန်စဉ်းစားတော့လည်း အကုန်ပြန်မထွက်ဘူး။
ငွေသုံးစွဲမှုကို အထိန်းအကွပ်တစ်ခု ဖြစ်စေတဲ့ ဘတ်ဂျက်သတ်မှတ်ထားခြင်း မရှိတော့ ဘယ်လောက်ကုန်ကုန် ပြဿနာလို့လည်း သိပ်မမြင်တော့ဘူး။
ဒီတော့ ဘာတွေသုံးမိလိုက်လဲ ဆိုတာလည်း အရေးမကြီးတော့ပြီမို့ အသုံးစာရင်း မှတ်တဲ့အလုပ်ပိုကြီးကိုလည်း လုပ်နေစရာ မလိုတော့ဘူးပေါ့။
=============

(၄) ကျားကြီးခြေရာကြီး

စာရင်းမရှိ အင်းမရှိ နဲ့ ကိုယ့်အိတ်ထဲကပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုတဲ့မူနဲ့ သွားနေမှတော့ ...
ဒီခေတ်ကြီးမယ် အာရုံငါးပါးအရသာ ခံဖို့အတွက် ဆွဲဆောင်နိုင်တဲ့ အရာတွေကလည်း ပေါများတာနဲ့တော့ တည့်တည့်ကြီး တွေ့ကြပြီပေါ့။
ပစ္စည်းတစ်ခု လိုချင်ရင် ပိုက်ဆံဘယ်လောက်ကျန်သေးသလဲဆိုတာနဲ့ လကုန်ဖို့ ဘယ်နှရက်လိုသေးသလဲ ဆိုတာလောက်ကို ချိန်ဆပြီး အဆင်ပြေရင် မှာချလိုက်တာပဲ။
လိုချင်နေတာလား၊ လိုအပ်နေတာလား ဆိုတာလည်း သိပ်မစဉ်းစားတော့ဘူး။
ကိုယ်လိုချင်တာတွေကို မဆင်မခြင် လိုက်ပြီးဝယ်နေမယ်ဆို တစ်ချိန်မှာ ကိုယ်လိုအပ်တဲ့အရာတွေကို ထုတ်ပြီး ရောင်းရတဲ့ ဘဝ ဆိုက်လိမ့်မယ်ဆိုတဲ့ စကားတွေဟာလည်း သူနဲ့ လားလားမှ မဆိုင်။
=============

(၅) နောက်ဆုံးပေါ်ရောဂါ

ဖုန်းအသစ်ထွက်ရင် လဲချင်တယ်။ ဆိုင်အသစ်လေးကောင်းတယ်ဆို ရောက်ပြီးပြီ။
နောက်ဆုံးပေါ် မဟုတ်တောင် တံဆိပ်ကလေးက ဆရာကျနေမှ။
=============

(၆) လက်မရွံ့ အကြွေးယူသမား

လကလည်း ကုန်တော့မယ် ဒါလေးကလည်း ဒီတစ်ရက်ပဲ ဈေးချတာ။ ကိစ္စမရှိပါဘူးလေ လကုန်တာနဲ့ ပြန်ပေးလို့ ရတာပဲ တစ်ယောက်ယောက်ဆီက ခဏ ဆွဲလိုက်တာပေါ့။
ဒီလိုနဲ့ နောက်လရဲ့ ဝင်ငွေကို ကြိုသုံးတတ်လာတယ်။
ပိုက်ဆံချေးထားပြီး သေချာ မမှတ်ထားတာတွေ။
Credit ကဒ်တွေကို ဟန်ပါပါ သုံးထားခဲ့တာတွေ။
ပြီးတော့ ဒီအကြွေးတွေကို ဦးစားပေးပြီး အကျေဆပ်နိုင်ဖို့ မကြိုးစားပဲ သုံးမြဲဆက်သုံးနေတော့ အတိုးတွေပါ လိုက်ပြီး ကြီးထွားလာတယ်။
ဒီလိုနဲ့ လုံးလည်လိုက်ရာကနေ ဟုတ်တိပတ်တိ စုဆောင်းဖြစ်တဲ့ဆီ မရောက်လာတော့ဘူး။
=============
မိတ်ဆွေဟာ ဒီ (၆) ချက်စလုံးနဲ့ မငြိဘဲ ဒီအချက်တွေ အားလုံးနဲ့ ဆန့်ကျင်ဘက် ပြုမှုဆောင်ရွက်ဖြစ်နေတယ် ဆိုရင်တော့ ဒါဟာ အရမ်းကောင်းတဲ့ လက္ခဏာပဲလို့ ယူဆနိုင်ပါတယ်။

(၆) ချက်မှာ တစ်ချက်ဖြစ်စေ တစ်ချက်ထက်ပို၍ဖြစ်စေ မိမိနှင့် တိုက်ဆိုင်မှု ရှိနေပါက အချိန်မှီ ပြုပြင်နိုင်ကြပါစေ 🙏🙏🙏
#များများရှာမယ်
#လျော့ပြီးသုံးမယ်
#ပိုလှူမယ်
---------
ကိုဆွိ
24.11.2021
======
ွေလွှဲဝန်ဆောင်မှု

Welcome Our Newest Followers!SNOW ❄️ Page ကို Follows ပေးလို့ ကျေးဇူးပါ ✨🍀Lotus Tun, Valentine May, Pwint Phyu, Soung Ch...
07/09/2024

Welcome Our Newest Followers!
SNOW ❄️ Page ကို Follows ပေးလို့ ကျေးဇူးပါ ✨🍀

Lotus Tun, Valentine May, Pwint Phyu, Soung Cherry, Susu Khaing, Thwinko Ko, Soenaing Lin, Thinnlatt Wai, ညဏ်ကျွန်းသားလေးမျိုးဇော်ဦး, Chan Nyein Thu, Chocho Sat, Nge Nge Snow Queen, Chan Mya Mya Moe

ငွေစျေးလေးတွေ တင်ပေး မယ် ဒီPage ကနေ
01/09/2024

ငွေစျေးလေးတွေ တင်ပေး မယ်

ဒီPage ကနေ

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when SNOW ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share