Thazin Group

Thazin Group Thazin Group has focus on impact investment within 3 areas: Responsible mining, Renewable energy and Sustainable seafood production.

25/07/2022

စစ်ကောင်စီ တရားဝင်လူသတ်မှုကျူးလွန်နေဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့် ဥပဒေနှင့်အညီထောက်ပြ
----------------------------
ဇူလိုင် ၂၅၊ ၂၀၂၂

မိသားစုကိုနောက်ဆုံးလို့ပြောပြီးတွေ့ခွင့်မပေးဘဲ ဗီဒီယိုနဲ့တွေ့ခွင့်ပေးတာဟာ ထောင်ဥပဒေလုပ်ထုံးလုပ် နည်းနဲ့မညီတာကြောင့် စစ်ကောင်စီဟာလူသတ်မှုကျူးလွန်တာဖြစ်တယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောကြားလိုက်ပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့(၄)ဦး ကွပ်မျက်ခံရမှုနဲ့ပက်သက်ပြီး ပြောဆိုလိုက်တာပါ။

“ဥပဒေနဲ့မညီတဲ့လူသတ်မှု။ ဒီမိုကရေစီရေးဆောင်ရွက်နေကြသူလေးဦးကိုကြိူးပေးသတ်လိုက်တာဟာ ဘာ ဖြစ်လို့ဥပဒေနဲ့မညီရတာလဲ။ (၁)သေဒဏ်ထိုက်တဲ့အမှုမျိူးဆိုရင်ရှေ့နေပါရပါမယ်၊ စွပ်စွဲခံရသူက မငှားနိုင် ရင်အစိုးရကငှားပေးရပါမယ်။ ရှေ့နေမပါဘဲအမိန့်ချရင်ဥပဒေအရအမှုပျက်ပါတယ်။ အယူခံကိုစစ်ဗိုလ်ကာ ချုပ်က ပါယ်ခွင့်မရှိပါ။ အရပ်သားတွေဖြစ်နေလို့ပါ သမ္မတကသာသေဒဏ်ကိုအတည်ပြုနိုင်ပါတယ်။ သေဒဏ်အယူခံကိုပါယ်နိူင်ပါတယ်၊အခုသမ္မတဦးမြင့်ဆွေက သမ္မတအတုပါ။ စစ်တပ်ကသမ္မတအစစ်ဦးဝင်းမြင့်ကိုဖမ်းချုပ်ပြီးဒုသမ္မတမြင့်ဆွေကိုတင်မြှောက်ပြီး မြင့်ဆွေကကာချုပ် မအလကိုစစ်အုပ်ချုပ်ရေးအာဏာ အပ်ခဲ့တာမို့၂၀၀၈ခြေဥနဲ့မညီလို့ သမ္မတမြင့်ဆွေနဲ့ ကာချုပ်မအလမှာ သေဒဏ်အတည်ပြုခွင့် အာဏာမရှိကြပါ။ သေဒဏ်အတည်ပြုခွင့်မရှိသူများအတည်ပြုခြင်းသည်လူသတ်မှုကျူးလွန်ရာရောက်ပါတယ်”လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သူ့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ဖော်ရေးသားထားပါတယ်။

ဒါ့အပြင်“ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂(၁)အရ ကြိုတင်ကြံစည်လူသတ်မှုပြုလုပ်ရာရောက်ပါတယ်။ ပြစ်မှု ထင်ရှားရင်သေဒဏ်ချမှတ်ရပါမယ်၊ မသေမချင်းလယ်ပင်းကြိုးကွင်းစွပ်ကြိုးပေးသတ်ရမယ့်အမှုမျိူးပါ။ အကျဉ်းထောင်ဥပဒေအရ သေဒဏ်ပေးတော့မယ်ဆိုရင်မိသားစုကို နောက်ဆုံးလို့ပြောပြီးတွေ့ခွင့်ပေးရပါ မယ်။ လူကိုယ်တိုင်တွေ့ခွင့်ပေးရပါမယ်။ ဗီဒီယိုနဲ့တွေ့ခွင့်ပေးတာဥပဒေနဲ့မညီပါ။ ဥပဒေလည်းပြင်မထား သေးပါ။ နောက်ဆုံးလို့မပြောဘဲ သာ မန်ထောင်ဝင်စာပုံပေးတွေ့စေပြီး ရုတ်တရက်သတ်လိုက်ခြင်းသည် ထောင်ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မညီပါ။ လိမ်လည်ခြင်းဖြစ်ပါတယ်။
နောက်ဆုံးအရေးအကြီးဆုံး ထောင်ဥပဒေချိုးဖေါက်တာက ဆရာဝန်မှတ်ချက်ပါ။ ကြိုးပေးသတ်ရန်ကျန်း မာရေးမကောင်းသေးပါဆိုက မသတ်ဘဲရက်ရွှေ့ထားရပါတယ်။ ဒါလည်းသေချာမသိရပါ။ ကြိုးပေးချိန်မှာ သေဒဏ်ပေးခဲ့တဲ့ စစ်ခုံရုံးစစ်ဗိုလ်တွေရယ် ၊ ထောင်ပိုင်ကြီးရယ် ၊ဆေးစစ်ထားတဲဆရာဝန်ရယ် အနားမှာရှိ ပေးနေရပါတယ်။ ဆရာဝန်ရှိမရှိလည်းမသိရပါ ။ ဥပဒေမစိုးမိုးတဲ့နိုင်ငံမှာ ဥပဒေအရတာဝန်မရှိတဲ့သူတွေက သတ်လိုက်တဲ့လူသတ်မှုကြီးကို စကစအကြမ်းဖက်သမားတွေက ကျူးလွန်လိုက်တဲ့လူသတ်မှုလို့ သတ်မှတ် နိုင်ကြောင်းပါဗျာ”လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သူတို့လေးဦးကွပ်မျက်ခံရတာနဲ့ပက်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း “ဒီပုဂ္ဂိုလ်(၄)ဦးသေဒဏ်ပေးကွပ်မျက်လိုက်တဲ့ကိစ္စဟာ တိုင်းပြည်မှာရေးရေးလေးပဲကျန်တော့တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်စေမလား၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်တွေကို အပြီး တိုင်နင်းခြေပလိုက်တဲ့ လုပ်ရပ်ပဲ။ ဒီလုပ်ရပ်ကြောင့် လူထု‌တော်လှန်ရေးက ရပ်တန့်သွားဖို့မရှိဘူး။ ပိုပြီးတော့ ကြီးမားကျယ်ပြန့်ခိုင်မာလာဖို့ပဲရှိတယ်”လို့ သူ့အမြင်ကိုပြောပါတယ်။

အလားတူပဲ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကလည်း “ဒီဟာက အကုန်လုံးကိုစိန်ခေါ်လိုက်တာပဲ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံ။ နောက်တချက်က အိုင်စီ‌ဂျေမှာသူတို့အနေအထား တခုဖြစ်နေတဲ့အတွက် လုပ်ပြလိုက်တာ။ အကြောက်တရားဖြစ်‌အောင်ပြလိုက်တဲ့သဘောပဲ။ ပြောရရင်တော် လှန်ရေးအင်အားစုအကုန်လုံးကို စိန်ခေါ်လိုက်တဲ့သဘောပဲ။ အဲ့ဒီတော့ ကိုယ့်ဘက်ကလူတွေညီညွတ်ဖို့ ပိုပြီးကျစ်လစ်ဖို့ပဲလိုတော့တယ်” လို့ BVJကိုပြောပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့(၄)ဦး ကွပ်မျက်ခံရမှုနဲ့ပက်သက်ပြီး မိသားစုဝင်တွေဟာ သက်သေတစ်စုံတစ်ရာရရှိခြင်းမရှိဘဲ လက်မခံနိုင်ကြောင်းနဲ့ လက်ရှိမှာရုပ်အလောင်းရရှိရေးနဲ့ အသေး စိတ်အခြေအနေတွေကို သိရှိရဖို့အတွက် လိုက်လံဆောင်ရွက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

Thazin Group is now a signatory of UN Pri
17/06/2021

Thazin Group is now a signatory of UN Pri

Happy New Year 2021 from Thazin Group !!
01/01/2021

Happy New Year 2021 from Thazin Group !!

12/07/2020
13/12/2018

We hope your holiday is spent with those you love

06/10/2018

THAZIN Group of companies have focus on impact investment within 3 main areas:
- Responsible Mining
- Renewable Energy
- Sustainable Seafood Production

Our excavator arrived to Kenema, Sierra Leone a few months ago
03/10/2018

Our excavator arrived to Kenema, Sierra Leone a few months ago

Small scale diamond exploration
02/10/2018

Small scale diamond exploration

Village by Hangha, Sierra Leone build and donated by some Norwegians after the brutal civil war.
02/10/2018

Village by Hangha, Sierra Leone build and donated by some Norwegians after the brutal civil war.

Address

Port Louis

Alerts

Be the first to know and let us send you an email when Thazin Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share