Decode

Decode Electronic Service Center & Spare Parts Electronic Service Center

16/12/2021

သိသင့်သိထိုက်တဲ့ Inverter အကြောင်း
-----------------------------------------------------------
အခုနောက်ပိုင်း Solar နဲ့ Batteryအသုံးများလာတာကြောင့် ဝယ်ယူသူတို့ Inverter တစ်လုံးရွေးချယ်ဝယ်ယူတဲ့အခါ သိသင့်သိထိုက်တဲ့ Inverterအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

✅Inverter ဆိုတာဘာလဲ❓
Inverter ဆိုတာ အပြည့်အစုံပြောရမယ်ဆိုရင် DCက‌နေ ACပြောင်းပေးတဲ့ ပစ္စည်းတစ်ခုပါ ။မီးပျက်ရင် battery နဲ့ချိတ်ပီး လျှပ်စစ်ပစ္စည်းတွေကိုအသုံးနိုင်တယ်၊ Solar ကနေလာတဲ့ DC ကို အိမ်သုံးလျှပ်စစ်ပစ္စည်းတွေသုံးနိုင်တဲ့ ACကို ပြောင်းပေးတဲ့ ပစ္စည်းတစ်ခုပါ။

✅Inveter တွေကို အခြေခံအားဖြင့် အမျိုးအစား (၃) မျိုး ခွဲလို့ရပါတယ် ။

1.Square Wave Inverter
2.Modified Sine Wave Inverter
3.Pure Sine Wave Inverter

⚡ 1.Square Wave Inverer

Square Wave Inverter ကတော့ အရိုးရှင်းဆုံးစနစ်တွေနဲ့ဖွဲ့စည်းထားတဲ့ Inverter တစ်ခုဖြစ်ပါတယ် ။ Out put အနေနဲ့ AC waveform ပုံစံဖြစ်တဲ့ Sine wave နဲ့ပုံစံတူတဲ့ Square wave ပဲဖြစ်ပါတယ် ။ ကုန်ကျစရိတ်သက်သက်သာသာနဲ့အလွယ်တကူတည်ဆောက်နိုင်တဲ့ Inverter တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ အချို့ Electronic ပစ္စည်းတွေအတွက်အသုံးပြုဖို့အဆင်ပြေမှာမဟုတ်ပါဘူး။ Lighting နဲ့ Heat စနစ်တွေအတွက်ပဲ အသုံးပြုလို့သင့်တော်မှာဖြစ်ပါတယ်။
🚨(အသုံးပြုတဲ့အချိန် အသံဆူညံ)

⚡2. Modified Sine Wave Inverter

ဒီ Inverter အမျိုးအစားကတော့ Pure Sine Wave Inverter လောက်အသုံးပြုလို့မကောင်းပေမဲ့ အသုံးပြုလို့သင့်တော်ပီး စျေးနှုန်းလဲအသင့်အတင့်မှာရှိပါတယ် ။ Electronic ပစ္စည်းအတော်များများမှာ အသုံးပြုလို့သင့်တော်ပီး Out put အနေနဲ့ကတော့ Sine Wave စစ်စစ်မဟုတ်ပဲ Waveform တစ်ခုလုံးကိုလှေကားထစ်ပုံစံလေးတွေဖြစ်ပါတယ်။
🚨(အသုံးပြုတဲ့အချိန် အသံဆူညံ)

⚡3. Pure Sine Wave Inverter

Pure Sine Wave Inverter ကတော့ AC Waveform စစ်စစ်ပဲဖြစ်ပါတယ် ။ တည်ဆောက်ရာမှာ ရှေ့က (၂ )မျိုးထက်ပိုရှုပ်ထွေးတာကြောင့် စျေးနှုန်းအားဖြင့်လဲပိုကြီးမှာပါ ။ဒါပေမဲ့ Electronic ပစ္စည်းအားလုံးအတွက် ဘာဆိုးကျိုးမှမရှိပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
🚨✅(အသုံးပြုတဲ့အချိန် တည်ငြိမ်)

ဒါတွေကတော့ Inverter နဲ့ပတ်သက်တဲ့အခြေခံသဘောတရားလေးတွေဖြစ်ပါတယ်။

🔴အချုပ်အားဖြင့်ပြောရမယ်ဆိုရင် မိမိရဲ့ တန်ဖိုးကြီးတဲ့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုနည်းအောင် Pure Sine Wave Inverterကိုဘဲ ရွေးချယ် ဝယ်ယူသင့်ပါတယ်။
မီးထွန်းရုံလောက်ဘဲ အားသွင်းရုံလောက်ဘဲဆိုရင် Modified Sine Wave Inverterသုံးလို့ရပါတယ်။

L Gadget Storeမှာ လက်ရှိရနိုင်တဲ့ Pure Sine Wave Inverter
https://www.facebook.com/100576671854545/posts/390702092842000/?sfnsn=mo

16/12/2021
05/12/2021

သူတို့ ဆီက စွမ်းအင် နည်းပညာများ အပိုင်း ၈

အခု ဒီအပို်င်းမှာတော့ Battery backup System တွေ အတွက်လိုအပ်တဲ့ Solar Batteries အကြောင်းကို ဆက်လက်ဖော်ပြသွားပါ့မယ်။

ကျမ်းပြုစုလို့ရတဲ့အထိ ဘက်ထရီအမျိုးအစားပေါင်း အများကြီးရှိပေမဲ့ အဓိက အားဖြင့် Lead Acid Batteries တွေကို ဆိုလာစံနစ်တွေနဲ့ အဓိက တွဲသုံးကြပါတယ်။ ဘယ်လို Battery အမျိုး အစားမဆို သုံးလို့ မရဘူးလားဆို၇င် ရတယ်လို့ အကြမ်းဖျင်းဆိုရမှာပါ...ဒါပေမဲ့ Lead Acid batteries ရဲ့ အားသာချက်က Deep Cycle = Charge / Discharge အကြိမ်ပေါင်းများစွာ (a thousand times) ပြုလုပ်နိုင်ပါတယ်။

Lead Acid battery တွေကို ကြည့်ရင် ခဲပြားတွေ (Lead Plates) နဲ့ Sulfuric Acid, Distilled Water လို့ ခေါ်တဲ့ မိုးရေ အဓိက ပါဝင်ပါတယ်။ ခဲပြားတွေ (Lead cells) တွေကို Series ချိတ်ဆက်ထားပါတယ်။ Lead cell တစ်ခုဟာ DC 2 Volts ရှိပါတယ်။ လိုအပ်တဲ့ ဘက်ထရီ ဗို့အားပေါ်မူတည်ပြီး အခန်းပေါင်း အများကြီး ပါဝင်ပါတယ်။

တည်ဆောက်ပုံအရ Solar သုံး Lead Acid Batteries ၂မျိုးရှိပါတယ်။

Flooded Lead Acid Batteries- Flooded လို့ ဘာလို့ ခေါ်လဲဆိုရင် အထဲက Sulfuric acid, Distilled water တွေနဲ့ ဖြည့်ထားတဲ့အတွက်ပါ...သူတို့က Battery Charge/Discharge လုပ်တဲ့အခါ အထဲက Distilled Water က ပုံမှန် ဘက်ထရီတွေလို အငွေ့ပျံပြီး အပေါ်က Vent Cap အဖုံး ကနေ ထွက်သွားပါတယ်။
Sealed Lead Acid Batteries - Flooded Acid တွေလို Electrolyte အနေနဲ့ Sulfuric Acid, Distilled water ဖြည့်ထားပါတယ်။ ဒါပေမဲ့သူ့ ရဲ့ အားသာချက်က Flooded အမျိုးအစားတွေလို အငွေ့ မပျံနိုင်အောင် အလုံပိတ်ထားတဲ့အတွက် Distilled water ထပ်ဖြည့်စရာ မလိုပါဘူး။ AGM( Absorbed Glass Mat) နဲ့ Gel Cell Batteries တွေက ဒီအမျိုးအစားထဲမှာပါပါတယ်။

Battery Bank Size ကို ဘယ်လိုတွက်မလဲ

Battery တွေကို Amp hour နဲ့ Volt အားဖြင့် ဖော်ပြပါတယ်။ Battery ပမာဏဟာ သုံးစွဲမဲ့ Load ပမာဏပေါ်မူတည်ပြီး တွက်ချက်ရပါတယ်။

ဥပမာ။ ။ သင့်အိမ်မှာ အများဆုံး တစ်နေ့ 4KWH (Energy Consumption) သုံးတယ်ဆိုပါစို့..။ တကယ်လို့ ၅ ရက် ဆက်တိုက် အားမသွင်းပဲဆက်တိုက်သုံးမယ်ဆိုရင် လိုအပ်တဲ့ပမာဏက (5 days x4KWH=20KWH). စောစောက ပြောခဲ့သလို Battery တွေမှာ မသုံးပဲထားရင် Discharge လုပ်တဲ့အချိန်ရှိပါတယ်။ Discharge လုပ်တာကို ထည့်တွက်မယ်ဆိုရင် ၅၀% Discharge ဆိုရင် 20x2=40KWH သုံးတယ်လို့ ဆိုရမှာပါ။ ဒါဟာ Battery Storage Capacity ဖြစ်ပါတယ်။ Battery တွေကို Amp-hour (AH) နဲ့ ပဲဖော်ပြကြပါတယ်။ WH ကနေ AH ပြောင်းချင်ရင် ကိုယ်သုံးမဲ့ System Voltage နဲ့ ပြန်စားရပါမယ်။ ဘာလို့ လဲဆိုတော့ (Watt-Hours=Voltx Amp-hours) ဖြစ်နေလို့ ပါ။ System Voltage က 24 V ဆိုရင် လိုအပ်တဲ့ Battery capacity က 40,000/ 24=1,666 amp-hours ဖြစ်ပါတယ်။ သေချာတယ် ဈေးကွက်မှာ ဒီလို Amp-hours များတဲ့ Battery ၀ယ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အလွယ်ရနိုင်တဲ့ Battery နဲ့ အစားထိုးရပါတယ်။ နမူနာပြောရရင် 420 AH, 6V battery ကို သုံးမယ်ဆိုပါစို့ ။ သူ့ ရဲ့ Capcity က 420x6=2,520 WH or 2.5 KWH ပါ။ 24 Volt System ဖြစ်တဲ့အတွက် 6V battery ၄ ခုကို series ချိတ်ပါတယ်။ ( ဘက်ထရီ တလုံးရဲ့ Negative နဲ့  တခြား ဘက်ထရီရဲ့ အဖိုငုတ်ကို ချိတ်ပါတယ်) ဒါဆိုရင် 4x2.5KWH=10.08kWH ရပါတယ်။ အဲလို series ချိတ်ထားတဲ့ Battery အုပ်စုကို String လို့ ခေါ်ပါတယ်။ လိုအပ်တာက 40kWH ဖြစ်တဲ့အတွက် 4 String လိုအပ်ပါတယ်။ 1 String က 420AH, 24V ရှိပါတယ်။ 4 String ကို Parallel အပြိုင် ချိတ်မယ်ဆိုရင် (String Positive to another string Positive & Negative to Negative) 1600 AH, 24 V ရလာမှာပါ။ မှတ်ချက် ၊ ၊ Series ချိတ်ရင် Amp တူ Voltage စုစုပေါင်း ၊ Parallel ချိတ်ရင် Volt တူ Amp စုစုပေါင်း) အခုဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ 1,666 AH ပမာဏကို ရလာပါပြီ။

Understanding of Battery Charging Stages

Battery ဘယ်လို ရွေးမလဲ တွက်မလဲသိသွားပြီဆိုတော့ Batteryတွေ ရဲ့ Charging အဆင့် တွေကို နားလည်ဖို့ လိုပါတယ်။ ဒါမှ နောက်အပိုင်းမှာ တင်ပြမဲ့ Solar Charge Controllers တွေအကြောင်း နားလည်နိုင်မှာပါ။ ပြီးတော့ Battery တွေကို ပိုပြီးကြာကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သီအိုရီပြောရင် အရမ်းရှုပ်ထွေးပါတယ်။ ဒါကြောင့် အလွယ်မှတ်လို့ရအောင် ပြောပါ့မယ်။ အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ပါ။ ပထမဆုံး Bulk Stage ပါ။ အားသွင်းမဲ့ Battery မှာ စစချင်း Voltage, Current နည်းနေပါတယ်။ ဒါကြောင့် Charging Current ကို အမြင့်ဆုံးရအောင် တင်ပေးပါတယ် ။ Voltage က တဖြည်းဖြည်းနဲ့ လိုအပ်တဲ့ ပမာဏကို ရောက်ရှိလာပါတယ်။ ဘယ်အထိလဲဆိုတော့ သတ်မှတ်တဲ့ ဗို့ အားမရောက်ခင် ၈၀ မှ ၉ ၀ ရာခိုင်နှုန်းအထိပါ။(Voltage Regulation Set Point လို့ ခေါ်ပါတယ်) ၉ ၀ ရာခိုင်နှုန်းရောက်ပြီဆိုရင် Absorption Stage ပါ။ ဒီအချိန်မှာ voltage က ရောက်နေတဲ့ Volt အတိုင်းနဲ့ Current ကို လျှော့ချပါတယ်။ လုံလောက်တဲ့ ပမာဏနဲ့ အားဆက်သွင်းပါတယ်။ Slow Charge လို့ လူသိများပါတယ်။ ကြာချိန်က ဘက်ထရီအမျိုးအစားပေါ်မူတည်ပြီး ၂ နာရီလောက်ကြာပါတယ်။ ဒါဆိုရင် Battery အားပြည့်ပါပြီ။ ပြီး၇င်တော့ Float Stage ရောက်ပါတယ်။ ဒီအချိန်မှာ Charging Voltage Current ကို ထပ်လျှော့ချပါတယ်။ ဘာလို့ လဲ ဆိုတော့ Battery တွေ Self Discharge လုပ်မှာကို ကာကွယ်ဖို့ ပါ။ ဘယ်လောက် Ampere လဲဆိုရင်တော့ Battery ရဲ့ Self Discharge rate ပေါ်မူတည်တယ်လို့ ဆိုရမှာပါ။ Equalization Stage ကတော့ နောက်ထပ် Battery Charging Stage လို့ ဆိုရမှာပါ။ ( ပုံမှာမပါ ) တကယ်တော့ Series Parallel ဘက်ထရီတွေအားလုံးရဲ့ Voltage အားလုံးကို ညီအောင် ညှိပေးတာပါ။ စောစောက Apsorption Stage ကို နာရီ အနည်းငယ်ထပ်ပြီး အားသွင်းပေးတာမျိုး ပြုလုပ်တာပါ။

အခုဆိုရင် Solar Battery တွေ အကြောင်း နဲ့ အားသွင်းပုံ အဆင့် တွေ ကို နားလည်ကြပြီလို့  ယူဆပါတယ်။ နောက်အပိုင်းမှာတော့ Solar Charge Controller တွေ အကြောင်းဆက်လက်တင်ပြပေးပါ့မယ်...

အားလုံးပဲ နည်းပညာ ဗဟုသုတများ တိုးပွားကြပါစေ။
30/06/2016 8:00 AM
ဇေယျာ (MPE (Power))

Tcl 42 double image error hc1,etc...  cut
27/06/2021

Tcl 42 double image error hc1,etc... cut

Dell monitor lcd (Auto power off )
27/06/2021

Dell monitor lcd (Auto power off )

LG LED 32 panel cof short & Backlight error
27/06/2021

LG LED 32 panel cof short & Backlight error

Address

No. 21, Pin Lon Street, Yan Gyi Aung Quarter, Ye Township, Mon Stqte
Ye
12101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

959968086585

Website

Alerts

Be the first to know and let us send you an email when Decode posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Decode:

Share