31/03/2025
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ၊ ရစ်ချက်စတာ စကေး ၇.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် 𝐑𝐄𝐌𝐀𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ အထူးဝမ်းနည်းကြေကွဲရပါသည်။
ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ဖုန်းအားသွင်းကြိုး၊ ဖုန်းအားသွင်းခေါင်း၊ Power Bank ၊ မီးသီး၊ မီးလုံး၊ LED ဓါတ်မီး အစရှိသည့် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ (ပစ္စည်း အရေအတွက် ၄သောင်းကျော်ခန့် ) အား မန္တလေး စစ်ကိုင်းနှင့် အခြားသောဒေသများသို့ 𝐑𝐄𝐌𝐀𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ တာဝန်ရှိသူများမှ ကိုယ်တိုင်ကိုယ်ကျ စတင်ပို့ဆောင်ပံ့ပိုးကူညီဆောင်ရွက်သွားပါမည်။
ငလျင်ဘေးသင့် ပြည်သူများအားလုံးလည်း ဒုက္ခဆင်းရဲမှ အမြန်ဆုံး လွတ်မြောက်ပြီး နလန်ထူပါစေကြောင်း 𝐑𝐄𝐌𝐀𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဆုတောင်းလျက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်…
𝐑𝐄𝐌𝐀𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ အောက်ပါဆိုင်ခွဲများတွင်လည်း Phone, Power Bank , မီးသီး , မီးလုံး, Mini Fan များအား 24 Hrs အားသွင်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပါသည်။
မန္တလေးမြို့
📌 REMAX Showroom 77st
📌 REMAX Showroom 78st
📌 REMAX Showroom 62st
ရန်ကုန်မြို့
📌 REMAX Showroom ( ရန်ကင်း )
📌 REMAX Showroom ( စံပြ )
📌 REMAX Showroom (မြောက်ဒဂုံ )
📌 REMAX Flagship Store ( လှည်းတန်း )
📌 REMAX Showroom ( ဆိပ်ကမ်းသာ )
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါသော ပရဟိတနှင့် လူမှု့ကယ်ဆယ်ရေးအသင်းများအနေဖြင့် ဖုန်းနံပါတ် ( 𝟎𝟗 𝟕𝟓𝟎𝟎 𝟔𝟏𝟔 𝟖𝟏, 𝟎𝟗 𝟒𝟒𝟒𝟒 𝟗𝟖 𝟐𝟐𝟎 ) သို့ ဖုန်းဆက်ပြီးဖြစ်စေ... ဖုန်းလိုင်းများအဆင်မပြေခဲ့ပါက 𝐕𝐢𝐛𝐞𝐫 မှဖြစ်စေ၊ အောက်ပါ Email လိပ်စာသို့ ဖြစ်စေ 📧 [email protected] တွင် ဦးစွာစာရင်းပေးသွင်းပြီး သက်သေခံ အထောက်ထား တစ်ခုခုဖြင့် (၆၂) လမ်း ၊ (၁၀၉ နှင့် ၁၁၀) လမ်းကြားရှိ Remax Showroom တွင် လိုအပ်သော Powerbank Set များကို အရေအတွက်အကန့်အသတ် ဖြင့် လာရောက်ထုတ်ယူနိုင်ပါသည်။
Power bank, Charger, Phone Cable, Bluetooth Speaker, Earphone, Headphone, Phone accessories