22/09/2026
“သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစ ပြင်ဆင်စို့”
Prudential Myanmar နှင့် Yoma Bank တို့မှ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့်အတူ ပူးပေါင်းကျင်းပခဲ့သည့် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစ ပြင်ဆင်စို့” အစီအစဉ်တွင် MC Easy Microfinance Co., Ltd. မှ Supporting Partner အဖြစ် ပါဝင်ခဲ့ပါသည်။ 🤝
လုပ်ငန်းတစ်ခု အောင်မြင်တိုးတက်ရန် ကြိုးပမ်းနေချိန်တွင် မျှော်လင့်မထားသည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းသည်လည်း လုပ်ငန်းရေရှည်တည်တံ့ရေးအတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
အဆိုပါပွဲတွင် SME လုပ်ငန်းရှင်များအတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် ရေရှည်လုပ်ငန်းတည်တံ့နိုင်ရေးအတွက် လိုအပ်သည့် အသိပညာနှင့် အတွေ့အကြုံကောင်းများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် MC Easy Microfinance Co., Ltd. မှလည်း တက်ရောက်လာကြသည့် ဧည့်သည်တော်များအတွက် Special Gift Set 🎁 များ ပြင်ဆင်ပေးခဲ့သည့်အပြင် စိတ်လှုပ်ရှားဖွယ် Lucky Draw 🎉 အစီအစဉ်များဖြင့်လည်း ပါဝင်ခဲ့ပါသည်။
ယခုကဲ့သို့ SME လုပ်ငန်းရှင်များအတွက် အသိပညာများ၊ အခွင့်အလမ်းများနှင့် စီးပွားရေးမိတ်ဖက်ကောင်းများ ရရှိနိုင်မည့် အစီအစဉ်ကောင်းတစ်ခုတွင် ပါဝင်ခွင့်ရခဲ့ခြင်းအတွက် MC Easy Microfinance Co., Ltd. မှ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
MC Easy Microfinance Co., Ltd. proudly participated as a Supporting Partner in the "Empowering Your Business, Starting Today" program, organized by Prudential Myanamar, Yoma Bank, and the Myanmar Business Executives Association (MBE).🤝
As businesses strive for growth, preparing for unexpected challenges is essential for long-term sustainability. During the event, valuable insights and practical experiences were shared on SME business growth, financial preparedness, and sustainable business strategies.
As part of our commitment to supporting the SME community, MC Easy Microfinance Co., Ltd. engaged with attendees by providing exclusive gift sets and organizing an interactive lucky draw session. 🎁🎉
We are honored to be a part of this meaningful event, which provided valuable knowledge, networking opportunities, and strategic partnerships for SME entrepreneurs. 💙