ဘဏ်ချေးငွေအကြံပေး

ဘဏ်ချေးငွေအကြံပေး ပြည်တွင်းဘဏ်ချေးငွေများအတွက် ဆက်သွ

20/06/2024

Foreign worker တှအေတှကျ.. 💸🏦

09/07/2023

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် Bankချိတ်(Home loan )

1. Bankချိတ်(Home loan)ဆိုတာ ဘာလဲ?

Bank ချိတ်ဆိုတာက မိမိမွာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ္ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင်BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရံအမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~~~~
2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~~~~
3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ္ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်

03/07/2023
02/07/2023

??ဘဏ်ချိတ်??
ဒီနေ့ပြောပေးမယ့်အကြောင်းက
ဘဏ်ချိတ်ဆိုတာဘာလဲ..???
ဘဏ်ချိတ်နဲ့ဝယ်သင့်ရဲ့လား.. ???
ဘဏ်အတိုးဆိုတာတန်ရဲ့လား...???

စတာတွေပြောပေးမှာမို့ စာကအနည်းငယ်တော့ရှည်ပါမယ်ခင်ဗျာ။

အရင်ဆုံးဘဏ်ချိတ်ဆိုတာဘာလဲ..???
Bank နဲ့ချိတ်ဝယ်ချင်တဲ့လူက
➡ သတ်မှတ်ဝင်​​ငွေ
➡ အလုပ်မှထောက်ခံစာ
➡ ရပ်ကွက်ထောက်ခံစာ
➡ ၆လစာ လစာ Payslip or Bank Statement
➡ သန်းခေါင်စာရင်းမူရင်း၊မိတ္ထူ
➡ မှတ်ပုံတင် မူရင်း၊မိတ္ထူ
➡{ အိမ်ထောင်သည်ဖြစ်ပါက
လက်ထက်စာချုပ် မိတ္ထူ }
အခွန်စာအုပ်လေးတွေလိုပါမယ်။

Home loan Plan ရဲ့ လည်ပတ်ပုံကတော့
Bank က ရောင်းသူကို ငွေအကုန်ချေပီးဝယ်လိုက်တယ်။
ပိုင်ဆိုင်မှု Document မူရင်း တွေကို Bank က သိမ်းထားတယ်။

Document ကို Soft copy နဲ့ မိတ္ထူတွေကိုပဲဝယ်သူသိမ်းထားရတယ်။

ဝယ်သူက Bank နဲ့ Agreement လုပ်တယ်​။
တန်ဖိုး + ဝန်ဆောင်ခ + အခွန် + အတိုး = စုစုပေါင်း ဝယ်သူက down payment 30 %(or)50 % ကိုရောင်းသူကို သွင်းပေးရတယ်။

စုစုပေါင်း-downpayment= installment (.... နှစ်စာ)တလတခါ bank ကို ငွေသွင်းရပါတယ်

ငွေအကုန်ကျေမှ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ မူရင်းတွေကိုဘဏ်ကပြန်ပေးပါတယ်။

ဘဏ်ကနေချေးငွေကြဖို့.ကြာချိန်က.
ဘဏ်ကိုချေးငွေသွားလျှောက်တဲ့နေ့ကနေစပြီး
၂ ပတ်နဲ့ ၈ ပတ်ကြားပျှမ်းမျှ ကြာနိုင်ပါတယ်။

ချေးငွေကြလို့ အိမ်ရှင်က ငွေအ​ကြေအကုန်ရပြီဆိုတာနဲ့ အိမ်ပေါ်တက်နေ(or) အငှားတင် လို့ရပါပြိ။..........................................................................
ဘာလို့ဘဏ်နဲ့ချိတ်ဝယ်သင့်တာလဲ ???
Home loan Plan ဆိုတာက အထူးသဖြင့်ဝန်ထမ်းတွေအတွက်ရည်ရွယ်ပါတယ်။

ဝန်ထမ်းဘဝကို ဝန်ထမ်းဖြစ်ဖူးသူတွေသာကောင်းကောင်းနားလည်နိုင်တယ်။
တစ်လတစ်လ ကိုယ့်ဝင်ငွေထဲကနေ အိမ်လခ ဖဲ့ပေးနေရတာကလေ အရမ်းကိုစိတ်ညစ်ဖို့ကောင်းတယ်ဗျ။ ပျှမ်းမျှအိမ်လခကို ၂သိန်းပဲထားပါတော့ ၊ တစ်လ၂သိန်းပေးငှားရတဲ့တိုက်ခန်းရဲ့ပျှမ်းမျှတန်ဖိုးက သိန်း၆၀၀ လောက်ရှိမယ်​ပေါ့နော်၊
အဲ့တော့ အချိုးချလိုက်ရင်
အဆ 300 : 1 ကြပါတယ်။

အိမ်ငှားနေရတဲ့စားရိတ်က
တစ်လကို ၂သိန်းနဲ့ ၁၀နှစ်ဆိုရင် သိန်း၂၄၀ ပေးနေရပါတယ်။ ဒါတောင် တစ်ရိပ်ရိပ်တက်နေတဲ့ အိမ်ငှားခကိုထည့်မတွက်ထားပါဘူး၊

အခု သိန်း၆၀၀ တန်တိုက်ခန်းကို လူကြီးမင်းတို့နည်းနည်းအားစိုက်ပြီး ငွေပိုသွင်းပေးလိုက်ရင် ၁၅ နှစ်တို လူကြီးမင်းတို့အိမ်ပိုင်ဖြစ်သွားပါပြီ။

ကနဦး Downpayment အတွက်ကတော့ ကြိုးစားစုဆောင်းဖို့လိုတာပေါ့ဗျာ။..အဲ့တော့ သူများကိုဒီတိုင်းပေးနေရတဲ့အိမ်လခအစား၊ လခပေးနေရတာခြင်းတူပေမယ့်အချိန်တန်ရင် ကိုယ့်အိမ်ပိုင်ဖြစ်မယ့်လမ်းကိုရွေးစေချင်တယ်။..........................................................................
ဒီနေရာမှာမေးစရာတစ်ခုပေါ်လာမယ်??
ဘဏ်တိုးကများတယ်လေ..အဲ့ဒါလဲထည့်ပြောဦးဆိုပြီးပြောလို့ရတယ်..ဒါကိုကျွန်တော်ရှင်းပြပါ့မယ်။

၁ အချက်က..
အိမ်တန်ဖိုးက အမြဲတစ်ရိပ်ရိပ် တက်နေတာ လူကြီးမင်းတို့အသိဗျာ။..တစ်ကယ့်ကို လွန်ခဲ့တဲ့၅နှစ်က ဘဏ်ချိတ်နဲ့ဝယ်ခဲ့တဲ့အိမ်က အခုချိန်မှာ တန်ဖိုး၂ဆလောက်ဖြစ်သွားကြပြီဆိုတော့ ဘဏ်တိုးအတွက်က အေးဆေးကြေသွားပြီ။

၂အချက်က..
အိမ်ငှားနေရတဲ့လူတွေ..သူများကိုပေးနေရတဲ့အိမ်လခက..ဒီတိုင်းသူ့အိမ်နေလို့ တန်ဖိုးတစ်ခုပြန်ပေးနေရတာ..အခုက ကိုယ်ပေးသမျှက ကိုယ့်အိမ်ကိုပြန်ဝယ်နေတာ...

၃အချက်က..
လူကြီးမင်းတို့က အရမ်းရိုးသားပြီး..အရမ်းကို သန့်စင်ပါတယ်ဆိုရင်တောင် သိန်းရာဂဏန်း ထောင်ဂဏန်းကို ဘယ်သူမှ မချေးပေးဘူးဗျ။.

ဘဏ်က သတ်မှတ်အတိုးယူပေမယ့် အတိုးပေးပါ့မယ်ဆိုရင်တောင် ခုနကျွန်တော်ပြောတဲ့ လူတွေဆီ ချေးကြည့်ပါ။ ရမလားလို့ပေါ့??..

ဒါတွေပြောနေလို့ ကျွန့တော့်ကို ဘဏ်တွေက % ပေးထားတာလားလို့မေးရင်လဲ ပြုံးပြုံးပဲပြန်ဖြေမယ်၊

ကိုယ်တိုင်လဲ ဘဏ်ချိတ်နဲ့အိမ်ဝယ်ခဲ့ရတာမို့
ကျွန်တော့်Customer တွေအိမ်ပိုင်ဖို့သာ အဓိကပဲလို့..😊

👨‍🏫👨‍🏫 ရဲမြတ်

31/05/2023
25/05/2023

အမေးများကြတဲ့ #ဘယ်လိုချေးရမလဲ? #ဘာတွေလိုလဲ? #ငွေတကယ်ချေးပေးတာလား?

အမှန်တော့ Page မှာအကုန်တင်ထားပါတယ်။ ချေးငွေလျှောက်ဖို့ဘာတွေလိုအပ်တယ်။ ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်တယ်။ ဘယ်လိုစာချုပ်စာတမ်းနဲ့မှ ဘယ်လိုဂရန်မှ ချေးငွေရနိုင်တယ်ဆိုတာတွေ အကုန်တင်ထားပါတယ်။ တစ်ချက်တော့ ပြန်ဖတ်ပေးကြပါဗျ။

၁) အနေနဲ့ ဘဏ်ချေးငွေလျှောက်ချင်တယ် -လုပ်ငန်းရှိလား -ဂရန်ရှိလား/ပိုင်ဆိုင်မှုအာမခံ တစ်ခုခုရှိလား? ရှိရင် စစဉ်းစားလို့ရပါပြီ။ **လုပ်ငန်းနဲ့ အာမခံတော့ ရှိရပါမယ်။

၂) အနေနဲ့ ချေးငွေတစ်ခုလျှောက်ဖို့အတွက် ၁-လုပ်ငန်းအတွက်နဲ့ ၂-ဂရန်အတွက် လိုအပ်ချက်တွေရှိပါတယ်။ - လုပ်ငန်းလိုင်စင်၊ အခွန်ပြေစာ၊ အခွန်ကင်းကြောင်း ဝင(၈)၊ profit & lost၊ proposal၊ fort cast benefit
-ဂရန်အမည်ပေါက်ဖြစ်ရမယ်။ သက်တမ်းကျန်ရမယ်။ ဘဏ်တင်ရန် ၁၀၅/၁၀၆၊ မြေနဲ့ဆိုင်တဲ့ စာချုပ်စာတမ်းများ၊ ပိုင်ဆိုင်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ ပြစ်မှုကင်းကြောင်းရဲစခန်း ထောက်ခံချက်တွေနဲ့ သက်ဆိုင်ရာဘဏ်ကိုသွားလို့ရပါပြီ။

၃) အနေနဲ့ ကျနော် ငွေမချေးပါ။ အကြံပေးတာပါ။ တင်ပြတဲ့ စာရွက်စာတမ်းစုံတယ် ခိုင်မာမှုရှိရင်တော့ သက်ဆိုင်ရာဘဏ်ကနေ ငွေချေးပါတယ်။ ကျနော် ငွေမချေးပါ။

ကျေးဇူးပါ။

မြန်မာ့စီးပွါးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်ချေးငွေတွေ ရနိုင်ဖို့ခက်လား?တကယ်တမ်းတော့ ဘဏ်ချေးငွေရယူဖို့က သက်ဆိုင်ရာဘဏ်တွေက တင်ပြဖိ...
08/11/2022

မြန်မာ့စီးပွါးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်ချေးငွေတွေ ရနိုင်ဖို့ခက်လား?

တကယ်တမ်းတော့ ဘဏ်ချေးငွေရယူဖို့က သက်ဆိုင်ရာဘဏ်တွေက တင်ပြဖို့တောင်းခံတဲ့ စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံတင်ပြနိုင်ရင် အခက်အခဲမရှိပါဘူး။ စာရွက်စာတမ်းတွေစစ်ဆေးပြီးနောက်မှာ လိုအပ်ချက်တွေ/ထောက်ခံချက်တွေ ထပ်တောင်းခံနိုင်ပါတယ်။

မင်္ဂလာပါSME = Small and Medium Enterprise (အသေးစား၊ အလတ်စား)လုပ်ငန်းရှင်များအတွက် AYA မှာ SME, Demand loan, Overdraft L...
03/11/2022

မင်္ဂလာပါ
SME = Small and Medium Enterprise (အသေးစား၊ အလတ်စား)လုပ်ငန်းရှင်များအတွက် AYA မှာ SME, Demand loan, Overdraft Loan & JICA (2Step Loan) စသဖြင့် ချေးငွေများ ပြန်လည်ဆောင်ရွက်ပေးနေပြီး MCB, Yoma, UAB, A-Bank များမှာလည်း ချေးငွေများစီစစ်ပြီး ပြန်လည်ခံနေပြီလို့သိရပါတယ်။

ကောင်းပြီ SME ဆိုတာ ဘာလဲ? ဘယ်လိုလုပ်ငန်းတွေက ချေးငွေလျှောက်ထားနိုင်လဲ? အာမခံလိုသလား?

💰SME ဆိုတဲ့ Small & medium enterprises ဆိုတာ အသေးစား/အလတ်စား လုပ်ငန်းတွေကိုခေါ်ပါတယ်။
ဥပမာ-စတိုးဆိုင်၊ မွေးမြူရေး၊ ကွန်ပျူတာ မိတ္တူ စတဲ့ လုပ်ငန်းတွေ ပါပါတယ်။ (တစ်နှစ်မပြည့်သေးတဲ့/ခုမှစလုပ်တဲ့ လုပ်ငန်းဆိုရင်တော့ အချိန်ယူပြီးမှလျှောက်ရမှာပါ)

🏠အာမခံကတော့ အုတ်ညှပ်/နံကပ်/RC အမျိုးအစား အဆောက်အဦးပါတဲ့ မြေကို လက်ခံပါတယ်။
အာမခံဂရန် အမည်ပေါက်ဖြစ်ရပါမယ်။

💸Demand loan မှာ ပြေစာ/၁၀၅-၁၀၆/ပုံစံ-၇ တွေလက်မခံကြပေမဲ့ JICA (2step)မှာတော့ အချို့ဘဏ်တွေ လက်ခံကြတယ်လို့သိရပါတယ်။ ဒါကတော့ တစ်ဘဏ်နဲ့တစ်ဘဏ် policy ကွဲနိုင်ပါတယ်။

အဆင်ပြေနိုင်ကြပါစေ။ 🙏🏻

21/08/2021

ပြည်တွင်း ပုဂ္ဂလိကဘဏ်များအားလုံး ချေးငွေလုပ်ငန်းများ ရပ်ဆိုင်းထားပါသဖြင့် #ချေးငွေဝန်ဆောင်သူများ နှင့်ဆက်သွယ်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတိထားသင့်ပါသည်။

25/08/2020

ဘဏ်ချေးငွေ စုံစမ်းလိုသူများခင်ဗျ အောက်ကစာတွေ အရင်ဖတ်ပြီး ရှိနေတဲ့အခက်အခဲ၊ တွေ့ကြုံနေရတာတွေ မေးလို့ရပါတယ်။ ရှင်းပြထားတာတွေ မဖတ်ဘဲ လာလာမေးနေကြတော့ ကျနော် ရှင်းပြသမျှ တင်ထားသမျှ အလဟသ ဖြစ်ကုန်လို့ပါ။ ကျနော်က အခကြေးငွေမယူပဲ အကြံဥာဏ်ပေးတာပါ။ အတတ်နိုင်ဆုံး အကောင်းဆုံး အကြံဥာဏ်ပေးပါတယ်ဗျ။

ဘယ်သူတွေ ချေးငွေလျှောက်လို့ရလဲ?
လုပ်ငန်းသက်တမ်း အနည်းဆုံး(၂)နှစ်ရှိတဲ့ (ငွေချေးလုပ်ငန်းကလွှဲပြီး)လုပ်ငန်း အကုန်လျှောက်လို့ရပါတယ်။

ဘယ်လိုအာမခံကို ဘဏ်တွေ လက်ခံတတ်ကြလဲ?
ပတ်ကားဂရန် ၊ စက်မှုစီးပွါးဂရန်မြေ ၊ ဘိုးဘပိုင်မြေအမျိုးအစားတွေ လက်ခံပါတယ်။ အဆောက်အဦးအနေနဲ့ကတော့ RCC ၊ အုတ်ညှပ်/အုတ်တက်/နံကပ် အကုန်လက်ခံပါတယ်။ အနည်းဆုံး တစ်ထပ်ကိုတော့ အုတ်တက်ပါရပါမယ်။ ပျဉ်ထောင်၊ ပျဉ်ကာ၊ ထရံကာပဲဆို မရပါဘူးနော်။

၁၀၅/၁၀၆ (သို့) မြေစာရင်းပုံစံ (၇) (သို့) လုပ်ကိုင်ခွင့်လိုင်စင် ၊ ရွာမြေ၊ လယ်မြေတွေနဲ့လျှောက်လို့ရလား?
ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်တွေအရ ဘဏ်တွေ လက်မခံကြပါဘူး။ အနည်းဆုံး အခြားနည်းသုံးစွဲခွင့်မှာ လျောက်လို့ရပေမဲ့ စက်မှုဂရန်ထွက်မှ ငွေထုတ်ချေးကြပါတယ်။

အာမခံအမည်ပေါက်မှာ အဖေနဲ့ အမေအမည်ပေါက်၊ အမေဆုံးသွားတယ်။ လျှောက်လို့ရလား?
ဂရန်အမည်ပြောင်းပြီးမှ လျှောက်လို့ရပါတယ်။ သက်ရှိထင်ရှားရှိနေတဲ့သူ/ဂရန်မှာ ပူးတွဲပါသူ လျှောက်နိုင်ပါတယ်။

ဂရန်မှာ အဖေ့နာမည်ပါတယ်၊ လုပ်ငန်းက သားနာမည်နဲ့ လျောက်လို့ရလား?
ရပါတယ်။ အဖေဂရန်ဖြစ်တဲ့အတွက် ကျန်တဲ့ သားသမီးတွေ ကန့်ကွက်ရန်မရှိကြောင်းကျမ်းကျိန်လိုပါမယ်။ အမေရဲ့ ကန့်ကွက်ရန်မရှိကြောင်းစာလိုပါမယ်။ လုပ်ငန်းရှင်းသားရဲ့ အိမ်ထောင်ဖက် ကန့်ကွက်ရန်မရှိကြောင်း စာလိုပါမယ်။

လုပ်ငန်းလုပ်သက် (၁) နှစ်နဲ့လျှောက်လို့ရနိုင်လား?
မရပါဘူး။ လုပ်သက်အနည်းဆုံး (၂)နှစ်ရှိရပါမယ်။

လုပ်ငန်းလုပ်သက်ရှိတယ် လိုင်စင်မရှိဘူး၊ အခွန်မဆောင်ထားဘူး လျှောက်ချင်တယ်။
သက်ဆိုင်ရာရုံးကနေ အခွန်ပေးဆောင်ခွင့်ပြုပြီးအခွန်ကင်းရှင်းကြောင်း ဝငပုံစံ(၈)ထုတ်ပေးခဲ့ရက် စဉ်းစားပေးပါတယ်။

Heavy machine ယန္တယားကြီးတွေ အပေါင်ထားပြီး ချေးငွေ လျှောက်လို့ရလား?
တစ်ချို့ ပုဂ္ဂလိကဘဏ်တွေလက်ခံပါတယ်။

သိသလောက်မျှဝေခြင်းပါ။


#ဘဏ်ချေးငွေအကြံပေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဘဏ်ချေးငွေအကြံပေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share