Intelligentadvisor

Intelligentadvisor Intelligent Advisor is one of the Accounting & Finance Consultant Service Company in Myanmar .

26/10/2016

စာရင်းကိုင်အလိုရှိသည်

29/07/2016

အခုတလော အခွန် အခွန် ဆိုတဲ့ စကားလုံးဟာ တော်တော်ခေတ်စားလာပါတယ်... အချို့သော စာရင်းကိုင်များကလည်း အခွန်ဆိုတဲ့အရာကြီးနဲ့ စိမ်းကြပါတယ်... အခွန်စာရင်းတွက်ပေးရတဲ့ စာရင်းကိုင်တွေ ရှိသလို အခွန်မတွက်ပေးရတဲ့ စာရင်းကိုင်က ပိုများမယ်ထင်ပါတယ်....

စာရင်းကိုင်ပညာကို လေ့လာနေတဲ့ ၀ါသနာတူ မောင်နှမများအတွက် Taxation အကြောင်းလေးတွေ အနည်းငယ်ပြောပြပေးပါ့မယ်...

ရှေးဦးစွာ လူတစ်ဦးတစ်ယောက်ချင်းစီမှာ ၀င်နေတဲ့ ၀င်ငွေအမျိုးအစားတွေကို ရှေးဦးစွာ ခွဲပြပါ့မယ်...

1. Self Employment
( ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီးဝင်လာတဲ့ဝင်ငွေမျိုးကိုဆိုလိုတာပါ ။ )

2. Employment
( ၀န်ထမ်းလုပ်ပြီးရရှိလာသော လစာ ၊ bonus , commission အစရှိတဲ့ ၀င်ငွေမျိုးပါ )

3. Property Income
( ကိုယ်မှာရှိနေတဲ့ Land & Building တွေကို ငှားစားလို့ ၀င်လာတဲ့ ၀င်ငွေမျိုးကိုဆိုလိုတာပါ )

4. Investement Income
( ဒါကတော့ သူများလုပ်ငန်းတွေထဲ ရှယ်ယာထည့်ထားတာမျိုး ၊ ဘဏ်မှာစုငွေအပ်ထားလို့ အတိုးရလာတာမျိုး အစရှိတဲ့ ၀င်ငွေတွေပါ )

5. Miscelleneous Income
( အပေါ်အုပ်စုတွေမှာ မပါဝင်ဘဲ အခြားသောနည်းနဲ့ရလာတဲ့ ၀င်ငွေအမျိုးအစားများပါ )

ဝင်ငွေတွေသိထားပြီးတဲ့အခါမှာ အဲဒီဝင်ငွေတွေပေါ်အပေါ်မှာ အခွန်ကောက်တဲ့စနစ်ကို သိရပါမယ်... ခုရေးပေးမှာကတော့ UK Tax System ပါ...

1. Income Tax
အပေါ်မှာပြောပြထားတဲ့ နံပါတ် ၁ - ၂ က ၀င်လာတဲ့ ၀င်ငွေတွေပေါ်မှာ ကောက်တာပါ...

2. Corporation Tax
ကုမ္ပဏီလုပ်ငန်းတွေပေါ်မှာကောက်တာပါ...

3. Capital Gain Tax
ဒါကတော့ ကိုယ့်ရဲ့ Non Current Asset တွေ ရောင်းလိုက်လို့ မြတ်တဲ့အမြတ်ပေါ်မှာ ကောက်တဲ့ အခွန်ပါ..

4. Inherent Tax
အမွေခွန်ဖြစ်ပါတယ်...

5. Value Added Tax
Good & Services လုပ်ငန်းတွေအပေါ်မှာ ကောက်တဲ့ အခွန်ပါ...

အကြမ်းအားဖြင့် သိထားရမှာက သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ ၀င်ငွေအမျိုးအစားက ( ၅ ) မျိုးဖြစ်နိုင်ပြီး အခွန်ဆောင်ရတာကလည်း ( ၅ ) မျိုး ရှိပါတယ်....
တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့ နောက်နေ့ အားလပ်ချိန်လေးတွေမှာ တင်ပေးပါ့မယ်...

IAS , IFRS and ISAs များကို လေ့လာလိုသော်လည်း လေ့လာရန်ခက်ခဲသည့် နေရာရောက်ရှိနေကြသည့် နယ်မှ စာရင်းသမားများအား ရည်ရွယ်ပါတယ်...

19/07/2016

Financial Management အကြောင်း လေ့လာလိုကြတဲ့ စာရင်းကိုင်များအတွက် ကျွန်မသိတာလေးတွေကို ပြန်ပြီး Sharing လုပ်ပေးပါ့မယ်...

Financial Management Objectives is

Shareholder wealth is maximization.

Including -

1. Dividend Increase
2. Capital Gain Increase

ဘဏ္ဍာရေးစီမံခန့်ခွဲသူများရဲ့ ရည်မှန်းချက်ဟာ
Shareholder များအတွက် အကျိုးအမြတ်အများဆုံး ရရှိအောင် ဆောက်ရွက်ပေးရန်ဖြစ်ပါတယ်...

အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်တဲ့အချိန်မှာ ရေတိုအတွက်က Profit များများရရင် အမြတ်ဝေစု များများပေးနိုင်အောင် ကြိုးစားပေးရပါမယ်...

ရေရှည်အတွက်ကတော့ Capital Gain ( Share Pirce ) တွေ မြင့်တက်လာတာဟာလည်း Shareholders အတွက် အကျိုးအမြတ်တစ်မျိုးဖြစ်ပါတယ်...

Financial Mangament Fuction

1. Investment Decision
2. Financing Decision
3. Dividend Decision
4. Risk Management

1. Investment Decision မှာတော့ New Project Investment ( ရင်းနှီးမြုပ်နှံမှုအသစ်အတွက် ) , Expanding Existing Business ( ရှိရင်းစွဲလုပ်ငန်းတိုးချဲ့ဖို့ အစရှိတဲ့ ကိစ္စတွေအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရပါတယ်...

2. Financing Decision
လုပ်ငန်းအတွက် ငွေလိုအပ်လာချိန်မှာ ရေတိုကရှာမလား ရေရှည်ကရှာမလား အစရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရပါမယ်...

3. Dividend Decision
အမြတ်ဝေစုခွဲခြမ်းမှုမှာတော့ ကိုယ့်ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေအတွက် အမြတ်ဝေစုတွေ တိုးတက်ဖို့ တည်ငြိမ်ဖို့ စီမံရပါမယ်...

4. Risk Management
Exchage Rate Risk & Interest Rate Risk တွေ ကာကွယ်နိုင်ဖို့အတွက် ကြိုတင်စီမံမှုတွေ ပြုလုပ်ရပါမယ်...

လေးစားစွာဖြင့်

19/07/2016

ဒီ Page လေးကို Post မတင်ဖြစ်တာ ကြာပါပြီ...

Page မှာ ရှိနေကြတဲ့ Friends များကို အထူးတောင်းပန်ပါတယ်....

ဒီနေ့ကစပြီး စာရင်းကိုင်လေ့လာနေကြသူ ၀ါသနာတူများအတွက် ကျွန်မသိတာလေးတွေကို အချိန်ရသလောက် နည်းနည်းချင်းစီ ပြန် Sharing လုပ်ပေးပါ့မယ်...

Professional အကို အမ များအနေဖြင့်လည်း အမှားများတွေ့ရှိပါက အလင်းပြကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်...

လေးစားစွာဖြင့်

02/07/2015

အဖြေလေးတွေပြောင်းဖြေနိုင်ဖို့...........

စာရင်းကိုင်တွေအလုပ်သစ်တစ်ခုမှာအလုပ်သွားလျောက်ရင်
interview မှာ အမေးအများဆုံးမေးခွန်းလေးတွေကို
အရင်ဖြေနေကျအဖြေတွေနဲ့မတူဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု
အပြည့်အ၀နဲ့ မေးခွန်းတွေပြောင်းဖြေနိုင်ဖို့
Intelligent Advisor မှ ကူညီပေးလိုက်ပါပြီ........

အင်တာဗျူးမှာ မေးတဲ့မေးခွန်းတစ်ချို့တွေကတော့

စာရင်းတွေကို Final Statement အထိဆွဲတတ်လား...
ဆိုတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်....

စာရင်းကိုင်တော်တော်များများဟာ ပညာပိုင်းအနေနဲ့ကြည့်မယ်ဆိုရင် စာရင်းကိုင်ပညာတွေ တတ်မြောက်ကြပါတယ်... ACCA, DA , LCCI Level တန်းတွေပါ...

လုပ်ငန်းပိုင်းအနေနဲ့ကြည့်မယ်ဆိုရင်လဲ တချို့တွေဆို တော်တော်ကြီးတဲ့ ကုမ္ပဏီကြီးတွေရဲ့ စာရင်းကိုင်တွေအဖြစ် လုပ်ကိုင်နေကြတာတွေ့ရပါတယ်...

အဲဒီမှာ တစ်ခုတွေ့ရတာက တချို့လုပ်ငန်းတွေမှာ Job Routine ဖြစ်နေပြီး
Job Rotation လုပ်တာမျိုးမတွေ့ရဘူးဖြစ်နေတယ်.... ဒီတော့ စာရင်းကိုင်တွေဟာ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အလုပ်မှာပဲ အသားကျနေပြီး လုပ်ငန်းတစ်ခုလုံးစာရင်းတွေကဘယ်ကစလို့ ဘယ်နားမှာဆုံးတယ် မသိရဘဲ ကိုယ့်တာဝန်ကိုယ်ပဲလုပ်ဆောင်နေရတယ်... ဒါကြောင့် အရည်အသွေးပြည့်ဝတဲ့ စာရင်းကိုင်တွေဖြစ်မလာဘဲ ပညာတွေတတ်ထားပေမယ့် အတွေ့အကြုံပိုင်းမှာ အားနည်းလာတာကို တွေ့ရတယ်....

စိတ်ရင်းအတိုင်းပြောရမယ်ဆိုရင် စာရင်းကိုင်တွေဟာ ပညာရှင်တွေပါ...
တတ်ထားတဲ့ပညာတွေကလဲ Local သာမက global ထိတောင် အသိမှတ်ပြုရတဲ့ပညာတွေပါ... ဒါကြောင့် စာရင်းကိုင်တိုင်းကို ရဲရဲဝင့်ဝင့် နဲ့ ယုံကြည်မှုအပြည့်အ၀နဲ့ ရှေ့ဆက်စေချင်ပါတယ်....ဒါကြောင့် အလုပ်မှာမရနိုင်တဲ့ တွေ့အကြုံတွေကို ပြင်ကရအောင်ယူပြီး ရှေ့ဆက်စေချင်တာပါ...

Intelligent Advisor လုပ်ငန်းရဲ့ ဒုတိယရည်မှန်းချက်တစ်ခုကလဲ
စာရင်းကိုင်အားလုံးကို မိမိကိုယ်ကိုယုံကြည်မှုအပြည့်အ၀နဲ့ ရှေ့ဆက်ဖို့ပါပဲ.

အလုပ်ခွင်သင်တန်းဆိုတာကလဲ တကယ့်ကိုကောင်းမွန်ခဲ့မယ်ဆိုရင် စာရင်းကိုင်တွေအတွက် အားကိုးစရာပါ.... Account Procedure တွေအစအဆုံးသိရမယ်ဆိုရင် တန်ဖိုးရှိပါတယ်....

ခု ပထမဆုံးဖွင့်ပေးမယ့် Job Training မှာ သင်ကြားပေးမယ့် အပိုင်းတွေကတော့

Level 1 - Accounting Set - Up
( လုပ်ငန်းတစ်ခု၏ စာရင်းစတင်ထားရှိပုံမှစ၍ အဆင့်ဆင့်စာရင်းရေးသွင်းနည်းများ )

Level 2 - Financial Statements
( သတ်မှတ်ကာလတစ်ခုပြီးဆုံးချိန်တွင် ချုပ်ရမည့် Final Statement များကို IAS နှင့်အညီချုပ်ဆွဲတတ်နည်းများ )

Level 3 - Financial Analysis Report
( မိမိချုပ်ဆိုလိုက်သော လချုပ်နှစ်ချုပ်စာရင်းများအပေါ် စာရင်းကိုင်ကောင်း တစ်ဦးအနေဖြင့် လုပ်ငန်းသုံးသပ်မှုအပိုင်းများ ရေးဆွဲပေးခြင်း )

Level 4 - Knowledge of Audit and Taxation
( မိမိရေးဆွဲပြင်ဆင်လိုက်သော စာရင်းများ အခွန်များအား စာရင်းစစ်များအနေဖြင့် ကြည့်ရှ့စစ်ဆေးခံနိုင်ရန် ပြင်ဆင်ထားသင့်သည့် အပိုင်းများ )

စသည့်အပိုင်းလေးပိုင်းပါဝင်ပါမည်။

သင်တန်းကာလ - နာရီ ( ၄၀ )
သင်တန်းကြေး - ၁၂၀၀၀၀ ကျပ် ( Level 1,2,3 )
- ၁၅၀၀၀၀ ကျပ် ( Level 1,2,3,4 )

သင်ကြားပို့ချမည့်သူ -

Audit ပိုင်း - ဒေါ်သက်သက်ခိုင်
Founder of Thet Audit Firm
B.com (Q) ( credit ) / CPA
စာရင်းပိုင်း - ဒေါ်အိအိဖြိုးကျော်
Founder of Intelligent Advisor
BA.Eco , ACCA , CPM

25/06/2015

On Job Training Batch ( 2 )

Professional Accountant Job Training
What is the professional Financial Accountant job training ???????

စာရင်းကိုင်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုမည့်သူများအတွက် မိမိကိုယ်ကိုယုံကြည်မှုအပြည့်အ၀ရရှိစေရန်အတွက် အသုံးချ လက်တွေ့စာရင်းကိုင်သင်တန်းဖြစ်ပါသည်။

လုပ်ငန်းကြီးတစ်ခုတွင် တာဝန်ထမ်းဆောင်လိုပါက စာတွေ့လက်တွေ့ရှိသော်လည်း အပိုင်းတစ်ပိုင်းစီသာ ကျွမ်းကျင်နေသူများအတွက် စာရင်းကိုင်လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ လုပ်ဆောင်တတ်စေရန် သင်ကြားပေးမည်ဖြစ်ပါသည်။

မိမိတို့ထမ်းဆောင်သောစာရင်းကိုင်တာဝန်များ၏ သဘောသဘာဝကို သေချာစွာနားလည်နိုင်ပြီး အမှားအယွင်းမရှိ ဆောင်ရွက်တတ် ရန်ရည်ရွယ်ပါသည်။
ဤသင်တန်းတွင်
- Which type of Accountant?
- Daily Transaction - နေ့စဉ်မိမိတို့ဆောင်ရွက်ရမည့် စာရင်းကိုင်လုပ်ငန်းစဉ်အဆင့်ဆင့်များ။
- Final Statements - လချုပ်နှစ်ချုပ်များကို IAS နှင့် အညီရေးဆွဲနည်းများ။
- Analysis of Business - မိမိချုပ်ဆိုလိုက်သောလချုပ်နှစ်ချုပ်များကြို ပန်လည်ဆန်းစစ်ပြီး Report ရေးသားနည်းများ။
- Auditing - မိမိစာရင်းများကို External Auditor & Internal Auditor များစစ်ဆေးပါက အမှားအယွင်းကင်းစေရန် မှန်ကန်စွာထားရှိနည်းများ ပါဝင်ပါမည်။

သင်တန်းပြီးဆုံးပါက မိမိကိုယ်ကို ယုံကြည်မှုအပြည့်အ၀ဖြင့် စာရင်းကိုင်တစ်ဦးအဖြစ်ရပ်တည်နိုင်မည်ဖြစ်ပါသည်။

သင်တန်းတွင် International Company များ၏ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် သင်ကြားမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ပုံ အဆင့်ဆင့်နှင့် မိမိကိုယ်တိုင် ပြန်လည်ဆန်းစစ်ချက် ရေးသားရမည်ဖြစ်သည်။

သင်တန်းဖွင့်လှစ်မည့်ရက် - ၂၈.၆.၂၀၁၅ ( တနင်္ဂနွေ )
သင်တန်းချိန် - နေ့လည် ၁၂ နာရီ မှ ညနေ ၄ နာရီထိ ( အပါတ်စဉ် တနင်္ဂနွေ )
သင်တန်းကာလ - နာရီ ( ၄၀ )
သင်တန်းနေရာ - တိုက် (၄) ၊ ဒုတိယအလွာ ၊ မိုးမခလမ်း ၊ စမ်းချောင်း ။ ဖုန်း - ၀၁ ၅၇၀၂၂၀ ၊ ၀၉ ၅၂၆၂၇၉၆

25/06/2015

On Job Training Batch ( 2 ) တက်ရောက်သင့်သူများ.....

Thet Aduit Firm & Intelligent Adivisor မှပူးပေါင်းဖွင့်လှစ်မည့် On Job Training သည် စာရင်းကိုင်များ Confident ရှိရှိရပ်တည်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ယခုအပါတ်သင်တန်းတွင်

- အဆင့်မြင့်စာရင်းကိုင်ပညာရပ်များ သင်ကြားထားသော်လည်း လက်တွေ့ကျကျအသုံးမချတတ်သေးသူများ။

- လုပ်ငန်းခွင်တွင်ကာလရှည်တာဝန်ထမ်းဆောင်နေရသော်လည်း စာရင်းကိုင်လုပ်ငန်း Procedure တစ်ခုလုံးကို မဆောင်ရွက်ရသေးသူများ....

- ကိုယ်ပိုင် အရောင်းလုပ်ငန်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စာရင်းထားရှိပုံထားရှိနည်း နှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သိရှိလိုသူများ....

- လုပ်ငန်းတစ်ခုတွင် အရေးပါသော လုပ်ငန်း Set Up ချလိုသူများ...

- နှစ်ချုပ်လချုပ်များကို IAS နှင့်အညီရေးဆွဲလိုသူများ....

- မိမိရေးဆွဲလိုက်သော နှစ်ချုပ်လချုပ်များကို Analysis လုပ်လိုသူများ နှင့် လုပ်ငန်းပိုင်ရှင်များထံသို့ Report တင်ရန်ခက်ခဲနေသူများ

နှင့် စာရင်းလုပ်ငန်းကို အခြေခံအဆင့်မှအစပြု၍ လုပ်ငန်းစဉ်အဆင့်ဆင့်ကို တဆက်တည်းသင်ပြပေးမည်ဖြစ်ပြီး နှစ်ချုပ်လချုပ်များရေးဆွဲနည်းအပြင် Reporting , Analysis ပိုင်းများပါဝင်မည်ဖြစ်ပါသည်။

ထို့ပြင် မိမိရေးဆွဲထားသော စာရင်းများကို External Audit များ စစ်ဆေးပါက အမှားအယွင်းကင်းစွာလုပ်ဆောင်တတ်စေရန်နှင့် ပြင်ဆင်ထားသင့်သည့် အချက်အလက်များကို သင်ကြားပေးမည်ဖြစ်ပါသည်။

20/06/2015

On Job Training Batch ( 2 ) တွင် တက်ရောက်မည့် သင်တန်းသားများ လူဦးရေကန့်သတ်ထားပါသဖြင့် စာရင်းအမြန်ပေးသွင်းကြပါရန်.....

11/06/2015

" Intelligent Advisor Accounting & Finance Consultant " လုပ်ငန်းမှ လူကြီးမင်းတို့ ၏ လုပ်ငန်းများအတွက်-

1. Accounting Set Up & Internal Control Set Up များချပေးခြင်း
2. International Accounting Standard (IAS) နှင့်အညီ Financial Statement များရေးဆွဲပေးခြင်း။
3. လုပ်ငန်းရှင်တိုင်း မသိမဖြစ်သိရှိအပ်သော Financial Analysis Ratio များ ရေးဆွဲပေးခြင်း ။

စသည့်လုပ်ငန်းများကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

မှတ်ချက် -

လစဉ်ဝန်ဆောင်ခပေးရန်မလိုဘဲ တစ်ကြိမ်အပ်နှံရုံဖြင့် လစဉ်လတိုင်း အမှားအယွင်းမရှိဆွဲတတ်စေရန် သင်တန်းပေးမည်ဖြစ်ပါသည်။

ဆက်သွယ်လိုပါက -
Intelligent Advisor
01 570220 ,09 5262796 , 09 795989025

စာရင်းကိုင်များယုံကြည်မှုအပြည့်ဖြင့်ရှေ့ခရီးဆက်နိုင်ရန်On Job Training Batch ( 2 )     .......Intelligent Advisor & Thet ...
05/06/2015

စာရင်းကိုင်များယုံကြည်မှုအပြည့်ဖြင့်ရှေ့ခရီးဆက်နိုင်ရန်
On Job Training Batch ( 2 ) .......

Intelligent Advisor & Thet Audit Firm တို့မှ အရည်အချင်းပြည့် စာရင်းကိုင်များ မွေးထုတ်ပေးရန်ရည်ရွယ်၍ On Job Training များ ဖွင့်လှစ်ပေးလျက်ရှိပါသည်။

လုပ်ငန်းဌာနအသီးသီးတွင် လုပ်ကိုင်နေသော စာရင်းကိုင်ပေါင်းများစွာ ရှိသည့်အနက် ယခုသင်တန်းအပါတ်စဉ် ( ၂ ) တွင် Trading & Distribution ကုမ္ပဏီကြီးများတွင်တာဝန်ထမ်းဆောင်နေသော စာရင်းကိုင်များအတွက် အထူးရည်ရွယ်ဖွင့်လှစ်ပါမည်...

သင်တန်းတွင် အပိုင်း ( ၄ ) ပိုင်း သင်ကြားပေမည်ဖြစ်ပြီး

အပိုင်း ( ၁ ) တွင်
လုပ်ငန်းတစ်ခုလုံး၏ Procedure အဆင့်ဆင့်ကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများကိုယ်တိုင် စာရင်းအဆင့်ဆင့်ရေးသွင်းခြင်း။

အပိုင်း ( ၂ ) တွင်
နိုင်ငံတကာစာရင်းကိုင်စံသတ်မှတ်ချက် ( IAS ) နှင့်အညီ Financial Statement လချုပ် နှစ်ချုပ်စာရင်းများရေးဆွဲခြင်း။

အပိုင်း ( ၃ ) တွင်
စာရင်းကိုင်များ မိမိချုပ်ဆိုလိုက်သော လချုပ် နှစ်ချုပ်ရှင်းတမ်းများအား အသေးစိတ်ခွဲခြမ်းလေ့လာသုံးသပ်ပြီး Report ရေးသားနည်းများ ။

အပိုင်း ( ၄ ) တွင်
မိမိရေးသားပြင်ဆင်လိုက်သော စာရင်းချုပ်များအား External Audit များစစ်ဆေးပါက အမှားအယွင်းမရှိစေရန် အတွက် ပြင်ဆင်ထားရမည့် ဆောင်ရန် ရှောင်ရန် ပုံစံများ

စသည့်အပိုင်းများပါဝင်မည်ဖြစ်ပါသည်။

စာရင်းကိုင်များလုပ်ငန်းစဉ်တစ်ခုလုံး နားလည်သိရှိနိုင်ရန် နှင့် မိမိထမ်းဆောင်ရမည့်အပိုင်းတွင် ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ပါသည်။

သင်တန်းချိန် - နာရီ ( ၄၀ )
အပါတ်စဉ် - တနင်္ဂနွေ 12 :00 to 4:00 ( PM )

သင်တန်းစတင်ဖွင့်လှစ်မည့်နေ့ရက် - ၂8 . ၆ . ၂၀၁၅

သင်တန်းကြေး - ၁၅၀၀၀၀ ကျပ်

သင်ကြားပေးမည့်သူများ -

ဒေါ်သက်သက်ခိုင်
B.com (Q) , C.P.A
Founder of Thet Audit Firm
Accounting and Auditing Services

ဒေါ်အိအိဖြိုးကျော်
BA.Eco , ACCA , CPM ( USA)
Founder of Intelligent Advisor
Accounting and Finance Consultant

သင်တန်းနေရာ - Building 4 , Second Floor
မိုးမခလမ်း ၊ စမ်းချောင်း။
၀၉ ၅၂၆၂၇၉၆

သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့်စာရင်း အမြန်ပေးသွင်းရန် လိုပါသည် ..

On Job Training Batch (2) အားထပ်မံဖွင့်လှစ်မည့်အစီအစဉ်....စာရင်းကိုင်များ လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကိုယုံကြည်မှုအပြည့်...
21/05/2015

On Job Training Batch (2) အားထပ်မံဖွင့်လှစ်မည့်အစီအစဉ်....

စာရင်းကိုင်များ လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကိုယုံကြည်မှုအပြည့်အ၀နဲ့ ရဲရဲဝံ့ဝံ့ရှေ့ ဆက်နိုင်စေရန် ရည်ရွယ်၍ ဤသင်တန်းအား ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါသည်။

စာရင်းကိုင်တော်တော်များများကြုံတွေ့နေရတာကတော့ မိမိတာဝန်ပေးထားရာ အပိုင်းတစ်ပိုင်းကိုသာ ဆောင်ရွက်ရပြီး အခြားစာရင်းတွေနဲ့ ထိတွေ့ခွင့်နည်းပါးတာတွေ့ရပါတယ်....မိမိလုပ်ငန်းရဲ့ Flow တစ်ခုလုံးကိုတောင် မသိရဘဲ ဖြစ်နေတတ်ပါတယ်... မိမိတို့ရုံးက ချထားတဲ့ Accounting Procedure တစ်ခုလုံးကို ကျွမ်းကျင်ဖို့ထက် သိရှိဖို့မလွယ်ကူတာမျိုးတောင် ရှိလာကြပါတယ်....

ဒီလို ကြုံတွေ့နေရတဲ့ စာရင်းကိုင်တွေအတွက် လုပ်ငန်းတစ်ခုလုံးကို နားလည်နိုင်ဖို့အတွက် ရည်ရွယ်ပေးထားပါတယ်......

Intelligent Advisor လုပ်ငန်းရဲ့ ရည်မှန်းချက်တစ်ခုကလဲ စာရင်းကိုင်အားလုံး ကို မိမိကိုယ်ကိုယုံကြည်မှုအပြည့်အ၀နဲ့ ရှေ့ဆက်ဖို့ပါပဲ.

ယခုထပ်မံ ဖွင့်ပေးမယ့် On Job Training မှာ သင်ကြားပေးမယ့် အပိုင်းတွေကတော့ -

Level 1 - Accounting Set - Up
( လုပ်ငန်းတစ်ခု၏ စာရင်းစတင်ထားရှိပုံမှစ၍ အဆင့်ဆင့်စာရင်း ရေးသွင်းနည်းများ )

Level 2 - Financial Statements
( သတ်မှတ်ကာလတစ်ခုပြီးဆုံးချိန်တွင် ချုပ်ရမည့် Final Statement များကို IAS နှင့်အညီချုပ်ဆွဲတတ်နည်းများ )

Level 3 - Financial Analysis Report
( မိမိချုပ်ဆိုလိုက်သော လချုပ်နှစ်ချုပ်စာရင်းများအပေါ် စာရင်းကိုင်ကောင်း တစ်ဦးအနေဖြင့် လုပ်ငန်းသုံးသပ်မှုအပိုင်းများ ရေးဆွဲပေးခြင်း )

Level 4 - Knowledge of Audit and Taxation
( မိမိရေးဆွဲပြင်ဆင်လိုက်သော စာရင်းများ အခွန်များအား စာရင်းစစ်များအနေဖြင့် ကြည့်ရှ့စစ်ဆေးခံနိုင်ရန် ပြင်ဆင်ထားသင့်သည့် အပိုင်းများ )စသည့်အပိုင်းလေးပိုင်းပါဝင်ပါမည်။

သင်တန်းကာလ - နာရီ ( ၄ဝ )
သင်တန်းကြေး -၁၅ဝ,ဝဝဝ ကျပ်
သင်တန်းနေရာ - (၁) Building (2),Second Floor,မိုးမခလမ်း၊စမ်းချောင်း (ဟံသာဝတီမှတ်တိုင် (သို့ ) မဟာမြိုင်မှတ်တိုင်တွင် ဆင်းပါရန်)
သင်တန်းနေရာ - (၂) 207/3 ၊ချယ်ရီလမ်း ၊သုဝဏ္ဏ (မင်းဒင်မှတ်တိုင်)

သင်ကြားပို့ချမည့်သူ -
Audit ပိုင်း - ဒေါ်သက်သက်ခိုင် (Founder of Thet Audit Firm) B.com (Q) ( credit ) / CPA
စာရင်းပိုင်း - ဒေါ်အိအိဖြိုးကျော် (Founder of Intelligent Advisor) BA.Eco , ACCA , CPM

25.May.2015 မှစတင်၍ 01.570220 ,09 526 279 သို့ ကြိုတင်စာရင်းပေးအပ်နှံနိုင်ပါပြီ။

On Job Training Batch ( 2 ) ကို မကြာမှီ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်.....
21/05/2015

On Job Training Batch ( 2 ) ကို မကြာမှီ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်.....

Address

207/3 , Cherry Street, Thuwunna
Yangon
11211

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

09 5262796

Website

Alerts

Be the first to know and let us send you an email when Intelligentadvisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share