Financial Consultant - Phyu Phyu Thein

Financial Consultant - Phyu Phyu Thein အာမခံနှင့်ပတ်သက်၍ သိလိုပါက ဖုန်း 09 7999 17669 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

💕 AYA Go , AYA Joy လေးတွေနဲ့အတူ ခရီးသွားကြရအောင်ပါ 💕
15/05/2026

💕 AYA Go , AYA Joy လေးတွေနဲ့အတူ ခရီးသွားကြရအောင်ပါ 💕

Business Trip ပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ အပန်းဖြေမယ့် Holiday Trip ပဲဖြစ်ဖြစ်... ဘယ်လိုခရီးစဉ်မျိုးမှာမဆို အခက်အခဲမရှိ ချောမွေ့အဆင်ပြေပြီး စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။

လေယာဉ်နောက်ကျတာ၊ အထုပ်အပိုးပျောက်ဆုံးတာအပြင် ခရီးသွားနေစဉ် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေ အားလုံးအတွက် စိတ်ပူစရာမလိုဘဲ ခရီးသွားနိုင်ဖို့ ကျွန်တော်တို့ရဲ့ AYA Go၊ AYA Joy ခရီးသွားအာမခံက သင့်ဘေးနားအကာအကွယ်ပေးဖို့ ရှိနေမှာပါ။

AYA Go၊ AYA Joy ခရီးသွားအာမခံ ကို My AYASOMPO App မှတဆင့် အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်။

My AYASOMPO App ကို Download ရယူရန်

iOS: https://apple.co/49EVCxL
Android: https://9r.ai/1000kC

AYA SOMPO Insurance – Your Partner for Life




ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ (၃၉)မျိုးအတွက် အကျိုးခံစားခွင့်ရယူနိုင်မယ့် . .            💕 AIA ရဲ့  Critical Illness C...
15/05/2026

ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ (၃၉)မျိုးအတွက် အကျိုးခံစားခွင့်ရယူနိုင်မယ့် . .

💕 AIA ရဲ့ Critical Illness Care 💕

09/05/2026
💐 2026 ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ်အဖြစ် AIA Mandalay Office တွင် ကျင်းပပြုလုပ်ခဲ့သော ဟောပြောပွဲမှ ‌သွေးတိုး...
09/05/2026

💐 2026 ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ်အဖြစ် AIA Mandalay Office တွင် ကျင်းပပြုလုပ်ခဲ့သော ဟောပြောပွဲမှ ‌သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များထဲမှ တချို့အား . .

💕ချစ်မိတ်ဆွေအပေါင်းအသင်းများအတွက် ဗဟုသုတအလို့ငှာ မျှဝေပေးလိုက်ပါရ‌စေရှင် . . 💕

💕🙏💕
09/05/2026

💕🙏💕

မြင်းမိုရ်တောင်မက ကြီးမားတဲ့ ချစ်ခြင်းမေတ္တာများ ပေးစွမ်းနေတဲ့ အမေများနဲ့ မိခင်သဖွယ် အုပ်ထိန်းသူများအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်မှာ ကျရောက်တဲ့ အမေများနေ့မှာ ဂါရဝပြုလိုက်ပါတယ်။ မိမိတို့ချစ်မြတ်နိုးရတဲ့ အမေများ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိ၊ ပိုင်ဆိုင်နိုင်စေဖို့ AIA Myanmar က အမြဲအတူရှိနေပါတယ်။

On Mother's Day, 10 May 2026, AIA Myanmar honours mothers and mother figures around the world, whose love knows no bounds. AIA Myanmar is always with you in supporting your beloved mothers live Healthier, Longer, Better Lives.

မြန်မာနှစ်သစ်ကူး အတာသက်ြန်ကာလလေးမှာ ကူညီပေးခွင့်ရလိုက်တဲ့ Cashless Claim Case လေး. . 💐☂️ကျန်းမာရေး အာမခံအကာအကွယ်လေး ဆောင...
13/04/2026

မြန်မာနှစ်သစ်ကူး အတာသက်ြန်ကာလလေးမှာ ကူညီပေးခွင့်ရလိုက်တဲ့ Cashless Claim Case လေး. . 💐

☂️ကျန်းမာရေး အာမခံအကာအကွယ်လေး ဆောင်ထားတဲ့ အမတယောက်က တံခါးပိတ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် လေတိုက်လိုက်ပြီး လက်ညှပ်မိသွားတာလေးက မထင်မှတ်ပဲ ခွဲစိတ်မှုလုပ်ရပါမယ်တဲ့ ဖုံးဆက်အကြောင်းကြားလာပါတယ် . .

ညီမလေးရေ အမအဲ့လောက်ဖြစ်မယ်မထင်လိုက်တာ စစ်ဆေးကြည့်တဲ့အခါမှာ တရက်ဆေးရုံမှာနေပြီးခွဲစိတ်မှုလုခံယူရပါမယ်တဲ့ . .

အမကုသမှုခံယူမယ့်ဆေးရုံက AIA Myanmar နဲ့ ချိတ်ဆက်ထားတာမို့ Deposit ကိုလည်း ညီမတို့ AIA Myanmar ကပဲ တင်ပေးမှာပါ ၊ ကုသမှုစရိတ်အတွက်လည်း AIA Myanmar ကပဲ ကျခံပေးသွားမှာမို့ . .
အမက ‌အမြန်ဆုံးသက်သာပျောက်‌ကင်းအောင် ကုသမှုခံယူပါလို့ဆိုပြီး . .
တရက်တာဆေးရုံတက်ရောက်ပြီး ခွဲစိတ်မှုခံယူခဲ့ရခြင်းအတွက် ကုသမှုစရိတ် (15)သိန်းကျော်မှာ ကာယကံရှင်အမက (5)သောင်းကျော်ဝန်းကျင်သာကုန်ကျခဲ့ရပါတယ် . .

☂️ ဒါဟာ အာမခံဆိုတဲ့အရာကို နားလည်လက်ခံပြီး အကာအကွယ်ယူထားခြင်းရဲ့ အကျိုးကျေးဇူးပါ . . ☂️

💕 ညီမကို ယုံကြည်စွာနဲ့ အာမခံအကာအကွယ်စီမံခွင့်ပေးတဲ့ အမကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့် . . 💕

မတော်တဆထိခိုက်မှုမျိုးဆိုတာလေးက ဖြစ်တတ်တာမို့ . 💕ချစ်ရတဲ့မိတ်ဆွေများကိုလည်း အစစအရာရာမှာဂရုစိုက်ကြစေလိုပါတယ် ၊ အကယ်၍ ကြုံတွေ့ခဲ့ရသည်ရှိသော် ကုသမှုကိုသာအာရုံစိုက်နိုင်ဖို့အတွက် . .

☂️ အာမခံအကာအကွယ်လေးတွေကို ကြိုတင်စီမံထားကြဖို့ အကြံပြုလိုပါတယ် . .

☂️ ကျန်းမာရေးအာမခံ ၊ အသက်အာမခံ ၊ မီးအာမခံ ၊ မော်တော်ယာဉ်အာမခံ ၊ ခရီးသွားအာမခံများနှင့်ပတ်သက်၍
ဆွေးနွေးလိုပါကလည်း anytime welcome ပါရှင် . .

🫶 မေတ္တာဖြင့် . .
Phyu Phyu Thein
Financial Services Consultant
09 7999 17669 .

Insurance
Insurance

13/04/2026

💕သက်ြန်အကြိုနေ့အတွက် . . 💕

ကဲ . .ချစ်‌သောတို့ ရေ . .ကိုယ့်ဘဝကို discount နဲ့ မနေချင်ကြပါနဲ့ . .နီးစပ်ရာ professional life advisor တွေနဲ့ တိုင်ပင်ကြ...
09/04/2026

ကဲ . .ချစ်‌သောတို့ ရေ . .
ကိုယ့်ဘဝကို discount နဲ့ မနေချင်ကြပါနဲ့ . .
နီးစပ်ရာ professional life advisor တွေနဲ့ တိုင်ပင်ကြပါလို့ . . 🫶

အာမခံအသိပညာပေးဟောပြောပွဲတစ်ခုမှာ “မြန်မာပြည်ကလူတွေက အာမခံဆို အရမ်းကြိုက်ကြတယ်ဗျ၊ အဲ့တာဟုတ်လား” လို့မေးတော့

ခေါင်းမငြိမ့်ကြဘူးဗျ
ဟုတ်တယ်လို့ပြောလိုက်ရင် တခါတည်းအာမခံထားသွားရမှာစိုးလို့ထင်တယ် 😄

မြန်မာပြည်ကလူတွေက တကယ်ကိုအာမခံကြိုက်တာဗျ
ကျွန်တော့်မိတ်ဆွေတစ်ယောက် Solar ဆင်တာ အတူလိုက်သွားကြည့်ပေးတော့ အပြီးအစီး သိန်း ၂၀၀ လောက်ကျတယ်ပေါ့ဗျာ
သူအရင်ဆုံးမေးတာက အာမခံဘယ်လောက်ပါလဲဆိုတာပဲ
ဆိုင်ကတော့ အာမခံ ၅ နှစ်ပါတယ်ပေါ့

တကယ်လို့များ Solar ဆင်ပေးမယ်၊ ၂၀% Discount ပေးမယ်၊ သိန်း ၁၆၀ ပဲကျမယ်၊ ဒါပေမယ့် အာမခံတော့မပေးဘူးဆိုရင် အဲ့မိတ်ဆွေက အာမခံ ၅ နှစ်ပါတာကိုမဝယ်ဘဲ Discount ပေးတာကိုရွေးမယ်ထင်လား?

အာမခံပါတာကိုပဲ စိတ်ချလက်ချရွေးပါလိမ့်မယ်

ဘာကြောင့်လဲဆိုတော့

၁။ တန်ဖိုးကြီးတဲ့အရာ
၂။ အစားထိုးရခက်တဲ့အရာ တွေမှာ

အာမခံဆိုတာ မရှိမဖြစ် ရှိထားဖို့လိုအပ်လို့ပါ

ဟုတ်တယ်မလား
ကလေး ဓာတ်ခဲအရုပ်ဝယ်တာကို အာမခံဘယ်နှနှစ်ပါလဲ ဘယ်သူကြည့်လို့လဲ

ဒါတွေကို မြန်မာပြည်ကလူတွေရဲ့စိတ်ထဲမှာ လက်ခံတယ်၊ သိကြတယ်

အဲ့တာကြောင့် Power Bank ကအစ၊ ကားအဆုံး အာမခံဘယ်နှနှစ်ပါလဲကြည့်ကြတာ

သိပ်ပြီး Aware မဖြစ်ကြသေးတာက

ဘဝမှာ တန်ဖိုးအကြီးဆုံးအရာ၊ အစားထိုးလို့မရတဲ့အရာက အသက်နဲ့ ကျန်းမာရေးဆိုတာကိုမေ့နေကြတာပဲ

အရာဝတ္ထု၊ ပစ္စည်းတွေမှာတော့ အာမခံပါတာရွေးပြီး၊ Discount ကိုမရွေးဘူး
ကိုယ့်ဘဝကိုကျတော့ Discount နဲ့နေနေကြတယ်

အဲ့ဒီတော့ မိတ်ဆွေက တန်ဖိုးကြီးတဲ့အရာ၊ အစားထိုးရခက်တဲ့အရာတွေမှာ အာမခံလိုအပ်တယ်ဆိုတာတော့သိနေပြီ

မိသားစုအတွက် တန်ဖိုးအကြီးဆုံးနဲ့ အစားထိုးလို့မရတဲ့ ကိုယ့်အသက်နဲ့ ကျန်းမာရေးအတွက် အာမခံထားဖို့ ခြေတစ်လှမ်းပဲလိုပါတယ်

ကိုယ့်ဘဝကို Discount နဲ့မနေချင်ပါနဲ့
အမြန်ဆုံးပဲ နီးစပ်ရာ Professional Life Advisor တွေနဲ့ တိုင်ပင်ပါ 😊

Dr. Phyo

28/03/2026

ခရီးထွက်တဲ့အခါ Outfit လှလှလေးတွေနဲ့ စတိုင်ကျဖို့တင် မဟုတ်ဘဲ Smart ကျကျနဲ့ ခရီးသွားဖို့လည်း လိုတယ်နော်။

ကိုယ့်ရဲ့ ခရီးစဉ်အတွင်း အိတ်ပျောက်ဆုံးခြင်း ဒါမှမဟုတ် လေယာဉ်နောက်ကျခြင်း စတဲ့ မမျှော်လင့်တဲ့အခက်အခဲတွေကြောင့် ခရီးအပျော်တွေ ပျက်မသွားအောင် AYA JOY ခရီးသွားအာမခံက ကာကွယ်ထားမှာမို့ Smart ကျကျ ခရီးသွားရင်း အမှတ်တရတွေ အပြည့်အဝ ဖန်တီးလိုက်ပါ။

AYA GO၊ AYA JOY ခရီးသွားအာမခံကို My AYASOMPO App နှင့် Website – itravel.ayasompo.com မှတဆင့် အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

AYA SOMPO Insurance - Your Partner for Life




28/03/2026

၂၀၂၅ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းများစွာရဲ့ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးခဲ့တာဆိုရင် ဒီနေ့၊ မတ်လ ၂၈ ရက်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

AIA Myanmar အနေနဲ့ ငလျင်ဘေးသင့် မိဘပြည်သူများရဲ့ လူနေမှုဘဝများ ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံးဖြစ်လာစေရေးကို များစွာမျှော်လင့်လျက်ရှိတဲ့အတွက် ငလျင်ဘေးသင့်ခံရသော ‌ဒေသများရှိ လူမှုအသိုင်းအဝိုင်းများနဲ့အတူ ယနေ့ထိတိုင် တစ်သားတည်းအတူရှိနေပါတယ်။

လုံခြုံတဲ့နေအိမ်၊ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ခြင်း၊ ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိခြင်းတို့ဟာ လူနေမှုဘဝဆိုင်ရာ အခြေခံလိုအပ်ချက်တွေဖြစ်တာကြောင့် AIA Myanmar အနေနဲ့ အင်း‌လေးကန်၊ ကြာအင်းကျေးရွာရှိ ဒေသခံများအတွက် နေအိမ်များ၊ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကလေးငယ် (၇၀၀) ဝန်းကျင်ခန့် ပညာသင်ကြားနိုင်မဲ့ စာသင်ကျောင်းဆောင်များ အပါအဝင် အင်းလေးနဲ့ အမရပူရဒေသများရှိ လက်မှုပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း စသည်တို့ကို ဒေသတွင်း အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းများနဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် တစ်သားတည်း အမြဲအတူရှိနေပြီး ဆက်လက် ပံ့ပိုး၊ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို AIA Myanmar နဲ့အတူ လျှောက်လှမ်းကြပါစို့။

On this day, 28 March, it has been a year since the earthquake that brought severe loss to homes and livelihoods across many communities in Myanmar.

Guided by a strong desire to stand with those affected, AIA Myanmar has remained united in purpose and in heart with communities across the country.

At AIA Myanmar, we believe that safe housing, quality education, and sustainable livelihoods are essential foundations for a better life. From rebuilding resilient homes in Kyar Taw Village at Inle Lake, to supporting the construction of schools in Pyi Gyi Takhon, Mandalay, where around 700 students can learn in a safe environment, and to creating livelihood opportunities in Inle and Amarapura, our commitment has always been to stand alongside our communities.

We remain steadfast in our commitment to supporting communities for many years to come. Together, let us continue moving forward towards Healthier, Longer, Better Lives for all.

Address

459 Pyay Road, Kamayut Tsp
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Financial Consultant - Phyu Phyu Thein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share