Rangoon College - RC

Rangoon College - RC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rangoon College - RC, Investing Service, No. 180, Botahtaung Pagoda Road, Yangon.

23/08/2026

ရွှေရည်စပ်နည်း Update 😊
👉 Rangoon College -RC မှ ဆရာဦးရဲမာန်အောင် ရဲ့ ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာသင်တန်းကြီး
မန္တလေး အပတ်စဉ် (၃၅) အား(Aug- 29) ရက်နေ့ စပါမယ်‌ရှင့် 🥰

တက်ရောက်လိုသူများ
Call , Viber 09 880201020 ကို ဆက်သွယ်၊စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်🥰
College -RC

"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၅ (မန္တလေး)ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူမ...
19/08/2026

"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၅ (မန္တလေး)

ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူများအတွက် တိတိကျကျ တွက်ချက်ရောင်းဝယ်တတ်ဖို့၊အရည်အသွေးကိုနားလည်ဖို့၊ နိုင်ငံတကာစျေးကွက်သဘောတရားတွေနဲ့ ငွေကြေးလဲပုံစနစ်တွေကို ကောင်းစွာတွက်ချက်နားလည်ဖို့ အလွယ်ကူဆုံး ခေတ်မီတွက်ချက်ပုံများဖြင့် စနစ်တကျသင်ယူနားလည်နိုင်ဖို့ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းကြီး။

Rangoon College - RC မှ ဝါရင့်ပြည်တွင်း
ရွှေပညာရှင်စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာကြီးရဲမာန်အောင်ရဲ့ ရွှေပညာအထူးသင်တန်းကြီး" အမှတ်စဥ် (၃၅) ကို
မန္တ‌လေးမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

📈သင်ကြားပေးမည့်ဘာသာရပ်များ📊
~~~~~~~~~~~~~~~~~~~~~~~~
(၁) ရွှေဆိုင်ဖွင့်လှစ်ခြင်းနှင့်အုပ်ချုပ်စီမံခန့်ခွဲခြင်း။
(၂) ရွှေပန်းထိမ်အပ်ခြင်း၊ရွှေသန့်စင်ခြင်း။
(၃) ရွှေရည်စပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း။
(၄) ကမ္ဘာ့ရွှေစျေးကွက်နှင့်နိုင်ငံတကာငွေကြေးစျေးကွက်။
(၅) နိုင်ငံခြားရွှေထည်များအကြောင်း။
(၆) ခေတ်မီ အသုံးချရွှေသင်္ချာ။
(လွယ်ကူသည့်နည်းစနစ်များ)။
(၇)ခေတ်မီရွှေရည်စစ်ဆေးခြင်းနည်းစနစ်များ။ ရွှေအတုအစစ်ခွဲခြင်း၊
(၈) စျေးအတက်အကျခန့်မှန်းပုံနည်းစနစ်များ။
(၉) ပြည်တွင်းရွှေစျေးကွက်အားချဉ်းကပ်ခြင်းနှင့် အရှုံးအမြတ်စီမံခန့်ခွဲခြင်း စသည့်ဘာသာရပ်များကို စာတွေ့အပြင်၊ Tutorial Video Fileများဖြင့် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်🥰

စိတ်ပါ၀င်စား၍ တက်ရောက်လိုသူများ
၀၉ - ၈၈၀ ၂၀ ၁၀ ၂၀ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်...

သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် အမြန်စာရင်းပေးသွင်းထားမှ စိတ်ချရမှာပါ။

💰သင်တန်းကြေး💸
~~~~~~~~~~~~~
ပုံမှန်သင်တန်းကြေး #၅သိန်း

သင်တန်းသားဟောင်းများ ၁၅% (ဒုကြိမ်)၊၂၅% (တကြိမ်) နှင့် သင်တန်းသားဟောင်းများမှ ကိုယ်တိုင် အပ်နှံပေးပါက Referral ၁၀% လျော့ပေးပါမည်။

သင်တန်းကြေးအား 𝖪-𝖯𝖺𝗒/𝖡𝖺𝗇𝗄 𝖳𝗋𝖺𝗇𝗌𝖿𝖾𝗋𝗋𝖾𝖽 ဖြင့်လက်ခံပေးပါမည်။

👉သင်တန်းနေ့ရက် -
29.8.2026 မှ 30.8.2026 ထိ (2)ရက်
သင်တန်းချိန်-မနက် ၉နာရီခွဲ မှ ညနေ ၅နာရီ အထိ

သင်တန်းနေရာ- Classic City Tea Saloon
First Floor, (Jade Room), 35*61 လမ်းထောင့်၊မန္တလေးမြို့။

(၁၂ နာရီ မှ ၁နာရီ ထိ ထမင်းစားနားပါမည်)

☎️ဆက်သွယ်စာရင်းပေးရန် 📫
College
📲၀၉ ၈၈၀ ၂၀ ၁၀ ၂၀

16/08/2026

Rangoon College -RC မှ ဝါရင့်ပြည်တွင်း ရွှေပညာရှင် စာရေးဆရာနှင့် Gold & Jewelry Corporate Trainer
ဆရာရဲမာန်အောင် ရဲ့
"ရွှေဆိုင်ဖွင့်လှစ်ခြင်း ဆိုင်ရာသီးသန့် သင်တန်းကြီး" အပတ်စဉ်( ၃၆) ရန်ကုန်အောင်မြင်စွာသင်တန်းဆင်း 🥰🥰

တက်ရောက်ခဲ့ကြသော သင်တန်းသားများအားလုံး ရွှေဆိုင်ပိုင်ရှင်ကြီးများ၊ရွှေကုန်သည်ကြီးများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🥰

သင်တန်း‌တွေနဲ့ ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက Rangoon College-RC page CB ကနေ မေးမြန်းနိုင်သလို

Phone No :09 880 20 10 20 Call/ Viber
ကို ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

College-RC

Rangoon College -RC မှ ဝါရင့်ပြည်တွင်း ရွှေပညာရှင် စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာရဲမာန်အောင် ရဲ့ "ရွ...
16/08/2026

Rangoon College -RC မှ ဝါရင့်ပြည်တွင်း ရွှေပညာရှင် စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာရဲမာန်အောင် ရဲ့
"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာသီးသန့် သင်တန်းကြီး" အပတ်စဉ်( ၃၆) ရန်ကုန် ဒုတိယနေ့ သင်ကြားနေစဉ် 🥰🥰

👉သင်တန်းတွေနဲ့ ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက Rangoon College -RC page CB ကနေ မေးမြန်းနိုင်သလို

Phone No. 09 880 20 10 20 -Viber
ကို ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်🥰

College -Rc

Rangoon College -RC မှ ဝါရင့်ပြည်တွင်း ရွှေပညာရှင် စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာရဲမာန်အောင် ရဲ့ "ရွ...
15/08/2026

Rangoon College -RC မှ ဝါရင့်ပြည်တွင်း ရွှေပညာရှင် စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာရဲမာန်အောင် ရဲ့
"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာသီးသန့် သင်တန်းကြီး" အပတ်စဉ်( ၃၆) ရန်ကုန် ပထမနေ့ သင်ကြားနေစဉ် 🥰🥰

👉သင်တန်းတွေနဲ့ ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက Rangoon College -RC page CB ကနေ မေးမြန်းနိုင်သလို

Phone No. 09 880 20 10 20 -Viber
ကို ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်🥰

College -Rc

15/08/2026

ရွှေကအစစ်၊ တံဆိပ်ကအတု
~~~~~~~~~~~~~~~~~~
လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ကျနော့သူငယ်ချင်းတစ်ယောက်ရဲ့ ဦးလေးဖြစ်သူဟာ ကျနော့ဆီကို ရွှေတွေလာရောင်းပါတယ်။ သူက မြေတစ်ကွက်ဝယ်လိုက်တဲ့အတွက် ငွေချေစရာရှိလို့ ငွေလာဖော်တာဖြစ်လို့ သူလာရောင်းတဲ့ရွှေအလေးချိန်က သုံးဆယ်သားလောက်ရှိပါတယ်။

အဲဒီထဲမှာ အခေါက်တုံးတွေလည်းပါသလို အထည်ပျက်လို့ခေါ်တဲ့ ရွှေထည်တွေလည်းပါပါတယ်။
သူ ကျနော့ဆီရောက်လာပြီး ပစ္စည်းတွေပြတော့ ကျနော် ရွှေတွေကို ချိန်တွယ်ပြီး ရွှေရည်စစ်ဆေးဖို့ လုပ်ပါတယ်။ သူ့ပစ္စည်းတွေထဲက အထည်ပျက်တွေကို စျေးနှုန်းသင့်ပြီး စျေးဖြတ်ပေးလိုက်ပါတယ်။ ပြီးတော့မှ ကျန်တဲ့ တစ်ဆယ်သားကျော်ကျော် အကယ်ဒမီရွှေ တစ်ပိုင်းကို စစ်ဆေးကြည့်လိုက်ပါတယ်။ သူ့အခေါက်ပိုင်းကို ကျနော်ကသေချာစစ်ဆေးနေတာကိုမြင်တော့ အဲဒီဦးလေးကြီးက …

“ ဟေ့.. မောင်ရင်က မယုံလို့လားကွ..အကယ်ဒမီတံဆိပ်ပဲလေ။ ဒီရွှေတွေဝယ်စုထားတာ တော်တော်တောင်ကြာနေပြီ။ မရှိဘူးဆိုရင် ဆယ့်ငါးနှစ်လောက်တောင်ရှိနေပြီ၊ အခုမှငွေလိုလို့ထုတ်ရောင်းတာ” လို့ ပြောပါတယ်။

ကျနော်က “ မယုံလို့မဟုတ်ပါဘူးဦးလေးရယ်၊ ဦးလေးအခုယူလာတဲ့ ရွှေတုံးက အကယ်ဒမီလို့ တံဆိပ်တပ်ထားပေမယ့် အကယ်ဒမီအစစ်မဟုတ်ဘူးဦးလေးရ၊ အဲဒါကြောင့် ကျနော်သေချာကြည့်နေတာ..” လို့ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သူက “ ဘာလဲ၊ မင်းက ငါ့ရွှေတုံးကို အတုလို့ပြောချင်တာလား” လို့ ခပ်ဆတ်ဆတ်လေသံနဲ့ ကျနော့ကိုမေးခွန်းထုတ်ပါတယ်။

ကျနော်လည်း “ အာ… ဦးလေးရယ်.. အဲလိုပြောနေတာမဟုတ်ဘူးဗျ။ ဦးလေးယူလာတဲ့ရွှေတုံးက ရွှေအစစ်ဆိုတာကျနော်သိပါတယ်။ ဒါပေမဲ့ ဦးလေးပြောသလို အကယ်ဒမီတံဆိပ်အစစ်မဟုတ်ဘူးလို့ ကျနော်ပြောနေတာပါ။” လို့ ရှင်းပြလိုက်ပါတယ်။

သူက .. “ ဟေ… ဘာလဲဟ ..တံဆိပ်အတု၊ ငါသိပ်နားမလည်ဘူး၊ နည်းနည်းရှင်းပြပါဦး” လို့ဆိုတော့..

“ ဟုတ်တယ်ဦးလေးရေ.. ဟိုးတုန်းက အကယ်ဒမီအခေါက်က အခုကျနော်တို့ နေ့တိုင်းရောင်းဝယ်နေတဲ့ အကယ်ဒမီအခေါက်တုံးတွေလို စတေကာတွေ၊ ကုတ်နံပါတ်တွေမပါဘူး။ ကျနော်တို့ဆို အဲဒီခေတ်တုန်းက လောင်းကျင်းရဲ့ ပုံစံကိုကြည့်ပြီး တံဆိပ်အတုအစစ်ခွဲကြရတာ၊ အခုဦးလေးယူလာတဲ့ရွှေတုံးကလည်း အဲဒီလို လောင်းကျင်းအတုဆိုတဲ့အထဲကပစ္စည်းပဲ။ ရွှေအတုမဟုတ်ပေမဲ့ ရွှေတုံးရဲ့ မူလအခေါက်အရည်အသွေး ထက်လျော့တဲ့ ရွှေတွေကို အဲဒီလို တံဆိပ်အတုနဲ့ တုပပြီးထုတ်ထားတာ၊ ဒီပစ္စည်းမျိုးတွေက တန်ဖိုးမရှိဘူး တော့မဟုတ်ဘူး။ လက်ရှိရောင်းဝယ်နေတဲ့ စျေးရဲ့အောက်မှာပဲ စျေးခွာပြီးအရည်အသွေးအလိုက် သူ့စျေးနဲ့သူ အရောင်းအဝယ်လုပ်လို့ရတယ်။ အခုခေတ်ကတော့ ရွှေရည်စမ်းသပ်လို့ရတဲ့ Density တိုင်းတဲ့စက်တွေပေါ် နေပြီဆိုတော့ တံဆိပ်အတုပေမဲ့ အခေါက်အရည်အသွေးပြည့်မီတဲ့ အနေအထားမျိုးဆို တခြား ကြားခေါက်တွေရဲ့ စျေးမျိုးဖြတ်ပေးလို့ရပါတယ်။ တအားကြီးအရည်ကျမှသာ စျေးနှုန်းကွာဟမှုများသွားမှာပါ။”

“ ကြားခေါက်ဆိုတာ ဘာကိုပြောတာတုန်း”

“ အော်.. ကြားခေါက်ဆိုတာက အကယ်ဒမီမဟုတ်တဲ့ တခြားတံဆိပ်တွေကို ကျနော်တို့လောကသားတွေက “ကြားခေါက်”လို့ခေါ်ကြတာပါ။ အဲဒီအခေါက်မျိုးတွေက အရည်အသွေးလည်းမညံ့တဲ့ အခေါက်တွေကို ပန်းထိမ်တွေက အရည်ကျိုပြီး သုံးကြတယ်။ အကယ်ဒမီကတော့ အရည်ကျိုသုံးတဲ့လူရော၊ ဝယ်သိမ်းသမားတွေပါအဓိက သုံးကြပါတယ်။ ဒါကြောင့်လည်း အကယ်ဒမီတံဆိပ်က စျေးအမြင့်ဆုံးနေရာကို ယူထားနိုင်တာပါ။ လက်ရှိစျေးကွက်မှာ အဝယ်အရောင်းလုပ်နေကြတာလည်း ဒီတံဆိပ်ပါပဲဗျာ။ ဟိုးတုန်းက အခုလို စတေကာတွေ၊ ကုတ်နံပါတ်တွေ မထည့်ထားတော့ တုပတဲ့လူတွေအတွက်လွယ်ကူတယ်။ တော်ရုံအပြင်လူတွေက ဒီလို တံဆိပ်အတုတွေရှိနေမှန်းမသိကြဘူး။ တော်တော်များများရောင်းတဲ့လူတွေကလည်း ကိုယ့်ဆီကဝယ်သွားပြီး ပြန်လာရောင်းရင် စျေးတစ်ခုနဲ့ ပြန်ဝယ်ပေးနိုင်ကြတော့ တော်ရုံမသိကြဘူး။ အဲ… ကိုယ်ဝယ်နေကျနေရာမှာမဟုတ်ဘဲ တခြားမှာ ရုတ်တရက်ငွေလိုလို့ရောင်းတဲ့အခါမျိုးကျမှ အခုလို တံဆိပ်အတုဖြစ်နေမှန်းသိကြရတယ်။ အခု ဦးလေးပြတဲ့ အကယ်ဒမီအခေါက်တုံးကလည်း ကျနော်ပြောတဲ့ တံဆိပ်အတုဆိုတဲ့ ရွှေအမျိုးအစားပဲ။ ရွှေရည်ကိုတော့ စက်တိုင်းကြည့်မှပဲ သိနိုင်မယ်ဦးလေး၊ တကယ်လို့ စက်တိုင်းကြည့်တာ ရွှေရည်မီတယ်ဆိုရင်တော့ ဦးလေးရွှေတုံးကို ပေါက်စျေးနဲ့ နည်းနည်းပဲခွာပြီးဝယ်ပေးလို့ရပါတယ်ဗျာ။ လုံးဝကြီး ရွှေအတုတော့ မဟုတ်ပါဘူး။ အခုလက်ရှိစျေးကွက်မှာ ရောင်းနေဝယ်နေကြတဲ့ အကယ်ဒမီရွှေတုံးတွေကတော့ ထုတ်လုပ်တဲ့ခုနှစ်ရော၊ ကုတ်နံပါတ်ပါ ပါတဲ့အတွက် အတုဆိုတာမရှိသလောက်ပါပဲဦးလေးရာ၊” လို့ရှင်းပြပြီး သူယူလာတဲ့ရွှေတုံးကို ရွှေရည်စမ်းစက်နဲ့ စမ်းကြည့်ပြီး အရည်မီတဲ့အတွက် ထိုက်သင့်တဲ့ စျေးနှုန်းတစ်ခုနဲ့ဖြတ်ပြီး ဝယ်ပေးလိုက်ရပါတယ်။

ဆြာရဲမာန်အောင်

11/08/2026

ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေထဲမှာ ငွေဖြစ်မြန်တဲ့ ရွှေဆိုင်လိုရင်းနှီးမြှုပ်နှံမျိုးကို စိတ်ဝင်စားကြပါတယ် 🥰

တစ်ချိန်တုန်းက ရွှေလောကနဲ့အဆက်အစပ်ရှိမှ မျိုးရိုးရှိမှ လုပ်ကိုင်နိုင်တဲ့ ဒီလုပ်ငန်းတွေဟာ တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာတော့ အချိန်တိုအတွင်း မည်သူမဆို ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းမျိုးဖြစ်လာနေပါပြီ 😍

ထုတ်လုပ်မှုစွမ်းအားတဟုန်ထိုးမြင့်တက်လာခြင်းနဲ့အတူ ရွှေထည်လက်ဝတ်ရတနာတွေဟာလည်း တခြားကုန်ပစ္စည်းများလို ရောင်းဝယ်လို့လွယ်ကူတဲ့ခေတ်ရောက်ရှိလာနေပါပြီ။ တွက်ချက်မှုပုံစံမှာ တခြားပစ္စည်းများနဲ့မတူညီတဲ့အတွက်
ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်တော့မယ်ဆိုရင်တော့ အတွက်အချက်ပိုင်နိုင်ဖို့လိုပါတယ် 😘

ဒီလိုအတွက်အချက်တွေပိုင်နိုင်ဖို့
ခေတ်မီပြီးလွယ်ကူတဲ့တွက်ချက်မှုစနစ်တွေနဲ့ စနစ်တကျသင်ကြားပေးနေသော Rangoon College - RC ကဖွင့်လှစ်တဲ့ ဆရာရဲမာန်အောင်ရဲ့ မြန်မာ့ရွှေရောင်းဝယ်ရေးဆိုင်ရာ သင်တန်းကြီးမှာ တက်ရောက်သင်ယူလိုက်ပါ 🥳

ခေတ်မီပြောင်မြောက်တဲ့ရွှေတွက်ချက်မှုစနစ်များအပြင် ကမ္ဘာ့ရွှေဈေးနှင့်ဆက်စပ်ပြောင်းလဲပုံ၊နိုင်ငံတကာငွေကြေးဈေးကွက်များ၊ ရွှေသန့်စင်ခြင်းကဏ္ဍ၊ ပန်းထိမ်အပ်နည်း၊ ရွှေရည်စပ်ခြင်း၊
ရွှေဆိုင်စာရင်းအထားအသို၊နိုင်ငံခြားရွှေထည်များ၊ လွယ်ကူစွာရွှေဆိုင်စာရင်းချုပ်ခြင်းစတဲ့
ကဏ္ဍများစွာကိုတစ်ထိုင်တည်း တတ်မြောက်အောင်သင်ကြားပေးသွားမှာဖြစ်ပါတယ် 🤩

လာမယ့် သြဂုတ်လ ၁၅/၁၆ မှာ Yangoon Batch 36 စတင်တော့မှာဖြစ်ပါတယ် 🤑

တက်ရောက်လိုသူများ 09 880 20 10 20 သို့ စုံစမ်းအပ်နှံနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် 😗

သင်တန်းဘယ်လောက်ကောင်းကြောင်း အထူးမပြောလိုပါဘူး...ပန်းသတင်းလေညှင်းဆောင်ပါတယ်ဗျ 😇

ကိုယ်တိုင်းလည်း သင်တန်းတွေတက်ဖူးတယ်။ကိုယ်တိုင်လည်း သင်တန်းဆရာအဖြစ်သင်တန်းတွေပေးဖူးတယ်။သင်တန်းသားအများစုက သင်တန်းကပေးတာ မ...
11/08/2026

ကိုယ်တိုင်းလည်း သင်တန်းတွေတက်ဖူးတယ်။
ကိုယ်တိုင်လည်း သင်တန်းဆရာအဖြစ်သင်တန်းတွေပေးဖူးတယ်။
သင်တန်းသားအများစုက သင်တန်းကပေးတာ မရကြဘူး။

ပထမတချက်က ဘာမှ လက်တွေ့ လုပ်မကြည့်သေးပဲ ကိုယ်တတ်သွားပြီလို့ ထင်ယောင်ထင်မှားဖြစ်တာ (Illusion of Competence)။သင်တန်းဆရာ ရှင်းပြတာကို နားထောင်နေချိန်မှာ သင်တန်းသားက "ငါ ဒါကို နား လည်တယ်" လို့ ခံစားရပြီး အလေးအနက်မထားတာ၊ ဒါမှမဟုတ် လက်တွေ့ လိုက်မလုပ်တာကြောင့်ဖြစ်တယ်။

မိမိသိပြီးသားအကြောင်းအရာဆိုရင်တောင် horizontal understanding ကျယ်ကျယ်ပြန့်ပြန့်ပိုသိတာ၊ ဒါမှမဟုတ် deep understanding အလေးအနက် ပိုနားလည်တာမျိုး ဖြစ်နိုင်တဲ့အတွက် လိုက်လံလုပ်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်။

နောက်တချက်က သင်တန်းတက်တဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ သင်တန်းနဲ့ မကိုက်ညီတာ။ ဥပမာ-မိမိက educational theory တွေအကြောင်းပို့ချတယ်။ သင်တန်းသားဆရာ၊ ဆရာမတွေ လိုချင်တာက သင်ပြနည်း ဖြစ်နေမယ်ဆိုတာမျိုး။ (မိမိတို့က need analysis လုပ်ထားတာမရှိဘူး)။ သင်တန်းသားကိုယ်တိုင်က ဒီအရာတွေကို အခုချက်ချင်း ချသုံးမယ်ဆိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက် မရှိဘဲ သင်တန်းတက်ရောက်တာမျိုးဖြစ်နေရင် အသိပညာ ရရှိမှု အလွန်နည်းပါးပါတယ်။

သဘာဝအရ သင်တန်းပြီးသွားတာနဲ့ လက်တွေ့ မသုံးဖြစ်ရင် ၄၈ နာရီအတွင်း သင်ယူခဲ့တာတွေရဲ့ ၇၀% နီးပါး မေ့လျော့သွားဖို့ရှိပါတယ်။ဒါ့အပြင်လက်တွေ့ လုပ်ငန်းခွင်/ဘဝမှာ ပြန်လည်အသုံးချနိုင်အောင် ပံ့ပိုးပေးတဲ့ စနစ် (Follow-up, Mentoring, or Action Plan) မရှိရင် သင်ယူခဲ့တာတွေ ပျောက်ကွယ်သွားဖို့ပဲ ရှိပါတယ်။သိတာနဲ့ လက်တွေ့ကွာဟချက် Know-Do Gap" ဆိုတဲ့ ပြဿနာကြောင့်လို့ ဆိုရမယ်ထင်ပါတယ်။ "ပေးကားပေး၏ မရ" ဆိုတာ ဒီလိုအဖြစ်မှာတော့ ယူသူဖက်ထက် ပေးသူဖက်က ခံစားချက်လို့ ဆိုရမယ်ထင်ပါတယ်။

ဆြာကြီးဦးကျော်ဆန်း

"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၆ (ရန်ကုန်)ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူမ...
06/08/2026

"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၆ (ရန်ကုန်)

ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူများအတွက် တိတိကျကျ တွက်ချက်ရောင်းဝယ်တတ်ဖို့၊အရည်အသွေးကိုနားလည်ဖို့၊ နိုင်ငံတကာစျေးကွက်သဘောတရားတွေနဲ့ ငွေကြေးလဲပုံစနစ်တွေကို ကောင်းစွာတွက်ချက်နားလည်ဖို့ အလွယ်ကူဆုံး ခေတ်မီတွက်ချက်ပုံများဖြင့် စနစ်တကျသင်ယူနားလည်နိုင်ဖို့ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းကြီး။

Rangoon College - RC မှ ဝါရင့်ပြည်တွင်း
ရွှေပညာရှင်စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာကြီးရဲမာန်အောင်ရဲ့ ရွှေပညာအထူးသင်တန်းကြီး" အမှတ်စဥ် (၃၆) ကို ရန်ကုန်မှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

📈သင်ကြားပေးမည့်ဘာသာရပ်များ📊
~~~~~~~~~~~~~~~~~~~~~~~~
(၁) ရွှေဆိုင်ဖွင့်လှစ်ခြင်းနှင့်အုပ်ချုပ်စီမံခန့်ခွဲခြင်း။
(၂) ရွှေပန်းထိမ်အပ်ခြင်း၊ရွှေသန့်စင်ခြင်း။
(၃) ရွှေရည်စပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း။
(၄) ကမ္ဘာ့ရွှေစျေးကွက်နှင့်နိုင်ငံတကာငွေကြေးစျေးကွက်။
(၅) နိုင်ငံခြားရွှေထည်များအကြောင်း။
(၆) ခေတ်မီ အသုံးချရွှေသင်္ချာ။
(လွယ်ကူသည့်နည်းစနစ်များ)။
(၇)ခေတ်မီရွှေရည်စစ်ဆေးခြင်းနည်းစနစ်များ။ ရွှေအတုအစစ်ခွဲခြင်း၊
(၈) စျေးအတက်အကျခန့်မှန်းပုံနည်းစနစ်များ။
(၉) ပြည်တွင်းရွှေစျေးကွက်အားချဉ်းကပ်ခြင်းနှင့် အရှုံးအမြတ်စီမံခန့်ခွဲခြင်း စသည့်ဘာသာရပ်များကို စာတွေ့အပြင်၊ Tutorial Video Fileများဖြင့် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်🥰

စိတ်ပါ၀င်စား၍ တက်ရောက်လိုသူများ
၀၉ - ၈၈၀ ၂၀ ၁၀ ၂၀ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်...

သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် အမြန်စာရင်းပေးသွင်းထားမှ စိတ်ချရမှာပါ။

💰သင်တန်းကြေး💸
~~~~~~~~~~~~~
ပုံမှန်သင်တန်းကြေး #၅သိန်း

သင်တန်းသားဟောင်းများ ၁၅% (ဒုကြိမ်)၊၂၅% (တကြိမ်) နှင့် သင်တန်းသားဟောင်းများမှ ကိုယ်တိုင် အပ်နှံပေးပါက Referral ၁၀% လျော့ပေးပါမည်။

သင်တန်းကြေးအား 𝖪-𝖯𝖺𝗒/𝖡𝖺𝗇𝗄 𝖳𝗋𝖺𝗇𝗌𝖿𝖾𝗋𝗋𝖾𝖽 ဖြင့်လက်ခံပေးပါမည်။

👉သင်တန်းနေ့ရက် -
15.08.2026 မှ 16.08.2026 ထိ (2)ရက်
သင်တန်းချိန်-မနက် ၉နာရီ မှ ညနေ ၅နာရီ အထိ

သင်တန်းနေရာ- PMM Business Centre ,Zem Campus,ဗဟိုလမ်း၊စမ်း‌ချောင်းမြို့နယ်။

(၁၂ နာရီ မှ ၁နာရီ ထိ ထမင်းစားနားပါမည်)

☎️ဆက်သွယ်စာရင်းပေးရန် 📫
College
📲၀၉ ၈၈၀ ၂၀ ၁၀ ၂၀

Address

No. 180, Botahtaung Pagoda Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Rangoon College - RC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share