Myanmar Citizens Bank - MCB

Myanmar Citizens Bank - MCB "The Citizens’ Choice" With a healthy balance sheet and strong management team, it is currently enjoying one of the fastest growth rates in Myanmar.

Established in 1992, Myanmar Citizens Bank (“MCB”) is one of the oldest private commercial banks in the country and the first bank to be listed on the Yangon Stock Exchange. MCB has a diverse shareholder base, a board with well experienced directors and a senior management team with a wealth of experiences in banking across Myanmar and the Asia Pacific region. Its board and management team bring a

disciplined governance framework fostering strong ethical values and transparency to its business model. MCB has been traditionally focused on Commercial and SME segments. It is now rapidly expanding into Corporate and Retail banking segments distributing innovative and competitive products and services through a network of nearly 52 branches across 26 cities in the country. Over 1,000 committed and dynamic banking professionals serve MCB’s fast-growing client base in a friendly and efficient environment. In 2019, MCB signed a wide-ranging long-term consultancy and partnership agreement with the International Finance Corporation (“IFC”), the private sector arm of the World Bank, embarking on a three-year transformation journey to modernize and build its banking operations along with best-in-class product and service offerings. To visit MCB website: http://www.mcb.com.mm/

28/08/2026

YUEco Career Fair 2026 ပွဲမှာ MCB ဘဏ်ကလည်း ဂုဏ်ယူစွာနဲ့ ပါဝင်ခဲ့တဲ့ အမှတ်တရပုံရိပ်များကို မျှဝေလိုက်ရပါတယ်။ ✨

🌐www.mcb.com.mm




၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "YUEco Career Fair...
27/08/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "YUEco Career Fair 2026" အလုပ်အကိုင်ပြပွဲကြီးမှာ MCB ဘဏ်ကလည်း ဂုဏ်ယူစွာဖြင့် ပါဝင်ခဲ့ပါတယ်။

ဒီပွဲမှာ MCB ဘဏ်၏ တာဝန်ရှိသူတစ်ဦးမှ ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစေမယ့် အနာဂတ် အလုပ်အကိုင် လမ်းကြောင်းများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဗဟုသုတများကို မျှဝေပေးသည့် "Career Talk" Session ကို ဟောပြောဆွေးနွေးပေးခဲ့သလို ပွဲရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ပရော်ဖက်ရှင်နယ် အလုပ်အကိုင်များ ရရှိစေရန်နဲ့ ဘဏ်လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ Fresh Graduates များအတွက် MCB ဘဏ်မှ အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာကို ပေးအပ်ခဲ့ပါတယ်။

အသိပညာပေး Career Talk Session ကို အားပေးတက်ရောက်ခဲ့ကြပြီး MCB ဘဏ်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို လာရောက်စုံစမ်းလျှောက်ထားခဲ့ကြသည့် ညီငယ်၊ ညီမငယ်များ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိရင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ “YUEco Career Fair 2026” မှ အမှတ်တရ ပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Bank your career with MCB!


🌐www.mcb.com.mm


#စိတ်ချမြဲတည်MCB

လုပ်ငန်းရှင်များအနေဖြင့် သင့်လုပ်ငန်းခွင် လည်ပတ်မှု ပိုမိုမြန်ဆန် စမတ်ကျစေပြီး လစဉ် လစာထုတ်ပေးသည့် လုပ်ငန်းစဉ်များတွင် အ...
25/08/2026

လုပ်ငန်းရှင်များအနေဖြင့် သင့်လုပ်ငန်းခွင် လည်ပတ်မှု ပိုမိုမြန်ဆန် စမတ်ကျစေပြီး လစဉ် လစာထုတ်ပေးသည့် လုပ်ငန်းစဉ်များတွင် အချိန်နှင့် လူအင်အား အသုံးပြုမှုကို လျှော့ချနိုင်ရန် MCB Payroll Service ကို ရွေးချယ်နိုင်ပါပြီ။

MCB Payroll Service ကို အသုံးပြုရင်း
🔹 ဝန်ထမ်းများရဲ့ ဘဏ်စာရင်းများသို့ ကလစ်တစ်ချက်တည်းဖြင့် ငွေပေးချေနိုင်ခြင်း။
🔹 ငွေသားအမြောက်အများကိုင်ဆောင်ရန် မလိုအပ်ခြင်း။
🔹 တိကျမြန်ဆန်ပြီး နေရာမရွေး၊ အချိန်မရွေး ငွေလွှဲနိုင်ခြင်း။
🔹 လစာဝင်တာနဲ့ ဝန်ထမ်းများက ဖုန်းစာတို (SMS) မှတစ်ဆင့်သိရှိနိုင်သလို Debit ကတ်နှင့် ချိတ်ဆက်ထားသဖြင့် ATM စက်များမှာ ငွေသားထုတ်ယူနိုင်ခြင်းနှင့် MCB mBanking တို့မှလည်း စစ်ဆေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများကို ရယူလိုက်ပါ။

သင့်လုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်စေရန်အတွက် MCB Payroll Service ကို ဒီနေ့ပဲ ရယူလိုက်ပါ။

MCB Payroll Service အကြောင်း အသေးစိတ် သိရှိလိုပါက MCB Call Center ဖုန်းနံပါတ် 09 94005 1234 သို့ (၂၄) နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်သလို MCB ဘဏ်၏ page Messenger နှင့် နီးစပ်ရာ MCB ဘဏ်ခွဲတိုင်းတွင်လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ MCB Website - http://www.mcb.com.mm/


#စိတ်ချမြဲတည်MCB

📢 Brand New ကားသစ်ကြီးများ ပိုင်ဆိုင်လိုသူများအတွက် သတင်းကောင်း MCB ဘဏ်နဲ့ Super Car 1 Car Sale Center တို့အကြား အရောင်း...
24/08/2026

📢 Brand New ကားသစ်ကြီးများ ပိုင်ဆိုင်လိုသူများအတွက် သတင်းကောင်း

MCB ဘဏ်နဲ့ Super Car 1 Car Sale Center တို့အကြား အရောင်းကိုယ်စားလှယ်သဘောတူညီမှု (Dealership Agreement) အောင်မြင်စွာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်လို့ လူကြီးမင်းတို့လိုအပ်တဲ့ အိမ်သုံး Brand New နဲ့ Used ကားတွေကို MCB Auto Loan (Automobile Hire Purchase ) ဝန်ဆောင်မှုဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အခုလို သဘောတူညီချက်အရ လူကြီးမင်းတို့အနေဖြင့် Super Car 1 Car Sale Center မှ Brand New နဲ့ Used ကားများကို MCB Auto Loan ဝန်ဆောင်မှုဖြင့် စိတ်ချလက်ချ ဝယ်ယူအားပေးနိုင်ပြီ ဖြစ်လို့ အခုပဲ ဆက်သွယ်ရယူနိုင်ပါပြီ။

HP ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး နီးစပ်ရာ MCB ဘဏ်ခွဲတိုင်းတွင် ရယူနိုင်သလို၊ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက MCB Call Center ဖုန်းနံပါတ် 09 94005 1234 သို့ ၂၄ နာရီပတ်လုံး၊ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Dealer list ကြည့်ရှုရန် -https://mcb.com.mm/wp-content/uploads/2026/08/MCB-Hire-Purchase-Dealer-List_5.pdf

🌐www.mcb.com.mm


#စိတ်ချမြဲတည်MCB

ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေလား? စိတ်ကြိုက် Gadget တွေ ဝယ်ဖို့လား?MCB ရဲ့  IT & Mobile ပါတနာတွေဆီမှာ MCB MPU-JCB Debit Card...
22/08/2026

ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေလား? စိတ်ကြိုက် Gadget တွေ ဝယ်ဖို့လား?
MCB ရဲ့ IT & Mobile ပါတနာတွေဆီမှာ MCB MPU-JCB Debit Card ဒါမှမဟုတ် VISA Credit Card တွေနဲ့ ငွေပေးချေပြီး အများဆုံး (၅) သိန်းကျပ်အထိ လျှော့ဈေးတွေကို ရနိုင်ပြီနော်။

သတ်မှတ်ထားတဲ့ အထူးလျှော့ဈေးများကို

📍 Electronic City

📍 Mobile King Trading Company Limited

📍 Pro Tech Care iPhone Service Center

📍 UNiQUE IT Mobile & Electronic Center

တို့မှာ ရနိုင်မှာဖြစ်လို့ MCB ဘဏ်ရဲ့ MPU-JCB Debit Card, VISA Credit Card တွေနဲ့ ငွေပေးချေရင်း စိတ်ကြိုက် အီလက်ထရောနစ်ပစ္စည်းများနဲ့ ဝန်‌ဆောင်မှုတွေကို အထူးနှုန်းထားများနဲ့ အရယူလိုက်ပါနော်။

*T&Cs Apply

🏷️VISA Credit Card Promotion များ အသေးစိတ် ကြည့်ရှုရန် - https://mcb.com.mm/partnership-category/mcb-visa-credit-card/

🏷️MPU-JCB Debit Card Promotion များ အသေးစိတ် ကြည့်ရှုရန် - https://mcb.com.mm/partnership-category/mpu-jcb-international-debit-card/

✅MCB Call Center (24/7) - 09 940051234




#စိတ်ချမြဲတည်MCB

တန်ဖိုးထားရတဲ့ ပိုင်ဆိုင်မှုတွေအတွက် ယုံကြည်ရတဲ့ အာမခံချက် ရှိနေပြီလား?မိမိ တန်ဖိုးထားရတဲ့နေအိမ်၊ ဒါမှမဟုတ် ပိုင်ဆိုင်ထာ...
21/08/2026

တန်ဖိုးထားရတဲ့ ပိုင်ဆိုင်မှုတွေအတွက် ယုံကြည်ရတဲ့ အာမခံချက် ရှိနေပြီလား?

မိမိ တန်ဖိုးထားရတဲ့နေအိမ်၊ ဒါမှမဟုတ် ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို GGI Tokio Marine ရဲ့ အထွေထွေအာမခံ ဝန်ဆောင်မှုများနဲ့အတူ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ကြိုတင်ကာကွယ်ထားပြီး စိတ်အေးချမ်းသာစွာ နေထိုင်လိုက်ပါနော်။

🔷 မော်တော်ယာဉ်အာမခံ (Motor Vehicle Insurance)
🔷 မီးအာမခံ (Fire Insurance)
🔷 စက်မှုလုပ်ငန်း အလုံးစုံအာမခံ (Industrial All Risks Insurance)
🔷 ငွေသားလုံခြုံမှု အာမခံ (Cash in Safe Insurance)
🔷 သမာဓိ အာမခံ (Fidelity Insurance)
🔷 ရေကြောင်းကုန်ပစ္စည်း အာမခံ (Marine Cargo Insurance)
🔷 ပြည်ပရေကြောင်းပို့ကုန် အာမခံ (Overseas Marine Cargo Insurance)
🔷 ရေယာဉ်ကိုယ်ထည် အာမခံ (Marine Hull Insurance)
🔷 ကန်ထရိုက်တာ တည်ဆောက်တပ်ဆင်လုပ်ငန်း အလုံးစုံအာမခံ (CAR / EAR)

လုံခြုံတဲ့ အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ GGI Tokio Marine ရဲ့ အထွေထွေအာမခံဝန်ဆောင်မှုတွေကို နီးစပ်ရာ MCB ဘဏ်ခွဲတွေမှာ စုံစမ်းမေးမြန်းလိုက်တော့နော်။

✅ MCB Call Center (24/7) - 09 94005 1234
✅ MCB ဘဏ်ခွဲလိပ်စာများကြည့်ရန် - https://mcb.com.mm/way-to-bank/branches-map/


#စိတ်ချမြဲတည်MCB

MCB ရဲ့ CTZPay Mobile Wallet ကို အသုံးပြုပြီး MMQR Payment ရတဲ့ ဆိုင်တိုင်းမှာ ငွေပေးချေမှုများကို လွယ်ကူလျင်မြန်စွာ ဆော...
21/08/2026

MCB ရဲ့ CTZPay Mobile Wallet ကို အသုံးပြုပြီး MMQR Payment ရတဲ့ ဆိုင်တိုင်းမှာ ငွေပေးချေမှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပါပြီ။

လူကြီးမင်းတို့အနေနဲ့ CTZPay QR Code ဖြင့် ငွေပေးချေခြင်း၊ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ ဘေလ်ပေးဆောင်ခြင်း ဝန်ဆောင်မှုများအပြင် MCB mBanking မှတစ်ဆင့် MCB ဘဏ်အကောင့် အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ အခြားဘဏ်များသို့ ငွေလွှဲပြောင်းခြင်း၊ Credit Card ငွေပြန်လည်ဖြည့်သွင်းခြင်း (Credit Card Repayment) များအပြင် အခြားသော ဘဏ်ဝန်ဆောင်မှုများကိုလည်း ဘဏ်ခွဲများသို့ လူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ဘဲ အချိန်မရွေး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။

ဘာပဲပေးပေး MMQR တိုင်းမှာ MCB ဘဏ်ရဲ့ CTZPay ကိုသုံးပြီး စမတ်ကျကျ ငွေပေးချေလိုက်ပါနော်။

🔹MCB ရဲ့ CTZPay Application ကို ဒေါင်းလုတ်ရယူရန် - https://link-my.app/ctzpaydownloadsocial
🔹စီတီဇင်ပေး အကောင်ဖွင့်ပုံ အဆင့်ဆင့် ဗီဒီယိုကြည့်ရှုရန် - https://bit.ly/3AviILr
📞 MCB Call Center (24/7) - 09 94005 1234

🌐www.mcb.com.mm



#စိတ်ချမြဲတည်MCB


CTZPay App ကနေ MCB mbanking / iBanking အကောင့်အသစ်ကို Self-Registration ပြုလုပ်ပြီး E -Money ဆုကြီးတွေ ကံထူးလိုက်ပါ။ဩဂုတ...
21/08/2026

CTZPay App ကနေ MCB mbanking / iBanking အကောင့်အသစ်ကို Self-Registration ပြုလုပ်ပြီး E -Money ဆုကြီးတွေ ကံထူးလိုက်ပါ။

ဩဂုတ်လ (၁၇) ရက်နေ့မှ စတင်ပြီး CTZPay App ထဲကနေ MCB ရဲ့ mBanking / iBanking အကောင့်အသစ်ကို ကိုယ်တိုင်မှတ်ပုံတင် ဖွင့်လှစ်အသုံးပြုသူတိုင်း E-Money ဆုကြီးတွေ ကံထူးခွင့်ရရှိမှာဖြစ်ပြီး (၂) ပတ်တစ်ကြိမ် ကံထူးရှင်များကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

🏆 (၂) ပတ်တစ်ကြိမ် မဲဖောက်ပေးသွားမယ့် E-Money ဆုတွေကတော့

💰၃ သိန်းကျပ် - (၁) ဆု
💰၁ သိန်းကျပ် - (၂) ဆု
💰၅ သောင်းကျပ် - (၃) ဆု
💰၃ သောင်းကျပ် - (၅) ဆု
💰၁ သောင်းကျပ် - (၁၀) ဆုအထိ ဖြစ်ပြီး ကမ်ပိန်းကာလအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက် မှ အောက်တိုဘာလ (၁၇) ရက်နေ့အထိဖြစ်ပါတယ်။

👥 ပါဝင်နိုင်သူများ - MCB mBanking / iBanking အသုံးပြုသူ အသစ်များ (Self-Registration ဖြင့် ကိုယ်တိုင် မှတ်ပုံတင်သူများအားလုံး ပါဝင်ခွင့်ရှိပါသည်။)

ကံထူးသွားသည့် E-Money ဆုငွေများကို ကံထူးရှင်၏ MCB အကောင့်ထဲသို့ ရုံးဖွင့်ရက် ၇ ရက်အတွင်း တိုက်ရိုက် ဖြည့်သွင်းပေးသွားမှာပဲ ဖြစ်ပါတယ်။

E-Money ကံထူးရှင်ဖြစ်ဖို့ အခုပဲ CTZPay App ကို ဒေါင်းလုဒ်ဆွဲပြီး MCB mBanking အကောင့်ဖွင့်လှစ်လိုက်ပါနော်။

📲 CTZPay App ဒေါင်းလုပ်ဆွဲရန် - https://bit.ly/4gBpp0t

🔗mBanking ကိုယ်တိုင်မှတ်ပုံတင်ရန် - https://bit.ly/4nK8ivg

🔗 ကမ်ပိန်း အသေးစိတ် ကြည့်ရှုရန် - https://mcb.com.mm/mm/promotion/godigitalgetlucky/

#စီတီဇင်ပေး #ဘာပဲပေးပေးစီတီဇင်ပေး

ရွှေလို အဖိုးတန်တဲ့ ပိုင်ဆိုင်မှုများကို တိုးပွားစေဖို့ အတိုးများပြီး စိတ်ချရတဲ့ "Golden Fixed Deposit" အကောင့်နဲ့အတူ ယု...
20/08/2026

ရွှေလို အဖိုးတန်တဲ့ ပိုင်ဆိုင်မှုများကို တိုးပွားစေဖို့ အတိုးများပြီး စိတ်ချရတဲ့ "Golden Fixed Deposit" အကောင့်နဲ့အတူ ယုံကြည်စွာ အပ်နှံလိုက်ပါ။

အပ်နှံတဲ့ကာလအလိုက် ပိုင်ဆိုင်မှုတွေကို တိုးပွားစေမယ့် MCB ဘဏ်ရဲ့ "Golden Fixed Deposit" အကောင့်ဖွင့်ပြီး အခုလို အတိုးနှုန်းများကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

🔹 (၁၂) လ အပ်နှံပါက - 12.10% p.a.

🔹 (၉) လ အပ်နှံပါက - 11.75% p.a.

🔹 (၆) လ အပ်နှံပါက - 11.50% p.a.

🔹 (၃) လ အပ်နှံပါက - 10.90% p.a.

အထူးခံစားခွင့်များအနေနဲ့

✔️ အတိုးများကို လစဉ်ထုတ်ယူနိုင်ပါတယ်။

✔️ အပ်နှံကာလ သက်တမ်းမစေ့မီ ပြန်လည်ထုတ်ယူလိုပါကလည်း အနီးစပ်ဆုံးကာလ၏ အတိုးနှုန်းဖြင့် ပြန်လည်တွက်ချက်ပေးဦးမှာ ဖြစ်ပါတယ်။

Golden Fixed Deposit ကို စတင်အပ်နှံငွေ (၁၀) သိန်းကျပ်မှစ၍ စိတ်ကြိုက်အပ်နှံပြီး အကျိုးအမြတ်များစွာကို လစဉ်ရယူနိုင်ဖို့ အခုပဲ နီးစပ်ရာ MCB ဘဏ်ခွဲများသို့ ကိုယ်တိုင်သွားရောက်၍ဖြစ်စေ mBanking / iBanking တို့ကတစ်ဆင့်ဖြစ်စေ လွယ်ကူစွာ အကောင့်ဖွင့်လှစ်လိုက်ပါနော်။

အသေးစိတ်သိရှိလိုပါက MCB Call Center - 09-940051234 သို့ (၂၄) နာရီလုံး၊ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
MCB ဘဏ်ခွဲလိပ်စာများ - https://mcb.com.mm/way-to-bank/branches-map/


#စိတ်ချမြဲတည်MCB

📢System Maintenance Completion - အသိပေးကြေညာခြင်း System Maintenance ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် MCB ဘဏ်၏ ဘဏ်ဝန်ဆော...
19/08/2026

📢System Maintenance Completion - အသိပေးကြေညာခြင်း

System Maintenance ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် MCB ဘဏ်၏ ဘဏ်ဝန်ဆောင်မှုများအားလုံး ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာလိုက်ရပါတယ်။

MCB ဘဏ်၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 09-940051234 သို့ ပိတ်ရက်မရှိ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်သလို MCB Bank page ၏ Facebook Messenger မှတစ်ဆင့်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

www.mcb.com.mm


#စိတ်ချမြဲတည်MCB

Address

No. 383, Maha Bandula Road, Kyauktada Township
Yangon
11182

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Telephone

+9512399663

Alerts

Be the first to know and let us send you an email when Myanmar Citizens Bank - MCB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Citizens Bank - MCB:

Shortcuts

Share