Myanmar Citizens Bank - MCB

Call Directions Website Contact the business

Myanmar Citizens Bank - MCB "The Citizens’ Choice" With a healthy balance sheet and strong management team, it is currently enjoying one of the fastest growth rates in Myanmar.

Established in 1992, Myanmar Citizens Bank (“MCB”) is one of the oldest private commercial banks in the country and the first bank to be listed on the Yangon Stock Exchange. MCB has a diverse shareholder base, a board with well experienced directors and a senior management team with a wealth of experiences in banking across Myanmar and the Asia Pacific region. Its board and management team bring a disciplined governance framework fostering strong ethical values and transparency to its business model. MCB has been traditionally focused on Commercial and SME segments. It is now rapidly expanding into Corporate and Retail banking segments distributing innovative and competitive products and services through a network of nearly 52 branches across 26 cities in the country. Over 1,000 committed and dynamic banking professionals serve MCB’s fast-growing client base in a friendly and efficient environment. In 2019, MCB signed a wide-ranging long-term consultancy and partnership agreement with the International Finance Corporation (“IFC”), the private sector arm of the World Bank, embarking on a three-year transformation journey to modernize and build its banking operations along with best-in-class product and service offerings. To visit MCB website: http://www.mcb.com.mm/

စိတ်ကူးထဲက အိမ်ဂေဟာလေးကို ပုံဖော်ရင်း ကံစမ်းမဲတွေလည်း ကံထူးနိုင်မယ့်  PRO 1 “Happy Living Fest” ပွဲကြီးမှာ MCB Bank လည်း...
01/10/2026

စိတ်ကူးထဲက အိမ်ဂေဟာလေးကို ပုံဖော်ရင်း ကံစမ်းမဲတွေလည်း ကံထူးနိုင်မယ့် PRO 1 “Happy Living Fest” ပွဲကြီးမှာ MCB Bank လည်း ရှိနေမယ့်အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ဒီပွဲလေးမှာ MCB ဘဏ်ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက အသုံးပြုသူ မိဘပြည်သူများရဲ့ လူနေမှုဘဝအတွက် အထောက်အကူပေးမယ့် အရစ်ကျချေးငွေ၊ အိမ်ရာချေးငွေ စတဲ့ ချေးငွေဝန်‌‌ဆောင်မှုများအပြင် စုငွေ၊ အပ်ငွေအကောင့်များ၊ Credit Card, Debit Card နဲ့ CTZPay Wallet စတဲ့ ဒစ်ဂျီတယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ် ရှင်းပြလို့ ဝန်ဆောင်မှု ပေးအပ်သွားမှာပါ။


အိမ်အတွက် လိုအပ်တာတွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူရင်း ဘဏ်ဝန်ဆောင်မှု ရယူနိုင်ဖို့ PRO 1 “Happy Living Fest” က MCB ကောင်တာလေးကို မှတ်ပုံတင်မူရင်း သို့မဟုတ် ယာဉ်မောင်းလိုင်စင်မူရင်းပါ ယူဆောင်ပြီး လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။

🔹 နေ့ရက် - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ
🔹 အချိန် - နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ
🔹 နေရာ - PRO 1 Global Home Center (မင်္ဂလာဒုံ အရောင်းစင်တာ)


#စိတ်ချမြဲတည်MCB

🎁 MCB ရဲ့ Facebook နဲ့ Viber Channel တွေကို Follow နဲ့ Join လုပ်ပြီး ချစ်စရာ လက်ဆောင်လေးတွေ ရယူလိုက်တော့နော်။ကံထူးနိုင်မ...
01/10/2026

🎁 MCB ရဲ့ Facebook နဲ့ Viber Channel တွေကို Follow နဲ့ Join လုပ်ပြီး ချစ်စရာ လက်ဆောင်လေးတွေ ရယူလိုက်တော့နော်။

ကံထူးနိုင်မယ့် ဆုလက်ဆောင်များကတော့
ကံထူးရှင် (၂၀) ဦး အတွက်
👜 MCB Tote Bag နဲ့
👝 MCB Pouch
နောက်ထပ် ကံထူးရှင် (၁၀) ဦး အတွက်
📱 CTZPay Promo Wallet 10,000 Ks တို့ စုစုပေါင်း ကံထူးရှင် (၃၀) ဦးအထိ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင် ကံစမ်းဖို့ ဒီအဆင့်လေးတွေ ဆောင်ရွက်ရုံပါပဲ
1️⃣ MCB page ကို Follow ပြုလုပ်ပါ။
2️⃣ MCB Viber Channel ကို Join ပါ။
3️⃣ မူရင်း ကမ်ပိန်း Post အောက်မှာ Follow နဲ့ Join လုပ်ထားကြောင်း Screenshot များကို Comment ရေးပေးလိုက်ပါ။

ဒါဆိုရင်တော့ Campaign လေးထဲကို အခုပဲ ပါဝင်ဆင်နွှဲပြီး အမိုက်စားလက်ဆောင်တွေ ဆွတ်ခူးလိုက်ပါနော်။

🗓️ ကမ်ပိန်းကာလ - အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၃၁) ရက်နေ့အထိ
🌐 ကမ်ပိန်း အသေးစိတ် စည်းကမ်းချက်များ - https://mcb.com.mm/mm/promotion/connecttowin/

(T&Cs Apply)

📞 MCB Call Center (24/7) - 09 94005 1234



#စိတ်ချမြဲတည်MCB

MEOMA ၏ သတ္တမအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးအခမ်းအနားတွင် MCB ဘဏ်မှ ပါဝင်ခဲ့စက်တင်ဘာလ (၂၆) ရက်နေ့တွင် နေပြည်တော်ရှိ...
30/09/2026

MEOMA ၏ သတ္တမအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးအခမ်းအနားတွင် MCB ဘဏ်မှ ပါဝင်ခဲ့

စက်တင်ဘာလ (၂၆) ရက်နေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း (MEOMA) ၏ သတ္တမအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးအခမ်းအနားတွင် MCB ဘဏ်မှလည်း ပါဝင်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် MCB ဘဏ်မှ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆီစက်ပိုင်ရှင် လုပ်ငန်းရှင်များအတွက် အသုံးဝင်မည့် ဘဏ်ဝန်ဆောင်မှုများဖြစ်သည့် Agricultural Hire Purchase (HP)၊ Trade Services၊ SME Loans နှင့် Digital Banking Solutions ဝန်ဆောင်မှုများကို မိတ်ဆက်ဆွေးနွေးပေးခဲ့ပါသည်။

MCB ဘဏ်သည် ပြည်တွင်း ဆီစက်လုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အစဉ်တစိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားရင်း ပွဲအခမ်းအနားမှ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

🌐 www.mcb.com.mm


#စိတ်ချမြဲတည်MCB

ထိုင်းနိုင်ငံကို အလည်သွားတော့မယ်ဆို MCB Visa Credit Card လေး ယူသွားရုံနဲ့ ဒီလို အမိုက်စား အထူးအခွင့်အရေးတွေကို ရယူနိုင်ပ...
30/09/2026

ထိုင်းနိုင်ငံကို အလည်သွားတော့မယ်ဆို MCB Visa Credit Card လေး ယူသွားရုံနဲ့ ဒီလို အမိုက်စား အထူးအခွင့်အရေးတွေကို ရယူနိုင်ပြီနော်။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Hotel ကြီးများမှာ MCB Visa Credit Card သုံးပြီး ဟိုတယ်ဘိုကင်တင်ရင်း ဒီလို အခွင့်အရေးများကို အရယူလိုက်ပါ။

🏨 Novotel Sukhumvit
(၂) ညနှင့်အထက် တည်းခိုရန် ဘိုကင်ပြုလုပ်ပါက လေဆိပ်မှ ဟိုတယ်သို့ Limousine ဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းနှင့် လူတစ်ဦးစီအတွက် Welcome Drink မေတ္တာလက်ဆောင်တစ်ခွက် ရရှိမှာ ဖြစ်ပါတယ်။
🏨 The Westin Grande Sukhumvit
(၂) ညနှင့်အထက် တည်းခိုရန် ဘိုကင်ပြုလုပ်ပါက လေဆိပ်မှ ဟိုတယ်သို့ Limousine ဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းနှင့် သတ်မှတ်ထားသော စားသောက်ဆိုင်များတွင် ၂၀% အထိ လျှော့စျေးရရှိမှာ ဖြစ်ပါတယ်။
🏨 Hyatt Regency Bangkok
(၂) ညနှင့်အထက် တည်းခိုရန် ဘိုကင်ပြုလုပ်ပါက လေဆိပ်မှ ဟိုတယ်သို့ Limousine ဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းနှင့် လူ (၂) ဦးစာ မနက်စာနှင့် Thai Set Dinner တစ်ကြိမ်ကို ရရှိမှာ ဖြစ်ပါတယ်။
🏨 Hyatt Place Sukhumvit 1/ Hyatt Place Sukhumvit 24
(၂) ညနှင့်အထက် တည်းခိုရန် ဘိုကင်ပြုလုပ်ပါက လေဆိပ်မှ ဟိုတယ်သို့ Limousine ဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းနှင့် သတ်မှတ်ထားသော စားသောက်ဆိုင်များတွင် ၂၅% အထိ လျှော့စျေး ရရှိမှာ ဖြစ်ပါတယ်။
🏨 Pullman Hotel G
(၂) ညနှင့်အထက် တည်းခိုရန် ဘိုကင်ပြုလုပ်ပါက လေဆိပ်မှ ဟိုတယ်သို့ Limousine ဖြင့် အခမဲ့ပို့ဆောင်ပေးခြင်းနှင့် လူ (၂) ဦးစာ မနက်စာကို နေ့စဉ် ရရှိမှာ ဖြစ်ပါတယ်။

📅 Promotion ကာလ
အခုလို အထူးအခွင့်အရေးများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ရယူနိုင်မှာဖြစ်လို့ ဟိုတယ်ဘိုကင်တင်တဲ့အခါ MCB Visa Credit Card ကို အသုံးပြုဖို့ မမေ့နဲ့နော်။
ပရိုမိုးရှင်းအကြောင်းအရာအသေးစိတ်များကိုလည်း တစ်ပုံချင်းစီအောက်မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

*T&Cs Apply
🏷️ VISA Credit Card Promotion များ ကြည့်ရှုရန် - https://mcb.com.mm/partnership/mcb-visa-credit-card/


#စိတ်ချမြဲတည်MCB


MMQR နဲ့ ပေးချေနိုင်တဲ့ နေရာတိုင်းမှာ CTZPay Wallet ကို အသုံးပြုပြီး Scan ဖတ်လိုက်ရုံနဲ့ ငွေပေးချေမှုတိုင်းကို စက္ကန့်ပိ...
29/09/2026

MMQR နဲ့ ပေးချေနိုင်တဲ့ နေရာတိုင်းမှာ CTZPay Wallet ကို အသုံးပြုပြီး Scan ဖတ်လိုက်ရုံနဲ့ ငွေပေးချေမှုတိုင်းကို စက္ကန့်ပိုင်းအတွင်း စိတ်ချလုံခြုံစွာ လုပ်ဆောင်နိုင်ပါပြီ။

MCB ဘဏ်ရဲ့ CTZPay Wallet ကို အသုံးပြုခြင်းဖြင့်

🔹 မည်သည့် MMQR ကိုမဆို အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊

🔹 ငွေလက်ခံသူ အချက်အလက်များကို မှန်ကန်စွာ ဖော်ပြပေးလို့ ၁၀၀% တိကျစိတ်ချရခြင်း၊

🔹 အကြွေ ပြန်အမ်းတာကို စောင့်စရာမလိုဘဲ လျင်မြန်စွာ ပေးချေနိုင်၍ အချိန်ကုန် သက်သာခြင်း

စတဲ့ စိတ်ချမြန်ဆန်တဲ့ ဝန်ဆောင်မှုတွေကို အပြည့်အဝ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဈေးဝယ်ထွက်တိုင်း ငွေသားသယ်ဆောင်စရာမလိုဘဲ ခေတ်မီဆန်းသစ်တဲ့ Cashless အတွေ့အကြုံကို ခံစားကြည့်ဖို့ MCB ရဲ့ CTZPay Wallet ကို ပေးချေမှုတိုင်းအတွက် အခုပဲ သုံးလိုက်တော့နော်။


🔗 MCB ရဲ့ CTZPay App ဒေါင်းလုဒ်ရယူရန် - https://link-my.app/ctzpaydownloadsocial
📞 MCB Call Center (24/7) - 09 94005 1234




#စိတ်ချမြဲတည်MCB


📢ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့သည် လွှဲပြောင်းနိုင်သော စာချူပ်စာတမ်းများ အက်ဥပဒေအရ "ဘဏ်ပ...
28/09/2026

📢ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့သည် လွှဲပြောင်းနိုင်သော စာချူပ်စာတမ်းများ အက်ဥပဒေအရ "ဘဏ်ပိတ်ရက်" ဖြစ်ပါသဖြင့်
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬 𝐁𝐚𝐧𝐤 - 𝐌𝐂𝐁 ၏ "ဘဏ်ခွဲများ"အားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အဆိုပါဘဏ်ပိတ်ရက်အတွင်း MCB ဘဏ်၏ mBanking, iBanking, ATM နှင့် Card ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး MCB Call Center 09 - 940051234 သို့ (၂၄) နာရီလုံး၊ ပိတ်ရက်မရှိ ဆက်သွယ်လို့ ဝန်ဆောင်မှုများ ရယူနိုင်မှာလည်း ဖြစ်ပါသည်။

MCB ဘဏ်ခွဲများ၏ ဘဏ်ဝန်ဆောင်မှုများကို အောက်တိုဘာလ (၂) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည် ဖြစ်ပါသည်။​

🌐 www.mcb.com.mm


#စိတ်ချမြဲတည်MCB

🎉သီတင်းကျွတ်ချိန်ခါ MCB မှာ နိုင်ငံတကာငွေလွှဲများ ထုတ်ယူကာ စမတ်ဖုန်းနဲ့ ​ငွေသားဆုကြီးများ ကံထူးလိုက်ပါနော်။ သီတင်းကျွတ်အ...
28/09/2026

🎉သီတင်းကျွတ်ချိန်ခါ MCB မှာ နိုင်ငံတကာငွေလွှဲများ ထုတ်ယူကာ စမတ်ဖုန်းနဲ့ ​ငွေသားဆုကြီးများ ကံထူးလိုက်ပါနော်။

သီတင်းကျွတ်အချိန်အခါမှာ ပြည်ပက မိသားစု၊ ချစ်ခင်ရသူနဲ့ မိတ်ဆွေများရဲ့ မေတ္တာနဲ့ ပေးပို့လိုက်တဲ့ နိုင်ငံတကာငွေလွှဲများကို MCB ဘဏ် မှာ "အခမဲ့" ထုတ်ယူရင်း စမတ်ဖုန်းအသစ်တစ်လုံး၊ ငွေကျပ် (၁၀) သိန်းဆုနှင့် အခြားငွေသားဆုများစွာကို ကံထူးနိုင်မယ့် အထူးအစီအစဉ်ကြီး လာပါပြီ။

🎁 ကံထူးနိုင်မယ့် ဆုလက်ဆောင်များ
🥇 Oppo စမတ်ဖုန်း - (၁) လုံး
🥈 ငွေကျပ် ဆယ်သိန်းဆု - (၁) ဆု
🥉 ငွေကျပ် တစ်သိန်းခွဲဆု - (၁၀) ဆု

ယုံကြည်စိတ်ချရတဲ့ MCB ဘဏ် ရဲ့ မိတ်ဖက်များဖြစ်ကြသော MoneyGram, Merchantrade, RIA, PayForex (Queen Bee), Terrapay, DollarSmart, Truemoney နှင့် Myanmar Remit @ City Express တို့ထံမှ ပေးပို့လာတဲ့ နိုင်ငံတကာငွေလွှဲများကို

🔹 MCB ဘဏ်ခွဲများတွင် မှတ်ပုံတင်၊ ပင်နံပါတ်ဖြင့် ထုတ်ယူခြင်း၊
🔹 MCB Bank Account ထဲသို့ တိုက်ရိုက် လွှဲပြောင်းလက်ခံခြင်း၊
🔹 CTZPay Wallet ထဲသို့ တိုက်ရိုက်လက်ခံခြင်းစတဲ့ အဆင်ပြေ နှစ်သက်ရာနည်းလမ်းဖြင့် ပါဝင် ကံစမ်းနိုင်ပါတယ်။

ကမ်ပိန်းကာလအတွင်း ‌ငွေကျပ် (၃)သိန်းနှင့် (၃) သိန်းကျပ်နဲ့အထက် နိုင်ငံတကာငွေလွှဲများကို MCB ဘဏ်မှာ ထုတ်ယူတိုင်း ကံစမ်းခွင့် (၁) ကြိမ် ရရှိမှာဖြစ်ပြီး အကြိမ်ရေ အကန့်အသတ်မရှိ ပါဝင်ကံစမ်းနိုင်တာကြောင့် ကမ်ပိန်းကာလအတွင်း MCB မှာ ငွေလွှဲထုတ်ယူရင်း
"ငွေလွှဲမေတ္တာ ထုတ်ယူကာ သီတင်းကျွတ်မှာ ကံစမ်းပါ" ကမ်ပိန်းမှာ အခုပဲ ပါဝင်လိုက်တော့နော်။

🗓️ ကမ်ပိန်းကာလ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ။

*Terms & Conditions Apply

✅ Campaign အသေးစိတ်ကြည့်ရန် - https://mcb.com.mm/promotion/mcbthadingyutmyittar/
📍 နီးစပ်ရာ MCB ဘဏ်ခွဲများ ရှာဖွေရန် - https://www.mcb.com.mm/branches/
📞 MCB Call Center (24/7) - 09 94005 1234


#စိတ်ချမြဲတည်MCB

MCB Visa Credit Card ကို စိတ်ကြိုက် အသုံးပြုပြီး ငွေပြန်ဖြည့်သွင်းဖို့ (Visa Card Repayment) လွယ်လွယ်​လေးပဲနော်။ လစဉ် (၁...
27/09/2026

MCB Visa Credit Card ကို စိတ်ကြိုက် အသုံးပြုပြီး ငွေပြန်ဖြည့်သွင်းဖို့ (Visa Card Repayment) လွယ်လွယ်​လေးပဲနော်။
လစဉ် (၁၀) ရက်နေ့ မတိုင်ခင် မိမိရဲ့ ဖုန်းထဲက​နေ MCB ရဲ့ mBanking ကို အသုံးပြုပြီး ချက်ချင်း ပြန်ဖြည့်သွင်းလိုက်ရုံပါပဲ။

လုပ်ရမယ့် အဆင့်လေးတွေက​တော့

1️⃣ ပထမဦးစွာ MCB mBanking ကို ဝင်ပါ။
2️⃣ ပြီးရင် Credit Card Payment ထဲကို ဝင်ပါ။
3️⃣ မိမိ Visa Credit Card အတွက်လား၊ တခြားသူရဲ့ Visa Credit Card အတွက်လား ဆိုတာကို ရွေး၊ Repayment လုပ်ချင်တဲ့ ငွေပမာဏထည့်ပြီး Submit နှိပ်လိုက်ရုံပါပဲ။
‌
ဒါဆိုရင်တော့ Visa Credit Card အတွက် mBanking ကတစ်ဆင့် Repayment လုပ်ဆောင်ခြင်း အောင်မြင်သွားပါပြီ။
‌
အသေးစိတ်မေးမြန်းလိုပါက MCB Call Center နံပါတ် 09 9400 51234 ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
‌
🔗 MCB mBanking သုံးဖို့ CTZPay App ဒေါင်းလုပ်ဆွဲရန် - https://link-my.app/ctzpaydownloadsocial

‌

#စိတ်ချမြဲတည်MCB

ပိုမိုတောက်ပတဲ့ အနာဂတ်ဆိုတာ လေ့လာသင်ယူမှုကို ရွေးချယ်ခြင်းကနေ စတင်တာပါ။ သင့်ရဲ့ ပညာရေးခရီးစဉ်တစ်လျှောက် အထောက်အကူဖြစ်စေဖ...
26/09/2026

ပိုမိုတောက်ပတဲ့ အနာဂတ်ဆိုတာ လေ့လာသင်ယူမှုကို ရွေးချယ်ခြင်းကနေ စတင်တာပါ။ သင့်ရဲ့ ပညာရေးခရီးစဉ်တစ်လျှောက် အထောက်အကူဖြစ်စေဖို့ MCB ရဲ့ MPU-JCB Debit Card နဲ့ Visa Credit Card တွေကို အသုံးပြုပြီး ပညာရေးပါတနာတွေမှာ ‌ကျောင်းလခ ပေးချေလိုက်ရုံနဲ့ အများဆုံး ကျပ် (၂၅) သိန်းအထိ အထူးလျှော့ဈေးတွေကို ရယူလိုက်တော့နော်။
‌
🎓 MCB ရဲ့ ပညာရေးပါတနာများနှင့် ရရှိနိုင်မည့် အထူး Discount များ
🔹Myanmar Imperial College
MCB Platinum Debit Card နှင့် Platinum Credit Card ကိုင်ဆောင်သူများအတွက် (၃) သိန်းကျပ်အထိ လျှော့ဈေးခံစားခွင့်
🔹Myanmar Management International College
သင်တန်းကြေး ၅% လျှော့ဈေးခံစားခွင့်
🔹NHM IT & Business College
သင်တန်းကြေး ၅% လျှော့ဈေးခံစားခွင့် (ITPEC, Programming and Japanese Class)
🔹MIBA College
(၃) ယောက်နှင့်အထက် အဖွဲ့လိုက်ကျောင်းအပ်နှံမှုများအတွက် တစ်သိန်းကျပ်အထိ လျှော့ဈေးခံစားခွင့်
🔹Strategy First International College
MCB Platinum Debit Card/ Co-branded Card နဲ့ Platinum Credit Card ကိုင်ဆောင်သူများအတွက် (၂၅) သိန်းအထိ လျှော့ဈေးခံစားခွင့်
🔹Acumen International College
ကျောင်းလခအပြည့်သွင်းသူများအတွက်
၁၀% လျှော့ဈေးခံစားခွင့်
🔹Y Max College
၁၀% လျှော့ဈေး ခံစားခွင့်
‌
*T&Cs Apply
‌
VISA Credit Card Promotion များ အသေးစိတ် ကြည့်ရှုရန် - https://mcb.com.mm/partnership.../mcb-visa-credit-card/
‌
MPU - JCB Debit Card Promotion များ အသေးစိတ် ကြည့်ရှုရန် - https://mcb.com.mm/part.../mpu-jcb-international-debit-card/
‌
MCB Call Center (24/7) - 09 94005 1234
‌

#စိတ်ချမြဲတည်MCB

လမုန့်ပွဲတော် ကျင်းပဖို့ ပြင်ဆင်စရာတွေအတွက် Shopping ထွက်နေပြီလား?ဒါဆိုရင်တော့ ဘယ်နေရာမဆို အလွယ်တကူ ငွေပေးချေနိုင်တဲ့ MC...
25/09/2026

လမုန့်ပွဲတော် ကျင်းပဖို့ ပြင်ဆင်စရာတွေအတွက် Shopping ထွက်နေပြီလား?

ဒါဆိုရင်တော့ ဘယ်နေရာမဆို အလွယ်တကူ ငွေပေးချေနိုင်တဲ့ MCB ရဲ့ MPU-JCB Debit Card ဒါမှမဟုတ် Visa Credit Card တွေ အသုံးပြုဖို့ မမေ့နဲ့နော်။ ဒါ့အပြင် MMQR တိုင်းမှာ စကန်ဖတ်ရုံနဲ့ ငွေပေးချေနိုင်တဲ့ CTZPay Wallet ကိုလည်း အသုံးပြုနိုင်တာမို့ အပူအပင်ကင်းကင်းနဲ့ ပွဲတော်အတွက် လိုတာတွေကို ပြင်ဆင်လိုက်တော့နော်။
MCB Digital Banking ဝန်ဆောင်မှုများနဲ့ဆို အချိန်၊ နေရာတိုင်း ငွေသားကိုင်ဆောင်စရာမလိုဘဲ စမတ်ကျကျ ငွေပေးချေနိုင်မှာပါ။

📞 MCB Call Center (24/7) - 09 94005 1234

🌐 www.mcb.com.mm


#စိတ်ချမြဲတည်MCB

Address

No. 383, Maha Bandula Road, Kyauktada Township
Yangon
11182

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00

Telephone

+9512399663

Alerts

Be the first to know and let us send you an email when Myanmar Citizens Bank - MCB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Citizens Bank - MCB:

Shortcuts

Share