ZMTT insurance services

ZMTT  insurance  services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZMTT insurance services, kyauk myaung Qr , Tarmway Township , Ygn , MM, Yangon.

Brainstorming Days Quality TimeStudy more for our Clients
18/06/2025

Brainstorming Days
Quality Time
Study more for our Clients

24/02/2023

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ Industrial All Risk (IAR) Insurance စက်မှုလုပ်ငန်းများတွင် မမျှော်လင့်ထားသော ဆုံးရှုံးမှုမ...

24/02/2023

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီဟာ မကြာမီအချိန်အတွင်း ရောက်ရှိလာတော့မှာပါ။ ​

မီးဟာသုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူဆိုတဲ့အတိုင်း အမြဲသတိရှိရှိ အသုံးပြုပြီး ကြိုတင်ကာကွယ်ထားတာတော့ အကောင်းဆုံးပါပဲ။ ​

အသေးစား မီးလောင်မှုတွေ၊ မီးလန့်မှုတွေကစလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှုတွေပါမကျန် မီးဘေးအန္တရာယ်ကြောင့် မိမိရဲ့ အသက်၊ အိုးအိမ်နဲ့ စည်းစိမ်ဥစ္စာတွေကို အနည်းနဲ့အများဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်စေပါတယ်။​ ဒါ့ကြောင့် မီးနှင့်ပတ်သက်သော ပျက်စီးဆုံးရှုံးမှုများမှကာကွယ်နိုင်ရန် လိုအပ်သော ကိရိယာများကို အဆင်သင့်ထားရှိပြီး ဆုံးရှုံးနစ်နာမှုတွေမှ အကာအကွယ်ပေးနိုင်တဲ့ မီးအာမခံကိုလည်း ကြိုတင်ထားရှိဖို့ လိုအပ်ပါတယ်။​

AYA SOMPO မီးအာမခံအကြောင်း အသေးစိတ်သိရှိလိုပါက https://ayasompo.com/fire-insurance/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။​

AYA SOMPO Insurance – Your Partner for Life​

07/12/2022
15/10/2022

ဂျင်းကောင်ဆိုတာ ..

ကိုယ်ဖြစ်ချင်တဲ့အရာတွေ ၊ ကိုယ်လုပ်ချင်တဲ့အရာတွေ
ဖြစ်ချင်တိုင်း လုပ်ချင်တိုင်းမှာ မဖြစ်နိုင်ပါဘူး ဆိုပြီး ကိုယ့်ကို
အမြဲတမ်း Safe ဖြစ်တဲ့နေရာ ၊ Comfort Zone ထဲမှာပဲ နေစေချင်တဲ့သူပါ။

ကိုယ့်ကိုယ်ကို ပိတ်မိနေတဲ့ အတွေးစလေးတစ်ခု ၊ Confidence လျော့စေတဲ့
စကားတွေ အမြဲတမ်းပြောပြောပေးနေတဲ့ အတွေးလေးတစ်ခုကို
ဂျင်းကောင်လို့ ခေါ်ပါတယ်။

တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို ဂျင်းထည့် နေတဲ့သူပေါ့ဗျာ။



အမြဲတမ်း အဆက်အသွယ်မပြတ်အောင်လို့ Telegram နဲ့ YouTube Channel လင့်လေးတွေပါ။

Telegram👇
https://t.me/pyaykhaing

YouTube👇
https://youtube.com/c/PyayKhaing

ချစ်ခြင်းအားဖြင့်
ပြေခိုင်

14/10/2022

လူတိုင်းနဲ့တည့်အောင်နေပါ
လူတိုင်းနဲ့ခင်မင်အောင်နေပါ
တွေ့တဲ့လူတိုင်းကိုပြုံးပြပြီး နှုတ်ဆက်ပါ
သာကြောင်းမာကြောင်းမေးပါ

(( လူတိုင်းကိုလေးစားပါ
ဘယ်သူကို မှ ကြောက်ဖို့တော့မလိုဘူး ))

အနီးကပ်သူငယ်ချင်းပေါင်းမယ်ဆိုရင်တော့
သေချာရွေးပေါင်းတတ်ဖို့တော့လိုတယ်

ကိုယ်ရဲ့ဘေးနားမှာ ဝေးလေးဝါးလေး
သာပေါင်းညာစား လူတွေပဲများတယ်

လူတိုင်းကို စိတ်ရင်းအမှန် နဲ့ ယုံကြည်ပြီး
စကားအကုန်ဘယ်တော့မှမပြောမိစေနဲ့
အပြည့်အဝမယုံမိစေနဲ့

အဲလိုအနားကလူတွေကပဲ
ကိုယ့်ကိုဒုက္ခပေးကြတာများတယ်

ဘေးနားမှာ လူအယောက်တစ်ရာ ရှိနေဖို့မလိုဘူး

ရင်ဘတ်ချင်းတူပြီး ကိုယ်အပေါ်မှာတကယ်
စေတနာအပြည့်အဝနဲ့ အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့တိုင်ပင်ဖေါ်တိုင်ပင်ဘက်
ဆွေးနွေးလို့ကောင်းတဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်
တစ်ယောက်ရှိရင်ကို ပြည်စုံပြီး လုံလောက်တယ်

- ဦးချစ်ကောင်း ( မန်းအင်ပါယာ)

ီ_ဘာ_ဘာ

14/10/2022

သင်ဘာကို လိုချင်တာလဲ ?
အဲဒီအတွက် မတူညီတဲ့ အလုပ်တွေ ဘာတွေလုပ်ဖို့ရှိသလဲ ?




အမြဲတမ်း အဆက်အသွယ်မပြတ်အောင်လို့ Telegram နဲ့ YouTube Channel လင့်လေးတွေပါ။

Telegram👇
https://t.me/pyaykhaing

YouTube👇
https://youtube.com/c/PyayKhaing


ချစ်ခြင်းအာဖြင့်
ပြေခိုင်

14/10/2022

A ။ အောင်မြင်ခြင်းနဲ့ သတ္တိ
-----------------------

၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ
ပိုက်ဆံ အရင်ရှိတာမဟုတ်ပါ။
သတ္တိအရင်ရှိတာပါ။

၂။ သူများမစဉ်းစားရဲတာကို စဉ်းစားရဲတယ်၊
သများမလုပ်ရဲတာကို စလုပ်ရဲတယ်။

၃။ မစွန့်စားကြည့်ပဲနဲ့ သင်မဖြစ်နိုင်ဘူးဆိုတာ
ဘယ်လိုလို့ သိတာလဲ၊

၄။ သတ္တိရှိတဲ့ ပထမခြေလှမ်းဟာ
ဘ၀ကွာခြားမှုရဲ့ အစပါ။

၅။ မစွန့်စားရဲခြင်းဟာ
အကြီးမားဆုံးစွန့်စားခြင်းဖြစ်တယ်။

၆။ ဆုံးရူံးမှုကို စိုးရွှံ့ ခြင်းဟာ
အောင်မြင်မူကို ငြင်းဆိုခြင်းဖြစ်တယ်။

ရ။ ရေဆိုတာ အနံ့အရသာ မရှိဘူးလို့
သိပ္ဗံဘာသာက ဆိုပါတယ်။
ရေမှာ အရသာရှိပါတယ်။
ရေတွင်းတစ်တွင်းနဲ့ တစ်တွင်း၊
ရေချောင်းတစ်ချောင်းနဲ့ တစ်ချောင်း၊
အရသာလုံး၀ကွာခြားပါတယ်။

ရေရဲ့ အရသာ ရှင်းပြရတာ ခက်ပါတယ်၊
သင်ကိုယ်တိုင် သောက်ကြည့်မှ သိနိုင်မှာပါ။

B ။ အခွင့်အရေးနဲ့ ပြတ်သားခြင်း
----------------------------

၁။ ယုံကြည်အားထားရတဲ့ ဦးဆောင်သူမှာ
ချီတုံချတုံ မရှိပါ။
ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ပါတယ်။

၂။ အချိန်ဆွဲတတ်တဲ့အကျင့်ဟာ
မကောင်းဆုံးအကျင့်ထဲမှာ ပါပါတယ်။

၃။ ကိုယ်နဲ့ မဆိုင်တဲ့အလုပ်လည်း
ကူလုပ်တတ်ပြီဆိုရင် အခွင့်အရေး
ကျရောက်လာပါတော့မယ်။

၄။ ပါးနပ်လိမ္မာတဲ့ လူအဖို့ ကိစ္စတစ်ခု
ကြုံရတိုင်း အခွင့်အရေး ဖြစ်သွားတတ်ပါတယ်။

၅။ “ တကယ်လို့များ” ဆိုတဲ့ အတွေးနဲ့
သင့်ရဲ့ ပြတ်သားမူကို မတားဆီးမိပါစေနဲ့၊

၆။ တစ်ခါတစ်လေ မှားယွင်းသွားတဲ့
ဆုံးဖြတ်ချက်ဟာ
မဆုံးဖြတ်တာထက် သာပါတယ်။

၇။ အခွင့်အရေးဆိုတာ အချိန်တိုင်းမှာ ရှိပါတယ်။
အသက်ရှင်နေသေးသ၍ ရှိနေမှာပါ။

C ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ( ပြင်းပြတဲ့ စိတ်ဆန္ဒ)
---------------------------------------

၁။ ငါ “ လိုချင်လိုက်တာ” ဆိုတာ မအောင်မြင်နိုင်ပါ။
ငါ“ ရကိုရရမယ်” ဆိုမှ အောင်မြင်မှာပါ။

၂။ အောင်မြင်တဲ့ နောင်မျိုးဆက် မဖြစ်ခဲ့ရပေမဲ့လို့၊
အောင်မြင်တဲ့ ပထမမျိုးဆက် ဖြစ်စေရမယ်။

၃။ ဖောင်ဖျက်ပြီး တိုက်ပွဲ၀င်ရင် နိုင်ဖို့ ပိုသေချာတယ်။

၄။ စိတ်နေစိတ်ထားဟာ
ကိုယ်တက်လှမ်းမဲ့ အမြင့်ကို
အဆုံးအဖြတ်ပေးပါတယ်။

၅။ မတူညီတဲ့ အတွေ့အကြုံဟာ ကွဲပြားခြားနားတဲ့
အနာဂတ်ကို တည်ဆောက်တယ်။

၆။ ခြံစည်းရိုးကို မရမက ခုန်ကျော်ချင်ရင်
ဦးထုတ်ကို
ဟိုဘက်ခြမ်း အရင်လှမ်းပစ်ထားရဲတဲ့
ယုံကြည်မူမျိုး ရှိရပါမယ်။

D ။ ရှာဖွေတွေ့ရှိမှု ( ဆုံးဖြတ်တတ်မှု)
------------------------------

၁။ အောင်မြင်သူတို့ဟာ
ဆုံးဖြတ်ချက်ချဖို့ ၀န်မလေးကြပါ။

၂။ ကျွန်တော်တို့ ပတ်၀န်းကျင်မှာ အောင်မြင်ဖို့
အခွင့်အရေး မရှားပါးပါ။

တွေ့ရှိတတ်တဲ့ မျက်လုံး၊ အနှံခံတတ်တဲ့
နာခေါင်း ရှားပါးနေခြင်းဖြစ်တယ်။

၃။ လူထူးချွန်ဖြစ်ချင်ရင်တော့၊
လူသာမာန်တို့ရဲ့ အထင်အမြင်ကို
သင့်ဝေးကွာရပါလိမ့်မယ်။

၄။ ရည်ရွယ်ချက်တိကျပါစေ၊
ဆုံးဖြတ်ချက်ခိုင်မာပါစေ။

ကိုယ်ဘယ်နေရာသွားမယ်ဆိုတာ
အဓိအကျ သိသများကို
ကံကြမ္မာက ပိုပြီးအခွင့်အရေးပေးပါတယ်။

၅။ စီးပွားရေးသမားတို့ရဲ့ ဆဋ္ဌအာရုံဆိုတာ
မွေးရာပါမဟုတ်ပါ။
အတွေ့အကြုံရဲ့ အသီးအပွင့်သာဖြစ်တယ်။

E ။ ဥာဏ်ပညာ
-------------

၁။ အောင်မြင်သူများဟာ သူများဦးနောက်ကို
ဖောက်စားတတ်သူများဖြစ်ကြတယ်။

၂။ ညံ့တဲ့လူများရဲ့ ဆရာလုပ်နေခြင်းထက်၊
တော်တဲ့သူများရဲ့ တပည့်ခံခြင်းဟာ
အထက်ကို ပိုရောက်လွယ်ပါတယ်။

ဒါကြောင့် အချွေအရံ ပေါများခြင်းသည်
မင်္ဂလာမဟုတ်ပါ။

၃။ အသိမဲ့တဲ့ စွန့်စားမှုဟာ
သင့်ကိုပိုမိုဆုံးရူံးစေတတ်ပါတယ်။

၄။ သတ္တိလည်းရှိမယ်၊ သတိလည်းကြီးမယ်၊
စေ့စပ်သေချာမယ်၊

၅။ သင်ကိုယ်တိုင် ဥာဏ်ကြီးရှင် ဖြစ်နေစရာမလိုပါ။

သင်အားသာချက်ကို ဖေါ်ထုတ်တတ်ဖို့တော့လိုသည်။

၆။ လှပတဲ့ စာရေးကရိယာရောင်းတယ်ဆိုပေမဲ့
တစ်ခါတစ်လေ ဘဲဥရောင်းတဲ့ဆိုင်လောက်
အမြတ်မထွက်ပါ။

၇။ စီးပွားရေး အောင်မြင်လိုလျင် စျေးပတ်၀န်းကျင်တွင်
၀င်ဆန့်ရပ်တည်နိုင်သူဖြစ်အောင် အရင်ကြိုးစားရပါမည်။

F ။ ဦးစီးဦးဆောင်မှု
----------------

၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်စစ်စစ်ဆိုတာ
စီမံခန့်ခွဲတတ်တဲ့အပြင်
သတ္တိကောင်းသူများဖြစ်ကြပါတယ်။

၂။ ခင်မင်စရာကောင်းပြီး သြဇာရှိတဲ့
ခေါင်းဆောင်ဖြစ်ပါစေ၊

၃။ သင့်ရဲ့ အသင်းကို အမြဲတက်ကြွနေပါစေ၊

၄။ နောက်လိုက်ကောင်းများလိုချင်ရင်
သင်ပေးဆပ်ရဲတဲ့ သတ္တိအရင်လိုပါတယ်။

၅။ သင်၀န်ထမ်းကိုအပြည့်အ၀ ယုံကြည်ပါ။
သူတို့သင့်ကို ပြန်ယုံကြည်လာပါလိမ့်မည်။

G။ အကြောက်တရား
-----------------

၁။ ကိုယ့်အကြောက်တရားကြောင့်
အသတ်ခံရတာမျိုး မဖြစ်ပါစေနှင့်၊

၂။ သင်ကြောက်လို့ရသည်၊ သို့သော် မျက်စိရှေ့ က
ရန်သူကိုတော့ နိုင်အောင်တိုက်ပါ။

၃။ ချီတက်ပါ၊ ချီတက်ပါ၊ ဆက်ပြီးချီတက်ပါ။
ကြောက်စရာစိတ်ထားသည်သာ
ကြောက်စရာ အကောင်းဆုံး ဖြစ်ပါတယ်။

၄။ ကြောက်လျင် ပိုလုပ်ပါ။
အကြောက်ပျောက်ဆုံးသွားပါမည်။

၅။ အဆိုးဆုံး အခြေအနေကို တွက်ချက်ထားပါ။
မျက်စိရှေ့ ပြသနာ အသေးအဖွဲ ဖြစ်သွားပါမည်။

၆။ သင်အရူံးပေးမှ တကယ်ရူံးမည်။

ရ။ အောင်မြင်ခါနီးလေ၊ ခက်ခဲလေ ဖြစ်တတ်သည်။

H ။ အကောင်းဆုံး ကြိုးစားခြင်း
-------------------------

၁။ သင်ကိုယ့်အတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။
မိမိအတွက် အလုပ်လုပ်ခြင်းဖြစ်သည်။

၂။ အောင်မြင်သူတို့သည် မွေးရာပါ
အလုပ်ရူးများဖြစ်ကြသည်။

၃။ အားကောင်းသော ရှင်ပြိုင်ဘက်ရှိခြင်းသည်
မင်္ဂလာတစ်ပါးဖြစ်သည်။

၄။ အရူးတစ်ယောက်ကဲ့သို့ အရူံးမပေးကြေး၊

၅။ စစ်သူကြီး မဖြစ်ချင်တဲ့ စစ်သား၊
စစ်သားကောင်းမဟုတ်ပါ။

၆။ အောင်မြင်သူတို့ဟာ ဝေဖန်မှု၊
လှောင်ပြောင်မှု ကို ဂရုမစိုက်တတ်သူများဖြစ်ကြသည်။

ီ_ဘာ_ဘာ

14/10/2022

အောင်မြင်ဖို့ကြိုးစားနေတဲ့အချိန်မှာ
ကိုယ့်ရဲ့စိတ်ကူးယဉ်အိမ်မက်တွေ တကယ်ဖြစ်လာဖို့အတွက်

ကိုယ်မလုပ်ချင်တဲ့အရာ ကိုယ်မကြိုက်တဲ့အရာတွေကိုလည်း သီးခံပြီးလုပ်ရပါတယ်

ဒါပေမယ့်အချိန်တစ်ခုပေးပြီးသွားရင်

ကိုယ်မလုပ်ချင်တဲ့အရာတွေမလုပ်ချင်လည်းငြင်းလို့ရတဲ့အခြေနေရောက်လာပါလိမ့်မယ်

ကိုယ်စိတ်ပျော်တဲ့အရာတွေကိုပဲ လုပ်လို့ရတဲ့အချိန်တစ်ခုရောက်လာပါလိမ့်မယ်

အဲ့ဒါကြောင့် စိတ်ရှည်ပါ သည်းခံပါ အချိန်ပေးပါ

ကိုယ့်ရဲ့နေ့ဆိုတာ ရောက်ကိုရောက်လာမှာသေချာပါတယ်

20/09/2022

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ။​

နေ့တိုင်း စာဖတ်တယ်နော်။
စာဖတ်တယ်လို့မစဉ်းစားဘူး။
ကိုယ့်ကိုကိုယ် train နေတာလို့စဉ်းစားတယ်။​

Gym သွားဆော့တယ်နော်။
သွားဆော့တာ မဟုတ်ဘူး။​
သွား train နေတာ။

နေ့တိုင်း စာတွေရေးတယ်နော်။​
စာရေးတယ်ဆိုတာထက်
ကိုယ့်ကိုကိုယ် စာရေးတဲ့စွမ်းအား
တိုးတက်အောင် train နေတာ။

ဘောလုံးမကန်တာကြာတဲ့ ဘောလုံးသမားက
အရင်လို performance ကောင်းနေမယ်
ထင်လို့လား။​

ဦးနှောက်နဲ့သိပ်မစဉ်းစားတဲ့သူတစ်ယောက်၊
မလေ့လာနေတဲ့ သူတစ်ယောက်ဦးနှောက်က
ဖြတ်လတ်နေမယ်ထင်လို့လား။ ​

စိတ်ဓာတ်ရေးရာသေချာ မ train ထားတဲ့
သူတစ်ယောက်က
လောကဓံအထုအထောင်းကို
ဒူပေဒါပေ ခံမယ်ထင်လို့လား။

ကျွန်တော်ကတော့မထင်ဘူး။
ဒါကြောင့် ကိုယ့်ကိုကိုယ် train နေရတယ်။
ဒါမှ ဒီထက်ပိုဝေးတဲ့ ခရီးနှင်နိုင်မယ်။



Sharing by Successful Life

Address

Kyauk Myaung Qr , Tarmway Township , Ygn , MM
Yangon

Telephone

09972103483

Website

Alerts

Be the first to know and let us send you an email when ZMTT insurance services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share