Aung Myo Linn - Financial Advisor

Aung Myo Linn - Financial Advisor Now, I’m extending my expertise to insurance, helping you protect your future and achieve financial stability. Let’s build a brighter, safer future!

Whether it’s life, health, or retirement planning, I provide guidance tailored to your needs.

"ငါးနှစ်၊ ဆယ်နှစ် ဆက်တိုက် Premium ပေးသွင်းရမှာ ကြောက်နေတဲ့သူတွေအတွက်...""ရှာရတဲ့ငွေကလည်း ခက်ခဲ၊ ကုန်ဈေးနှုန်းကလည်း တက်န...
20/05/2026

"ငါးနှစ်၊ ဆယ်နှစ် ဆက်တိုက် Premium ပေးသွင်းရမှာ ကြောက်နေတဲ့သူတွေအတွက်..."

"ရှာရတဲ့ငွေကလည်း ခက်ခဲ၊ ကုန်ဈေးနှုန်းကလည်း တက်နေတဲ့ အခုလိုအချိန်မှာ… Insurance ဝယ်ဖို့ နေနေသာသာ ‘နှစ်စဉ် အာမခံကြေး ပုံမှန်ပေးသွင်းရမယ်’ ဆိုတဲ့ Commitment ကြီးကို မြင်တာနဲ့တင် အတော်များများ လန့်ကြောက်သွားတတ်ကြပါတယ်။

'ငွေတွေ အလကား ကုန်သွားမလား?' 'နောက်နှစ်တွေမှာ ပုံမှန်မသွင်းနိုင်ရင် ဘာဖြစ်မလဲ?'

ဒီလိုတွေးပြီး ကြောက်နေမိတာ သဘာဝကျပါတယ်ခင်ဗျာ။ ဒါပေမယ့် ဒီကြောက်စိတ်ကြောင့် ကျွန်တော်တို့ မေ့လျော့နေတဲ့ 'တကယ့် အကြောက်တရား ၃ ခု' ရှိပါတယ်။

၁။ မမျှော်လင့်ဘဲ ဆေးရုံတက်ရရင် အလုပ်မလုပ်နိုင်တော့တဲ့အပြင် ကိုယ့်စုဘူးလေးပါ ပြောင်သွားမှာကို မကြောက်ဘူးလား?

၂။ ကိုယ်မရှိတော့တဲ့နေ့ကျရင် မိသားစုက အကြွေးတွေ၊ လစဉ်စရိတ်တွေကြားမှာ မျက်ရည်ကျကျန်ရစ်ခဲ့မှာကို မကြောက်ဘူးလား?

၃။ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ ဘယ်သူ့ဆီကမှ ထောက်ပံ့ကြေးမရဘဲ လက်မှိုင်ချနေရမှာကို မကြောက်ဘူးလား?

အာမခံ Premium ကြေးဆိုတာ ပိုက်ဆံအလကား ကုန်သွားတာ မဟုတ်ပါဘူး။ အထက်ကပြောတဲ့ 'တကယ့် အကြောက်တရားကြီး ၃ ခု' ကို ကာကွယ်ဖို့ ကိုယ့်ပိုက်ဆံကို ကိုယ့်စုဘူးထဲမှာ စနစ်တကျ ပြန်စုနေတာ ပါ။

တစ်လစာ သို့မဟုတ် တစ်နှစ်စာ စုစုပေါင်းပမာဏကို ကြည့်ရင် များတယ်ထင်ရပေမယ့် တစ်ရက်စာ တွက်ချက်လိုက်ရင် အပြင်မှာ ကော်ဖီတစ်ခွက်၊ မုန့်တစ်ပွဲဖိုးထက် မပိုပါဘူး။ နေ့စဉ် အသေးအဖွဲ ကုန်ကျစရိတ်လေးတွေကို စနစ်တကျ စုဆောင်းရုံနဲ့ မိသားစုအတွက် ခိုင်မာတဲ့ Financial Shield (ငွေကြေးဒိုင်း) တစ်ခု တည်ဆောက်နိုင်ပါတယ်။

'ငါ တကယ် ပုံမှန် သွင်းနိုင်ပါ့မလား?'
'ငါ့ဝင်ငွေနဲ့ဆို ဘယ်လောက် ပမာဏက အသင့်တော်ဆုံးလဲ?'
စိုးရိမ်စိတ်တွေ ရှိနေရင် စိတ်မပူပါနဲ့။

လူကြီးမင်းဆို့ အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Plan ကို အခမဲ့ တိုင်ပင်တွက်ချက်ပေးပါမယ်။

အသေးစိတ် သိချင်တယ်၊ တွက်ချက်ပေးကြည့်စေချင်တယ်ဆိုရင် ဆက်သွယ်လိုက်နော်။

Aung Myo Linn @ Ko Linn
Financial Services Consultant
09 5280461
09 797045013 (Viber)
[email protected]
Foster Financial Services
AIA Myanmar



17/05/2026

အာမခံက စျေးကြီးလား???

အပြင်မှာ ပုံမှန်နေ့လည်စာပုံစား တစ်ခါထွက်စားရင်ဘယ်လောက်ကျလဲ
အနဲဆုံး တစ်သောင်းခွဲ နှစ်သောင်းလောက်ကျမယ်မလား
နေ့လည်စာနှစ်ခါစားစာလောက်ပမာဏနဲ့ တစ်နှစ်စာ ပြင်းထန်ရောဂါအကာအကွယ်စထားလို့ရတယ်

ကျန်းမာရေးအာမခံ၊ အသက်အာမခံအကာအကွယ်ကို သိန်းထောင်ချီ၊ သောင်းချီပြီးထားချင်ရင်လည်း တစ်နှစ်ကို Premium သိန်းရာဂဏန်းသွင်းပြီး အကာအကွယ်ယူနေတဲ့သူတွေ အများကြီးပဲ

အာမခံဆိုတာ လူတန်းစားတစ်ရပ်အတွက်ပဲမဟုတ်ပါဘူး
အခြေခံလူတန်းစား၊ လူလတ်တန်းစား၊ အထက်တန်းလွှာ လူတန်းစားအရပ်ရပ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အာမခံကိုအသုံးပြုလို့ရတယ်

တကယ်တော့ နေ့စဉ်ကိုယ်ဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင်ကနေ ဆေးရုံအခန်းထဲကိုရောက်သွားဖို့ဆိုတာ ခြေတစ်လှမ်းစာအကွာပဲလိုပါတယ်
ပုံမှန်ကျန်းမာနေတဲ့ဘဝမှာ နေ့စဉ်ကုန်ကျစရိတ်ဆိုတာရှိတယ်
ဆေးရုံအခန်းထဲရောက်သွားပြီဆိုရင်တော့ နေ့စဉ်ကုန်ကျစရိတ်က သာမန်ကုန်ကျစရိတ်ထက် ၁၀ ဆ ပိုသွားတာလည်းဖြစ်နိုင်တယ်၊ အဆ ၁၀၀ ပိုသွားတာလည်းဖြစ်နိုင်တယ်

ပုံမှန်နေ့စဉ်ကုန်ကျစရိတ်ထဲက ပမာဏအနဲငယ်လောက်ကိုချွေတာလိုက်နိုင်ရင်တော့
၁၀ ဆ၊ အဆ ၁၀၀ လောက်ပိုသွားနိုင်တဲ့ ဆေးရုံတက်ကုန်ကျစရိတ်တွေကို ကြိုတင်စီမံထားလို့ရပါတယ်

မိသားစု အပြင်ဆိုင်ကောင်းကောင်းမှာ ညစာတစ်ခါလောက်ထွက်စားလိုက်ရင် အနဲဆုံး သုံးသိန်းလောက်ကုန်ပါတယ်
ဒီညစာတစ်ခါထွက်စားတဲ့ပမာဏနဲ့ တစ်နှစ်ကို ဆေးရုံတက်စရိတ် သိန်း ၈၀ လောက်ကို ကြိုတင်စီမံထားလို့ရတယ်

အာမခံက စျေးမကြီးပါဘူး

စျေးကြီးတာက ဆေးရုံစရိတ်တွေပါ
စျေးကြီးတာက ကျောင်းစရိတ်တွေပါ
စျေးကြီးတာက တစ်ခုခုဖြစ်ပြီးမှ အာမခံမထားလိုက်ရဘူးဆိုတဲ့နောင်တတွေပါ

သွေးတိုးရောဂါဟာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို အဆမတန်မြင့်တက်စေပြီး သိသာထင်ရှားတဲ...
17/05/2026

သွေးတိုးရောဂါဟာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို အဆမတန်မြင့်တက်စေပြီး သိသာထင်ရှားတဲ့ ရောဂါလက္ခဏာမပြဘဲ အသက်ဆုံးရှုံးနိုင်သည်အထိ တိတ်တဆိတ် အန္တရာယ်ပြုနိုင်ပါတယ်။ ‌‌ရောဂါလက္ခဏာမပြသရွေ့၊ နေထိုင်ကောင်းနေသရွေ့ ရောဂါရှိကြောင်း သိရှိနိုင်ဖို့လည်း ခဲယဉ်းပါတယ်။

ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ကို အစွဲပြုပြီး ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ဖို့ အကြံပြုပါရစေ။

၁။ လူတစ်ယောက်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ရှိ၊ မရှိ ပုံမှန်စစ်ဆေးပါ။

၂။ မိမိချစ်ခင်ရသူတွေကိုလည်း သွေးပေါင်ချိန် စစ်ဆေးဖို့ တိုက်တွန်းပါ။

၃။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။ (အငန်ဓာတ်နဲ့ အသင့်စား အစားအစာတွေကို လျှော့စားပါ။)

၄။ နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရင်း တက်ကြွစွာ နေထိုင်ပါ။

၅။ စိတ်ဖိစီးမှု လျှော့ချကာ စိတ်အပန်းဖြေဖို့အတွက် လုံလောက်စွာ အနားယူဖို့ အချိန်ပေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံဝန်းကျင်ဟာ သွေးတိုးရောဂါ ခံစားနေရပြီး လူ ၄ ယောက်မှာ ၁ ယောက်သာလျှင် ရောဂါကို မှန်ကန်၊ ထိရောက်စွာ ထိန်းချုပ်နိုင်ကြပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာအောင်နေထိုင်တဲ့ နည်းလမ်းတွေအပေါ် လက်ခံထားတဲ့အမြင်တွေကို ပြန်လည်သုံးသပ်ရင်း သွေးတိုးရောဂါ ကာကွယ်နိုင်မဲ့ အလေ့အကျင့်ကောင်းတွေကို စတင်လုပ်ဆောင်ကြပါစို့။

Hypertension, often referred to as a “silent killer”, usually shows no obvious symptoms while significantly increasing the risk of heart attack, stroke, and kidney disease. Many people may not realise they have it until complications arise.

This World Hypertension Day, AIA Myanmar encourages everyone to take steps to protect their health by building simple, healthy habits:

1. Know your numbers and check your blood pressure regularly

2. Encourage your loved ones to get screened

3. Choose healthier foods (reduce salt and processed foods)

4. Stay active with exercise you enjoy

5. Manage stress and make time for rest and mindfulness

According to the World Health Organization (WHO), around 1.4 billion people worldwide live with hypertension, yet only about one in four have it under control. With AIA Myanmar, let’s take action today to build healthier habits and live healthier, longer, better lives.

မိတ်ဆွေတို့ရေ ကမ္ဘာကြီးမှာ အမျိုးမျိုးပြောင်းလဲနေပါတယ်၊ အခုချိန် ကျန်းမာရေး အာမခံက လူတိုင်းအတွက် လိုအပ်နေတယ်နော်
17/05/2026

မိတ်ဆွေတို့ရေ ကမ္ဘာကြီးမှာ အမျိုးမျိုးပြောင်းလဲနေပါတယ်၊
အခုချိန် ကျန်းမာရေး အာမခံက လူတိုင်းအတွက် လိုအပ်နေတယ်နော်

လုပ်ငန်းရှင်သူဌေးတစ်ယောက်ကပြောတယ်ကျွန်တော့်မိသားစုအတွက် လုံလောက်တာထက်ပိုပြီးရှာနိုင်နေတာပဲ ဘာဖြစ်လို့ ကျွန်တော်က အသက်အာမ...
30/04/2026

လုပ်ငန်းရှင်သူဌေးတစ်ယောက်ကပြောတယ်
ကျွန်တော့်မိသားစုအတွက် လုံလောက်တာထက်ပိုပြီးရှာနိုင်နေတာပဲ
ဘာဖြစ်လို့ ကျွန်တော်က အသက်အာမခံထားရမှာလဲတဲ့

ဟုတ်လည်းဟုတ်တယ်
တကယ်လည်းပိုက်ဆံတွေအများကြီးရှာနိုင်နေတော့ သူရုတ်တရက်သေသွားမယ်ဆိုရင်တောင် သူ့မိသားစုကအခြေပျက်စရာမရှိဘူးလို့တွေးမှာပေါ့

သူဌေးတွေ ဘာကြောင့်အသက်အာမခံထားရတာလဲဆိုတာပြောပြမယ်

၁။ သူဌေးအများစုက ငွေတွေ၊ ရွှေတွေချည်းကိုင်ထားကြတာမဟုတ်ဘူး။ သူတို့ရဲ့ပိုင်ဆိုင်မှုအများစုက စီးပွါးရေးလုပ်ငန်း၊ အိမ်ခြံမြေလိုမျိုး ချက်ချင်းငွေမပေါ်နိုင်တဲ့ ပိုင်ဆိုင်မှုတွေများတယ်။ အိမ်ထောင်ဦးစီး ရုတ်တရက်သေဆုံးမှုဖြစ်တယ်ဆိုရင် အသက်အာမခံထားထားခြင်းက ကုန်ကျစရိတ်တွေကို Cover ဖြစ်ဖို့အတွက် အရံငွေအနေနဲ့ အလုပ်လုပ်ပါလိမ့်မယ်။

၂။ အသက်အာမခံနဲ့ အမွေကိစ္စတွေ စီမံခန့်ခွဲထားလို့ရတယ်။ ဗုဒ္ဓဘာသာတွေဟာ ဥပဒေအရ သေတမ်းစာရေးပြီး ကိုယ့်ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးထားလို့မရဘူး။ အသက်အာမခံထားထားတယ်ဆိုရင် မိသားစုအတွက် မိမိစိတ်ကြိုက်ခွဲဝေစီမံထားထားလို့ရတယ်။ အသက်အာမခံကရတဲ့ပိုက်ဆံကို ဘယ်သူကမှအမွေလာလုလို့မရသလို အခွန်လည်းဆောင်စရာမလိုပါဘူး။

၃။ ငွေတွေအများကြီး ရှာပေးနိုင်ပါတယ်ဆိုတဲ့ စီးပွါးရေးလုပ်ငန်းက လုပ်ငန်းကို အဓိကမောင်းနှင်နေတဲ့သူ ရုတ်တရက်သေဆုံးသွားရင် လုပ်ငန်းလည်ပတ်မှုကို အကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ လုပ်ငန်းအကြွေးတွေရှိနိုင်ပြီး လုပ်ငန်းသာရပ်တန့်သွားခဲ့ရင် ဒီအကြွေးတွေပြန်ဆပ်ဖို့ခက်ပါတယ်။ အသက်အာမခံထားထားမယ်ဆိုရင် ဒီလိုခက်ခဲတဲ့ကာလမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

ကိုယ့်တစ်နှစ်ဝင်ငွေရဲ့ 3-5% လောက်ကိုသုံးပြီး အာမခံထားပါ

Credit - Dr. Phyo

အာမခံအကာအကွယ်နဲ့ပတ်သက်ပြီး ရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ခြင်းဟာ သင့်အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ခ...
26/03/2026

အာမခံအကာအကွယ်နဲ့ပတ်သက်ပြီး ရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ခြင်းဟာ သင့်အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

သင့်အာမခံပေါ်လစီ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံ နဲ့ အကာအကွယ် စတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍများကို နားလည်သဘောပေါက်ခြင်းဟာ သင့် ရေရှည်အစီအစဉ်များနဲ့ အနာဂတ်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ယုံကြည်မှုအပြည့်နဲ့ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အာမခံအကာအကွယ်ဟာ သင့်ဘဝကို ဘယ်လိုအခန်းကဏ္ဍတစ်ခုချင်းစီကနေ ပံ့ပိုးပေးနေပါသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

အနာဂတ်အတွက် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး စီမံ၊ ကာကွယ်နိုင်ဖို့ AIA Myanmar က သင်နဲ့ အမြဲအတူရှိနေပါတယ်။

Having clarity about your insurance empowers you to make better decisions for your future.

Understanding the key roles involved including how your insurance policy is structured, how it works, and what it covers helps you stay confident and aligned with your long‑term goals. Discover how each part comes together to support you.

At AIA Myanmar, we provide continued support, ensuring your future is effectively managed and well protected.

How much Life Insurance do you really need?လူအများစုက Insurance amount ကို“ဘယ်လောက်ထားသင့်လဲ?” ဆိုတာ သေချာမတွက်ကြည့်ဖြစ်...
22/03/2026

How much Life Insurance do you really need?

လူအများစုက Insurance amount ကို
“ဘယ်လောက်ထားသင့်လဲ?” ဆိုတာ သေချာမတွက်ကြည့်ဖြစ်ကြသလို ဘယ်လောက်ထားရမှန်းလဲ သိရှိမှုနည်းကြပါတယ်။

Simple Rule တစ်ခုရှိပါတယ် —

👉 သင့်ရနေတဲ့ တစ်နှစ်ဝင်ငွေ၏ 10–15 ဆခန့်

ဥပမာ —
တစ်နှစ်ဝင်ငွေ 10 သိန်းဆိုရင်
👉 Insurance coverage 100–150 သိန်းခန့် လိုအပ်နိုင်ပါတယ်။

ဒါပေမယ့် ဒီ rule တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

အမှန်တကယ်တွက်မယ်ဆိုရင်
သင့်မိသားစုအတွက် —

✔️ လစဉ်အသုံးစရိတ် (5–10 နှစ်)
✔️ အကြွေးများ (loan, debt)
✔️ ကလေးပညာရေးနှင့် အနာဂတ်

တို့ကို ထည့်တွက်ဖို့ လိုပါတယ်။

အရေးကြီးဆုံးက —
Insurance ဆိုတာ ငွေပမာဏတစ်ခုမဟုတ်ပါဘူး။

👉 “သင်မရှိတော့တဲ့အခါ သင်ချစ်ရတဲ့
မိသားစု ဘယ်လောက်အထိ အဆင်ပြေနိုင်မလဲ” ဆိုတာပါ။

စိတ်ဝင်စားရက် သင့်အတွက် သင့်တော်တဲ့ amount ကိုတစ်ဦးချင်းတွက်ချက်ပေးနိုင်ပါတယ်။

အသေးစိတ် သိချင်ရင် message ပို့ပြီး မေးနိုင်သလို Hello 📞☎️လုပ်လိုက်ရင်လည်း ရပါတယ်ဗျ။

Aung Myo Linn @ Ko Linn
Financial Services Consultant
09 5280461
09 797045013 (Viber)
[email protected]
Foster Financial Services
AIA Myanmar



Address

22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township.
Yangon

Website

Alerts

Be the first to know and let us send you an email when Aung Myo Linn - Financial Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share