03/10/2026
မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေ ရောက်လာတဲ့အခါ KBZMS ရဲ့ စိတ်ဓာတ်နဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ? 💙🛡️
KBZMS ဝန်ထမ်းများအားလုံးဟာ စိတ်ဓာတ်မကျဘဲ လုပ်ငန်းစဉ်များ မပြတ်တောက်စေဖို့နဲ့ အလုပ်သုံး ပစ္စည်းများကို ဘေးကင်းရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ IT နဲ့ Operations အဖွဲ့သားများ၏ ညှိနှိုင်းဆောင်ရွက်မှု၊ စနစ်များကို ချက်ချင်း ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့မှုများကြောင့် ဝန်ဆောင်မှုများကို အမြန်ဆုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခဲ့ပါတယ်။
ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု၊ လျင်မြန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကြောင့် KBZMS General Insurance အနေဖြင့် Insurance Asia Awards 2024 မှာ -
🏆 Domestic General Insurer of the Year - Myanmar
🏆 ESG Initiative of the Year - Myanmar
ဆိုတဲ့ ဂုဏ်ယူဖွယ် ဆုတံဆိပ်ကြီး (၂) ခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်! ဘယ်လိုစိန်ခေါ်မှုတွေပဲရှိရှိ၊ ယုံကြည်အားထားရတဲ့ အာမခံစွမ်းအားအဖြစ် အမြဲတမ်း အနီးကပ် ရှိနေမှာပါ 💙✨