KBZMS General Insurance

KBZMS General Insurance The first private insurance company in myanmar.
0095-1-2307000 , [email protected] , www.kbzms.com

KBZMS General Insurance Company Limited is a joint venture between KBZ GI Holding Company with Japanese insurance giant Mitsui Sumitomo Insurance (MSI). Established in June 2012 under the name of IKBZ Insurance Co. Ltd., the company entered into a joint venture with MSI and took on the new name of KBZMS General Insurance Co Ltd in November 2019. IKBZ is the first officially licensed private insura

nce provider in Myanmar. KBZMS is present in twenty (20) cities with twenty-two (22) branches including Yangon, Mandalay, Nay Pyi Taw, Taunggyi, Pyay, Pathein, Sittwe, Magway, Meikhtila, Pakokku, Monywa, Kalay, Myitkyina, Lashio, Bago, Mawlamyine, Myeik, Myingyan,Tachileik, and Hinthada. It’s products cover the full range of general insurance needs from motor comprehensive insurance to marine, fire and health insurance for individuals and groups. Starting from October 1, 2020, KBZMS expanded its product portfolio with Commercial Lines covering Industrial All Risk, Construction All Risk/Erection All Risk and Bailee’s Liability Insurance products. KBZMS is committed to providing the best service to customers, operating at international best practice standards in Operations and Corporate Governance, ably assisted by our qualified staff and professional agents. Headquartered in Yangon, KBZMS has an extensive network with thousands of insurance customers across Myanmar. Internationally recognized over multiple years as the best general insurance company in Myanmar, KBZMS continues operating to achieve its mission of improving the quality of life in Myanmar through insurance by providing insurance solutions to all.

ရှမ်းပြည်နယ်အခြေစိုက် ခရီးသည်ပို့ဆောင်ရေး ကားလိုင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း ခရီးသွားပြည်သူများ၏ လမ်းခရီးစဉ်တိုင်...
29/08/2026

ရှမ်းပြည်နယ်အခြေစိုက် ခရီးသည်ပို့ဆောင်ရေး ကားလိုင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း

ခရီးသွားပြည်သူများ၏ လမ်းခရီးစဉ်တိုင်း ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် KBZMS General Insurance ၏ ခရီးသွားအာမခံ (Travel Insurance) ကို အများဆုံး ယုံကြည်အားပေးခဲ့ကြသည့်"Premium အများဆုံး ကားလိုင်း ၁၅ လိုင်း"အား ဂုဏ်ပြုသောအားဖြင့် Annual Appreciation Dinner & Award Ceremony ကို သိုက်သိုက်ဝန်းဝန်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

ခရီးစဉ်တိုင်းတွင် ပြည်သူများ၏ ဘေးကင်းရေးကို အဓိကထားပြီး KBZMS နှင့်အတူ စိတ်တူကိုယ်တူ တာဝန်ယူပေးခဲ့ကြသည့် မိတ်ဖက်ကားလိုင်းပိုင်ရှင်များ၊ တာဝန်ရှိသူများနှင့် လက်တွဲဖော်များအားလုံးကို KBZMS မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

နောင်တွင်လည်း ပိုမိုကောင်းမွန်သည့် ခရီးသွားအာမခံ ဝန်ဆောင်မှုများဖြင့် ခရီးစဉ်တိုင်းအတွက် ခိုင်မာသော မိတ်ဖက်အဖြစ် အတူတကွ ဆက်လက် လက်တွဲသွားပါမည်ဖြစ်ပါတယ်။ 💙

မမျှော်လင့်ဘဲ ကြုံတွေ့ရနိုင်သည့် မတော်တဆမှုများအတွက် KBZMS ရဲ့ Personal Accident Insurance က ဘာတွေကို ကာကွယ်ပေးထားသလဲ? န...
26/08/2026

မမျှော်လင့်ဘဲ ကြုံတွေ့ရနိုင်သည့် မတော်တဆမှုများအတွက် KBZMS ရဲ့ Personal Accident Insurance က ဘာတွေကို ကာကွယ်ပေးထားသလဲ?
နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း မမျှော်လင့်ထားတဲ့ ထိခိုက်ဒဏ်ရာနဲ့ မတော်တဆမှုတွေက အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ KBZMS ရဲ့ Personal Accident Insurance က ဘယ်လိုအကာအကွယ်ပေးထားလဲဆိုတော့
မတော်တဆမှုကြောင့် သေဆုံးခြင်း (Accidental Death)
မတော်တဆမှုကြောင့် သေဆုံးပါက ကျန်ရစ်သူမိသားစုအတွက် သတ်မှတ်ထားသည့် အာမခံလျော်ကြေး အပြည့်အဝပေးအပ်ခြင်း။
ထာဝရ မသန်စွမ်းဖြစ်ခြင်း (Permanent Disability)
မတော်တဆထိခိုက်မှုကြောင့် ထာဝရမသန်စွမ်းဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ကြေးပေးအပ်ခြင်း။
ဆေးကုသစရိတ် (Medical Expenses)
မတော်တဆမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံ/ဆေးခန်းတွင် ကုသရပါက သတ်မှတ်ထားသည့် ဆေးကုသစရိတ်များကို အကာအကွယ်ပေးခြင်း။
ဆေးရုံတက် နေ့စဉ်ထောက်ပံ့ကြေး (Hospital Cash Allowance)
မတော်တဆမှုကြောင့် ဆေးရုံတက်ရောက်ရပါက ရွေးချယ်ထားသော အာမခံအမျိုးအစားအလိုက် သတ်မှတ်ထားသည့် နေ့စဉ်ထောက်ပံ့ကြေး ရရှိခြင်း။
ဘာကြောင့် KBZMS Personal Accident Insurance ကို ရွေးချယ်သင့်သလဲ?
သက်သာတဲ့ အာမခံကြေးနဲ့ စိတ်ချရတဲ့ အကာအကွယ်ရရှိနိုင်သလို၊ မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ငွေကြေးဝန်ထုတ်ဝန်ပိုးတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
နေ့စဉ်ဘဝမှာ ကိုယ်တိုင်နဲ့ ချစ်ရသူတွေအတွက် စိတ်အေးချမ်းစွာ ရှေ့ဆက်နိုင်ဖို့ KBZMS Personal Accident Insurance နဲ့ အကာအကွယ်ယူလိုက်ပါ။ 💙✨

📞 Hotline: 09-95 007 7000
🌐 Website: www.kbzms.com




24/08/2026

မိုးရာသီမှာ ဘေးကင်းစွာ ကားမောင်းနိုင်ဖို့ မဖြစ်မနေ သိထားသင့်တဲ့ နည်းလမ်း (၃) ခု

မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ယာဉ်မောင်းသူတိုင်းအတွက် အကြီးမားဆုံး စိုးရိမ်စရာက လမ်းချော်ပြီး မတော်တဆဖြစ်ခြင်း နဲ့ ရေကြီးရေလျှံမှုကြောင့် ကားစက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းတွေ မဖြစ်ရအောင် ဘာတွေ ကြိုတင်ပြင်ဆင်ပြီး ဂရုစိုက်ရမလဲ? ဆိုတာကို Video လေးထဲမှာ မျှဝေပေးထားပါတယ်။

မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြောင့် ငွေကုန်ကြေးကျများတာ၊ စိတ်ပူပန်ရတာတွေ မဖြစ်ရလေအောင် KBZMS ရဲ့ Motor Insurance က အကောင်းဆုံး အကာအကွယ်ပေးဖို့ အသင့်ရှိနေပါတယ်။

မိုးရာသီ လမ်းခရီးစဉ်တိုင်းမှာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းများ ဘေးကင်း စိတ်အေးချမ်းစေဖို့ ဒီ ဗီဒီယိုလေးကို အစအဆုံး ကြည့်ရှုပြီး ပြန်လည် Share ပေးလိုက်ပါဦးနော်!

📞 အာမခံအကြောင်းအရာများနဲ့ ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက -
Hotline: 09-95 007 7000
Website: www.kbzms.com
Messenger: KBZMS General Insurance Page သို့ ယခုပဲ တိုက်ရိုက် Message ပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။





22/08/2026

English Below

Keeping Our Promises.
Protecting Today. Securing Tomorrow.

MV A T K NYEIN ရေကြောင်း မတော်တဆမှု ဖြစ်ပွားပြီး (၉) ရက်အတွင်း KBZMS General Insurance သည် ထိခိုက်နစ်နာခဲ့ရသည့် Customer များနှင့် စီးပွားရေးလုပ်ငန်း (၁၈) ခုအတွက် စုစုပေါင်း ကျပ်ငွေ (၂) ဘီလီယံနီးပါး အာမခံလျော်ကြေးများကို လျင်မြန်စွာ အောင်မြင်စွာ ပေးလျော်ခဲ့ပါသည်။

KBZMS အတွက် အာမခံဆိုသည်မှာ ရိုးရှင်းသည့် ပေါ်လစီတစ်ခုထက်မကဘဲ Customer များ အခက်အခဲကြုံရချိန်တွင် အမြဲ အတူရပ်တည်ပေးမည်ဟူသော "ကတိကဝတ်" တစ်ခု ဖြစ်ပါသည်။ ထိုကတိကဝတ်အတိုင်း CEO ဦးစိုင်းလူမွန်အောင် ကိုယ်တိုင် မြိတ်မြို့သို့ သွားရောက်ကာ Customer များကို တွေ့ဆုံ၍ လျော်ကြေးများကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ပါသည်။

ထို့အပြင် Head of Retail Sales Division ဦးမျိုးမင်းသန့်မှလည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ အန္တရာယ်များ ကာကွယ်ရန်နှင့် လုပ်ငန်းမပြတ် ဆက်လက်လည်ပတ်နိုင်ရေး (Business Continuity) အတွက် "Marine Risk Awareness and Financial Resilience" အသိပညာပေး အစီအစဉ်ကို မျှဝေပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အထွေထွေအာမခံနယ်ပယ်တွင် ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် KBZMS သည် လျင်မြန်တိကျသော Claims ပေးလျော်မှုများ၊ စိတ်ချရသော အာမခံအကာအကွယ်များဖြင့် Customer များ၏ အနာဂတ်အတွက် ခိုင်မာစွာ ဆက်လက် ရပ်တည်ပေးသွားပါမည်။

Keeping Our Promises.
Protecting Today. Securing Tomorrow.

Just nine days after the MV A T K NYEIN maritime incident, KBZMS General Insurance began delivering claims payments to affected customers. Today, we have successfully completed nearly MMK 2 billion in claims support for 18 customers and trading businesses, helping them recover quickly and continue moving forward with confidence.

At KBZMS, we believe insurance is more than a policy; it's a promise. A promise to stand by our customers when they need us most.

To personally reaffirm that commitment, our Chief Executive Officer, U Sai Lu Mon Aung, travelled to Myeik to meet with affected customers, thank them for their trust, and listen to their experiences firsthand.

During the visit, our Head of Retail Sales Division, U Myo Min Thant, also conducted a Marine Risk Awareness and Financial Resilience knowledge-sharing session, equipping businesses with practical insights on managing marine cargo risks, strengthening business continuity, and building greater resilience for the future.

As Myanmar's leading general insurer, KBZMS remains committed to delivering swift claims settlement, trusted insurance protection, and financial resilience initiatives that help individuals and businesses prepare for the unexpected.







စိတ်အေးချမ်းစွာ လိုရာခရီးရောက်နိုင်ဖို့ KBZMS Travel Protect™!ခရီးထွက်ဖို့ ပြင်ဆင်နေပါသလား? ခရီးသွားစဉ် မမျှော်လင့်ထားတဲ...
21/08/2026

စိတ်အေးချမ်းစွာ လိုရာခရီးရောက်နိုင်ဖို့ KBZMS Travel Protect™!

ခရီးထွက်ဖို့ ပြင်ဆင်နေပါသလား?

ခရီးသွားစဉ် မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေကို စိတ်အေးချမ်းစွာ ရင်ဆိုင်နိုင်ဖို့ KBZMS ရဲ့ Travel Protect (ခရီးသွားအာမခံ) ကို အခုပဲ လွယ်လွယ်ကူကူ ဝယ်ယူလိုက်ပါ။

📍MAI နဲ့ ခရီးသွားရင်း Travel Protect Insurance ကိုဘယ်နေရာတွေမှာ ဝယ်ယူနိုင်မလဲ?

Shoppe by MAI
MAI Website : www.maiair.com

မည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်ပြီး ခရီးစဉ်တိုင်းကို စိတ်အေးချမ်းစွာ လျှောက်လှမ်းနိုင်ဖို့ KBZMS Travel Protect နဲ့အတူ အပြည့်အဝ အကာအကွယ် ရယူလိုက်ပါ။




ပင်ပန်းခဲ့တဲ့ နေ့ရက်တွေကို အနားယူဖို့ အချိန်ပေးလိုက်ပါ။ 💙 အနားယူမှုတစ်ခုဟာ စိတ်ကို ပြန်လည်လန်းဆန်းစေပြီး နေ့စဉ်ဘဝကို အား...
19/08/2026

ပင်ပန်းခဲ့တဲ့ နေ့ရက်တွေကို အနားယူဖို့ အချိန်ပေးလိုက်ပါ။ 💙

အနားယူမှုတစ်ခုဟာ စိတ်ကို ပြန်လည်လန်းဆန်းစေပြီး နေ့စဉ်ဘဝကို အားအင်အသစ်တွေနဲ့ ရှေ့ဆက်နိုင်ဖို့ အရေးကြီးတဲ့ အချိန်တစ်ခုပါ။

KBZMS Metta Customer Appreciation Program ရဲ့ အကျိုးခံစားခွင့်များနဲ့အတူ Hotel G / Babette တွင် သီးသန့်အထူးအကျိုးခံစားခွင့်များကို ရယူရင်း စိတ်အေးချမ်းပြီး ပိုမိုအဓိပ္ပာယ်ရှိတဲ့ အနားယူချိန်ကို ဖန်တီးလိုက်ပါ။

KBZMS မှာ အာမခံထားရှိပြီး Metta Card ကိုင်ဆောင်ထားတဲ့ Customer များအနေနဲ့ သီးသန့်အထူးခံစားခွင့်များကို ရရှိနိုင်မှာဖြစ်ပါတယ်။

💙အာမခံအကာအကွယ်အပြင် Hotel G ရဲ့ အခန်းများနဲ့ အတူ Babette မှ À la carte food များကိုပါ သီးသန့်အကျိုးခံစားခွင့်များကို ရရှိနိုင်မယ့် "KBZMS Metta Customer Appreciation Program" အကြောင်း အသေးစိတ်သိရှိလိုပါက KBZMS General Insurance Page သို့မဟုတ် Call Center – 09 9500 77000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။





English Below : 🏆 KBZMS နှင့် မြန်မာ့အာမခံလုပ်ငန်းအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု Asia Insurance Review မှ ကြီးမှူးကျင...
18/08/2026

English Below :

🏆 KBZMS နှင့် မြန်မာ့အာမခံလုပ်ငန်းအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု

Asia Insurance Review မှ ကြီးမှူးကျင်းပတဲ့ 30th Asia Insurance Industry Awards 2026 တွင် KBZMS General Insurance က “General Insurance Company of the Year” ဆုအတွက် အာရှဒေသတွင်း နောက်ဆုံးအဆင့် ဆန်ကာတင် ၅ ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရကြောင်း ဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ်။

အာရှဒေသတစ်ဝန်းမှ ထိပ်တန်း General Insurance ကုမ္ပဏီများနှင့်အတူ Finalist အဖြစ် ရွေးချယ်ခံရခြင်းက KBZMS သမိုင်းတစ်လျှောက်နဲ့ မြန်မာတစ်နိုင်ငံအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Asia Insurance Industry Awards က တိကျခိုင်မာတဲ့ စံသတ်မှတ်ချက်များနဲ့ ပွင့်လင်းမြင်သာတဲ့ အကဲဖြတ်ရွေးချယ်မှုစနစ်တို့နဲ့ အာရှအာမခံလုပ်ငန်းကဏ္ဍတွင် အသိအမှတ်ပြုခံထားရတဲ့ ဆုပေးပွဲတစ်ခုဖြစ်ပြီး အခုနှစ်မှာတော့ ဆုအမျိုးအစား ၁၆ ခုအတွက် လျှောက်ထားမှု ၁၈၅ ခုနီးပါး ရှိခဲ့ပါတယ်။

အခုလို အသိအမှတ်ပြုခံရခြင်းက KBZMS ရဲ့ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်မှု၊ Customer များအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ပေးအပ်နိုင်ဖို့ ကြိုးပမ်းမှုတွေနဲ့ အထူးသဖြင့် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ငလျင်ကြီးအပြီး Customer များ အလိုအပ်ဆုံးအချိန်မှာ အာမခံအကာအကွယ်နဲ့ လျော်ကြေးပေးချေမှုများမှတစ်ဆင့် အတူရပ်တည်ပေးခဲ့မှုတွေကို ထင်ဟပ်စေတဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအသိအမှတ်ပြုမှုဟာ KBZMS One Team တစ်ဖွဲ့လုံးရဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုရလဒ် ဖြစ်သလို KBZMS ကို အစဉ်အမြဲ ယုံကြည်အားပေးကြတဲ့ Customer များ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ လူမှုအသိုင်းအဝိုင်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

မြန်မာနိုင်ငံမှ အာရှဒေသတွင်းအဆင့်အထိ တက်လှမ်းပြီး မြန်မာ့အာမခံလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုခွင့်ရတဲ့အတွက် KBZMS မှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

Asia Insurance Industry Awards ရဲ့ Top Finalist တွေအကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါ Link ကို နှိပ်ပြီး ဖတ်ရှုလို့ ရပါတယ်။

https://www.linkedin.com/posts/asia-insurance-review_airawards-aiia-insurance-activity-7493532011761029120-3qa9?utm_source=share&utm_medium=member_android&rcm=ACoAAETeaCsB2i_N03E7WjOvQLDQSl38CNQDqHg

________________________________

A Proud Milestone for KBZMS and Myanmar’s Insurance Industry!

We are proud to announce that KBZMS General Insurance has been named a Top 5 Finalist for “General Insurance Company of the Year” at the 30th Asia Insurance Industry Awards 2026, organised by Asia Insurance Review.

This marks the first time in KBZMS history that we have been shortlisted for this prestigious regional recognition, standing alongside leading insurers from across Asia.

The Asia Insurance Industry Awards are recognised for their stringent criteria and transparent judging process. This year, nearly 185 entries across 16 categories were considered, making this recognition especially meaningful.

For KBZMS, being among the five finalists reflects the journey we have taken together: transforming our business, strengthening the way we serve our customers, and most importantly, being there when our customers needed us most, particularly following the devastating 2025 Myanmar earthquake.

This milestone belongs to our entire ONE KBZMS Team and to the customers, partners and communities who continue to place their trust in us.

From Myanmar to the regional stage, we are proud to represent our country and its insurance industry.

Upwards and onwards!

For more details about the Top Finalists of the Asia Insurance Industry Awards, click the link below to read more.

https://www.linkedin.com/posts/asia-insurance-review_airawards-aiia-insurance-activity-7493532011761029120-3qa9?utm_source=share&utm_medium=member_android&rcm=ACoAAETeaCsB2i_N03E7WjOvQLDQSl38CNQDqHg

ကာလဝမ်းရောဂါကို သတိပြုကြပါစို့။  လက်ရှိကာလမှာ မြန်မာနိုင်ငံအတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုတွေကို တွေ့ရှိနေရတာကြောင့် နေ့စ...
17/08/2026

ကာလဝမ်းရောဂါကို သတိပြုကြပါစို့။

လက်ရှိကာလမှာ မြန်မာနိုင်ငံအတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုတွေကို တွေ့ရှိနေရတာကြောင့် နေ့စဉ်အသုံးပြုနေတဲ့ သောက်သုံးရေနဲ့ စားသောက်စရာတွေကို ပိုမိုဂရုစိုက်ဖို့ လိုအပ်နေပါတယ်။

ကာလဝမ်းရောဂါ (Cholera) ဆိုတာ Vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အဓိကအားဖြင့် ပိုးရှိနေတဲ့ မသန့်ရှင်းသော ရေ၊ အစားအစာတွေကို စားသုံးမိခြင်းကနေတစ်ဆင့် ကူးစက်နိုင်ပြီး သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ပိုမိုလွယ်ကူစွာ ပြန့်ပွားနိုင်ပါတယ်။

ကာလဝမ်းရောဂါရဲ့ အန္တရာယ်ကတော့ ရောဂါလက္ခဏာတွေ ပြင်းထန်လာတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားတွေကို အချိန်တိုအတွင်း အများအပြားဆုံးရှုံးစေနိုင်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ ဝမ်းလျှောခြင်း ဖြစ်လာတဲ့အခါ ရေဓာတ်ခမ်းခြောက်မှုဟာ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာနိုင်တာကြောင့် ပေါ့ပေါ့ဆဆမထားသင့်ပါဘူး။ အခန့်မသင့်ရင် ကျောက်ကပ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်တာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကာလဝမ်းရောဂါမှာ တွေ့ရနိုင်တဲ့ အဓိကလက္ခဏာတွေကတော့ —

• ရုတ်တရက် ဝမ်းအရည်များများ သွားခြင်း
• မကြာခဏ ဝမ်းသွားခြင်း
• အန်ခြင်း၊ ပျို့ခြင်း
• အလွန်အမင်း ရေငတ်ခြင်း
• ပါးစပ်ခြောက်ခြင်း၊ အားနည်းခြင်း
• ဆီးနည်းလာခြင်း
• မူးဝေခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

တစ်ချို့လူတွေမှာ လက္ခဏာအနည်းငယ်သာ ဖြစ်နိုင်ပေမဲ့ တစ်ချို့မှာတော့ ပြင်းထန်တဲ့ ဝမ်းလျှောခြင်းကြောင့် နာရီပိုင်းအတွင်းမှာပင် ရေဓာတ်ခမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကာလဝမ်းရောဂါကို မဖြစ်ခင်ကတည်းက ကာကွယ်ထားခြင်းက အရေးကြီးဆုံးပါ။

•သောက်သုံးရေကို ဂရုစိုက်ပါ
စိတ်ချရတဲ့ သောက်သုံးရေကိုသာ အသုံးပြုပါ။ ရေသန့်ရှင်းမှု မသေချာပါက ကျိုချက်ပြီးမှ သောက်သုံးတာ ပိုမိုစိတ်ချရပါတယ်။

•လက်သန့်ရှင်းရေးကို မမေ့ပါနဲ့
အိမ်သာအသုံးပြုပြီးနောက်၊ အစားအစာမပြင်ဆင်မီနဲ့ အစားအစာမစားမီ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။

•အစားအစာကို သေချာရွေးချယ်ပါ
သန့်ရှင်းစွာချက်ပြုတ်ထားတဲ့ အစားအစာကို စားသုံးပြီး ချက်ပြုတ်ပြီးသားအစားအစာတွေကိုလည်း အညစ်အကြေး၊ ယင်ကောင်တွေနဲ့ မထိတွေ့အောင် ဖုံးအုပ်ထားပါ။

•မသန့်တဲ့ ရေခဲနဲ့ အစားအစာတွေကို ရှောင်ပါ
အသုံးပြုထားတဲ့ ရေက သန့်ရှင်းမှုမရှိနိုင်တဲ့အတွက် အပြင်ကဝယ်တဲ့ ရေခဲနဲ့ အချို့သော အစားအစာတွေကလည်း ကူးစက်မှုရဲ့ အရင်းအမြစ် ဖြစ်နိုင်ပါတယ်။

•ဝမ်းလျှောလာရင် ရေဓာတ်ကို အမြန်ပြန်ဖြည့်ပါ
ORS (ဓာတ်ဆားရည်) ကို သင့်တော်စွာ သောက်သုံးခြင်းက ရေဓာတ်နဲ့ ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ အန်ခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိလာရင်တော့ ဆေးကုသမှုကို အမြန်ဆုံးခံယူဖို့ လိုအပ်ပါတယ်။

ကာလဝမ်းရောဂါဟာ ကြောက်ရွံ့နေရုံနဲ့ ကာကွယ်လို့မရပေမဲ့ သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့အစားအစာနဲ့ လက်သန့်ရှင်းရေး စတဲ့ နေ့စဉ်အလေ့အထလေးတွေကနေ ကူးစက်မှုအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

လက်ရှိလို ကာလဝမ်းရောဂါကို သတိထားရတဲ့အချိန်မှာ ကိုယ်တိုင်ဂရုစိုက်ရုံသာမက မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကသူတွေအတွက်ပါ ဒီအချက်လေးတွေကို မျှဝေပေးကြရအောင်နော်။

ကျန်းမာရေးကို မပေါ့ဆဘဲ ကြိုတင်ကာကွယ်ခြင်းနဲ့အတူ ကာလဝမ်းရောဂါအန္တရာယ်ကင်းဝေးကြပါစေ။






KBZMS General Insurance အနေနဲ့ Myanmar Institute of Directors (MIoD) ၏ အစီအစဉ်များတွင် အစဉ်တစိုက် ပါဝင်တက်ရောက်ရင်း စီးပ...
17/08/2026

KBZMS General Insurance အနေနဲ့ Myanmar Institute of Directors (MIoD) ၏ အစီအစဉ်များတွင် အစဉ်တစိုက် ပါဝင်တက်ရောက်ရင်း စီးပွားရေးနယ်ပယ်မှ ခေါင်းဆောင်များနှင့်အတူ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေလေ့လာလျက်ရှိပါတယ်။

အခုတစ်ခါမှာလည်း KBZMS General Insurance Co., Ltd. ရဲ့ Chief Executive Officer နဲ့ Myanmar Institute of Directors (MIoD) ရဲ Director ဖြစ်သူ ဦးစိုင်းလူမွန်အောင် က “AI and Corporate Governance” Online Panel Discussion တွင် Moderator အဖြစ် ပါဝင်ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ✨

Corporate Governance နှင့် စီးပွားရေးနယ်ပယ်အတွင်း အတွေ့အကြုံများကို အခြေခံပြီး အခုဆွေးနွေးပွဲမှာ AI Governance၊ Responsible AI၊ AI-enabled Fraud နှင့် Data Confidentiality စတဲ့ အရေးကြီးတဲ့ အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင်များနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမှာ ဖြစ်တာကြောင့် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် Online Registration ပြုလုပ်နိုင်ပါတယ်။ 👇

🔗 https://forms.cloud.microsoft/r/32tKy75q7U

AI ခေတ်အတွက် လိုအပ်တဲ့ အသိပညာနဲ့ အမြင်သစ်တွေကို အတူတကွ လေ့လာကြရအောင်။ 💙

English Below:BEYOND INSURANCE: Connecting Culture, Communities and Business Through ResilienceKBZMS General Insurance မ...
14/08/2026

English Below:

BEYOND INSURANCE: Connecting Culture, Communities and Business Through Resilience

KBZMS General Insurance မှ Building Continuity Through Resilience Seminar ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး KBZMS ရဲ့ 2026–2027 Disaster Risk Reduction (DRR) Roadshow ရဲ့ ပထမဆုံးခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ယခု Seminar သို့ တက်ရောက်အားပေးခဲ့ကြတဲ့ KBZ Group Vice Chairman ဦးညိုမြင့်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ နှင့်အတူ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၊ လင်းယုန်ပရဟိတအဖွဲ့၊ Inle Youth Volunteer Network တို့အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဒီနေ့ပွဲကို တက်ရောက်အားပေးပြီး အတူတကွ ပူးပေါင်းပါဝင်ပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

KBZMS အတွက် အာမခံဆိုတာ အာမခံအကာအကွယ်ပေးခြင်းနဲ့ လျော်ကြေးငွေပေးအပ်ခြင်းမှာပဲ ရပ်တန့်မနေပါဘူး။

“Beyond Insurance” Approach ကနေ လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အန္တရာယ်တွေကို ပိုမိုနားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့၊ ရေရှည် ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့ အတူတကွ လက်တွဲဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

ဒီတောင်ကြီးဆွေးနွေးပွဲမှာတော့ Culture, Communities and Business ဆိုတဲ့ မတူညီတဲ့ ရှုထောင့်သုံးခုကို Resilience ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအောက်မှာ ချိတ်ဆက်ဆွေးနွေးခဲ့ကြပါတယ်။

Preserving Culture Through Resilient Building
STATEMENT Architecture + Design မှ Architect & Researcher ဒေါ်ချောကလျာ မှ ငလျင်ဘေးအန္တရာယ်က ရရှိခဲ့တဲ့ သင်ခန်းစာတွေအပေါ် အခြေခံပြီး ရှမ်းပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဒေသခံဗိသုကာလက်ရာတွေနဲ့ လက်မှုပညာတွေကို ထိန်းသိမ်းရင်း ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ အဆောက်အအုံတွေ ဘယ်လိုပြန်လည်တည်ဆောက်နိုင်မလဲဆိုတာ မျှဝေဆွေးနွေးခဲ့ပါတယ်။

Empowering Communities to Lead

Inle Resource Center (IRC) ရဲ့ Excellence & Resilience Lead ဒေါ်ယမုံသော် မှ ဒေသခံတွေရဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို အားကောင်းစေပြီး ကိုယ့်ဒေသရဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပုံကို မျှဝေခဲ့ပါတယ်။

Understanding Risk & Ensuring Business Continuity

KBZMS ရဲ့ Head of Survey & Engineering ဦးကျော်ဇေယျာလင်း မှ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ Disaster Risk Management နဲ့ Business Continuity Planning (BCP) ကနေ စီးပွားရေးလုပ်ငန်းတွေ အန္တရာယ်တွေကို ကြိုတင်နားလည်ပြီး ပြင်ဆင်နိုင်ဖို့နဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ မျှဝေခဲ့ပါတယ်။

မတူညီတဲ့ ရှုထောင့်တွေဖြစ်ပေမယ့် အားလုံးဟာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အပြန်အလှန် ချိတ်ဆက်နေပါတယ်။

Resilience ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းရဲ့ အားထုတ်မှုနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေ အားလုံး အတူတကွ လက်တွဲပူးပေါင်းမှသာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ KBZMS ရဲ့ “Beyond Insurance” Approach ဖြစ်ပါတယ်။
KBZMS ရဲ့ 2026–2027 DRR Roadshow နဲ့အတူ လူမှုအသိုင်းအဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဆက်လက်ချိတ်ဆက်ပြီး ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ မြန်မာနိုင်ငံဆီသို့ အတူတကွ ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။

BEYOND INSURANCE: Connecting Culture, Communities and Business Through Resilience
KBZMS General Insurance launched the first stop of its 2026–2027 Disaster Risk Reduction (DRR) Roadshow with the “Building Continuity Through Resilience: Safeguarding Livelihoods, Culture & Business” Seminar, held in Taunggyi on 14 August 2026.
We were honored by the presence and support of U Nyo Myint, Vice Chairman of KBZ Group; Daw Nang Kham Lu, Shan State Minister of Social Affairs; and U Aung San Win, Chairman of SSSCCI. We also extend our sincere appreciation to the Shan Taung Parahita Network, Lin Yone Parahita, Inle Youth Volunteer Network, as well as local organizations, professionals, business leaders, partners and everyone who joined us in making this meaningful conversation possible.
At KBZMS, insurance goes beyond providing protection and paying claims.
Through our “Beyond Insurance” approach, we aim to work alongside communities and businesses to better understand risks, strengthen preparedness and build long-term resilience before, during and after disasters.
At the Taunggyi seminar, we brought together three different but deeply connected perspectives Culture, Communities and Business under one shared goal: Resilience.
Preserving Culture Through Resilient Building
Daw Chaw Kalyar, Architect & Researcher, STATEMENT Architecture + Design, shared lessons from the earthquake and explored how we can rebuild stronger while preserving Shan State’s cultural heritage, local architecture and traditional craftsmanship.
Empowering Communities to Lead
Daw Ya Mone Thaw, Excellence & Resilience Lead at Inle Resource Center (IRC), highlighted the importance of strengthening local knowledge, experience and capacity so that communities can take the lead in preparing for disaster risks, protecting their livelihoods and building resilience for the future.
Understanding Risk & Ensuring Business Continuity
U Kyaw Zayar Lin, Head of Survey & Engineering, KBZMS, shared insights into Myanmar’s earthquake risk landscape and how Disaster Risk Management and Business Continuity Planning (BCP) can help businesses better understand and prepare for risks while ensuring continuity when unexpected disruptions occur.
While these perspectives may be different, they are all interconnected in building stronger, more resilient communities and businesses.
Resilience cannot be built by one organization alone. It requires government, the private sector, professionals, partner organizations and local communities to work together, share knowledge and take collective action.
This is what “Beyond Insurance” means to KBZMS.
It means looking beyond insurance protection and claims, and working together to strengthen knowledge, preparedness and resilience across the communities and businesses we serve.
Taunggyi is only the beginning of this journey.
Through the KBZMS 2026–2027 DRR Roadshow, we will continue bringing together communities, businesses, professionals and partners to build stronger connections, share practical knowledge and move forward together toward a more resilient Myanmar.

Address

No. 53, Strand Square Building, Strand Street, Pabedan Township
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9512307000

Alerts

Be the first to know and let us send you an email when KBZMS General Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KBZMS General Insurance:

Shortcuts

Share