Ma Mhone - Insurance Advisor

Ma Mhone - Insurance Advisor Life insurance is a love product 💚

“Future ကို ကံကြမ္မာနဲ့ မထားခဲ့ပါနဲ့။Plan လုပ်ပါ။ Prepare လုပ်ပါ။ Build လုပ်ပါ။” 💙ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်အတွက်Life Planni...
13/08/2026

“Future ကို ကံကြမ္မာနဲ့ မထားခဲ့ပါနဲ့။
Plan လုပ်ပါ။ Prepare လုပ်ပါ။ Build လုပ်ပါ။” 💙

ကိုယ့်ဘဝ၊ ကိုယ့်အနာဂတ်အတွက်
Life Planning ကို ဘယ်လိုစတင်မလဲ?

ဒီ Seminar မှာ အတူတူ ဆွေးနွေးကြရအောင်။ ✨

📅 16 Aug 2026 | ⏰ 1–3 PM
📍 Manulife Yangon Office

တက်ရောက်လေ့လာချင်တယ်ဆိုရင် “PLAN” လို့ Comment ထားခဲ့ပါ။

Advisor တစ်ယောက်ရဲ့ Journey မှာ Million Dollar Round Table MDRT Global Award ဟာ Milestone တစ်ခုပါအခု အမှတ်တရပုံတွေကတော့ ...
12/08/2026

Advisor တစ်ယောက်ရဲ့ Journey မှာ
Million Dollar Round Table MDRT Global Award ဟာ Milestone တစ်ခုပါ

အခု အမှတ်တရပုံတွေကတော့ မမှုန်တို့ Manulifer MDRT 2026 တွေအတွက် Appreciation Trip to Chongqing ပုံတွေပါ

MDRT 2027 နှစ် ၁၀၀ ပြည့် Singapore Conference တက်ချင်တယ်ဆိုရငိတော့ CB မှာ 2027 လို့ လာပြောပေးနောိ

အာမခံက သွားလေသူများကို ပြန်လည်မရှင်သန်စေပေမယ့်ကျန်ရစ်သူမိသားစု ကိုတော့ ဆက်လက်ရှင်သန်စေပါတယ်end July 26
31/07/2026

အာမခံက
သွားလေသူများကို ပြန်လည်မရှင်သန်စေပေမယ့်
ကျန်ရစ်သူမိသားစု ကိုတော့
ဆက်လက်ရှင်သန်စေပါတယ်

end July 26

💛မင်္ဂလာအခါတော်နေ့ ဆုမွန်ကောင်းဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါ တော်နေ့တွင် ကိုယ်စိတ်ချမ်းသာ၍ ဘေးဘယာကင်းဝေးကာ လိုရာ ဆန္ဒများ...
29/07/2026

💛မင်္ဂလာအခါတော်နေ့ ဆုမွန်ကောင်း

ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါ တော်နေ့တွင် ကိုယ်စိတ်ချမ်းသာ၍ ဘေးဘယာကင်းဝေးကာ လိုရာ ဆန္ဒများ ပြည့်ဝကြပါစေကြောင်း
ဆုတောင်း မေတ္တာပို့သအပ်ပါသည်။💛💛💛 #ဆုတောင်း

🍀 Professional life insurance advisor ဖြစ်လာဖို့ဘာတွေလိုအပ်မလဲဘယ်လိုလူတွေက ဖြစ်နိူင်တာလဲအချိန်ဘယ်လောက်ပေးရလဲငွေကုန်ကြေးက...
25/07/2026

🍀 Professional life insurance advisor ဖြစ်လာဖို့
ဘာတွေလိုအပ်မလဲ
ဘယ်လိုလူတွေက ဖြစ်နိူင်တာလဲ
အချိန်ဘယ်လောက်ပေးရလဲ
ငွေကုန်ကြေးကျများသလား

🍀 လိုင်စင်ရ အကြံပေးတစ်ယောက်ဖြစ်လာရင်ရော အချိန်ကို ဘယ်လိုသုံးပြီး အလုပ်ကို ဘယ်လိုလုပ်မလဲ
အရောင်းသမားသက်သက်မဟုတ်တဲ့
Career growth ရှိတဲ့
နိုင်ငံတကာ အတွေ့အကြုံတွေရယူနိူင်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ အနီးကပ် mentor နဲ့အတူ journey ကို လျောက်လှမ်းလို့ရမယ်

ကိုယ့်ရဲ့ပါတ်ဝန်းကျင်ကသူတွေကို ဘဝရှေ့ရေး အကာအကွယ်တွေရစေဖို့ ဆွေးနွေးအကြံပေးနိူင်မယ်

🍀 ကိုယ်က ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူပဲဖြစ်စေ
အဖွဲ့အစည်း တစ်ခုမှာ ရုံးချိန်နဲ့အလုပ်လုပ်နေသူဖြစ်စေ
ရန်ကုန်ကဖြစ်စေ
နယ်ကဖြစ်စေ

အကြံပေး သက်တမ်း ၆နှစ် ရှိပြီဖြစ်တဲ့ ခိုင်မာတဲ့ Teamကြီး တစ်ခုကို ဦးဆောင်နေတဲ့ မမှုန်က သိလိုတာမှန်သမျှ တွေ့ဆုံဖြေကြားပေးမှာဖြစ်ပါတယ်

💚 အောင်မြင်တဲ့ အကြံပေးတွေဆိုတာ မတူညီတဲ့ နယ်ပယ်အသီးသီးက လာကြတာပါ

💚 ဒါပေမယ့် လူတိုင်းကတော့ အောင်မြင်တဲ့ အကြံပေးဖြစ်မလာနိူင်ပါဘူး

ဘာကြောင့်လဲဆိုတာ သိရင် comment မှာ ချရေးခဲ့ပေးပါ သို့မဟုတ်

လျို့ဝှက်ချက်တွေသိချင်ရင်တော့ မမှုန်ကို ဆက်သွယ်ပါ

Wit Hmone Wai
District Director
MDRT 2026
Manulife Myanmar

အရာရာ သတိထားနိူင်ရင် အကောင်းဆုံးပါမှတ်သားစရာတွေမို့ ဖတ်ကြည့်ကြပါအုန်း
16/06/2026

အရာရာ သတိထားနိူင်ရင် အကောင်းဆုံးပါ

မှတ်သားစရာတွေမို့ ဖတ်ကြည့်ကြပါအုန်း

31/05/2026

ဂေါက်ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric Acid) များလွန်းလာပြီး အဆစ်တွေထဲမှာ အပ်လိုပုံစံ ယူရိတ်ကျောက်မှုန်များ စုပုံသွားလို့ ဖြစ်တဲ့ရောဂါပါ။ အများအားဖြင့် ခြေမကြီးအဆစ်၊ ဒူး၊ ခြေခလယ်၊ လက်မောင်းအဆစ်တွေမှာ နာကျင်တတ်ပါတယ်။

ဂေါက်ဖြစ်ရတဲ့ အကြောင်းအရင်းများ

၁။ ယူရစ်အက်ဆစ်များလွန်းခြင်း

ခန္ဓာကိုယ်က “Purine” လို့ခေါ်တဲ့ ဓာတ်တွေကို ချေဖျက်တဲ့အခါ ယူရစ်အက်ဆစ် ထွက်လာပါတယ်။
ဒီယူရစ်အက်ဆစ်ကို ကျောက်ကပ်က မထုတ်ပေးနိုင်တော့ရင် သွေးထဲမှာ တက်လာပါတယ်။
---
Purine များတဲ့အစားအစာများ (ဂေါက်ဖြစ်စေတတ်)

များများစားရင် မကောင်းတဲ့အစားအစာ

အမဲသား၊ ဆိတ်သား
အသည်း၊ အူ၊ ကလီစာ
ပင်လယ်စာအချို့ (ငါးသေတ္တာ၊ ပုစွန်၊ ခရု)
ဘီယာ၊ အရက်
အချိုရည်များ (Soft Drink)
Instant noodles အချို့
အဆီများတဲ့အစားအစာ

---

ဂေါက်ဖြစ်စေတဲ့ အခြားအကြောင်းများ

၂။ ရေလုံလောက်စွာ မသောက်သုံးခြင်း

ရေနည်းရင် ယူရစ်အက်ဆစ် မထွက်နိုင်လို့ တက်လာတတ်ပါတယ်။

၃။ အဝလွန်ခြင်း

ကိုယ်အလေးချိန်များရင် ယူရစ်အက်ဆစ်ပိုထွက်တတ်ပါတယ်။

၄။ မျိုးရိုးလိုက်ခြင်း

မိဘ၊ အဘိုးအဘွားမှာ ဂေါက်ရှိရင် ဖြစ်နိုင်ချေပိုများပါတယ်။

၅။ ကျောက်ကပ်အားနည်းခြင်း

ကျောက်ကပ်က ယူရစ်အက်ဆစ် မစစ်ထုတ်နိုင်တော့ပါ။

၆။ ဆေးအချို့

Diuretic (ဆီးဆေး)

Aspirin အချို့

Steroid အချို့
စတဲ့ဆေးတွေက ယူရစ်အက်ဆစ်တက်စေနိုင်ပါတယ်။

---

ဂေါက်ရဲ့ လက္ခဏာများ

အဆစ်ရုတ်တရက် အရမ်းနာခြင်း
နီပြီး ဖောင်းလာခြင်း
ထိမိတာနဲ့နာခြင်း
ညဘက်ပိုနာတတ်ခြင်း
ခြေမကြီးအဆစ်မှာ အများဆုံးဖြစ်ခြင်း
လမ်းလျှောက်ရခက်ခြင်း

---

ဂေါက်မဖြစ်အောင် / သက်သာအောင်

စားသင့်တာ

ရေများများသောက်ပါ
ဟင်းသီးဟင်းရွက်
အသီးအနှံ
အဆီနည်းအစားအစာ
နို့အဆီနည်း

ရှောင်သင့်တာ

အရက်
အချိုရည်
ကလီစာ
ပင်လယ်စာအချို့
အနီရောင်အသားများ

လေ့ကျင့်ခန်း

ပေါ့ပေါ့ပါးပါး လမ်းလျှောက်
ကိုယ်အလေးချိန်ထိန်း

---

ဂေါက်ကို မကုသဘဲထားရင်

အဆစ်ပျက်စီးနိုင်တယ်
ကျောက်ကပ်ကျောက်တည်နိုင်တယ်
လမ်းလျှောက်ခက်လာနိုင်ပါတယ်။

ဂေါက်ရောဂါရဲ့ အဆင့်လိုက်လက္ခဏာ၊ စားသင့်/မစားသင့် အစားအစာစာရင်း၊ သဘာဝနည်းလမ်းတွေကိုလည်း ဆက်ရေးပေးလို့ရပါတယ်။

ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူပါ
🙏


#အိမ်မြေအကျိုးဆောင်
#ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူပါသည်
#ကျန်းမာရေးဗဟုသုတ

#ဂေါက်ရောဂါ

အာမခံကို နှလုံးသားဖြင့်ရောင်းပါဦးနှောက်နဲ့ ဝယ်ယူပါ ။အတင်းထိုးရောင်းခြင်းနဲ့ဘယ်အာမခံကိုမှမယုံဘူးဆိုတဲ့အစွန်းနှစ်ဖက်ကြားမှ...
30/05/2026

အာမခံကို နှလုံးသားဖြင့်ရောင်းပါ
ဦးနှောက်နဲ့ ဝယ်ယူပါ ။

အတင်းထိုးရောင်းခြင်းနဲ့
ဘယ်အာမခံကိုမှမယုံဘူးဆိုတဲ့
အစွန်းနှစ်ဖက်ကြားမှာ
နှလုံးသား နဲ့ ဦးနှောက် တထပ်တည်းကျတဲ့အခါ
အကောင်းမွန်ဆုံး အကာအကွယ်ကိုရပါလိမ့်မယ် ။

Crd MYKS

24/05/2026

အသည်းခြောက်တာ ပြန်ကောင်းနိုင်သလား???

အသည်းဆဲလ်တွေ နာတာရှည်/ ကာလကြာရှည် ထိခိုက်မှုရှိလာတဲ့အခါ ထို ထိခိုက်ဒဏ်ရာတွေက အမာရွတ်တွေ အဖြစ်ပြောင်းလဲသွားပြီး အသည်းမျက်နှာပြင် မညီမညာ ဖြစ်လာခြင်းကို အကြမ်းအားဖြင့် အသည်းမာတယ်/ ခြောက်တယ်လို့ ဆိုရပါမယ်။
❌ အသည်းရဲ့ တနေရာထဲ ကွက်ပြီး မာတာ/ခြောက်တာ မရှိပါဘူး။ အသည်းရဲ့မျက်နှာပြင်တခုလုံး မညီမညာနဲ့ အမာရွတ်တွေ ဖြစ်သွားခြင်းကိုသာ “အသည်းခြောက်ခြင်း” လို့ သတ်မှတ်ရပါတယ်။ ဒါ့ကြောင့် အသည်းရဲ့ ဘယ်လောက်ရာခိုင်နှုန်းတော့ မာသွားပြီ/ ခြောက်သွားပြီ လို့လည်း သတ်မှတ်လို့မရပါဘူး။

သို့သော် … ဘယ်အခြေအနေ/ အဆင့်အထိတော့ အသည်းခြောက်တာ ဆိုးရွားနေပြီ ဆိုတဲ့ “𝐒𝐞𝐯𝐞𝐫𝐢𝐭𝐲” ဆိုးရွားမှုကို အဆင့်ခွဲနိုင်ပါတယ်။
အသည်းခြောက်ခြင်းမှာ …..
1️⃣ မည်သည့် ရောဂါလက္ခဏာမျှ မပြဘဲ သွေးအဖြေတွေ အကုန်ကောင်းပြီး အသည်းလုပ်ငန်းများ ကောင်းနေဆဲ အသည်းခြောက်ခြင်း (𝐖𝐞𝐥𝐥 𝐂𝐨𝐦𝐩𝐞𝐧𝐬𝐚𝐭𝐞𝐝 𝐂𝐢𝐫𝐫𝐡𝐨𝐬𝐢𝐬/ 𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐋𝐢𝐯𝐞𝐫 𝐃𝐢𝐬𝐞𝐚𝐬𝐞)၊
2️⃣ ရောဂါလက္ခဏာတော့ မပြသေးပေမယ့် အန္တရာယ်ရှိနိုင်တဲ့ အနေအထားတခုရောက်နေနိုင်တဲ့ အသည်းခြောက်ခြင်း (𝐂𝐨𝐦𝐩𝐞𝐧𝐬𝐚𝐭𝐞𝐝 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐋𝐢𝐯𝐞𝐫 𝐃𝐢𝐬𝐞𝐚𝐬𝐞)၊
3️⃣ အသည်းခြောက်ခြင်းကြောင့် “ပေါ်တယ်” သွေးပြန်ကြောအတွင်း ဖိအားများခြင်းအထိ ဖြစ်နေသော အသည်းခြောက်ခြင်း (𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥𝐥𝐲 𝐒𝐢𝐠𝐧𝐢𝐟𝐢𝐜𝐚𝐧𝐭 𝐏𝐨𝐫𝐭𝐚𝐥 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧)၊ နဲ့
4️⃣ အသည်းပျက်ဆီး (အလုပ်မလုပ်နိုင်) ကာ ရောဂါလက္ခဏာများကြောင့် အသက်အန္တရာယ်ရှိသောအသည်းခြောက်ခြင်း (𝐃𝐞𝐜𝐨𝐦𝐩𝐞𝐧𝐬𝐚𝐭𝐞𝐝 𝐂𝐢𝐫𝐫𝐡𝐨𝐬𝐢𝐬)
ဆိုပြီး ရောဂါအခြေအနေဆိုးရွားမှု အဆင့်တွေ ခွဲခြားနိုင်ပါတယ်။

ဒီနေရာမှာ FibroScan အကြောင်း ပြောပြလိုပါတယ်။ အကြမ်းအားဖြင့် FibroScan အဖြေ မှာ
🔹 F0-F1 ဆိုရင် လုံးဝ အသည်းမာခြင်းမရှိသေးဘူးလို့ သတ်မှတ်ပါတယ်။
🔹 F2 ကတော့ အသည်းသည် နည်းနည်းတော့ မာစ ပြုချင်ပြီဆိုတဲ့ သဘောပါ။ အသည်းမာခြင်း/ ခြောက်ခြင်းတော့ မရှိသေးဘူးလို့ ပြောနိုင်ပါတယ်။
🔹 F3 ကို သိသိသာသာ အသည်းမာနေခြင်းရှိပြီလို့ သတ်မှတ်နိုင်ပြီး၊
🔹 F4 ဆိုရင်တော့ သေချာပေါက် အသည်းခြောက်နေပြီလို့ ဆိုရပါမယ်။
F4 အဆင့်အထိ အသည်းခြောက်ပြီဆိုတာကို ယေဘုယျအားဖြင့် အသည်းမာနှုန်း 12.5 kPa ကျော်ရင် သတ်မှတ်ပါတယ်။ FibroScan စက်အများစုက 75 kPa အထိ တိုင်းတာပေးနိုင်တာဖြစ်လို့ 12.5 kPa နဲ့ 75 kPa ကြားမှာ အသည်းခြောက်တယ် လို့ သတ်မှတ်ခံရမယ့် လူနာက အများကြီး ဖြစ်သွားပါပြီ။
အပေါ်ကပြောပြခဲ့တဲ့ အဆင့် (၁) မှ (၄) အထိ လူနာတွေ အားလုံးနီးပါးသည် FibroScan အဖြေအရ F3 နဲ့ F4 ကြားမှာ ရှိနေမှာ ဖြစ်ပါတယ်။
- အပေါ်ကပြောခဲ့တဲ့ အဆင့်/အခြေအနေ (၁) နဲ့ (၂) အဖြစ် ခွဲခြားသတ်မှတ်နိုင်ဖို့ က သွေးစစ်ဆေးပြီး အသည်းလုပ်ဆောင်ချက်တွေကောင်းနေရင် အဆင့်အားဖြင့် (၁) လို့ သတ်မှတ်နိုင်ပြီး အသည်းလုပ်ဆောင်ချက် စစ်ဆေးမှုတွေမှာ ပုံမှန်မဟုတ်ရင်တော့ အဆင့် (၂) လို့ ဆိုနိုင်ပါမယ်။
- အဆင့် (၃) ဖြစ်တဲ့ “ပေါ်တယ်” သွေးပြန်ကြောဖိအား တက်သော အသည်းခြောက်ခြင်း လို့ သတ်မှတ်နိုင်ဖို့ကတော့ FibroScan ရဲ့ ဂဏန်းဖြင့်ဖော်ပြသော “အသည်းခြောက်နှုန်း” သိရန်လိုအပ်ပါတယ်။

ဘာလို့ အခုလိုအသေးစိတ်ရှင်းပြရသလဲဆိုရင် …
“အသည်းခြောက်တာပြန်ကောင်းနိုင်ပါသလား” ဆိုတဲ့ မေးခွန်းကို တိတိကျကျ ဖြေနိုင်ဖို့ စကားလုံး အသုံးအနှုန်းတွေကို ကနဦးရှင်းပြတာပါ။

ဒါ့ကြောင့် အသည်းခြောက်နေပြီလို့ ပြောခံရတာခြင်းတူတာတောင် အသည်းခြောက်သော အဆင့် နဲ့ “အသည်းမာနှုန်း” အပေါ်မူတည်ပြီး ပြန်ကောင်းနိုင်ချေတွေ၊ ပိုဆိုးနိုင်ချေတွေ နဲ့ အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေပေါ်နိုင်ချေက လုံးဝ မတူညီပါဘူး။

အလွန်ရိုးရှင်းသော ဖြေရှင်းနည်းကတော့ အသည်းခြောက်စေတဲ့ အဓိက အကြောင်းအရင်းကို ကုသရပါတယ်။
♦️ဘီပိုးရှိရင် ဘီပိုးသေဆေးသောက်ရပါမယ်၊
♦️စီပိုးရှိရင် စီပိုးသေဆေးကို (၆) လပြည့်အောင်သောက်ရပါမယ်၊
♦️အရက်ကြောင့်ဆိုရင် အရက်ကို လုံးဝ ဖြတ်၊
♦️အသည်းတွင်းအဆီစုတာ/ အသည်းအဆီဖုံးတာကြောင့် ဆိုရင် ကိုယ်အလေးချိန်လျော့၊
♦️ဆီးချို/သွေးချိုကြောင့် ဆိုရင် ဆီးချို/သွေးချိုကို သေချာထိန်း။
အဲ့လိုမျိုး အသည်းခြောက်စေတဲ့ အကြောင်းအရင်းတွေကို ကုရင် (သို့မဟုတ်) ဖယ်ရှားနိုင်ရင် အသည်းခြောက်တာ ပြန်ကောင်းဖို့ မျှော်လင့်နိုင်ပါတယ်။

‼️ အသည်းခြောက်လို့ ဆိုပြီး “အသည်းအားဆေး” တွေ ၂ မျိုး / ၃ မျိုး သောက်နေခြင်းက အသည်းခြောက်တာကို ပြန်မကောင်းစေပါဘူး။
အသည်းခြောက်ခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အပေါ်မူတည်ပြီး အကြောင်းအရင်းအလိုက် အသည်းခြောက်ခြင်းကနေ အသည်းကင်ဆာမဖြစ်အောင် အထိုက်အလျောက် ကာကွယ်နိုင်တဲ့ သောက်ဆေးအချို့လည်း ရှိနေပါတယ်။

သိထားသင့်တဲ့ နောက်တချက်က … အသည်းခြောက်တဲ့ “လူနာတိုင်း” အကောင်းပကတိ ပြန်ဖြစ်တာ မဟုတ်ပါဘူး။ ❗️❗️❗️
- F3 လူနာတွေဆိုရင် ဆေးကုသနေရင်းနဲ့ F2 လောက်အဆင့်ကို လျော့သွားနိုင်တယ်။ လုံးဝကို အသည်းမခြောက်တဲ့ အဆင့်ဖြစ်တဲ့ F0-F1 ကိုတော့ ပြန်ရောက်နိုင်ပေမယ့် နည်းပါတယ်။
- F4 လူနာတွေထဲမှာမှ အသည်းမာနှုန်း အရမ်းမမြင့်တဲ့လူနာတွေဆိုရင်တော့ F3 ကို ပြန်လျော့နိုင်ပေမယ့် အသည်းမာနှုန်း များရင်တော့ ပြန်လျော့ဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သရေကွင်းတခုလိုပဲ ဥပမာပေးရပါမယ်။ ဘယ်လောက်ပဲ ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ သရေကွင်းဖြစ်နေပါစေ … အချိန်အကြာကြီး နဲ့ သတ်မှတ်ပမာဏ ကျော်လွန်ပြီး ဆွဲဆန့်ထားမယ်ဆိုရင် မူလအနေအထားပြန်မရောက်နိုင်တော့တဲ့ သဘောပါပဲ။ ဒါ့ကြောင့် အသည်းခြောက်တာ အရမ်းကိုများသွားပြီဆိုရင် အကောင်းပကတိ ပြန်ဖြစ်ဖို့ တော်တော်ခက်ပါတယ်။

“အသည်းခြောက်တာ ပြန်ကောင်းနိုင်လားမေးရင်”
🔸 ဘာကြောင့် အသည်းခြောက်တာလဲ?
🔸 ဘယ်အဆင့်အထိ အသည်းခြောက်တာလဲ? ဆိုတဲ့ အချက်တွေပေါ်မူတည်ပါတယ်။

ဥပမာ - အသည်းရောင်အသားဝါ ဘီပိုးရှိသူတွေမှာ ဆေးသောက်နေရင်းနဲ့ အသည်းမာနှုန်းတွေ လျော့လာနိုင်တာကို သုတေသနတွေအရ သက်သေပြနိုင်ပါတယ်။ ထို့အတူ အသည်းရောင် အသားဝါ စီပိုး ရှိသူတွေမှာလည်း သတ်မှတ်ကာလပြည့်အောင် ဆေးသောက်ပြီးလို့ စီပိုးပျောက်သွားရင် အသည်းမာနှုန်း ပြန်လျော့လာနိုင်ချေ ရှိပါတယ်။

တလက်စတည်း အသိပေးမျှဝေချင်တာက …
- လူနာတဦးက အသည်းခြောက်တာ ပြန်ကောင်းသွားတိုင်း ကိုယ်ကလည်း ပြန်ကောင်းပါမယ်လို့ အသေအချာ မပြောနိုင်ပါဘူး။
- အလားတူ “အသည်းခြောက်တာပျောက်အောင် ကုသပေးနိုင်တယ်” ဆိုတဲ့ နေရာများကိုလည်း ကြော်ငြာကောင်းတိုင်း သွားပြဖို့ မလိုပါဘူး။
- ဘာလို့လဲဆိုတော့ အသည်းခြောက်တာ ပြန်ကောင်းတဲ့လူနာတွေမှာ ပြန်ကောင်းရမယ့် အကြောင်းအရင်းတွေ ရှိနေလို့ဖြစ်သလို၊ ပြန်မကောင်းနိုင်တဲ့လူနာတွေမှာလည်း ပြန်ကောင်းမလာနိုင်တဲ့ အကြောင်းတရားတွေ ရှိနေလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် “အသည်းခြောက်ခြင်းရောဂါ” လို့ ရောဂါအမည်တပ်ခံလိုက်ရတိုင်း စိတ်ဓာတ်မကျပါနဲ့။
မိမိရဲ့ ဆင်ခြင်နေထိုင်မှု၊ စနစ်တကျကုသမှုခံယူခြင်း နဲ့ အသည်းခြောက်ခြင်းအဆင့်တွေ ပေါ်မူတည်ပြီး ပြန်ကောင်းနိုင်ချေတွေ ရှိနေသေးကြောင်း သိစေလိုသဖြင့် မျှဝေပေးလိုက်ရပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။




မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

Address

Mandalay Street
Yangon
11221

Telephone

+9595004710

Website

Alerts

Be the first to know and let us send you an email when Ma Mhone - Insurance Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ma Mhone - Insurance Advisor:

Shortcuts

Share