Waine Nadi Customs Clearance Agency

Waine Nadi Customs Clearance Agency Customs Clearance,Export/Import Service,Transporation Service,Insurance Service

Food Supplements    CD %
03/08/2021

Food Supplements CD %

13/07/2021
12/07/2021

စီးပွားကူးသန်းဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများအား လိုင်စင်လျောက်ထားခြင်းမှယာယီဖြေလျော့ပေးခြင်း (၁၂-၇-၂၀၂၁)

HS Code Line များလည်းဆက်လက်ထုတ်ပြန်ပေးပါမည်

17/02/2021

Maersk လိုင်း (Myanmar) က ၁၂ ရက်နေ့ရက်စွဲနဲ့ သူ့့ရဲ့ Customer တွေကို ကြေညာပါတယ်။ သူ့ရဲ့ဝန်ထမ်းတွေ ၁၀၀% Work From Home လုပ်နေပါတယ်။ eB/L ထုတ်နိုင်တယ်။ Booking တင်နိုင်တယ်။ CB Pay နဲ့ ငွေသွင်းနိုင်ပါတယ်လို့ ကြေညာတယ်။
အဲ့ဒီတော့ SAD ကလည်းDelivery Order ထုတ်ပေးပါတယ်။ Agent ကလည်း Customs မှာ File run ပါတယ်၊ Customs ကလည်း Release order ပေးပါတယ်။ ပေါက်ပင်ဘာကြောင့်ကိုင်း ဇာတ်လမ်းဖြစ်နေပါတယ်။
ဒါကြောင့် အခြား alternatives စဉ်းစားကြည့် တာပါ။

ရန်ကုန်ဆိပ်ကမ်းကို ဝင်/ ထွက်တဲ့ သင်္ဘော မှန်သမျှ ရေကြောင်းပြမှုး ( Pilot) အကူအညီ ယူရပါတယ်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ပုဒ်မ ၇၅ အရ ရေယာဉ် နဲ့ ကုန်ပါစုစုပေါင်းတန်ချိန် ၅၀၀ ထက်ပိုသော ရေယာဉ်များဟာ ရေကြောင်းပြမှူး၏ အကူအညီမယူဘဲ၊ ဝင်/ ထွက်ခြင်း၊ ဆိုက်ကပ်ခြင်း လုပ်လို့ မရပါဘူး။
လက်ရှိ MPA မှာ လိုင်စင်ယူထားတဲ့ ရေကြောင်းပြမှူး ၅၀ ရှိပါတယ်။ ရေကြောင်းပြတွေဟာ နိုင်ငံဝန်ထမ်း များမဟုတ်ပါ။ လွတ်လပ်သော Independent professional များဖြစ်ပါတယ်။ Myanmar Mercantile Pilot Association မှာ CDM မှာ ပါဝင်ပေးဖို့ စည်ရုံးကြည့်သင့်ပါတယ်။
သင်္ဘောလိုင်းတွေအနေနဲ့ သင်္ဘောမဝင်နိုင်လို့ သူတိုအနေနဲ့ ဘာ liability မှ မရှိပါဘူး။ သင်္ဘောခလည်းရပါတယ်။ ဘာမှ မထိခိုက်ပါဘူး။ ဆိပ်ကမ်းတွေမှာ သပိတ်မှောက် တာတွေက ဖြစ်တတ် တာမို့ လိုင်းက ထုတ်ပေးတဲ့ B/L တွေမှာ General Strike Clause ထည့်ထားပါတယ်။ ဆိပ်ကမ်းတစ်ခုမှာ သပိတ်မှောက်နေလို့ သင်္ဘော ဝင်ရောက်/ ထွက်ခွာခြင်းမပြုနိုင်လျင်ဖြစ်စေ၊ ကုန်မချနိုင်လျင်ဖြစ်စေ၊ အဆင်ပြေမယ့်အခြား
ဆိပ်ကမ်းတသ်ခုခု သို့မဟုတ် ကုန်တင်ဆိပ်ကမ်းမှာ ကုန်ချပေးနိုင်တယ်။ သင်္ဘောခ freight ပြန်မပေး ဘူးလို့ terms and condition ထည့်ထားပါတယ်။

သင်္ဘောက ကုန်သေတ္တာတွေချဘို့ အတွက် ဆိပ်ကမ်းဝန်ချီစက် ( Quay Crane) မောင်းသူများ ကိုလည်း CDM မှာ ပါဝင်ပေးဖို့ စည်းရုံးသင့်ပါတယ်။
သူတို့ ဟာ MPA က ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရထားသူများဖြစ်ပြီး အလွယ်တကူ အစားထိုး လို့မရပါဘူး။

လက်ရှိဆိပ်ကမ်းထဲမှာ ရောက်ရှိနေတဲ့ အလုံးတွေကို (90/91) နဲ့ ထုတ်ဖို့ အတွက် ကားပေါ်တင်ပေးတဲ့ Reach stacker နဲ့, RTG မောင်းသူတွေပါ၊CDM မှာ ပူးပေါင်းပါဝင်စေဖို့ စည်းရုံးသင့်ပါတယ်။
မ share ပါနဲ့။ Copy & Paste လုပ်ပြီးမျှဝေနိုင်ပါတယ်။

15/01/2021

ထိုင်းနိုင်ငံသို့ မြန်မာ့ပို့ကုန် “ပြောင်း”တင်ပို့ရောင်းချရာတွင် သိရှိလိုက်ပါဆောင် ရွက်နိုင်ရန်အချက်များ
===========================================
မြန်မာ့နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်အများစုကို အိမ်နီးချင်းနိုင်ငံတွေကို အများဆုံးတင်ပို့ ရောင်းချကြပါတယ်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များအနက် “ပြောင်း” ကို ထိုင်းနိုင်ငံနဲ့ တရုတ် နိုင်ငံစျေးကွက်ကို အဓိကထား တင်ပို့ ရောင်းချကြပါတယ်။ ယခင်ကာလများမှာတော့ မလေးရှားနဲ့ လာအိုကိုလည်း တင်ပို့ရောင်းချမှုတွေ ရှိတယ်လို့ သိရပါတယ်။ ယခုအခါ COVID-19 ကပ်ရောဂါ ပြန့်ပွားနေချိန်ဖြစ်တာကြောင့် နယ်စပ်ဂိတ်များအဝင်/အထွက် ကန့်သတ်မှု အချို့ ရှိနေတာဖြစ်လို့ ယခု လတ်တလောမှာတော့ ထိုင်းနိုင်ငံသို့သာ မြန်မာနိုင်ငံထွက် ပြောင်းများကို တင်ပို့ရောင်းချလျက်ရှိ တယ်လို့ ပြောင်းရောင်းဝယ်ရေးလုပ်ကိုင်သူ လုပ်ငန်းရှင်များထံမှ သိရပါတယ်။
ယခု မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရောင်းချ နေတာတော့ ပြောင်းဖူးကြိတ်ဖတ်မှုန့်နဲ့ပြောင်းမှုန့် တွေပဲဖြစ်ပါ တယ်။ ထိုင်းနိုင်ငံဘက်မှ ပြောင်းဖူးစေ့တင်သွင်းခွင့် ကို အချိန်ကာလနှင့် တင်ပို့ခွင့်ပမာဏသတ်မှတ်ထားသော်လည်း ပြောင်းဖူးကြိတ်ဖတ်မှုန့်နဲ့ ပြောင်း မှုန့်တွေကိုတော့ ထိုသို့ကန့်သတ်ထားခြင်းမရှိသေးပါ။ “ထိုင်းနိုင်ငံဘက်ကို ပြောင်းဖူးကြိတ်ဖတ်မှုန့် နဲ့ ပြောင်းမှုန့်တွေကို တင်ပို့ရောင်းချတဲ့အခါ ယခုလတ်တလောတွင် Good Agricultural Practice (GAP) တောင်းခံခြင်း မရှိသေးသော်လည်း Country of Origin (Co) Form နဲ့အတူ Phytosanitary Certificate များနဲ့အတူ” တင်ပို့ရောင်းချရမှာဖြစ်ပါတယ်။ အလားတူ ပြောင်းဖူးစေ့တင်ပို့ရောင်းချတဲ့ အခါမှာလည်း အဆိုပါ Certificate များ ပါရမှာဖြစ်ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ မြန်မာ့ပို့ကုန် ပြောင်းဖူး ကြိတ်ဖတ်မှုန့်နဲ့ ပြောင်းမှုန့်အတွက် Form-D ကို စိစစ်ထုတ်ပေးလျက်ရှိပါ တယ်။
မြန်မာနိုင်ငံမှ ပြောင်းစေ့၊ ပြောင်းဖူးကြိတ်ဖတ်မှုန့်နဲ့ ပြောင်းမှုန့်တွေကို မြန်မာနိုင်ငံဘက် မှ ကုန်သည်အများစုက မြဝတီကုန်သွယ်ရေးဇုန်ကတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်အထိသာ တင်ပို့ ရောင်းချကြပြီး ထိုင်းနိုင်ငံဘက်မှ လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှတင်သွင်းသော အဆိုပါပစ္စည်းများကို ထပ်မံစီစစ်ခွဲခြားသန့်စင်ပြီး မလေးရှား၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ တင်ပို့ရောင်းချမှုတွေရှိ တယ်လို့သိရပါတယ်။ ယခု မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရောင်းချနေသော ပြောင်းဖူးကြိတ်ဖတ်မှုန့် (FOB)စျေးနှုန်းများမှာ(၁)ကီလိုဂရမ်လျှင် ထိုင်းဘတ်ငွေ(၈)ဘတ်-(၇)ဘတ် ဖြစ်ပြီး၊ ပြောင်းမှုန့်ကတော့ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၂၀) ဒေါ်လာနဲ့ မြဝတီဒေသစျေး ကွက်ပေါက်စျေးကတော့ (၁) ကီလိုဂရမ်လျှင် ထိုင်းဘတ်ငွေ (၈.၅) ဘတ်-(၉)ဘတ်အထိ ရှိတယ်လို့ ပြောင်းရောင်းဝယ်သူ လုပ်ငန်းရှင်အချို့ ထံမှသိရပါတယ်။ ပြောင်းပေါက်စျေးများမှာတော့ အရည် အသွေးကောင်း ပြောင်း (FOB) စျေးနှုန်းများမှာ(၁)ကီလိုဂရမ်လျှင် ထိုင်းဘတ်ငွေ(၈)ဘတ်-(၉)ဘတ် -(၁၀)ဘတ်ဖြစ်ပြီး၊ ပိသာချိန်(၁)ပိသာလျှင်(၄၈၀)ကျပ်မှ(၄၈၅)ကျပ်ရှိပြီး အစိုဓါတ်(၁၄.၅အောက်နှင့် ၁၅)ရှိသော ပြောင်းများသာ အရောင်းအဝယ်ဖြစ် ကြောင်း ပြောင်းရောင်းဝယ်ရေးလုပ်ကိုင်သူလုပ်ငန်း ရှင်များထံမှ သိရှရပါတယ်။ မြန်မာနိုင်ငံတွင် အဓိကပြောင်းထွက်ရှိရာ နေရာများကတော့ ဧရာဝတီ မြစ်ကမ်းတလျှောက် တွင်ရှိသည့်ဒေသများနှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊မြင်းခြံ၊တောင်သာ တို့မှဖြစ်ပြီး အရည်အသွေး အကောင်းဆုံး ပြောင်းမှာ ဧရာဝတီမြစ်ကမ်းတလျှောက်တွင်ရှိသည့် ဒေသ များမှ ထွက်ရှိသည့် ပြောင်းများဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ အကြိုက်များပြီး အဝယ်များသည့် ပြောင်း မှာလည်း အဝါရောင်ရှိသည့် အဆိုပါဒေသမှ ပြောင်းများပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံမှ ပြောင်းဖူးစေ့ကိုတော့ အကောက်ခွန် သက်သာခွင့် Form D နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ အ ထိ (၇)လ အတွင်း ထိုင်းနိုင်ငံသို့တင်ပို့ ရောင်းချနိုင်ပြီး၊ ထိုင်းနိုင်ငံဘက်မှ ပြောင်းအတွက် သတ်မှတ်ထားသော HS Code 1005.90.90 ကို သာသုံးရမှာ ဖြစ်ပါတယ်။ ကျန်အချိန်များမှာ မြန်မာ့ပို့ကုန်ပြောင်းကို ထိုင်းနိုင်ငံဘက်ကို တင်ပို့ ရောင်းချမယ်ဆိုရင်တော့ ထိုင်းနိုင်ငံက ပြောင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)မှာ တင်သွင်းထားတဲ့ Notificationပါအတိုင်း အမြင့်ဆုံးအကောက်ခွန်နှုန်းထား (၇၃) ရာခိုင်နှုန်းသတ်မှတ်ထားကြောင်း တွေ့ရပါတယ်။ သို့သော် ချွင်းချက် အနေနဲ့ ထိုင်းနိုင်ငံ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ထိုင်းဘာသာနဲ့ ထုတ် ပြန်ထားသော ပြောင်းတင်သွင်းခြင်းဆိုင်ရာ ၂၀၁၈-၂၀၂၀ Notificationပါအချက်အရ “မြန်မာနိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံများမှ ပြောင်းတင်ပို့သူများသည် ထိုင်းနိုင်ငံ၏ Public Warehouse Organi- zation တင်သွင်းသူများနှင့် ချိတ်ဆက်တင်သွင်းပါက ထိုင်းနိုင်ငံတွင်းသို့ ပြောင်းတစ်နှစ်ပတ်လုံးတင် သွင်းခွင့်ရှိခြင်း” လို့ပါတဲ့အတွက် မိမိတို့အနေနဲ့ ထိုင်းနိုင်ငံ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာလက်အောက်မှာရှိတဲ့ Public Warehouse Organization(PWO) နဲ့ ချိတ်ဆက်တင်သွင်း မယ်ဆို မြန်မာနိုင်ငံကပြောင်း များ ထိုင်းနိုင်ငံဘက်ကို တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ရမှာဖြစ်ပါတယ်။ ထိုသို့ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်ပြောင်းများ ထိုင်းနိုင်ငံဘက်သို့ တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ရနိုင် ရေးအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာ၊ ကုန်သွယ်ရေးဦးစီးဌာန နှင့် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန နဲ့ နှစ်နိုငံအကြား ကျင်းပပြုလုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေး မှာဆွေးနွေးပေးခြင်း၊ ASEANတွင်လည်း ထိုင်းနိုင်ငံသို့ ပြောင်းတင်သွင်းခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးပါရန် ASEAN ၏The Coordinating Committee on The Implementation of the ATIGA (CCA) အစည်းအဝေးများတွင် ဆွေးနွေးပေး တဲ့အပြင် (၁၈-၁၁-၂၀၁၉)ရက်နေ့မှာလည်း မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မိမိတို့ ကုန်သွယ်ရေးဦးစီးဌာနမှာ ညွှန်ကြား ရေးမှူးချုပ်ဦးဆောင်ပြီး သက်ဆိုင်ရာဌာန များ၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းတို့နဲ့ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့Public Warehouse Organization (PWO)တို့ဟာ ပြောင်းရောင်းဝယ်မှုနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။ သို့သော် COVID-19ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားချိန်နှင့် တိုင်ဆိုင်နေ တဲ့အတွက် ထိုင်းနိုင်ငံဘက်က အဆိုပါကိစ္စကို ဆက်လက်ဆွေးနွေးမည့်အချိန် ရွှေ့ဆိုင်းထားပြီး မြန်မာနိုင်ငံ ဘက်ကတော့ မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးကတဆင့် ထိုင်းနိုင်ငံဘက်နဲ့ G to G ချိတ်ဆက်ဆွေးနွေးမှုများ ဆောင်ရွက်လျှက်ရှိပါတယ်။ ထိုသို့ ချိတ်ဆက် မေးမြန်းချက်များအရ ထိုင်း နိုင်ငံဘက်မှ ထုတ်ပြန်ကြေငြာထားသော ပြောင်းတင်သွင်းခွင့်အမိန့်ကြော်ငြာစာပါ မြန်မာ့စိုက်ပျိုး ရေးထွက်ကုန်ဖြစ်တဲ့ ပြောင်းကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ သြဂုတ်လ(၃၁) ရက်နေ့အထိ အကောက်ခွန်သက်သာခွင့် Form-D ဖြင့် တင်ပို့လျှက်ရှိရာ အဆိုပါ ပြောင်းတင်သွင်း ခွင့်အမိန့် ကြော်ငြာစာသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိသာ အကျုံးဝင်မည် ဖြစ်ကြောင်း ဖော်ပြပါရှိသဖြင့် ထိုင်းနိုင်ငံဘက်သို့ ချိတ်ဆက်မေးမြန်းရာ “ထိုင်းနိုင်ငံဘက်မှ ပြောင်း တင်သွင်းခွင့် အမိန့်ကြော်ငြာစာအသစ်ထပ်မံမထွက်သေး၍ ယခုလက်ရှိ အမိန့်ကြော်ငြာစာအတိုင်း ဆက်လက်တင်ပို့နိုင်ပါကြောင်း” သိရှိရပါသဖြင့် လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ မြန်မာ့ပို့ကုန် “ပြောင်း”အား ယခင်အတိုင်း အကောက်ခွန်သက်သာခွင့် Form-D ဖြင့် ထိုင်းနိုင်ငံ ဘက်သို့ တင်ပို့နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ထို့အပြင် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း B to B ၊B to G ချိတ်ဆက် ဆောင်ရွက်မှုများကိုလည်းကောင်း၊ ကုန်သွယ်မှုချည်းသက်သက်သာ မက မိမိတို့ကုန်သွယ်ဘက်နိုင်ငံ များ၏ ကုန်သွယ်မှုဆိုင်ရာဘာသာရပ်များ အပေါ် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နေမှု များ၊ အိမ်နီးချင်းနိုင်ငံ များ သာမကဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်မှုပတ်ဝန်းကျင် ပြောင်းလဲလာ နေမှုများကိုပါ မျက်ခြေမပြတ်ရန် လိုအပ်ကြောင်းရေးသား ဖော်ပြလိုက်ရပါ တယ်။
#ဓါတ်ပုံ-အင်တာနက်

19/12/2020

ကုန်သေတ္တာပြတ်လပ်မှုနှင့် သင်္ဘောခတွေ မယုံနိုင်လောက်အောင် မြင့်တက်နေ
=========================
ယခုလက်ရှိဖြစ်ပေါ်နေသည့် ကုန်သေတ္တာ အခွံလွတ် ပြတ်လပ်မှုကြောင့် သင်္ဘောခတွေ မတန်တစ်ဆ တက်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ထောက်ပံ ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်ကြောင့်သာဖြစ်ပြီး၊ ကုန်သေတ္တာများ နည်းပါးနေခြင်းကြောင့် မဟုတ်ကြောင်း သင်္ဘောလုပ်ငန်း လေ့လာသုံးသပ်သည့် အတိုင်ပင်ခံ ကုမ်ပဏီ Drewry က သုံးသပ်ပါတယ်။

အဓိက ပြသနာက ကုန်သေတ္တာ အခွံလွတ်တွေ ပိုနေတဲ့ ဆိပ်ကမ်းမှ လိုအပ်နေတဲ့ဆိပ်ကမ်းကို ပြန်လည်ပို့ဆောင်ပေးမှု repositioning အပိုင်းတွင် လိုအပ်ချက်များရှိနေသည့် ကိစ္စရပ်သာဖြစ်ပါတယ်။ ကုန်သေတ္တာ အခွံတွေဟာ လျော့နည်းပြီး မလုံလောက်တာမဟုတ်ဘူးလို့ Drewry က သုတေသီ Martin Dixon ကဆိုပါတယ်။
(၂၀၂၀ ခုနှစ်အတွင်း သင်္ဘောလုပ်ငန်းတွင် တစ်ကမ္ဘာလုံး လှည့်ပတ် အသုံးပြုနေသော ကုန်သေတ္တာအလုံးရေ ၃၉.၉ သန်းရှိပါတယ်။ ၂၀၂၀ အတွင်း ဆိပ်ကမ်းများတွင် ကုန်သေတ္တာ အတင်အချ အနုတ်အသိမ်း ( throughput) ၈၁၁.၂ သန်းရှိပါတယ်။) (UNCTAD Maritime Review 2020)

ကုန်သေတ္တာအခွံ ရရှိနိုင်မှုကိုတိုင်းတာသည့် အညွန်း တစ်ခုဖြစ်သည့် containers and terminal handling ratio သည် ၂၀ ဖြစ်လို့ (terminal handling throughput ÷ world containers fleet ) သင်္ဘောလုပ်ငန်း အစဉ်အလာ သမိုင်းကြောင်းအရ အချိုး၂၀ သည် ပုံမှန်ဖြစ်၍ ကုန်သေတ္တာများလျော့နည်း ခြင်းမရှိဘူးလို့ Martin Dixon ကသုံးသပ်ပါတယ်။

ကုန်သေတ္တာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်မှာ အလျဉ်ပျက်သွားတဲ့ အကြောင်းရင်းတစ်ရပ်က ၂၀၂၀ ပထမနှစ်ဝက်အတွင်း သင်္ဘောလိုင်းတွေက ပုံမှန် အချိန်ဇယားအတိုင်းပြေးဆွဲနေတဲ ခရီးစဉ် ၃၀ % ကို ဖျက်သိမ်း (blanked sailing) လိုက်သည့်အတွက် ကုန်သေတ္တာအခွံလွတ်ပြန်လည်ပို့ဆောင်ရေး (repositioning) မှာ အလျဉ်ပြတ်ကုန်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့စက်ရုံကြီးလိုဖြစ်နေတဲ့ တရုတ် ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာအခွံလွတ် (အထူးသဖြင့် ပေ ၄၀ ကုန်သေတ္တာ) လိုအပ်ချက် ကြီးမားစေခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နှောင်းပိုင်းကာလ မှာ ဝယ်လိုအားတွေ ထိုးတက်လာတော့ ကုန်သေတ္တာ လိုအပ်ချက်က ပိုကြီး လာပြီး၊ သင်္ဘောခတွေ ခေါင်ခိုက်သွားစေပါတယ်။(Seatrade- maritime)
https://m.facebook.com/story.php?story_fbid=2679423872369597&id=100009060304258

အခု နောက်ဆုံးသတင်းက တရုတ်ဆိပ်ကမ်းတွေမှ ဥရောပမြောက်ပိုင်းဆိက်ကမ်းတွေ ကို ပေ ၄၀ High cube ကုန်သေတ္တာ တစ်လုံးကို ၂၀၂၁ ဇန်နဝါရ်ီလ အတွက် booking ကို $ ၁၀၀၀၀ တောင်းနေကြ ပါတယ်။ အချို့လိုင်းတွေက ပေ ၄၀ HC တစ်လုံးကို $ ၁၃၅၀၀ တောင်းနေကြတယ်လို့ ဆိုပါတယ်။ ၂၀၁၈ နှစ်ကုန်က အဲ့ဒီ လမ်းကြောင်းမှာ သင်္ဘောခက ပေ ၂၀ ကုန်သေတ္တာ တစ်လုံးကို $ ၁၂၀၀ ၊ ပေ ၄၀ ကုန်သေတ္တာတစ်လုံးကို $ ၂၂၀၀ လောက်ဘဲ ပေါက်ဈေးရှိပါတယ်။

ကုန်သေတ္တာအခွံရဖို့ ဝန်ဆောင်မှုပေးတဲ့ Container xChange ရဲ့ လေ့လာချက်အရ တစ်ကမ္ဘာလုံးက ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေဟာ ပျမ်းမျှ ၄၅ရက် လောက် ဘာမှမသုံးရဘဲ အားနေတယ်လို့ ဆိုပါတယ်။ ကုန်သေတ္တာအခွံတွေပိုနေတဲ့ အမေရိကန်ဆိပ်ကမ်းတွေမှာ ပျမ်းမျှ ၆၆ ရက်ကြာပြီး၊ တရုတ်ဆိပ်ကမ်းတွေ မှာ ပျှမ်းမျှ ၆၁ ရက်ကြာလေ့ရှိ တယ်လို့ ဆိုပါတယ်။ (Seatrade Maritime)

ယခု တရုတ်ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာအခွံတွေ အလွန်လိုအပ်နေတဲ့ အခြေအနေဟာ ဟော်လီဝုဒ် ရုပ်ရှင်ကားတွေရိုက်ပြတဲ့ ၁၉၀၀ ဝန်းကျင်ကာလတွေ တုန်းက အီတလီမာဖီးယားဂိုဏ်းတွေ အမေရိကန်က ဆိပ်ကမ်းကြီးတွေကို ထိန်းချုပ်ထားတာနဲ့ သွားတူနေ ပါတယ်။ မာဖီးယားဂိုဏ်းတွေ၏ ခေါင်းဆောင်ရဲ့ သဘောတူခွင့်ပြုချက်မရရင် ဆိပ်ကမ်းထဲကို ဝင်/ ထွက် လို့မရပါဘူး။ တရုတ်မှာလည်း အခု အလားတူ အခြေအနေမျိုးဖြစ်နေပါ တယ်။ တရုတ်ကော်ပိုရေရှင်းတွေက တရားဝင် ဘောင်ထဲက လုပ်လို့ရတာတွေ လုပ်နေကြပါတယ်။ ဘေးကျပ်နံကျပ်ကာလဆိုတာ တစ်ကယ်တော့ တစ်ခြားသူတွေ ဒုက္ခသုက္ခ ရောက်နေချိန်မှာ အမြတ်ထုတ်နိုင်တဲ့ အခွင့်အလမ်း တစ်ခုလိုပါဘဲ။
တစ်ချို့ တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ ကုန်သေတ္တာဝင်းတွေ ထဲမှာ ကုန်သေတ္တာအခွံလွတ် တွေ စုပုံပြီးလှောင်ထားကာ၊ ဈေးပြိုင်စနစ်နဲ့ ကြိုက်ဈေးရမှ ထုတ်ပေးပါတယ်။
တစ်ကမ္ဘာလုံးက ကုန်သေတ္တာတွေရဲ့ ၉၅% က တရုတ်နိုင်ငံကထုတ်လုပ်တာဖြစ်ပြီး၊အခုအခါ တရုတ် ကုန်သေတ္တာ စက်ရုံတွေက တစ်ရက် ၂၄ နာရီနဲ့ တစ်ပါတ်လုံးလည် ပတ်ပြီး ထုတ်လုပ်နေပါတယ်။ ကုန်သေတ္တာအခွံ မှာယူ မှုကလည်း ၂၀၂၁ ပထမ ၃ လပါတ်အထိ ပြည့်နေပြီလို့ သိရပါတယ်။

ရိုက်တာသတင်းတစ်ခုမှာ ဖော်ပြထားတာက တရုတ် နိုင်ငံ Yi Wu အခြေစိုက် အိမ်သုံးပစ္စည်း၊ ကစားစရာ၊ စာရေးကိရိယာ ရောင်းသူတစ်ဦးကပြောတာက တရုတ်မှာလည်း ကုန်သေတ္တာ မာဖီယားတွေ ရှိပါတယ်။ သူတို့တွေ ရဲ့ ပုဂ္ဂလိက ကုန်သေတ္တာဝင်း တွေ ထဲက ကုန်သေတ္တာ အခွံရဖို့ ပိုက်ဆံပိုပေး ရပါတယ်။
အဲဒီလိုဖြစ်နေတာ တရုတ်ဆိပ်ကမ်းတွေမှာသာ ဖြစ် နေတာ မဟုတ်ဘဲ တောင်အာရှဆိပ်ကမ်းတွေမှာ လည်း အလားတူဖြစ်နေကြပါတယ်။
ကုန်သေတ္တာတစ်လုံးကို ယွမ်၃၀၀၀ (ဒေါ်လာ ၅၀၀) လောက်ပေးရပါတယ်။ သင်္ဘောခတွေကလည်း အခုအချိန်မှ ပုံမှန်ဈေးထက် ၃ ဆလောက်ပေးနေရ ပါတယ်။ အသေးစား လုပ်ငန်းရှင်တွေအနေနဲ့ အခုအချိန်မှာ သင်းဘောတင်ဖို့မဖြစ်နိုင်ပါဘူး လို့ ဆိုပါတယ်။ (fleetmon)
https://m.facebook.com/story.php?story_fbid=2679078442404140&id=100009060304258

Ninbo အခြေစိုက် Southwest Logistics Group က သင်းဘောခ ၂ ဆ ပေးတာတောင် သင်္ဘောလိုင်းတွေ booking confirmation မပေးကြဘူးလို့ဆိုပါတယ်။ တစ်ချို့ ကုန်စည်သယ်ဆောင်ရေး ဝန်ဆောင်မှုပေးသူတွေက သင်္ဘောခတွေဈေး အလွန်အမင်းတက်ကုန်လို့ သူတို့ရဲ့ ဖောက်သည် shippers တွေထံက ထပ်တောင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင်္ဘောလိုင်းကို booking တွေပြန်ဖျက် ကြပြန်တော့လည်း သင်္ဘောလိုင်းတွေက ၂၀၂၁ ဇန်နဝါရီလတွင် booking cancellation fee ကို ပေ ၂ဝ တစ်လုံးကို ဒေါ်လာ ၁၀၀၀၊ ပေ ၄၀ တစ်လုံးကို ဒေါ်လာ ၂၀၀၀ ကောက်ခံမယ်လို့ ကြေညာထား ကြောင်း ရိုက်တာသတင်းဌာန ကိုပြောပြပါတယ်။ သင်္ဘောလိုင်းတွေဘက်က အကြောင်းပြတာက booking cancellation လုပ်လိုက်တော့ တစ်ခြားကုန်တင်မယ့်သူ ကို ပြန်ပြီး ခွဲဝေချထားပေး ရလို့ ကောက်ခံတာလို့ဆိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သင်္ဘောလိုင်းတွေအနေနဲ့ကသူတို့ထံမှာ ကုန်သေတ္တာအခွံအလွတ်လည်း အသင့်ရှိမနေဘဲ၊ ဘာမှလုပ်ပေးရတာမဟုတ်ဘဲနဲ့ booking cancellation fees တွေ ကောက်နေတာလို့ ကုန်စည်ဝန်ဆောင်မှုပေးသူတွေ ကပြောကြပါတယ်။ အခုအချိန်မှာတော့ ကုန်သေတ္တာသင်္ဘောလောက မှာတော့ မကျေမနပ်သံတွေကတော့ ကျွတ်ကျွတ်ညံ နေပါတယ်။ (Loadstar)
https://theloadstar.com/asia-north-europe-rates-pass-10000-wait-till-its-our-turn-say-forwarders/

သန့်ဇင် (MICS-UK)
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၀

ကုန်သေတ္တာပြတ်လပ်မှုနှင့် သင်းဘောခတွေ မယုံနိုင်လောက်အောင် မြင့်တက်နေ
=========================
ယခုလက်ရှိဖြစ်ပေါ်နေသည့် ကုန်သေတ္တာ အခွံလွတ် ပြတ်လပ်မှုကြောင့် သင်းဘောခတွေ မတန်တစ်ဆ တက်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ထောက်ပံ ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်ကြောင့်သာဖြစ်ပြီး၊ ကုန်သေတ္တာများ နည်းပါးနေခြင်းကြောင့် မဟုတ်ကြောင်း သင်းဘောလုပ်ငန်း လေ့လာသုံးသပ်သည့် အတိုင်ပင်ခံ ကုမ်ပဏီ Drewry က သုံးသပ်ပါတယ်။
အဓိက ပြသနာက ကုန်သေတ္တာ အခွံလွတ်တွေ ပိုနေတဲ့ ဆိပ်ကမ်းမှ လိုအပ်နေတဲ့ဆိပ်ကမ်းကို ပြန်လည်ပို့ဆောင်ပေးမှု repositioning အပိုင်းတွင် လိုအပ်ချက်များရှိနေသည့် ကိစ္စရပ်သာဖြစ်ပါတယ်။ ကုန်သေတ္တာ အခွံတွေဟာ လျော့နည်းပြီး မလုံလောက်တာမဟုတ်ဘူးလို့ Drewry က သုတေသီ Martin Dixon ကဆိုပါတယ်။
(၂၀၂၀ ခုနှစ်အတွင်း သင်းဘောလုပ်ငန်းတွင် တစ်ကမ္ဘာလုံး လှည့်ပတ် အသုံးပြုနေသော ကုန်သေတ္တာအလုံးရေ ၃၉.၉ သန်းရှိပါတယ်။ ၂၀၂၀ အတွင်း ဆိပ်ကမ်းများတွင် ကုန်သေတ္တာ အတင်အချ အနုတ်အသိမ်း ( throughput) ၈၁၁.၂ သန်းရှိပါတယ်။ )(UNCTAD Maritime Review 2020)
ကုန်သေတ္တာအခွံ ရရှိနိုင်မှုကိုတိုင်းတာသည့် အညွန်း တစ်ခုဖြစ်သည့် containers and terminal handling ratio သည် ၂၀ ဖြစ်လို့ (terminal handling throughput ÷ world containers fleet ) သင်းဘောလုပ်ငန်း အစဉ်အလာ သမိုင်းကြောင်းအရ အချိုး၂၀ သည် ပုံမှန်ဖြစ်၍ ကုန်သေတ္တာများလျော့နည်း ခြင်းမရှိဘူးလို့ Martin Dixon ကသုံးသပ်ပါတယ်။
ကုန်သေတ္တာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်မှာ အလျဉ်ပျက်သွားတဲ့ အကြောင်းရင်းတစ်ရပ်က ၂၀၂၀ ပထမနှစ်ဝက်အတွင်း သင်းဘောလိုင်းတွေက ပုံမှန် အချိန်ဇယားအတိုင်းပြေးဆွဲနေတဲ ခရီးစဉ် ၃၀ % ကို ဖျက်သိမ်း (blank sailing) လိုက်သည့်အတွက် ကုန်သေတ္တာအခွံလွတ်ြပန်လည်ပို့ဆောင်ရေး (repositioning) မှာ အလျဉ်ပြတ်ကုန်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့စက်ရုံကြီးလိုဖြစ်နေတဲ့ တရုတ် ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာအခွံလွတ် (အထူးသဖြင့် ပေ ၄၀ ကုန်သေတ္တာ) လိုအပ်ချက် ကြီးမားစေခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နှောင်းပိုင်းကာလ မှာ ဝယ်လိုအားတွေ ထိုးတက်လာတော့ ကုန်သေတ္တာ လိုအပ်ချက်က ပိုကြီး လာပြီး၊ သင်းဘောခတွေ ခေါင်ခိုက်သွားစေပါတယ်။(Sea trade-maritime)
https://m.facebook.com/story.php?story_fbid=2679423872369597&id=100009060304258

အခု နောက်ဆုံးသတင်းအရ သင်းဘောလိုင်းတွေက တရုတ်ဆိပ်ကမ်းတွေမှ ဥရောပမြောက်ပိုင်းဆိပ်ကမ်း ဆီသို့ ၂၀၂၁ ဇန်နဝါရီလအတွက် ပေ ၄၀ High cube ကုန်သေတ္တာ တစ်လုံးကို $ ၁၀၀၀၀ တောင်းနေကြပါတယ်။ အချို့လိုင်းတွေက ပေ ၄၀ HC တစ်လုံးကို $ ၁၃၅၀၀ တောင်းနေကြပါပြီ။ ၂၀၁၈ နှစ်ကုန်က အဲ့ဒီ လမ်းကြောင်းမှာ သင်းဘောခက ပေ ၂၀ ကုန်သေတ္တာ တစ်လုံးကို $ ၁၂၀၀ ၊ ပေ ၄၀ ကုန်သေတ္တာတစ်လုံးကို $ ၂၂၀၀ လောက်ဘဲ ပေါက်စျေးရှိပါတယ်။

ကုန်သေတ္တာအခွံရဖို့ ဝန်ဆောင်မှုပေးတဲ့ Container xChange ရဲ့ လေ့လာချက်အရ တစ်ကမ္ဘာလုံးက ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေဟာ ပျမ်းမျှ ၄၅ရက် လောက် ဘာမှမသုံးရဘဲ အားနေတယ်လို့ဆိုပါတယ်။ ကုန်သေတ္တာအခွံတွေပိုနေတဲ့ အမေရိကန်ဆိပ်ကမ်း တွေမှာ ပျမ်းမျှ ၆၆ ရက်ကြာပြီး၊ တရုတ်ဆိပ်ကမ်းတွေ မှာ ပျှမ်းမျှ ၆၁ ရက်ကြာလေ့ရှိတယ်လို့ ဆိုပါတယ်။ (Seatrade Maritime)
ယခု တရုတ်ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာအခွံတွေ အလွန်လိုအပ်နေတဲ့ အခြေအနေဟာ ဟော်လီဝုဒ် ရုပ်ရှင်ကားတွေရိုက်ပြတဲ့ ၁၉၀၀ ဝန်းကျင်ကာလတွေ တုန်းက အီတလီမာဖီးယားဂိုဏ်းတွေ အမေရိကန်က ဆိပ်ကမ်းကြီးတွေကို ထိန်းချုပ်ထားတာနဲ့ သွားတူနေ ပါတယ်။ မာဖီးယားဂိုဏ်းတွေ၏ ခေါင်းဆောင်ရဲ့ သဘောတူခွင့်ပြုချက်မရရင် ဆိပ်ကမ်းထဲကို ဝင်/ ထွက် လို့မရပါဘူး။ တရုတ်မှာလည်းအလားတူအခြေအနေမျိုးဖြစ်နေပါ တယ်။ တရုတ်ကော်ပိုရေရှင်းတွေက တရားဝင် ဘောင်ထဲက လုပ်လို့ရတာတွေ လုပ်နေကြ ပါတယ်။ ဘေးကျပ်နံကျပ်ကာလဆိုတာ တစ်ကယ်တော့ တစ်ခြားသူတွေ ဒုက္ခသုက္ခ ရောက်နေချိန်မှာ အမြတ်ထုတ်နိုင်တဲ့ အခွင့်အလမ်း တစ်ခုလိုပါဘဲ။
တစ်ချို့ တရုတ်ကုမ်ပဏီတွေက သူတို့ရဲ့ ကုန်သေတ္တာဝန်းထဲမှာ ကုန်သေတ္တာအခွံလွတ်တွေ စုပုံပြီးလှောင်ထားကာ၊ စျေးပြိုင်စနစ်နဲ့ ကြိုက်စျေးရမှ ထုတ်ပေးပါတယ်။ တရုတ် ကုန်သေတ္တာမာဖီးယား တွေလို့ ပြောလို့ရပါတယ်။
တစ်ကမ္ဘာလုံးက ကုန်သေတ္တာတွေရဲ့ ၉၅% က တရုတ်နိုင်ငံကထုတ်လုပ်တာဖြစ်ပြီး၊ အခုအခါမှာ တရုတ် ကုန်သေတ္တာ စက်ရုံတွေက တစ်ရက်လျင် ၂၄ နာရီနဲ့ တစ်ပါတ်လုံးလည် ပတ်ပြီး ထုတ်လုပ်နေကြ ပါတယ်။ ကုန်သေတ္တာအခွံ မှာယူ မှုကလည်း ၂၀၂၁ ပထမ ၃ လပါတ်အထိ ပြည့်နေပြီလို့ သိရပါတယ်။

ရိုက်တာသတင်းတစ်ခုမှာ ဖော်ပြထားတာက တရုတ် နိုင်ငံ Yi Wu အခြေစိုက် အိမ်သုံးပစ္စည်း၊ ကစားစရာ၊ စာရေးကိရိယာ ရောင်းသူတစ်ဦးကပြောတာက တရုတ်မှာလည်း ကုန်သေတ္တာမာဖီယားတွေ ရှိပါတယ်။ သူတို့တွေ ရဲ့ ပုဂ္ဂလိက ကုန်သေတ္တာဝင်း တွေထဲက ကုန်သေတ္တာ အခွံရဖို့ ပိုက်ဆံပိုပေး ရပါတယ်။
အဲဒီလိုဖြစ်နေတာ တရုတ်ဆိပ်ကမ်းတွေမှာသာ ဖြစ် နေတာ မဟုတ်ဘဲ တောင်အာရှဆိပ်ကမ်းတွေမှာ လည်း အလားတူဖြစ်နေကြပါတယ်။
ကုန်သေတ္တာတစ်လုံးကို ယွမ်၃၀၀၀ (ဒေါ်လာ ၅၀၀) လောက်ပေးရပါတယ်။ သင်းဘောခတွေကလည်း အခုအချိန်မှ ပုံမှန်စျေးထက် ၃ ဆလောက်ပေးနေရ ပါတယ်။ အသေးစား လုပ်ငန်းရှင်တွေအနေနဲ့ အခုအချိန်မှာ သင်းဘောတင်ဖို့မဖြစ်နိုင်ပါဘူး လို့ ဆိုပါတယ်။ (fleetmon)
https://m.facebook.com/story.php?story_fbid=2679078442404140&id=100009060304258

Ninbo အခြေစိုက် Southwest Logistics Group က သင်းဘောခ ၂ ဆ ပေးတာတောင် သင်းဘောလိုင်းတွေ booking confirmation မပေးကြဘူးလို့ဆိုပါတယ်။ တစ်ချို့ ကုန်စည်သယ်ဆောင်ရေး ဝန်ဆောင်မှုပေးသူတွေက သင်းဘောခတွေစျေး အလွန်အမင်းတက်ကုန်လို့ သူတို့ရဲ့ ဖောက်သည် shippers တွေထံက ထပ်တောင်းဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် booking တွေပြန်ဖျက် ကြပြန်တော့လည်း သင်းဘောလိုင်း တွေက ၂၀၂၁ ဇန်နဝါရ်ီလအတွက် booking cancellation fee ပေ ၂ဝ တစ်လုံးကို ဒေါ်လာ ၁၀၀၀၊ ပေ ၄၀ တစ်လုံးကို ဒေါ်လာ ၂၀၀၀ ကောက်ခံမယ်လို့ ကြေညာထားကြောင်း
ရိုက်တာသတင်းဌာနကိုပြောပြပါတယ်။ သင်းဘော လိုင်းတွေဘက်က အကြောင်းပြတာက booking cancellation လုပ်လိုက်တော့ တစ်ခြားကုန်တင် မယ့်သူကို ပြန်ပြီး ခွဲဝေချထားပေး ရလို့ ကောက်ခံတာ လို့ဆိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သင်းဘောလိုင်းတွေအနေနဲ့က သူတို့ဆီ မှာ ကုန်သေတ္တာအခွံအဆင့်သင်မရှိသေးဘဲ၊ ဘာမှလုပ်ပေးရတာမဟုတ်ဘဲနဲ့ booking cancellation fee တွေကောက်နေတာလို့ ကုန်စည်ဝန်ဆောင်မှုပေးသူတွေကပြောကြပါတယ်။ အခုအချိန်မှာတော့ ကုန်သေတ္တာသင်းဘောလောက မှာတော့ မကျေမနပ်သံတွေကတော့ ကျွတ်ကျွတ်ညံ နေပါတယ်။ (Loadstar)
https://theloadstar.com/asia-north-europe-rates-pass-10000-wait-till-its-our-turn-say-forwarders/

သန့်ဇင် (MICS-UK)
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၀

16/12/2020

၁.၁.၂၀၂၁ ရက်နေ့မှစပြီး CO form D/AANZ/AK/AHK/AJ များအတွက် ကုန်သွယ်ရေးရုံး/စခန်းများတွင် သီးခြားလာရောက်လက်မှတ်ရေးထိုးရန်မလိုအပ်တော့ပါ လုပ်ငန်းအားလုံးကို အွန်လိုင်းပေါ်မှ အပြည့်အဝဆောင်ရွက်နိုင်တော့မည်

Address

No. 387(A) Ground Floor, Marga 14th Street, 12 Ward, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959421058198

Website

Alerts

Be the first to know and let us send you an email when Waine Nadi Customs Clearance Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Waine Nadi Customs Clearance Agency:

Share