Myanmar Payment Union (MPU)

Call Directions Website Contact the business

Myanmar Payment Union (MPU) MPU is a National Payment Swtiching. Our main objective is to reduce cash transactions by creating an interoperability between our member banks.

MPU ရဲ့ ချစ်ရတဲ့ Customer တွေအတွက် ဖုန်းဘေလ် လက်ဆောင်ရရှိမယ့် အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပြီနော်...MPU ၏ Facebook Pa...
30/09/2026

MPU ရဲ့ ချစ်ရတဲ့ Customer တွေအတွက် ဖုန်းဘေလ် လက်ဆောင်ရရှိမယ့် အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပြီနော်...

MPU ၏ page တွင် အပတ်စဥ်တင်ထားသော Post များအား Like & Share, Comment ပြုလုပ်ခြင်းဖြင့် MPU ၏ Engagement List တွင် ထိပ်ဆုံး (၅) ဦးနေရာသို့ ရောက်ရှိပါက ဖုန်းဘေလ် (၁) သောင်း လက်ဆောင်ရရှိမှာပဲ ဖြစ်ပါတယ်။

ဆုရရှိသူ ( ၅ ) ဦးအား အောက်တိုဘာလ၏ နောက်ဆုံးရက်တွင် ကြေညာပေးသွားမှာဖြစ်တဲ့အတွက် မိမိရဲ့အားလပ်ချိန်လေးမှာ Like & Share ,Comment လေးတွေပြုလုပ်ပြီး MPU Page လေးကိုဝန်းရံရင်း ဖုန်းဘေလ်လက်ဆောင်ရယူလိုက်ကြပါစို့။







နေ့စဉ်ဘဝမှာ MPU Card ကို ဘယ်နေရာမှာ အများဆုံး အသုံးပြုဖြစ်နေကြလဲ?1. Shopping (ဆိုင်တွေမှာ သွားဝယ်တာ)2. Online Shopping (...
23/09/2026

နေ့စဉ်ဘဝမှာ MPU Card ကို ဘယ်နေရာမှာ အများဆုံး အသုံးပြုဖြစ်နေကြလဲ?
1. Shopping (ဆိုင်တွေမှာ သွားဝယ်တာ)
2. Online Shopping (အွန်လိုင်းကနေ ဝယ်ယူတာ)
3. Cash In (ငွေသွင်းတာ)
4. Cash Out at ATM (ငွေထုတ်တာ)

ဒီထဲမှာ ဘယ်ဟာအများဆုံးသုံးဖြစ်လဲဆိုတာ Comment မှာဖြေပေးခဲ့ကြပါဦးနော်။

ကတ်ထဲမှာ လက်ကျန်ငွေနည်းနေလို့ စိတ်ညစ်နေပြီလား? မကြာခင် လစာရတော့မှာမို့ ကိုယ်လိုချင်တာတွေ၊ လိုအပ်တာတွေကို မိမိတို့ရဲ့ MPU...
21/09/2026

ကတ်ထဲမှာ လက်ကျန်ငွေနည်းနေလို့ စိတ်ညစ်နေပြီလား?

မကြာခင် လစာရတော့မှာမို့ ကိုယ်လိုချင်တာတွေ၊ လိုအပ်တာတွေကို မိမိတို့ရဲ့ MPU Card နဲ့ ဝယ်ဖို့ ကြိုတွေးပြီး အဆင်သင့်ပြင်ထားလိုက်တော့နော်!

လစာရပြီဆိုတာနဲ့ MPU Card နဲ့ လွယ်လွယ်ကူကူ ပေးချေဝယ်ယူလိုက်ပါ...

နေ့စဉ်ဘဝထဲက E-Commerce...အပြင်ထွက်ပြီး ဈေးဝယ်ရတာ၊ တန်းစီပြီး ငွေပေးချေရတာတွေမှာ အချိန်ပေးစရာမလိုပဲ အိမ်မှာနေရင်း အလွယ်တက...
19/09/2026

နေ့စဉ်ဘဝထဲက E-Commerce...

အပြင်ထွက်ပြီး ဈေးဝယ်ရတာ၊ တန်းစီပြီး ငွေပေးချေရတာတွေမှာ အချိန်ပေးစရာမလိုပဲ အိမ်မှာနေရင်း အလွယ်တကူ ဆောင်ရွက်နိုင်ဖို့ဆို MPU E-Commerce service ကို အသုံးပြုနိုင်ပါတယ်နော်။

E-Commerce services ဆိုတာ အွန်လိုင်းပေါ်ကနေ လိုအပ်တာကိုရှာမယ်၊ ရွေးချယ်ဝယ်ယူမယ်၊ လွယ်ကူစွာ ငွေပေးချေနိုင်မယ့် “အိမ်မှာနေ၍ထိုင်ရာမပျက် အလွယ်တကူ ဈေးဝယ်နိုင်ဖို့” ဆိုတဲ့ ရိုးရှင်း လွယ်ကူလိုတဲ့ အတွေးရှိသူတိုင်းအတွက် အဆင်ပြေစေမှာပါနော်။

ဒီလိုအရာတွေအပြင် E-Commerce service ကို ယခုဆိုလျှင် Online Shopping အတွက်သာမကဘဲ အခွန်အခများပေးဆောင်တဲ့အခါ၊ ဖုန်းဘေလ်ဖြည့်တာနဲ့ Pay/Wallet တွေထဲ Cash-In ပြုလုပ်တဲ့အခါ စတဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာပါ အွန်လိုင်းကနေ အလွယ်တကူ ဆောင်ရွက်နိုင်တဲ့အထိ တွင်တွင်ကျယ်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါတယ်။

E-Commerce လျှောက်ထားပြီးတဲ့ MPU card တစ်ကတ်ရှိရုံနဲ့ နေ့စဉ်လိုအပ်ချက်တွေကို အွန်လိုင်းကနေ လွယ်ကူမြန်ဆန်စွာ ပေးချေဆောင်ရွက်လိုက်ပါ…။

"၁၄ နှစ်တာ ယုံကြည်မှုဖြင့် နေ့စဉ်ငွေပေးချေမှုတိုင်းကို အတူဖြတ်သန်းလာတဲ့ MPU"               #ပေးချေလွယ်ကူmpu
15/09/2026

"၁၄ နှစ်တာ ယုံကြည်မှုဖြင့် နေ့စဉ်ငွေပေးချေမှုတိုင်းကို အတူဖြတ်သန်းလာတဲ့ MPU"

#ပေးချေလွယ်ကူmpu

MPU Card တစ်ကတ်ရှိရုံနဲ့ POS စက်ရှိတဲ့ဆိုင်တိုင်းမှာ လွယ်ကူစွာငွေပေးချေလိုက်ပါ။
13/09/2026

MPU Card တစ်ကတ်ရှိရုံနဲ့ POS စက်ရှိတဲ့ဆိုင်တိုင်းမှာ လွယ်ကူစွာငွေပေးချေလိုက်ပါ။

ATM မှာ ငွေထုတ်မယ့်အချိန်ကျမှ PIN နံပါတ်ကို ခဏလောက် မေ့သွားတာ၊ မှတ်ထားတဲ့နေရာကို လိုက်ရှာနေရတာမျိုး ကြုံဖူးကြမှာပါ။ဒီလို...
09/09/2026

ATM မှာ ငွေထုတ်မယ့်အချိန်ကျမှ PIN နံပါတ်ကို ခဏလောက် မေ့သွားတာ၊ မှတ်ထားတဲ့နေရာကို လိုက်ရှာနေရတာမျိုး ကြုံဖူးကြမှာပါ။

ဒီလိုအချိန်မျိုးမှာ မိမိရဲ့ ATM PIN က ကတ်ကို လုံခြုံစွာ အသုံးပြုနိုင်ဖို့ အရေးကြီးတဲ့ လျှို့ဝှက်နံပါတ်တစ်ခု ဖြစ်တာကြောင့် PIN ကို ကတ်ပေါ်မှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ရေးမှတ်ထားတာမျိုး မလုပ်ဘဲ အခြားသူတွေ မသိရှိနိုင်အောင် လုံခြုံစွာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် PIN သတ်မှတ်ရွေးချယ်တဲ့အခါမှာလည်း မိမိမွေးနေ့၊ ဖုန်းနံပါတ်စတဲ့ ကိုယ်ပိုင်အချက်အလက်များနဲ့ ခန့်မှန်းရလွယ်တဲ့ အချက်အလက် တွေကို ရွေးချယ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်နော်..။

ဒါကြောင့် ATM ရှေ့ရောက်မှ PIN မေ့ပြီး အခက်တွေ့တာမျိုး မဖြစ်ရအောင် မိမိ ATM card PIN နံပါတ်ကို သေချာစွာမှတ်သားထားဖို့နဲ့ လုံခြုံစွာ ထားရှိဖို့မမေ့ပါနဲ့နော်။

MPU card ကိုအသုံးပြုပြီး ATM ကနေ ဘဏ်အချင်းချင်း ငွေလွှဲမယ်ဆိုရင် ဘယ် service ကို အသုံးပြုရမလဲ? A. Account TransferB. Cas...
07/09/2026

MPU card ကိုအသုံးပြုပြီး ATM ကနေ ဘဏ်အချင်းချင်း ငွေလွှဲမယ်ဆိုရင် ဘယ် service ကို အသုံးပြုရမလဲ?

A. Account Transfer

B. Cash In

C. IBFT

D. Cash Withdrawal

အဖြေမှန်လေးကို Comment မှာ ဖြေပေးခဲ့ကြပါဦးနော်။

ATM ကနေ မတူညီတဲ့ဘဏ်အချင်းချင်း ငွေလွှဲနိုင်တဲ့ IBFT ServiceIBFT (Inter Bank Fund Transfer) ဆိုတာ MPU Card ကိုအသုံးပြုပြီ...
02/09/2026

ATM ကနေ မတူညီတဲ့ဘဏ်အချင်းချင်း ငွေလွှဲနိုင်တဲ့ IBFT Service

IBFT (Inter Bank Fund Transfer) ဆိုတာ MPU Card ကိုအသုံးပြုပြီး ATM မှတစ်ဆင့် မတူညီတဲ့ဘဏ်များအကြား Bank Account တစ်ခုမှ အခြားဘဏ်၏ MPU Card Account (သို့မဟုတ်) Bank Account သို့ ငွေလွှဲပြောင်းနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ?

IBFT ဝန်ဆောင်မှုရရှိတဲ့ ATM မှာ MPU Card ထည့်ပြီး PIN ရိုက်ထည့်ကာ Fund Transfer / IBFT ကို ရွေးချယ်ပါ။ ထို့နောက် ငွေလွှဲလိုတဲ့ ဘဏ်၊ Account အချက်အလက်နဲ့ ငွေပမာဏကို ထည့်သွင်းပြီး Confirm ပြုလုပ်ကာ ငွေလွှဲနိုင်ပါတယ်။

ဘယ်နေရာတွေမှာ အသုံးပြုနိုင်လဲ?

IBFT ကို ATM စက်တိုင်းမှာ အသုံးပြုနိုင်တာမဟုတ်ဘဲ IBFT ဝန်ဆောင်မှုပေးထားတဲ့ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များမှာသာအသုံးပြုနိုင်ပါတယ်။

ဒါကြောင့် IBFT အသုံးပြုမယ်ဆိုရင် မိမိသွားရောက်မယ့် ATM မှာ IBFT ဝန်ဆောင်မှု ဝန်ဆောင်မှု ရယူနိုင်ခြင်း ရှိ/ မရှိကို အရင်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

August လအတွက် MPU ရဲ့ page မှာ တစ်လအတွင်း Engagement အများဆုံး Top 5 ကို ကြေညာပေးလိုက်ပါပြီ...🎉List မှာ ဖော်ပြခ...
31/08/2026

August လအတွက် MPU ရဲ့ page မှာ တစ်လအတွင်း Engagement အများဆုံး Top 5 ကို ကြေညာပေးလိုက်ပါပြီ...🎉

List မှာ ဖော်ပြခံရသော Top 5 များအနေဖြင့် MPU ရဲ့ Page Messenger မှာ လာရောက်ဆက်သွယ်ပြီး ဖုန်းဘေလ်လက်ဆောင်များကို ရယူနိုင်ပါပြီနော်…❤️


Address

Sat Hmu 1 Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959421182017

Alerts

Be the first to know and let us send you an email when Myanmar Payment Union (MPU) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Payment Union (MPU):

Shortcuts

Share